သဘောထားကွဲလွဲခြင်း
Vol. 207 Ch. 3091
“ဆရာလား”
“ဆရာကတော်လား”
မူလျန်က ရှောင်းယောင်ကို တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။
“နင့်ရဲ့ဆရာက တာအိုရောင်းရင်း ဆူကျူး မဟုတ်ဘူးလား”
“အဟမ်း…”
ရှောင်းယောင်က အလျင်အမြန် သတိထားမိသွားပြီး အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူက ညင်သာစွာ ချောင်းဟန့်ပြီး အတည်အတံ့ပြောလိုက်၏။
“ဒါကလည်း ငါ့ဆရာပဲ”
ထိုစကားက အလိမ်အညာမဟုတ်ပေ။
မူလျန်သည် နောက်ပိုင်းမှာ ဤကိစ္စကို သိရှိသွားမည် ဆိုလျှင်တောင် သူက လိမ်ညာခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။
မူလျန်က ရင်တစ်ချက်ထိတ်သွားပြီး နားလည်သဘောပေါက်လာကာ သူမဘာသာသူမ တွေးလိုက်၏။
“ငါက စိုးရိမ်ထိတ်လန့်နေလို့ ငါ့စိတ်က ရှုပ်ထွေးသွားတာ ဖြစ်ရမယ်”
ကျင့်ကြံသူများအနေဖြင့် ကျင့်ကြံခြင်းလောကမှာ ဆရာတစ်ယောက်မက ရှိထားခြင်းက ပုံမှန်သာဖြစ်၏။
ရှောင်းယောင်၏ ဤဆရာသည် အော်ရာ၊ ကျင့်ကြံမှုနယ်ပယ်နှင့် ဝတ်စားဆင်ယင်ပုံတို့မှာ ဆူဇီမိုနှင့် အလွန်တရာ ကွဲပြားခြားနားနေ၏။
ဒါ့အပြင် ဆူကျူးမှာ တာအိုလက်တွဲဖော် မရှိပေ။
ထို့ကြောင့် မူလျန်သည် သူတို့နှစ်ယောက်ကို လုံးဝ ချိတ်ဆက်မိလိမ့်မည် မဟုတ်ပေ။
“ဆရာ… ဆရာကတော်… ခင်ဗျားတို့တွေ ဘယ်အချိန်တုန်းက ရောက်လာတာလဲ”
ရှောင်းယောင်က ရှေ့သို့တိုးပြီး ပြုံး၍မေးလိုက်၏။
“စောစောကပဲ”
သိုင်းတာအိုပင်မခန္ဓာက ရှောင်းယောင်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ရှောင်းယောင်က သူနှင့်ပေမင်ရွှယ်ကို ဘယ်လောက်လွမ်းဆွတ်သတိရနေကြောင်း ကြားရသောအခါ သူကလည်း နွေးထွေးမှု ခံစားချက်တစ်ခုကို ရရှိခဲ့၏။
တျဲယွဲ့က ခဏမျှစဉ်းစားပြီးနောက် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ရှောင်းယောင်ကို ကမ်းပေးလိုက်၏။
“ဒီနဂါးဖန့်လက်စွပ်ထဲမှာ ပစ္စည်းတချို့ ရှိတယ်… ဒါပေမဲ့ မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းလာပြီးမှပဲ အဲ့ဒါကို ဖွင့်နိုင်မယ်”
ရှောင်းယောင်က လက်လှမ်းယူတော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သိုင်းတာအိုပင်မခန္ဓာကို မော့ကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူက ဝမ်းသာအားရ လက်ခံယူကာ အဲ့ဒါကို သူ့လက်မှာ စွပ်လိုက်၏။
လက်စွပ်ကို ထူးခြားသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး အလွန်တရာ မာကျောလေသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော အကွက်ပြောက်များဖြင့် ပြည့်နှက်နေ၏။
