← Chapters

ကြင်နာပြီး ဖော်ရွေတတ်သော

Vol. 207 Ch. 3093

ကြင်နာပြီး ဖော်ရွေတတ်သော

Vol. 207 Ch. 3093

စောစောက ဟွာယုသည် ရှောင်းယောင်အကြောင်းဖော်ပြခဲ့စဉ်က အင်မော်တယ်ဘုရင်မယိုလန်သည် မူလျန်ကို တစ်ချက်ကြည့်ပြီး ရှောင်းယောင်၏ ဆရာနှင့်ဆရာကတော်ကို တွေးမိသွား၏။

သို့သော်လည်း ဟွာယု၏ ဖော်ပြချက်က အတော်လေးချဲ့ကားရာကျနေပြီး အနည်းငယ်ယုတ္တိမရှိသည့်ပုံပေါ်နေ၏။

ထို့ကြောင့် သူမက တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခဲ့ခြင်း မရှိပေ။

အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ သူတို့မသိရှိသည့် ပညာရှင်များရှိနေသည်ဆိုလျှင် အဲဒါက သူတို့နှစ်ယောက်သာဖြစ်ရပေမည်။

အင်မော်တယ်ဘုရင်မယိုလန်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“လောကအရှင်… ရှောင်းယောင်ရဲ့ ဆရာနဲ့ဆရာကတော်က အစိမ်းရောင်ကြာပန်းကြယ်ပေါ်မှာ ရောက်နေတယ်လို့ မူလျန်ပြောထားတယ်… ဟွာယုပြောတဲ့နှစ်ယောက်က သူတို့များ…”

“ရှောင်းယောင်ရဲ့ဆရာက ထိုးချက်တစ်ချက်နဲ့ ဧကရာဇ်တစ်ဦးကို သတ်ဖြတ်နိုင်မှာလား”

ပန်းလောကအရှင်က ပြုံး၍မေးလိုက်၏။

“အမ်… အဲဒါက..”

အင်မော်တယ်ဘုရင်မယိုလန်က ပြောစရာစကားမဲ့နေ၏။

သူတို့နှစ်ယောက်သည် ကောင်းကင်လိုဏ်ဂူဘုရင်များ ဖြစ်နိုင်သည်ဟု စောစောက မူလျန်ထံမှ သူမကြားသိထားရ၏။

မူလျန်ပြောသည်က မှားနေပြီး သူတို့နှစ်ယောက်က ဧကရာဇ်ပညာရှင်များဖြစ်မည်ဆိုလျှင်တောင် သူတို့အနေဖြင့် ထိုးချက်တစ်ချက်စီနှင့် အခြားသောဧကရာဇ်များကို သတ်ဖြတ်ဖို့က မဖြစ်နိုင်သေးပေ။

ပန်းလောကအရှင်က ပြောလိုက်၏။

“ဒီကိစ္စမှာ နောက်ထပ်ဟာကွက်တစ်ခုရှိနေတယ်… သွေးကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သွေးကမ္ဘာပေါ် အဲလောက်ထိ ဘယ်သူက ရက်စက်ကြမ်းတမ်းရဲမှာလဲ”

“အစိမ်းရောင်ကြာပန်းကမ္ဘာက ဖျက်ဆီးခံရပြီး မူလျန်ရဲ့ မိသားစုက သတ်ဖြတ်ခံရတာကြောင့်နဲ့ပဲ သွေးကမ္ဘာရဲ့ ဧကရာဇ်ဆယ်ဦးကျော်ကျော်ကို သတ်ဖြတ်လိုက်တယ်ဆိုတော့… အဲလိုမျိုးပညာရှင်တစ်ဦး တကယ်ပဲရှိနေမယ်ဆိုရင်တောင် သူက မူလျန် ဒါမှမဟုတ် အစိမ်းရောင်ကြာပန်းကြယ်က ဆင့်ခေါ်နိုင်တဲ့သူတစ်ယောက်မဟုတ်နိုင်လောက်ဘူး… ဟုတ်တယ်မလား”

“ဒါပေမဲ့…”

ဟွာယုက ရှင်းပြလိုလေသည်။

ပန်းလောကအရှင်က လက်ကာပြပြီး သာမန်ကာလျှံကာ ဖြတ်မေးလိုက်၏။

“အဲဒီမှာ အဲလိုမျိုးပညာရှင်တစ်ဦး တကယ်ပဲရှိနေမယ်ဆိုရင် ငါတို့တွေက သူ့ကို အရင်ကကြားဖူးရမှာပေါ့… ရှောင်းယောင်ရဲ့ ဆရာနာမည်က ဘယ်သူလဲ”

