← Chapters

ယဉ်ကျေးမှုလွှမ်းမိုးခြင်း

Vol. 36 Ch. 539

ယဉ်ကျေးမှုလွှမ်းမိုးခြင်း

Vol. 36 Ch. 539

အမျိုးသားနေ့အခမ်းအနား၏ တုန်လှုပ်ဖွယ်ဖြစ်ရပ်များမှာ တစ်ကမ္ဘာလုံးတွင် တစ်လကျော်ကြာအောင် ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်ခဲ့လေသည်။ နိုင်ငံအသီးသီးမှ စစ်ရေးကျွမ်းကျင်သူများမှာ ဟွာရှားနိုင်ငံ၏လက်နက်အသစ်များကို အရူးအမူးဆန်းစစ်သုံးသပ်ခဲ့ကြသည်။

အဆုံးတွင်မူ သူတို့အားလုံး သဘောတူညီမှုတစ်ခုရခဲ့သည်။ လက်ရှိအချိန်တွင် လေကြောင်းပိုင်းတွင် ဟွာရှားနိုင်ငံက အသာစီးရထားလေပြီ။

ထိုနေ့လယ်ပိုင်းမှာ ကိုင်ဘွန်နိုင်ငံက သူတို့၏စစ်ယာဉ်တန်းကို ချက်ချင်းတပ်ဆုတ်ခဲ့သည်။ သူတို့စစ်ယာဉ်တန်းတွင် လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်အလွတ်ကြီးနှင့် ရေဝင်ထားသော တိုက်လေယာဉ်တချို့သာ ကျန်ရစ်ခဲ့သည်။ ထိုအရာများမှာ အသုံးပြုနိုင်ဦးမလားဆိုတာလည်း မသေချာပေ။ သို့ဖြစ်လေရာ သိမ်းတော့ရော ဘာအကျိုးရှိမည်နည်း။

ဟွာရှားလူမျိုးများက ထိုယန္တရားအမှုန်အမြောက်ကို တစ်ဖန်ပစ်လွှတ်လိုက်ပါက ငွေကုန်ကြေးကျခံ၍ တည်ဆောက်ထားရသော သူတို့၏လေယာဉ်တင်သင်္ဘောပါ သမုဒ္ဒရာအောက်ကြမ်းပြင်သို့ နစ်မြုပ်သွားရပေလိမ့်မည်။ ထိုအခါ အပျက်အစီးအစအနများပင် ကျန်နိုင်ပါဦးမည်လား။

နိုင်ငံတကာအခြေအနေကလည်း ကမ္ဘာမြေတုန်လှုပ်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး ကမ္ဘာတစ်ဝှမ်းတွင် ထုတ်ပြန်ကြေညာချက်များနှင့် သတင်းများဖြင့်သာ ဖုံးလွှမ်းသွားခဲ့သည်။

...

ဤအချက်အလက်များမှာ "အင်အားနည်းနိုင်ငံတစ်နိုင်ငံတွင် သံတမန်ရေးရာမရှိ"ဟူသော စကားကို ပေါ်ပေါက်လာစေခဲ့သည်။ နိုင်ငံတကာစင်မြင့်ထက်တွင် အင်အားကြီးသူကသာ နေရာယူရစမြဲပင်။

"လောင်ကျန်း မင်းဘယ်မှာလဲ။ ငါ မင်းအိမ်တံခါးကို အကြာကြီးခေါက်တာတောင် ဘယ်သူမှထွက်မလာဘူး"

မတွေ့ရတာကြာနေပြီဖြစ်သော ဝမ်လင်က ကျန်းမုန့်လောင်ကို လာရှာချေသည်။

"စာကျက်နေတာ။ အဲဒီမှာမနေတော့ဘူး။ အခုတလော ကျောင်းနားမှာပဲ နေနေတာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ကျမှ ငါ့ကို ဘာတွေသတိရပြီးရောက်လာတာလဲ ဥက္ကဋ္ဌဝမ်"

"ဘယ်လာရဲပါ့မလဲ။ မင်းက အခု ဟွာရှားရဲ့လက်နက်ပညာရှင်နဲ့ ရူပဗေဒနိုဘယ်ဆုရှင်တောင် ဖြစ်နေပြီလေ။ ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ်ပြီး မင်းကို ဆက်သွယ်ရဲမှာတဲ့လဲ"

