အပြောင်းအလဲ
Vol. 207 Ch. 3095
တစ်လကြာပြီးနောက်...
သတင်းများစွာက တောမီးပမာ ပျံ့နှံ့သွားပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်မှာ ကြီးမားစွာ ဂယက်ရိုက်သွားစေလေသည်။ အဲ့ဒါသည် မျိုးနွယ်စုတစ်သောင်းကြားမှာ အုံးအုံးကျက်ကျက် ဖြစ်သွားစေ၏။
ဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီ သွေးလိပ်ပြာက အတူတကွ ပေါ်ထွက်လာပြီး နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲကို ဖြေရှင်းပေးခဲ့၏။ ထို့နောက် သူတို့သည် တမလွန်စုန်းတောင်ထွတ်ကို ဖျက်ဆီးကာ စုန်းကမ္ဘာမှ ဧကရာဇ်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်။ စုန်းကမ္ဘာ၏ ခွန်အားက ကြီးမားစွာ လျော့ကျသွားခဲ့လေသည်။
သွေးကမ္ဘာသည် ပန်းကမ္ဘာကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဧကရာဇ် အထီးကျန်သိုင်းသခင်၏ တားဆီးခြင်းခံခဲ့ရ၏။ သွေးလောကအရှင်နှင့် ဧကရာဇ်ဆယ်ဦးကျော်ကျော်က သေဆုံးခဲ့ရပြီး ကျန်သူများက ရှုံးနိမ့်စွာဖြင့် ပြန်သွားရ၏။
ဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီ သွေးလိပ်ပြာက ခွန်များနှင့် ဖန်းများ၏ စစ်ပွဲကို ဖြေရှင်းပေးဖို့အတွက် နောက်တစ်ဖန် ပေါ်ထွက်လာခဲ့သည်။
ဒါ့အပြင် သူတို့နှစ်ယောက်၏ တိုက်တွန်းမှုနှင့်အတူ ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာသည် ပေါင်းစည်းပြီး အသစ်စက်စက် ထိပ်တန်းကမ္ဘာကြီးတစ်ခု ခွန်ဖန်းကမ္ဘာ ဖြစ်လာခဲ့၏။
ယခင် ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာတို့၏ လောကအရှင်နှစ်ဦးက ထိုကမ္ဘာကို ပူးပေါင်းအုပ်ချုပ်ကြသည်။ ဒါ့အပြင် သူတို့သည် သခင်လေးတစ်ဦးကို ရွေးချယ်ခဲ့ပြီး ထိုသူသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ တပည့်ဖြစ်သည်ဟူသော ကောလာဟလများ ရှိလေသည်။
ရက်အနည်းငယ်ကြာပြီးလျှင် ခွန်ဖန်းကမ္ဘာ၏ သခင်လေးသည် သူ၏ တာအိုလက်တွဲဖော် ပန်းကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးလိမ့်မည်။ ကမ္ဘာများစွာကို ဖိတ်ကြားထားပြီး အဲ့ဒါသည် မကြုံစဖူးထူးခြားသည့် မဟာပွဲတော်တစ်ခု ဖြစ်လာပေလိမ့်မည်။
စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာသည် ပြဿနာများစွာကို တိတ်တဆိတ် မီးမွှေးပေးခဲ့ပြီး နဂါးများနှင့် ဖီးနစ်များ၏စစ်ပွဲကို ဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်ခဲ့သောကြောင့် နေကာသစ်ပင်ကမ္ဘာ၊ နဂါးကမ္ဘာနှင့် အခြားသောကမ္ဘာ ၁၀၀ကျော်မှ စစ်တပ်များသည် စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြ၏။
စုန်းကမ္ဘာက ဖျက်ဆီးခံလိုက်ရသည်။
အဆိပ်ကမ္ဘာကလည်း ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။