မူလျန်က ခပ်တိုးတိုးပြောလိုက်၏။

“သူ့နာမည်က အထီးကျန်သိုင်းသခင်ဖြစ်တယ်လို့ပြောတယ်”

“အထီးကျန်သိုင်းသခင်… အဲနာမည်က ရင်းနှီးနေသလိုပဲ.. ဟာ…”

အစက ပန်းလောကအရှင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြီး သူမက သာမန်ကာလျှံကာ စကားပြောဆိုနေ၏။ သို့သော်လည်း သူမက ရုတ်တရက်ပင့်သက်ကိုရှိုက်ပြီး သူမ၏ အသံက ယတိပြတ်ရပ်တန့်သွားလေသည်။ သူမမျက်နှာပေါ်ရှိအပြုံးကလည်း အေးခဲတောင့်တင်းသွား၏။

အခြားသောဧကရာဇ်ပညာရှင်သုံးဦး၏ အမူအရာများကလည်း ပြောင်းလဲသွားလေသည်။

အစက ဆွေးနွေးပြောဆိုနေသော ပန်းကမ္ဘာမှ ဘုရင်များကလည်း တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။ ချက်ချင်းပင် သူတို့က သူတို့၏ ပါးစပ်ကိုပိတ်ပြီး အိုတိုးအမ်းတမ်းအမူအရာများနှင့်အတူ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။

မူလျန်သည် အင်မော်တယ်ဘုရင်မယိုလန်၏ ဘေးမှာရှိနေ၏။ ရှောင်းယောင်၏ ဆရာနာမည်ကို သူမပြောလိုက်ပြီးနောက် အင်မော်တယ်ဘုရင်မယိုလန်၏ လှပသိမ်မွေ့သောခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသည်ကို သူမက ရှင်းရှင်းလင်းလင်းသတိထားမိလိုက်၏။

ပန်းကမ္ဘာမှအခြားသူများသည် ဧကရာဇ်လေးဦးနှင့် လက်ရှိဘုရင်များ၏ မူမမှန်မှုကို သတိထားမိသွားသောအခါ စကားပြောနေခြင်းကို တဖြည်းဖြည်းရပ်တန့်ပြီး ဒွိဟဖြစ်နေကြ၏။

ခန်းမသည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

သူတို့သည် တစ်စုံတစ်ရာကို အနှောက်အယှက်ပေးမိမှာ စိုးရိမ်နေသည့်အလား သူတို့၏ အသက်ရှူသံကပင် အတော်လေးအားပျော့သွား၏။

“အထီးကျန်သိုင်းသခင်က အရမ်းကို စွမ်းအားကြီးမားလို့လား”

မူလျန်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး ညင်သာစွာမေးလိုက်၏။

အင်မော်တယ်ဘုရင်မယိုလန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“အဲဒါက အဲဒီလူတကယ်ပဲဟုတ်မယ်ဆိုရင်တော့... စောစောက ဟွာယုပြောခဲ့တာတွေက အမှန်ပဲဖြစ်မယ်”

ရှောင်းယောင်၏ ဆရာက တကယ်ပဲ အဲလောက်ထိ သန်မာတာလား။

မူလျန်က ရင်တစ်ချက်ထိတ်သွား၏။

“အဲဒါက နာမည်တူတာပဲနေမှာပါ… ဟုတ်တယ်မလား”

ပန်းကမ္ဘာမှ ဧကရာဇ်တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

နောက်ထပ်ဧကရာဇ်ပညာရှင်တစ်ဦးက ပြောလိုက်၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သက်ရှိတွေမရေမတွက်နိုင်အောင်ရှိနေတာပဲ.. အထီးကျန်သိုင်းသခင်ဆိုတဲ့ နာမည်နဲ့လူ တစ်ယောက်မက ရှိနေနိုင်တယ်”

“ဒါနဲ့…”

ဟွာယုက အခြားတစ်စုံတစ်ရာကို တွေးမိသွားပြီး ရုတ်တရက်ပြောလိုက်၏။

“အဲဒီလူက ဧကရာဇ်ဆယ်ဦးကျော်ကျော်ကို သတ်ဖြတ်ပြီးတဲ့နောက် သူက သွေးကမ္ဘာရဲ့ ဘီလီယံနဲ့ချီတဲ့ စစ်သည်တွေကိုကြည့်ပြီး စကားတစ်ခွန်းပြောလိုက်တယ်”

“မင်းတို့ထဲက ဘယ်သူမဆို လက်စားချေချင်တယ်ဆိုရင်… ငါစောင့်နေမယ်တဲ့”