"မင်းက သက်သက်ကြွားနေတာပါကွာ။ မင်းလို ဝမ်မိသားစုရဲ့သားကြီးကများ သာမန်လူလို့ သတ်မှတ်လို့ရလို့လား။ အဲဒီလိုသာဆိုရင် ငါတို့တွေအတွက် နေစရာနေရာတောင် ရှိပါဦးမလား"

ကျန်းမုန့်လောင်က တဟားဟားရယ်လိုက်လေသည်။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို လာခဲ့လေ။ ဒီမနက်ကပဲ ဩစတြေးလျက ပို့လိုက်တဲ့ အကောင်းစားအမဲသားတွေ ရောက်လာတာ။ ဒီည ငါ မင်းကို အသားကင်ကျွေးမယ်"

"ဟားဟား ငါ့ကိုစောင့်နေ။ ငါ ချက်ချင်းလာခဲ့မယ်"

...

"ဝမ်လင်.. ငါက ဒီမှာ"

ကျန်းမုန့်လောင်က ဘန်ထလေကားကို လက်ယမ်းပြလိုက်သည်။ ဝမ်လင်က ကားထဲမှထွက်လာပြီး သူနှင့်အတူ အလွန်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်လည်း ပါလာခဲ့သည်။

"သေစမ်း.. မင်း ဘယ်လိုဖြစ်ပြီး ရည်းစားထပ်ပြောင်းပြန်ပြီလဲ"

ကျန်းမုန့်လောင် ဆွံ့အသွားရလေသည်။

"ဒီနှစ်ထဲမှာတင် ငါးယောက်ရှိသွားပြီမလား။ နှစ်လကို တစ်ယောက်နှုန်းနဲ့ဆိုတော့ သခင်လေးဝမ်က အရမ်းကြမ်းတာပဲ"

"ရှူး"

ဝမ်လင်က ကျန်းမုန့်လောင်ကို တိုးတိုးနေရန် အမူအရာပြလိုက်သည်။

"ဪ? သခင်လေးဝမ်တောင်မှ ကြောက်ရတဲ့လူ ရှိသေးတာလား"

ကျန်းမုန့်လောင်မှာ တစ်မျိုးတစ်မည်ဆန်းသစ်နေသလို ခံစားရသည်။ ဝမ်လင့်အနားရှိ မိန်းကလေးများမှာ ပုံမှန်ဆိုလျှင် ဝမ်လင့်ကို စိတ်ဆိုးအောင်လုပ်မိသွားမှာ ကြောက်နေကြသူများပင်။ မည်သို့ပင်ဖြစ်စေ သူတို့ကြားရှိ ဆက်ဆံရေးမှာ ငွေကြေးနှင့် အလှတရားကို ဖလှယ်ထားခြင်းသက်သက်သာ။ ဝမ်လင်ပျင်းလာသည်နှင့် သို့မဟုတ် ဒုက္ခများသည်ဟု ထင်သည်နှင့် ရည်းစား ချက်ချင်းပြောင်းပစ်တတ်သည်။

ထိုမိန်းကလေးများကလည်း ဆင်ခြင်တုံတရားရှိကြသည်။ သူတို့က အလွန်ထက်မြက်ကြ၏။ သူတို့က တွဲနေစဉ်အတောအတွင်း အရင်းအမြစ်တချို့ရရှိရန်သာ မျှော်လင့်ကြပြီး ဤဆက်ဆံရေးကို တတ်နိုင်သလောက် ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြသည်။ ထို့ကြောင့် သတိကြီးကြီးထားပြီး ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်ခြင်းပင်။

ဝမ်လင် သတိကြီးကြီးထား၍ ဆက်ဆံနေရသော အမျိုးသမီးမျိုးကိုတော့ ကျန်းမုန့်လောင် ယခုအချိန်အထိ မမြင်ဖူးပေ။

"ဘာလဲ။ ဒီတစ်ခါ မင်း တကယ်ကြွေသွားတာလား"

ကျန်းမုန့်လောင်က စနောက်လိုက်လေတော့သည်။

"မင်းက အသက်သုံးဆယ်စွန်းစွန်းပဲ ရှိသေးတာနော်။ အကျင့်ဆိုးတွေကို ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ်"

ဝမ်လင်က တကယ်ခေါင်းညိတ်ပြလာသည့်အတွက် ကျန်းမုန့်လောင် အံ့ဩသွားရသည်။

"မင်းတကယ်ပြောနေတာလား"