ရှောင်းယောင်သည် အဲ့ဒါကို ယခုအချိန်မှာ အာရုံမခံမိနိုင်သော်လည်း နဂါးဖန့်လက်စွပ်၏ တန်ဖိုးသည် အထဲမှာရှိသော ရတနာများအပေါ်မှာသာ မူတည်နေခြင်း မဟုတ်သည်ကို သိုင်းတာအိုပင်မခန္ဓာက ပြောနိုင်လေသည်။
ထို့နောက် တျဲယွဲ့က မူလျန်ကို လက်ပြလိုက်၏။
မူလျန်က ရှေ့သို့ အလောတကြီးတက်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကို ယဉ်ကျေးပျူငှာစွာဖြင့် ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ စီနီယာတို့”
“ငါ နင့်ကို လက်ဆောင်ငယ်လေးတစ်ခုအနေနဲ့ ဒီဟွမ်အရိုးဆံထိုးကို ပေးမယ်”
တျဲယွဲ့က မီးတောက်နီရောင် ကျောက်စိမ်းဆံထိုးတစ်ခုကို ထုတ်ယူပြီး မူလျန်ကို ကမ်းပေးလိုက်၏။
၎င်း၏ နာမည်အရ ဤပစ္စည်းကို ဂမ္ဘီရဟွမ်၏ အရိုးများကနေ ပုံသွင်းထားသည်မှာ သိသာလေသည်။ ဤကျောက်စိမ်းဆံထိုးက ဘယ်လောက်အဖိုးတန်သလဲ သိသာထင်ရှားနေ၏။
“ဒီ… ဒီလက်ဆောင်က အရမ်းကို တန်ဖိုးကြီးလွန်းတယ်”
မူလျန်က အလောတကြီး ငြင်းပယ်လိုက်၏။
“ယူလိုက်ပါ… ဒါက ငါတို့အတွက် ဆရာကတော်ရဲ့ လက်ဆောင်ပဲ”
ရှောင်းယောင်က မူလျန့်ကိုယ်စား အဲ့ဒါကို ကူညီယူပေးပြီး သူမ၏ ဆံနွယ်များကြား အဲ့ဒါကို ထိုးစိုက်ပေးလိုက်၏။
သူမက ရှက်သွားသောကြောင့်လား သို့မဟုတ် ကျောက်စိမ်းဆံထိုး၏ ရောင်ပြန်ဟပ်မှုကြောင့်လား မပြောတတ်ပေ။ သို့သော်လည်း မူလျန်၏ မျက်နှာက နီမြန်းသွားပြီး သူမက တစ်မူထူးခြားသော ညှို့ငင်ဓာတ်နှင့်အတူ လှပလာ၏။
မူလျန်က သူမအား ရှောင်းယောင်၏ ဆရာကတော် ပေးသော လက်ဆောင်သည် သူတို့၏ ပထမဆုံးတွေ့ဆုံခြင်းကြောင့်သာ မဟုတ်သည်ကို အကြမ်းဖျင်း ခန့်မှန်းမိလေသည်။
အဲ့ဒါထက် ထိုအပြုအမူသည် ရှောင်းယောင်နှင့် သူမ၏ ဆက်ဆံရေးကြောင့် ဖြစ်နိုင်လေသည်။
“စီနီယာတို့… ကျွန်မဆရာကို အခုပဲ သွားခေါ်လိုက်ဦးမယ်… ကျေးဇူးပြုပြီး ဒီမှာ ခဏလောက် နားနေကြပါဦး”
မူလျန်၏ မျက်နှာက နီမြန်းနေပြီး သူမက လှည့်ထွက်သွား၏။
သူမ၏ ရင်ထဲမှာ ဤလူများသည် သူမနှင့် ရှောင်းယောင်၏ အကြီးအကဲများ ဖြစ်လေသည်။ သူမသည် ရိုင်းပျခြင်း မရှိစေရန် သူမဘက်မှ အကြီးအကဲများကိုလည်း သွားရောက်ခေါ်ဆောင်သင့်လေသည်။
ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် မူလျန်က သူမနဖူးကို ညင်သာစွာရိုက်ပြီး လှည့်မေးလိုက်၏။
“စီနီယာတို့… ရှင်တို့ရဲ့နာမည်တွေကို ကျွန်မ မသိရသေးဘူး”
“ငါက အထီးကျန်သိုင်းသခင်”
“ငါ့နာမည်က တျဲယွဲ့”
“အင်း..”