ထိုစကားကိုကြားသောအခါ ပန်းလောကအရှင်နှင့် အခြားသူများက တိတ်တဆိတ်တုန်လှုပ်သွားကြ၏။

ထိုသူက တကယ်ပဲ မဟာအရိုင်းကမ္ဘာက ဧကရာဇ်အထီးကျန်သိုင်းသခင်လား။ ထိုစကားလုံးများကို ဧကရာဇ်အထီးကျန်သိုင်းသခင်ကသာ ပြောနိုင်ပေလိမ့်မည်။

“အဲဒါပြီးတဲ့နောက် ဘာဖြစ်သွားလဲ”

ပန်းလောကအရှင်က မေးလိုက်၏။

ဟွာယုက ပြောလိုက်လေသည်။

“သွေးကမ္ဘာက အဲဒီလူအုပ်စုက အစကတည်းက လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီးသားပဲ… သူတို့က အဲဒီစကားကိုကြားတဲ့အချိန်မှာ ဘယ်သူက သူ့ကိုရန်စရဲမှာလဲ… သူတို့တွေက ချက်ချင်းပဲ ခြေဦးတည့်ရာလှည့်ထွက်ပြေးကုန်ကြတယ်”

“အဲဒါပြီးတဲ့နောက် ဘာမှမဖြစ်ခဲ့တဲ့အတိုင်း သူတို့နှစ်ယောက်က ရှောင်းယောင်ကိုခေါ်ပြီး အစိမ်းရောင်ကြာပန်းကြယ်ကို ပြန်သွားတယ်”

“ကျွန်မလည်း အစီရင်ခံတင်ပြဖို့ ဒီကို ချက်ချင်းပြေးလာတာပဲ”

“အစီရင်ခံ......”

ထိုစဉ်မှာပင် တံခါးအပြင်ဘက်ကနေ နောက်ထပ် သတင်းစကားသံက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် ပန်းကမ္ဘာမှ ပကတိစိတ်ဝိညာဉ်တစ်ဦးက အလျင်အမြန်ပြေးဝင်လာ၏။

“ကျုပ်.. နဂါးကမ္ဘာကနေ.. သတင်းကို အခုပဲ... ရရှိထားတယ်”

ပန်းကမ္ဘာ၏ ပကတိစိတ်ဝိညာဉ်က အမောတကောနှင့် ပြောလိုက်၏။

“နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ နောက်ဆုံးတိုက်ပွဲက စတင်တော့မယ့်အချိန်မှာပဲ မဟာအရိုင်းကမ္ဘာက ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာက ရုတ်တရက်ပေါ်ထွက်လာပြီး နှစ်ဦးနှစ်ဖက်ကြား စစ်ပြေငြိမ်းဖို့ကို ဝင်ရောက်ဖျန်ဖြေခဲ့တယ်.. နဂါးမျိုးနွယ်က ချေမှုန်းသုတ်သင်ခံရမယ့်ဘေးကနေ ကယ်တင်ခံရပြီး နေကာသစ်ပင်ကမ္ဘာအဖွဲ့ဘက်က ကမ္ဘာပေါင်းရာချီကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆုတ်ခွာသွားကြတယ်”

ထိုသတင်းအချက်အလက်ကိုကြားသောအခါ လူတိုင်းက တုန်လှုပ်သွားကြ၏။

နဂါးများနှင့်ဖီးနစ်များ၏ တိုက်ပွဲသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီး အရွယ်အစားအမျိုးမျိုးကမ္ဘာပေါင်းရာချီက ပါဝင်ပတ်သက်နေခဲ့၏။

သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်သခင်နှင့် သားရဲဧကရီသွေးလိပ်ပြာက ပေါ်ထွက်လာသည့်ခဏမှာပင် အခြေအနေတစ်ရပ်လုံးကို ဖြေရှင်းလိုက်နိုင်တာလား။

ပန်းကမ္ဘာမှ ဧကရာဇ်တစ်ဦးက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“နေကာသစ်ပင်ကမ္ဘာက အနိုင်ရတော့မှာပဲ… ကမ္ဘာပေါင်းရာချီပါဝင်တဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့က ဒီလိုနဲ့ပဲ ဆုတ်ခွာသွားကြာတာလား”

“တကယ်တော့ အတိအကျတော့ မဟုတ်ပါဘူး”