ယခင် နဂါးလောကအရှင်နှင့် နဂါးအကြီးအကဲနှစ်ဦးက အဆိပ်ကမ္ဘာနှင့် တိုက်ခိုက်သော တိုက်ပွဲမှာ သေဆုံးခဲ့လေသည်။
ယခု နဂါးကမ္ဘာမှာ လောကအရှင်အသစ်တစ်ဦး ပေါ်ထွက်လာ၏။
စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာ၏ လောကအရှင်များက ဖယ်ရှားခံလိုက်ရသည်။
ထိုသတင်းသည် ရေကန်ထဲသို့ ကျဆင်းသွားသော ဧရာမကျောက်တုံးတစ်တုံးကဲ့သို့ ဝဲဂယက်ပေါင်းများစွာကို ဖြစ်ပေါ်သွားစေခဲ့လေသည်။ သတင်းအချက်အလက်တစ်ခုချင်းစီက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကြီးမားစွာ ဂယက်ရိုက်သွားစေဖို့ လုံလောက်နေ၏။
ယခု ထိုသတင်းအချက်အလက်များအားလုံးက အလွန်တရာ တိုတောင်းသော အချိန်အတွင်းမှာ ပျံ့နှံ့သွားပြီး ရိုက်ခတ်မှုက အရမ်းကို သိသာထင်ရှားနေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပြောင်းလဲသွားတော့ပေမည်။
ဓားကမ္ဘာမှာ…
သံသရဖူဆောင်းအဘိုးအို၊ ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုတို့က သစ်သားစားပွဲတစ်လုံးကို ဝိုင်းထိုင်ပြီး စိတ်လက်ပေါ့ပါးသော အမူအရာများဖြင့် လက်ဖက်ရည်သောက်နေကြ၏။
“ခွန်ဖန်းကမ္ဘာက ဖိတ်စာတစ်စောင် ပို့ထားတယ်… ဘယ်လိုသဘောရလဲ… ငါတို့တွေ အတူတူသွားကြည့်ကြမလား”
သံသရဖူဆောင်းအဘိုးအိုက စားပွဲပေါ်မှ လက်ထပ်မင်္ဂလာ ဖိတ်စာတစ်စောင်ကို လက်ညှိုးထိုးပြီး ပြုံး၍ မေးလိုက်၏။
ဝဝအဘိုးအိုက လက်ဖက်ရည်ကိုသောက်ပြီး စုတ်သပ်လိုက်၏။
“ခွန်ကမ္ဘာနဲ့ ဖန်းကမ္ဘာရဲ့ စစ်ပြေငြိမ်းမှုက အစကတည်းက တကယ့်ကို ထူးခြားအံ့မခန်း သတင်းကောင်းပဲ… အမလေး… သူတို့တွေက နောက်ထပ်အဆင့်တက်ပြီး အတူတကွတောင် ပေါင်းစည်းသွားကြပြီပဲ”
ပိန်ပိန်အဘိုးအိုက ပြောလိုက်၏။
“ဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီ သွေးလိပ်ပြာရဲ့ တိုက်တွန်းလှုံ့ဆော်မှုအပြင် ဧကရာဇ်အထီးကျန်သိုင်းသခင်ရဲ့ တပည့်မှာ ခွန်ဖန်းမျိုးဆက်သွေးရှိပြီး ဘိုးဘေးဗီဇလက္ခဏာတွေတောင် ပြလာတာကြောင့်လို့လည်း ငါကြားထားတယ်”
ဝဝအဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ဖြေရှင်းပြီး သူတို့ရဲ့ ဆင်ခြင်တုံတရားကို ပြန်ရပြီးသွားရင် ခွန်ဖန်းမျိုးဆက်သွေးက ဘယ်လောက်အဖိုးတန်လဲဆိုတာ ခွန်ကမ္ဘာနဲ့ ဖန်းကမ္ဘာက ပညာရှင်တွေက သိကြမှာပါ”
“ပြောရမယ်ဆိုရင် ခွန်ဖန်းကမ္ဘာက သခင်လေးရဲ့ လက်ထပ်မင်္ဂလာပွဲကို ငါတို့အနေနဲ့ ကိုယ်တိုင်သွားရောက်စရာမလိုဘူး… ငါတို့တွေက အဲ့ဒီကို အင်မော်တယ်ဘုရင်တွေကို စေလွှတ်လိုက်ရုံပဲ… ဒါပေမဲ့…”
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်၏။
“ငါက ဒီအခွင့်အရေးကို အသုံးချပြီး ဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ တွေ့ဆုံခွင့်ရချင်မိတယ်”