မူလျန်က ခေါင်းညိတ်ပြီး သူမ၏ စိတ်ထဲမှာ ထိုနာမည်များကို ထပ်တလဲလဲ ရေရွတ်နေ၏။
အထီးကျန်သိုင်းသခင်…
သူမသည် ထိုနာမည်ကို တစ်နေရာရာမှာ ကြားဖူးထားပုံရလေသည်။
ပန်းကမ္ဘာမှာ…
မူလျန်သည် အင်မော်တယ်ဘုရင်မယိုလန်၏ လိုဏ်ဂူခန်းဝါသို့ တန်းသွားသော်လည်း သူမ၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။ ထို့နောက် သူမသည် ပန်းခရမ်းပြာခန်းမသို့ ရောက်ရှိလာသည့်အချိန်မှာ သတင်းအချက်အလက်အချို့ကို ရရှိလိုက်၏။
ဤနှစ်များအားလုံးမှာ သွေးကမ္ဘာသည် ပန်းကမ္ဘာကို ထပ်တလဲလဲ ကျူးကျော်ဝင်ရောက်ပြီး သူတို့၏ ပိုင်နက်နယ်မြေများကို တဖြည်းဖြည်း ဝါးမျိုလာခဲ့၏။
သွေးကမ္ဘာသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ဆင်နွှဲရန် ထိုစစ်ပွဲနယ်မြေသို့ သူတို့၏ စစ်သည်များ၏ တစ်စိတ်တစ်ပိုင်းကို ပို့လွှတ်ပေးထားခြင်းကြောင့် မဟုတ်လျှင် ပန်းကမ္ဘာသည် သွေးကမ္ဘာ၏ တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ သူတို့က သိမ်းပိုက်ခံလိုက်ရသည်မှာ ကြာနေလောက်လေပြီ။
ပန်းကမ္ဘာက မည်သို့ပင်ဆိုစေ အဆင့်မြင့်ကမ္ဘာတစ်ခုသာဖြစ်ပြီး သူတို့မှာ ဧကရာဇ်ပညာရှင် လေးဦးသာရှိ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ပန်းလောကအရှင်နှင့် အခြားဧကရာဇ်သုံးဦးသည် သွေးကမ္ဘာနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ္ဘာနှစ်ခု၏ စစ်မြေပြင်သို့ ဘုရင်တစ်အုပ်စုကို ခေါ်ဆောင်သွားလေသည်။
အင်မော်တယ်ဘုရင်မယိုလန်ကလည်း သူတို့အဖွဲ့မှာ ပါဝင်သွားပြီး ယခုအချိန်ထိ ပြန်မရောက်သေးပေ။
မူလျန်က ဤနေရာမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရ၏။
“လောကအရှင်က ဒီတစ်ခေါက် သူ့ရဲ့ စိတ်ရင်းမှန်ကန်မှုကို ပြသဖို့အတွက် ကိုယ်တိုင်ပေါ်ထွက်လာခဲ့တယ်… အဲ့ဒီ ငြိမ်းချမ်းရေးဆွေးနွေးမှုက အောင်မြင်မယ်လို့ မင်းတို့ထင်လား”
“ငါမပြောတတ်ဘူး… သွေးကမ္ဘာရဲ့ အစစ်အမှန် ပင်မအင်အားက နဂါးကမ္ဘာမှာ ရှိနေပြီး သွေးလောကအရှင်က အဲ့ဒီစစ်ပွဲမှာ ကြီးကြပ်ကွပ်ကဲနေတယ်လို့ ငါကြားထားတယ်… နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲက အဆုံးသတ်သွားပြီး သွေးကမ္ဘာရဲ့ ပင်မအင်အားက ပြန်ရောက်လာမယ်ဆိုရင် ငါတို့က သေချာပေါက် ခုခံနိုင်မှာ မဟုတ်တော့ဘူး”
“အရင်တုန်းက နဂါးကမ္ဘာက ထပ်တလဲလဲ ရှုံးနိမ့်နေပြီး ဆက်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းထွက်လာခဲ့တယ်”
“လောကအရှင်နဲ့ အခြားသူတွေက အဲ့ဒါကို နားလည်သဘောပေါက်သွားလို့ တတ်နိုင်သမျှမြန်မြန် ငြိမ်းချမ်းရေး ယူချင်နေကြတာပဲ… သူတို့က ငြိမ်းချမ်းရေးမရခင် သွေးလောကအရှင် ပြန်ရောက်လာတာကို စောင့်ဆိုင်းနေမယ်ဆိုရင် သူတို့မှာ အခွင့်အရေးနည်းနည်းလေးမှ ရှိမှာမဟုတ်တော့ဘူး”