ကျန်းမုန့်လောင် တအံ့တဩရေရွတ်မိသည်။ သူက စနေခြင်းသာ။

"သူက အရင်တုန်းက မင်းရဲ့အချစ်ရေးကိစ္စတွေကို ဂရုမစိုက်ဘူးလား"

"မင်း နားမလည်ပါဘူးကွာ"

ဝမ်လင်ကား ခေါင်းတခါခါ။ ပုံမှန်ဆိုလျှင် အမှုမထားလေဟန် အမူအရာကိုသာ လုပ်တတ်သော ဝမ်လင့်ထံတွင် လေးနက်ပြီး ထိရှသော ဇာတ်လမ်းတစ်ပုဒ်ကို ပထမဆုံးအကြိမ်အဖြစ် ကျန်းမုန့်လောင် မြင်လိုက်ရသည်။

ဤအကြည့်ကို ကျန်းမုန့်လောင် သိသည်။ နာကျင်ဖူးသော လူတစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့် အကြည့်မျိုးပင်။

တစ်ခါတုန်းက အင်တာဗျူးတစ်ခုတွင် အထက်တန်းကျောင်း သို့မဟုတ် ကောလိပ်ရောက်သည်အထိ သူ့အိမ်က ချမ်းသာကြောင်း မသိခဲ့ဘူးဟု ဝမ်လင် ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူ့မိသားစုအခြေအနေမကောင်းစဉ်က တစ်စုံတစ်ခုဖြစ်ခဲ့ဖူးပေလိမ့်မည်။

ထို့ကြောင့်လည်း ဝမ်လင်က သူသည် ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် လက်စားချေသည့်အနေနှင့် မိန်းမလှလေးများကို ထည်လဲတွဲခဲ့ခြင်းဖြစ်နိုင်သည်။

သူ သေချာစဉ်းစားကြည့်လိုက်သောအခါ ထိုဖြစ်နိုင်ခြေက မြင့်မားလှကြောင်း သဘောပေါက်လိုက်၏။

"မင်း ဘာတွေစဉ်းစားနေတာလဲ"

ဝမ်လင်က ကျန်းမုန့်လောင်ကို ခပ်ဖွဖွထိုးလိုက်သည်။

"ကိုယ့်လူ.. ငါတော့ ငါ့ဘဝရဲ့ အကောင်းဆုံးပန်းတိုင်ကို ရှာတွေ့ပြီလို့ထင်တာပဲ"

ဝမ်လင်က ဆို၏။

"အခုကစပြီး တခြားအင်တာနက်ဆယ်လီတွေကို တစ်ချက်ကြည့်မိတာနဲ့ ငါက ခွေးပဲ"

"တော်စမ်းပါ။ အဲဒီစကားနဲ့ ငါ့ရဲ့ဒုတိယမြောက်ခွေးလည်း ပေါ်လာခဲ့ပြီးပြီ။ ဝမ်ကျင်းဇယ်နိယာမလိုခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာနိယာကို ချိုးဖျက်နိုင်ဖို့ပဲ မျှော်လင့်မိတယ်"

"ငါတို့နှစ်ယောက်အကြောင်းကို အချိန်ရမှပဲ ပြောပြတော့မယ်"

ဝမ်လင်က ထိုသို့ဆို၏။

"ဒီတစ်ခေါက် ငါလာတာက ကိစ္စနှစ်ခုရှိလို့။ ပထမတစ်ချက်က "သုံးကိုယ်ပွား"ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းကို မင်းကြည့်ပြီးပြီလား"

"ကြည့်ပြီးပြီ"

ကျန်းမုန့်လောင်လည်း ပြန်ဖြေလိုက်၏။

"ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ထိပ်တန်းအဖွဲ့ရဲ့လက်ရာလို့ မပြောရဘူး။ ဒီတစ်ခေါက် ရုံတင်ငွေကတော့ ရှယ်ပေါက်မှာသေချာတယ်"

"သံသယဖြစ်စရာမရှိပါဘူး"

ဤပရောဂျက်ကို ဝမ်လင်ကိုယ်တိုင် ဦးစီးခဲ့ပြီး သူကိုယ်တိုင် စိတ်နှစ်ပြီးလုပ်ခဲ့သော ပရောဂျက်များထဲမှ တစ်ခုဖြစ်သည်။