ပန်းကမ္ဘာမှ ပကတိစိတ်ဝိညာဉ်က ပြောလိုက်၏။

“ဧကရာဇ်အထီးကျန်သိုင်းသခင်က နေကာသစ်ပင်ကမ္ဘာဘက်က ဧကရာဇ်တစ်ရာကျော်ကို ခေါ်ယူစုဝေးစေခဲ့တယ်လို့ဆိုတယ်… သူတို့က လျှို့ဝှက်ဆွေးနွေးပြီးတဲ့နောက် ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်က သေဆုံးသွားတယ်… တခြားသူတွေကလည်း သူပြောတာကို သဘောတူလက်ခံလိုက်ကြတယ်”

ပန်းလောကအရှင်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကြ၏။

“ဘုရားရေ… အဲဒါက ဘယ်လိုလျှို့ဝှက်ဆွေးနွေးမှုလဲ… ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်က တစ်ခါတည်း သေသွားရတာလား”

ပန်းကမ္ဘာ၏ ပကတိစိတ်ဝိညာဉ်က ဆက်ပြောလိုက်သည်။

“နောက်ပြီး နဂါးတွေနဲ့ ဖီးနစ်တွေရဲ့စစ်ပွဲကို စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာက တမလွန်ကပ်ဘေးအဆိပ်နဲ့ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကိုသုံးပြီး တိတ်တဆိတ်ကြိုးကိုင်ခြယ်လှယ်နေခဲ့တယ်လို့ဆိုတယ်”

“အဆိပ်လောကအရှင်က နေရာမှာတင် ဧကရာဇ်အထီးကျန်သိုင်းသခင်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်”

“နဂါးကမ္ဘာ.. နေကာသစ်ပင်ကမ္ဘာနဲ့ အခြားကမ္ဘာတွေက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို အရမ်းကိုကျေးဇူးတင်နေကြတယ်လို့ ကျုပ်ကြားတယ်.. ဒါပေမဲ့ ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာက အဲဒီမှာ သိပ်ကြာကြာမနေလိုက်ဘူး… ကိစ္စပြီးတဲ့နောက် သူတို့က ထွက်ခွာပြီး ပျောက်သွားကြတယ်”

“သူတို့က တကယ်တော့ ပျောက်သွားတာမဟုတ်လောက်ဘူး… တကယ်ဆို ငါတို့ဆီကို အခုရောက်နေတာဖြစ်နိုင်တယ်”

ပန်းလောကအရှင်က တီးတိုးရေရွတ်လိုက်၏။

မူလျန်က ထိုစကားကိုကြားသောအခါ မှင်တက်နေ၏။

စောစောက သူတို့ပြောဆိုနေသည့် ဧကရာဇ်အထီးကျန်သိုင်းသခင်က ရှောင်းယောင်ရဲ့ဆရာလား။

ပန်းလောကအရှင်က တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး မူလျန်ကို လှည့်ကြည့်ကာ အလေးအနက်ထားမေးလိုက်၏။

“ရှောင်းယောင်ရဲ့ ဆရာနဲ့ဆရာကတော်က ဘယ်လိုပုံစံဝတ်စားဆင်ယင်ထားလဲ”

မူလျန်က ပြောလိုက်၏။

“ရှောင်းယောင်ရဲ့ဆရာက အနက်ရောင်ဆံပင် ခရမ်းရောင်ဝတ်ရုံနဲ့ ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားတယ်.. သူ့ပုံစံက နည်းနည်း အေးတိအေးစက်…”

မူလျန်က စကားဆုံးအောင် မပြောရသေးခင် ပန်းလောကအရှင်က ရှေ့ကိုအလောတကြီးတက်ပြီး သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ အသံနှိမ့်ပြီးပြောလိုက်၏။

“နင်စကားကို ဒီလိုလက်လွတ်စပယ်ပြောလို့မရဘူးလေ”

အနက်ရောင်ဆံပင်၊ ခရမ်းရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးဟူသော ဖော်ပြချက်ကို ကြားရပြီးနောက် အစိမ်းရောင်ကြာပန်းကြယ်မှာ ရောက်ရှိနေသည့် ပုဂ္ဂိုလ်က မဟာအရိုင်းကမ္ဘာမှ ဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်သည်ကို ပန်းလောကအရှင်နှင့်အခြားသူများက တိကျသေချာသွားပြီဖြစ်၏။

ပန်းလောကအရှင်က သူမ၏ လက်ကို လွှတ်ပေးပြီးနောက် မူလျန်က ဆက်ပြောလိုက်၏။

“သူ့ရဲ့ဆရာကတော်ကတော့ သွေးနီရောင်ဝတ်ရုံကို ဝတ်ထားပြီး အရမ်းကိုချောမောလှပတယ်… သူကတော့ အတော်လေးကြင်နာပြီး ဖော်ရွေတတ်တယ်”