မူလျန်သည် ပန်းခရမ်းပြာခန်းမမှာ မတ်တတ်ရပ်ပြီး မျိုးနွယ်ဝင်များစွာ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ကာ ပန်းကမ္ဘာ၏ အနာဂတ်နှင့် ပတ်သက်၍ တိတ်တဆိတ် စိုးရိမ်ပူပန်နေ၏။
နှစ်နာရီ…
လေးနာရီ…
ခြောက်နာရီ ကြာပြီးနောက် မည်သည့်သတင်းမှ ရောက်ရှိမလာသေးပေ။
မူလျန်က ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ဘဲ အရင်ဆုံး ဟိုစီနီယာနှစ်ဦးကို နေရာထိုင်ခင်းချပေးဖို့အတွက် အစိမ်းရောင်ကြာပန်းကြယ်သို့ ပြန်သွားဖို့ ပြင်လိုက်၏။
ထိုစဉ်မှာပင် ပန်းခရမ်းပြာခန်းမ၏ အထက်ကနေ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခု ပေါ်ထွက်လာ၏။
လေဟာနယ်က ပွင့်ထွက်သွားပြီး လူတစ်အုပ်စုက တစ်ယောက်ပြီးတစ်ယောက် လိမ့်ဆင်းလာကာ သန်မာသောသွေးနံ့က ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။
ထိုသည်ကို တွေ့မြင်သောအခါ လူတိုင်း၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွား၏။
ပန်းခရမ်းပြာခန်းမသို့ ဆင်းသက်လာသော လူများသည် ပန်းလောကအရှင်နှင့် အခြားသူများ ဖြစ်လေသည်။
ပန်းလောကအရှင်အပါအဝင် သူတို့က အနည်းနှင့်အများဆိုသလို ထိခိုက်ဒဏ်ရာရရှိထားပြီး အတော်လေး ဆိုးရွားသည့်ပုံပေါ်နေ၏။
“လောကအရှင်…”
ပန်းကမ္ဘာကျင့်ကြံသူများစွာက အံ့အားတသင့် အော်ခေါ်လိုက်ကြ၏။
မူလျန်သည် တစ်ချက်ကြည့်ပြီး အင်မော်တယ်ဘုရင်မယိုလန်ကို တွေ့မြင်သွားကာ စိုးရိမ်တကြီး အော်မေးလိုက်၏။
“ဆရာ… ရှင်အဆင်ပြေရဲ့လား”
မူလျန်ကို တွေ့မြင်သွားသောအခါ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျဆင်းသွားသည့်အလား အင်မော်တယ်ဘုရင်မယိုလန်က စိတ်ထဲမှာ ပေါ့ပါးသွား၏။ သူမက အားတင်း၍ ပြုံးပြီးပြောလိုက်၏။
“ငါအဆင်ပြေပါတယ်… ငါတို့တွေ သွေးကမ္ဘာက လူတွေနဲ့ နည်းနည်းပါးပါး တိုက်ခိုက်ခဲ့ကြရုံပဲ”
“ဘာတွေဖြစ်နေတာလဲ… ရှင်တို့တွေ ညှိနှိုင်းဆွေးနွေးတာ မအောင်မြင်ခဲ့ဘူးလား”
မူလျန်က မေးလိုက်၏။
အင်မော်တယ်ဘုရင်မယိုလန်က သက်ပြင်းချပြီး ခေါင်းညိတ်လိုက်၏။
“အစကတော့ ညှိနှိုင်းဆွေးနွေးမှုက အတော်လေး ချောချောမွေ့မွေ့ပဲ… မထင်မှတ်ထားဘဲ သွေးလောကအရှင်နဲ့ သွေးကမ္ဘာရဲ့ ပင်မအင်အားစုက ရုတ်တရက် ပြန်ရောက်လာပြီး သွေးကမ္ဘာက ချက်ချင်းရန်လိုလာခဲ့တယ်”
“သွေးလောကအရှင် ပြန်ရောက်လာတယ်ဆိုတော့ နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲက ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်လား”
မူလျန်က မေးလိုက်၏။
“ဟုတ်လောက်တယ်… နဂါးကမ္ဘာက သွားရှာပြီထင်တယ်”
အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်၏။
“သွေးကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ငါမသိဘူး… သွေးလောကအရှင်က ပြန်ရောက်လာတဲ့အချိန်မှာပဲ သူ့ရဲ့အမူအရာက သုန်မှုန်နေတာပဲ… သူက တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ… သူက သူ့ရဲ့ မကျေမချမ်းခံစားချက်တွေကို အရူးတစ်ယောက်လို ငါတို့အပေါ် ပုံချချင်နေခဲ့တာ… သူက သုံးရက်အတွင်းမှာ ငါတို့ကို ဖျက်ဆီးပစ်ချင်နေတယ်”