"ငါ ဝေ့ပေါ်မှာ ကြေညာပြီးပြီ။ ဒီပိတ်ရက်ကျရင် ပိုင်တာ့အုပ်စုအောက်က ရုပ်ရှင်ရုံတွေအကုန်လုံးမှာ ရုံတင်တော့မှာ။ ကြိုတင်ရောင်းချထားတဲ့ ရုံတင်ငွေက သန်းရှစ်ရာတောင် ကျော်သွားပြီ"

"သန်းရှစ်ရာလား"

ကျန်းမုန့်လောင်မှာ ထိုပမာဏကြောင့် အမှန်တကယ်ထိတ်လန့်သွားရသည်။

"ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား။ Avengersစီးရီးရဲ့ အမြင့်ဆုံးကြိုတင်ရုံတင်ငွေကတောင် သန်းငါးရာကျော်ပဲရှိတာ"

"တကယ်တော့ ငါ အဲဒီလောက်လည်း မအံ့ဩမိပါဘူး"

ကျန်းမုန့်လောင်က ဆိုသည်။

"သုံးကိုယ်ပွားရဲ့မူပိုင်ခွင့်တစ်ခုတည်းနဲ့တောင် ဒီလောက်အထိ တန်ဖိုးရှိတယ်လေ"

၈၀ခုနစ်နှင့် ၉၀ခုနစ်ကြားတွင် မွေးဖွားခဲ့သူများအတွက် ဤ"သုံးကိုယ်ပွား"၏လွှမ်းမိုးမှုက အလွန်ကြီးမားလှကြောင်း သိသင့်ပေသည်။ Bဝက်ဆိုက်ပေါ်ရှိ "သုံးကိုယ်ပွား"ကိုပင် ကြည့်လိုက်ပါလေ။ ကြည့်ရှုသူစုစုပေါင်း တစ်ဆယ်ဘီလီယံရှိပြီး အဆင့်သတ်မှတ်ချက်ကလည်း ၉.၇ရထားသည်။

ထိုစဉ်တုန်းက ဟူဂိုဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည် ဤဝတ္ထုက ပြည်တွင်းမှာသာမက ပြည်ပမှာပါ အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။ စာရေးဆရာ၏စိတ်ကူးစိတ်သန်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤဝတ္ထုကိုဖတ်ပြီးနောက် "မိုက်လိုက်တာ"ဟူသော စကားအပြင် ဘာမှမပြောနိုင်ခဲ့ချေ။

"ဒါကသတင်းကောင်းပဲ။ ဒါဆိုရင် မင်းက ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ"

"သုံးကိုယ်ပွားက ပြည်တွင်းဈေးကွက်ဖွင့်ဖို့ ပြဿနာမရှိပေမဲ့ ပြည်ပမှာထုတ်လွှင့်ဖို့အတွက်တော့ တော်တော်အကျပ်ရိုက်နေတယ်"

ဝမ်လင်က ဆိုလာလေသည်။

"ငါဆွေးနွေးခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီတော်တော်များများက 'သုံးကိုယ်ပွား'ကို ပြသဖို့ ငြင်းထားတယ်။ ဈေးနှုန်းကို လျှော့ထားတာတောင် သူတို့က လက်မခံကြဘူး"

"အဲဒီလိုလား"

ကျန်းမုန့်လောင်မှာ သင်္ကာမကင်းဖြစ်သွားရသည်။

"ဒီရုပ်ရှင်ကို နိုင်ငံခြားပရိသတ်တွေက သိပ်မကြိုက်ကြဘူးလား"

"အဲဒီလိုလည်းမဟုတ်ဘူး"

ဝမ်လင်က ရှင်းပြလိုက်သည်။

"တကယ်တော့ နားလည်ပေးလို့တော့ ရပါတယ်။ အမေရိကန်ရဲ့စူပါဟီးရိုးနဲ့ ကိုင်ဘွန်နိုင်ငံရဲ့ တိုခုဆာဆုကို ဟွာရှားနိုင်ငံထဲမှာ ပြသခဲ့တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလား"

ကျန်းမုန့်လောင် တိတ်ဆိတ်သွားလေသည်။ တရားမျှတစွာပြောရမည်ဆိုလျှင် ဟွာရှားနိုင်ငံ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလက်ရာများမှာ သိပ်မကောင်းခဲ့ပေ။ သေချာစဉ်းစားကြည့်ပြီးနောက် မြက်ခင်းစိမ်းပေါ်ရှိ သိုးလေးမှလွဲ၍ ကမ္ဘာကျော်ခဲ့သည့် ရုပ်ရှင်နှင့် ဇာတ်လမ်းများကို သူ မတွေ့ခဲ့ဖူးပေ။ လွန်ခဲ့သည့်နှစ်နှစ်တုန်းကသာ နီကျားနှင့် မြွေဖြူတို့က ဟွာရှားနိုင်ငံ၏ ကာတွန်းသက်ရောက်မှုများ တိုးတက်လာကြောင့် စတင်ပြသနိုင်ခဲ့သည်။