ထိုစကားကိုကြားသောအခါ ပန်းလောကအရှင်နှင့် အခြားဧကရာဇ်သုံးဦး၏ နှုတ်ခမ်းထောင့်များက တဆတ်ဆတ်လှုပ်သွား၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်က မကြာသေးခင်ကမှ အောင်မြင်ပေါက်မြောက်လာခဲ့လေသည်။ သားရဲဧကရီသွေးလိပ်ပြာကတော့ သူမသည် အချိန်အတော်ကြားကတည်းက ကျော်ကြားနေခဲ့ပြီးသားဖြစ်ပြီး အလွန်တရာစီးပိုးခြယ်လှယ်နိုင်စွမ်းရှိလေသည်။ သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်ခါက ပြိုင်ဘက်ကင်းခဲ့ပြီး သူမသွားလေရာနေရာတိုင်းမှာ လောကအရှင်ဧကရာဇ်များက သူမကို ရှောင်ရလေသည်။

သူတို့သည် တစ်ခါက သားရဲဧကရီသွေးလိပ်ပြာနှင့်တွေ့ဆုံဖို့ ကံပါလာခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ရှေ့မှာ သူတို့သည် တိုက်ခိုက်ဖို့သတ္တိပင်မရှိပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သားရဲဧကရီသွေးလိပ်ပြာနှင့်ပတ်သက်သည့် ဖော်ပြချက်များစွာရှိသော်လည်း သူမသည်ကြင်နာပြီး ဖော်ရွေတတ်သည်ဟု မည်သူကမှ မပြောဆိုခဲ့ကြဖူးပေ။

အင်မော်တယ်ဘုရင်မယိုလန်က ရုတ်တရက်တစ်စုံတစ်ရာကိုတွေးမိသွားပြီး မူလျန်ကိုလှည့်ကြည့်လိုက်၏။

“နင့်ကို သားရဲဧကရီသွေးလိပ်ပြာပေးထားတဲ့ ကျောက်စိမ်းဆံထိုး ငါ့ကိုပြန်ပြပါဦး”

မူလျန်က ဟွမ်အရိုးဆံထိုးကို တစ်ဖန်ပြန်ကမ်းပေးလိုက်၏။

အင်မော်တယ်ဘုရင်မယိုလန်က အဲဒါကို လက်ခံယူပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်၏။

သူမက အရမ်းကိုတုန်လှုပ်သွားလေသည်။ သူမ၏ လက်က တဆတ်ဆတ်တုန်ယင်လာပြီး ကျောက်စိမ်းဆံထိုးက မြေပြင်ပေါ်သို့ လွတ်ကျသွား၏။

“ဆရာ… ဘာဖြစ်လို့လဲ”

မူလျန်က ရှေ့သို့အလောတကြီးတက်ပြီး အဲဒါကို ကောက်ယူလိုက်၏။

“အဲဒီလက်ဆောင်က အရမ်းကို တန်ဖိုးကြီးလွန်းတယ်… သေချာသိမ်းထား”

အင်မော်တယ်ဘုရင်မယိုလန်က တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ပြောလိုက်၏။

မူလျန်က ပြောလိုက်၏။

“ကျွန်မသိပါတယ်.. အဲဒါက ဂမ္ဘီရဟွမ်ရဲ့အရိုးကနေ ပုံသွင်းထားတဲ့ဆံထိုးပဲ… အဲဒါက အရမ်းလှတာပဲ”

အင်မော်တယ်ဘုရင်မယိုလန်က မနေနိုင်ဘဲပြောလိုက်မိ၏။

“အဲဒါက ဂမ္ဘီရဟွမ်ရဲ့ သာမန်အရိုးတစ်ခုမဟုတ်ဘူး… အဲဒါက ဂမ္ဘီရဟွမ်မျိုးနွယ်က ဧကရာဇ်တစ်ပါးရဲ့အရိုးပဲ… ငါတောင်မှ အဲဒီပေါ်မှာချန်ထားတဲ့ ကန့်သတ်မှုတွေကို မထိရဲဘူး… နောက်ပြီး အထဲမှာ..အထဲမှာလည်း…”

အင်မော်တယ်ဘုရင်မယိုလန်က ဆက်လက်၍မပြောဆိုလိုတော့ပေ။

ဂမ္ဘီရဟွမ်ဆံထိုးထဲမှာ သူမပင် လိုချင်တပ်မက်မိသော ရတနာများစွာရှိနေလေသည်။

All Chapters