“လောကအရှင်က အခြေအနေမကောင်းတော့ဘူးဆိုတာ တွေ့တဲ့အချိန်မှာ တစ်ဘက်အဖွဲ့က ငါတို့ကို ဝိုင်းပတ်မပိတ်ဆို့ခင် သူက ငါတို့ကို ချက်ချင်း ပြန်ခေါ်လာခဲ့တာပဲ”
မူလျန်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး လောလောဆယ်မှာ ဤကဲ့သို့ ကြီးမားသော ထိုးနှက်ချက်တစ်ခုကို လက်မခံနိုင်သည့်အလား ငေးငိုင်စွာဖြင့် မတ်တတ်ရပ်နေ၏။
အင်မော်တယ်ဘုရင်မယိုလန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။
“ပြန်လာတဲ့လမ်းမှာ ငါက နင့်ကို စိုးရိမ်ပူပန်နေတာ… ဘာပဲပြောပြော အစိမ်းရောင်ကြာပန်းကြယ်က ပန်းကမ္ဘာရဲ့ နယ်စပ်မှာပဲ… သွေးကမ္ဘာက သူတို့ရဲ့ အင်အားပြည့်နဲ့ တိုက်ခိုက်လာမယ်ဆိုရင် အစိမ်းရောင်ကြာပန်းကြယ်က အရင်ဆုံး ဖျက်ဆီးခံရလိမ့်မယ်”
“ငါ အခု နင့်ကို ပန်းခရမ်းပြာခန်းမမှာ တွေ့မှာပဲ စိတ်သက်သာရာရတော့တယ်”
မူလျန်က ထိုစကားကို ကြားသောအခါ သူမက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး နောက်ဆုံးမှာ တုံ့ပြန်လာခဲ့၏။ သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အော်ပြောလိုက်၏။
“အဲ့ဒါတော့ ဆိုးပြီ”
“အဆင်ပြေပါတယ်”
အင်မော်တယ်ဘုရင်မယိုလန်က နှစ်သိမ့်ပေးလိုက်၏။
“ငါတို့မှာ အချိန်တချို့ ရှိနေသေးတာပဲ… ငါတို့က ပန်းကမ္ဘာက ကျန်တဲ့မျိုးနွယ်ဝင်တွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နိုင်သေးတယ်”
မူလျန်က အင်မော်တယ်ဘုရင်မယိုလန်၏ လက်ကို အလိုလိုဖမ်းဆွဲပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။
“ရှောင်း… ရှောင်းယောင်က အစိမ်းရောင်ကြာပန်းကြယ်မှာ ရှိနေတုန်းပဲ”
“ဟမ်”
အင်မော်တယ်ဘုရင်မယိုလန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“သူက နင်နဲ့လိုက်မလာဘူးလား”
“ဟင့်အင်း”
မူလျန်က စိုးရိမ်ကြောင့်ကြသော အမူအရာနှင့်အတူ ထပ်တလဲလဲ ခေါင်းခါပြလိုက်၏။
“သူ့ဆရာနဲ့ ဆရာကတော်က မကြာသေးခင်ကမှ ရောက်လာခဲ့တယ်… ရှောင်းယောင်က သူတို့ကို အဲ့ဒီမှာ အဖော်ပြုပေးနေတယ်”
“တာအိုရောင်းရင်း ဆူကျူးလား”
အင်မော်တယ်ဘုရင်မယိုလန်က ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး အလောတကြီး မေးမြန်းလိုက်၏။
“မဟုတ်ဘူး”
မူလျန်က ပြောလိုက်၏။
“အဲ့ဒါ ရှောင်းယောင်ရဲ့ နောက်ထပ်ဆရာတစ်ဦးပဲ… ကြည့်ရတာတော့ သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရှိလောက်တယ်… ရှောင်းယောင်ရဲ့ ဆရာကတော်ကလည်း တော်တော်လေး သဘောကောင်းတဲ့သူပဲ… သူက ကျွန်မတို့ကို လက်ဆောင်နှစ်ခုတောင် ပေးထားတယ်”
ထိုသို့ပြောရင်း မူလျန်က သူမ၏ ဦးခေါင်းထက်မှ ဟွမ်အရိုးဆံထိုးကို ဖြုတ်ယူလိုက်လေသည်။