ယနေ့ခေတ်လူငယ်များနှင့် ဆယ်ကျော်သက်များအကြားတွင် သံမဏိလူသား၊ ကပ္ပတိန်အမေရိက၊ ဟော့ခ်၊ အယ်လ်ထရာမန်း၊ ကာမန်ရိုက်ဒါစသောအရာများက သူတို့၏ငယ်ဘဝတစ်စိတ်တစ်ပိုင်းနှင့် စံပြပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။

ဤသည်မှာ အလွန်အင်အားကောင်းလှသော "ယဉ်ကျေးမှုလွှမ်းမိုးခြင်း"အယူအဆပင်။

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုလွှမ်းမိုးခြင်းက အခြားနိုင်ငံများအပေါ် ပြင်းထန်လှသော သက်ရောက်မှုမျိုးကို ဖြစ်စေသည်။ သိပ်မကြာသေးခင်ကမှ ဟွာရှားနိုင်ငံထဲတွင် ခေတ်စားလာသော ဟန်ဖူယဉ်ကျေးမှုကိုပင် ဥပမာထားကြည့်လိုက်ပါ။ ယခုအခါ ကမ္ဘာအနှံ့တွင် လူတိုင်း ဟန်ဖူဝတ်လာကြသည်ကို တွေ့နိုင်ပေသည်။ နိုင်ငံတကာပလက်ဖောင်းများတွင်ပင် ဟန်ဖူရောင်းချသူများမှာ ငွေသောက်သောက်လဲဝင်နေချေသည်။

အိမ်နီးချင်းကော်စမိုနိုင်ငံက ဟန်ဖူကို သူတို့ ကာကွယ်စောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် စာရင်းသွင်းရန် လျှောက်ထားခဲ့ကြသည်။ ထိုသို့လုပ်ခြင်းဖြင့် မည်သည့်အရာကို သို့မဟုတ် မည်သူ့ကို အသိအမှတ်ပြုချင်ကြသလဲဆိုတာကိုတော့ မသိပါချေ။

ဤသည်မှာ ယဉ်ကျေးမှုလွှမ်းမိုးခြင်း၏ သက်ရောက်မှုကို ဖော်ပြနေသည်။

"သုံးကိုယ်ပွား"ရုပ်ရှင်က ဒဿနဆန်ပြီး ဉာဏ်ပညာရှိသော လော့ကျီပင်ဖြစ်စေ ကျန်းပေ့ဟိုင်၏ သူရဲကောင်းဆန်သော ဇာတ်ကောင်ပင်ဖြစ်စေ စတင်ပြသလိုက်သည်နှင့် လူသားများအကြား သူရဲကောင်းဆန်သော ပုဂ္ဂိုလ်များဖြစ်လာမည်မှာ ကျိန်းသေပင်။

သိပ်မကြာခင်မှာပင်"ငါက သံမဏိလူသား" သို့မဟုတ် "ကာမန်ရိုက်ဒါ အသွင်ပြောင်း"ဟု ပြောနေကြသံများကို မကြားရတော့ဘဲ "သဘာဝရွေးချယ်မှု ရှေ့ကိုလေးကွက်ရွှေ့"ဟု ပြောလာကြပေလိမ့်မည်။

ထိုနိုင်ငံခြားယဉ်ကျေးမှုအေဂျင်စီများက ဤကဲ့သို့သောအဖြစ်မျိုးကို မမြင်ချင်ကြချေ။

"ဘယ်လိုလဲ။ သူတို့ဘက်က ယဉ်ကျေးမှုလွှမ်းမိုးတာကိုတော့ လက်ခံပေမဲ့ ငါတို့တွေ ယဉ်ကျေးမှုလွှမ်းမိုးမှာကျတော့ လက်မခံဘူးပေါ့"

ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်လေသည်။

"ငါတို့ သုံးကိုယ်ပွားယဉ်ကျေးမှုကို ကောင်းကောင်းပရိုမိုးရှင်းလုပ်ဖို့ လိုနေပြီ"

*******************

All Chapters