ဧကရာဇ် အထီးကျန်သိုင်းသခင်အကြောင်း ပြောဆိုချိန်မှာ သံသရဖူဆောင်းအဘိုးအို၏ မျက်လုံးများက အထင်ကြီးလေးစားမှုဖြင့် ပြည့်နှက်နေ၏။
ဝဝအဘိုးအိုကလည်း ခေါင်းညိတ်ပြီး ရေရွတ်ပြောဆိုလိုက်၏။
“စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာရဲ့ ကပ်ဘေးကို နှိမ်နင်းပြီးတဲ့နောက် သူက နဂါးတွေနဲ့ ဖီးနစ်တွေရဲ့စစ်ပွဲ၊ ခွန်တွေနဲ့ ဖန်းတွေရဲ့စစ်ပွဲကိုလည်း ဖြေရှင်းပေးခဲ့တယ်… သူက မသိလိုက်မသိဘာသာနဲ့ မရေမတွက်နိုင်တဲ့ အပြစ်မဲ့သက်ရှိတွေကို ကယ်တင်ပေးခဲ့တာပဲ… သူ့ရဲ့လုပ်ရပ်တစ်ခုချင်းစီက အဆုံးမဲ့လောကအကျိုးဆောင်မှုတွေနဲ့ ပြည့်နှက်နေတယ်”
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်၏။
“ဧကရာဇ် အထီးကျန်သိုင်းသခင်က မဟာဧကရာဇ်တစ်ပါး ဖြစ်မလာသေးပေမဲ့ သူက ရှေးဟောင်းမဟာဧကရာဇ်တစ်ပါးရဲ့ သွင်ပြင်ဟန်ပန်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ပိုင်ဆိုင်ထားခဲ့ပြီ… သူကသာ သားရဲဧကရီ သွေးလိပ်ပြာလို အနှိုင်းမဲ့ဧကရာဇ်တစ်ဦးနဲ့ ထိုက်တန်တဲ့သူပဲ”
ပိန်ပိန်အဘိုးအိုက ပြောလိုက်၏။
“သူတို့နှစ်ယောက် အတူတကွ ပေါ်ထွက်လာပြီးတဲ့နောက် သူတို့တွေက နေရာတစ်နေရာမှာ သိပ်ကြာကြာမနေကြဘူး… သူတို့တွေက အချိန်တစ်ခုမှာ နဂါးကမ္ဘာမှာ ရောက်ရှိနေပြီး နောက်ခဏမှာပဲ သူတို့တွေက စုန်းကမ္ဘာကို ရောက်သွားကြပြန်တယ်… ဒီတစ်ခေါက် ငါက သူတို့နဲ့ တွေ့ခွင့်ရပါ့မလား မသိဘူး”
“ငါတို့က သူတို့နှစ်ယောက်နဲ့ မတွေ့ရဘူးဆိုရင်လည်း အဆင်ပြေပါတယ်… အနည်းဆုံးတော့ ငါတို့က ဇီမိုနဲ့ တွေ့ရမှာပဲ”
သံသရဖူဆောင်းအဘိုးအိုက ရယ်မောကာ ပြောလိုက်၏။
“အို… ဟုတ်လား”
ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုက ကျေနပ်သဘောကျသွားပြီး အလောတကြီးမေးလိုက်၏။
“ဇီမို့ဆီက သတင်းရလို့လား”
“ဟားဟား….”
သံသရဖူဆောင်းအဘိုးအိုက သူ၏ မုတ်ဆိတ်ကို လက်ဖြင့်သပ်ကာ ရယ်မောလိုက်၏။
“တကယ်တော့ နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ တိုက်ပွဲဖြစ်ပွားနေချိန် အချိန်တစ်ခုမှာ ဇီမိုက အတိအလင်း ပေါ်ထွက်လာပြီး ထင်တိုင်းကြဲသတ်ဖြတ်ခဲ့တယ်… သူက အုတ်ဂူကမ္ဘာရဲ့ မဟာမိတ်တပ်ဖွဲ့က ဘုရင်တစ်ထောင်ကျော်ကို တစ်ယောက်တည်းနဲ့ ချေမှုန်းသုတ်သင်ခဲ့တယ်”
“ဝါး… သူက အဲ့လောက်တောင် စွမ်းအားကြီးမားနေပြီလား”
ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုက တုန်လှုပ်သွားကြ၏။
အဲဒါသည် ကောင်းကင်လိုဏ်ဂူဘုရင် တစ်ထောင်ကျော် ဖြစ်လေသည်။
သံသရဖူဆောင်းအဘိုးအိုက ဆက်ပြောလိုက်၏။
“တခြားအချိန်တွေမှာသာဆိုရင် ဒီလိုမျိုး တုန်လှုပ်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သေချာပေါက် ပျံ့နှံ့သွားလိမ့်မယ်”
“ဒါပေမဲ့ ဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီ သွေးလိပ်ပြာက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ခွာပြီး နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲကို ဖြေရှင်းပေးနေတဲ့အချိန်မှာ သူတို့တွေက သူတို့ရဲ့လက်ကို ဝှေ့ယမ်းရုံနဲ့ ဧကရာဇ်ပညာရှင်တွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်…. ဇီမို့ရဲ့ တိုက်ပွဲအကြောင်းကို ဘယ်သူကမှ ထပ်ပြီးဖော်မပြကြတော့ဘူး”
“ငါက ဒီနှစ်တွေထဲမှာ ဇီမိုရဲ့သတင်းကို စုံစမ်းနေလို့သာ အဲ့ဒါကို သိရှိခဲ့တာ”
ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုတို့က ခေါင်းညိတ်လိုက်ကြ၏။
ဆူဇီမို အဆင်ပြေသည်ကို သိရှိရပြီးနောက် ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုတို့က နောက်ဆုံးမှာ စိတ်သက်သာရာရသွားကြ၏။
“ငါတို့တွေ ဒီလိုမျိုး ဝမ်းသာစရာအခိုက်အတန့်မှာ ဘာလို့ မသောက်ရမှာလဲ”
ဝဝအဘိုးအိုက ဝိုင်ကောင်းကောင်းသုံးအိုးကို ထုတ်ယူပြီး သံသရဖူဆောင်းအဘိုးအိုနှင့် ပိန်ပိန်အဘိုးအို၏ ရှေ့သို့ ပစ်တင်လိုက်လေသည်။
“ဒါနဲ့..”
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်၏။
“ပေမင်က ဒီတစ်ခေါက် ခွန်ဖန်းကမ္ဘာရဲ့ သခင်လေးရဲ့ လက်ထပ်မင်္ဂလာပွဲကို တက်ရောက်မယ်လို့ ပြောတယ်… အဲ့ဒီသခင်လေးက သူ့ရဲ့ဂျူနီယာမောင်ဖြစ်တယ်လို့တောင်မှ ပြောတယ်”
“ဟမ်…”
ဝဝအဘိုးအိုက နားမလည်နိုင်ဘဲ ခဏမျှ မှင်တက်နေ၏။
“ခွန်ဖန်းကမ္ဘာက သခင်လေးက ဧကရာဇ် အထီးကျန်သိုင်းသခင်ရဲ့ တပည့်မဟုတ်ဘူးလား”
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်၏။
“သူတို့တွေက ဇီမို့ကိုလည်း သူတို့ရဲ့ဆရာအဖြစ် အသိအမှတ်ပြုထားတယ်လို့ ပေမင်က ပြောတယ်”
“အဲ့လောက်တောင် တိုက်ဆိုင်တာလား”
ဝဝအဘိုးအိုက ပြုံးလိုက်၏။
“ဇီမိုရဲ့ကံက တကယ်ကို မဆိုးဘူးပဲ… သူက သမိုင်းတစ်လျှောက်မှာ တကယ့်ကို ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတားတစ်ဦး ဖြစ်နေပြီ… အခု သူက ဒီဘက်မျိုးဆက်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်လို လူမျိုးနဲ့ပါ အပြိုင်ထွန်းတောက်လာတော့မှာလား”
“သူက တကယ်ပဲ မဆိုးဘူး”
သံသရဖူဆောင်းအဘိုးအိုက ပြောလိုက်၏။
“ဇီမို့ကို လုံကြီးပြင်းဖို့အတွက် လုံလောက်တဲ့အချိန်ပေးထားမယ်ဆိုရင် သူက အနာဂတ်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ ယှဉ်နိုင်လောက်တယ်”
“သွားကြရအောင်… လက်ဆောင်တချို့ ပြင်ပြီးရင် ငါတို့ထွက်ခွာကြမယ်”
သံသရဖူဆောင်းအဘိုးအိုက ဖိတ်စာကို သိမ်းဆည်းပြီး မတ်တတ်ထရပ်လိုက်၏။ သူက သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်နှင့်အတူ အဝေးကို လှမ်းမျှော်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“ငါက ဒီတစ်ခေါက် ဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်မိတယ်”
တစ်ရက်မကြာခင် သံသရဖူဆောင်းအဘိုးအို၊ ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုတို့က ဦးဆောင်ပြီး ဓားကမ္ဘာမှ ကျင့်ကြံသူတစ်အုပ်စုက ခွန်ဖန်းကမ္ဘာသို့ ရောက်ရှိလာကြ၏။
ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာသည် သူတို့၏ စစ်ပွဲမှာ အရင်းအမြစ်များစွာကို သုံးစွဲခဲ့ရသော်လည်း သူတို့သည် မည်သို့ပင်ဆိုစေ ထိပ်တန်းကမ္ဘာကြီးများ ဖြစ်နေဆဲပင်။
ဒါ့အပြင် ထိုကမ္ဘာနှစ်ခုက ပေါင်းစည်းပြီးနောက် သူတို့၏ ခွန်အားက ယခင်ကထက် ပိုမိုတောင့်တင်းလာပြီး သူတို့၏ ပိုင်နက်နယ်မြေကလည်း ပိုမိုကျယ်ပြန့်လာခဲ့လေသည်။
ဓားကမ္ဘာက ရောက်ရှိမလာခင် ကမ္ဘာများစွာမှ ပညာရှင်များက ရောက်နေနှင့်နေကြပြီဖြစ်၏။ အဲ့ဒီမှာ နီညိုရောင်မျောက်ဝံကမ္ဘာ၊ နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာ၊ ပန်းကမ္ဘာ၊ အလင်းကမ္ဘာနှင့် အခြားသောကမ္ဘာများ ရှိကြလေသည်။
တကယ်ဆို ဤကမ္ဘာများထဲမှ တချို့ကို သူတို့၏ လောကအရှင်များက သူတို့၏ ဂုဏ်ပြုလက်ဆောင်များ ကိုယ်တိုင်လက်ဖွဲ့ရန် ဦးဆောင်လာကြလေသည်။
တကယ်တော့ ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာကို ပေါင်းစည်းထားပြီးလျှင်တောင် ဤကမ္ဘာနှစ်ခု၏ လောကအရှင်များသည် ဤမျှများပြားသော စိတ်အာရုံနှင့် ရိုသေလေးစားမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
ကမ္ဘာများစွာသည် သူတို့၏ ဂုဏ်ပြုလက်ဆောင်များနှင့်အတူ ရောက်ရှိလာကြသည့် အဓိကအကြောင်းရင်းမှာ ခွန်ဖန်းကမ္ဘာ၏ သခင်လေးသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ တပည့်ဖြစ်သည်ဟူသော ကောလာဟလများကြောင့် ဖြစ်လေသည်။
ဒါ့အပြင် ဤပညာရှင်များသည် ဤအခွင့်အရေးကို ချိန်းထားကာ ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီ သွေးလိပ်ပြာကို တွေ့ဆုံလိုကြ၏။
“ဘယ်လို… သူတို့နှစ်ယောက်က ဒီမှာ မရှိဘူးလား”
သံသရဖူဆောင်းအဘိုးအိုက မေးလိုက်၏။
ခွန်ကမ္ဘာ၏ လောကအရှင်က ပြောလိုက်၏။
“အဲ့ဒီ အင်မော်တယ်စုံတွဲက နေရာတိုင်းမှာ လှည့်ပတ်သွားလာနေတာ… သူတို့တွေက ရှောင်းယောင်ကို ပြန်ပို့ပြီး မကြာခင်မှာပဲ ထွက်ခွာသွားကြတယ်… သူတို့ကို ဘယ်သူကမှ လိုက်မမီဘူး”
“ရှောင်းယောင် ဒီကိုလာပြီး ဓားကမ္ဘာက ဒီစီနီယာတွေကို အရိုအသေပေးလိုက်ဦး”
ခွန်လောကအရှင်က လက်ယပ်လှမ်းခေါ်လိုက်၏။
ရှောင်းယောင်နှင့် မူလျန်က ရှေ့သို့လျှောက်လှမ်းလာပြီး ဦးညွှတ်လိုက်ကြ၏။
ယခင်ကနှင့်ယှဉ်လျှင် ရှောင်းယောင်၏ အော်ရာက အများကြီးပြောင်းလဲသွား၏။ သူသည် သခင်လေးတစ်ဦး၏ သွင်ပြင်ဟန်ပန်ကို ပိုင်ဆိုင်လာပြီး ခံ့ညားကြော့ရှင်းသည့်ပုံပေါ်နေ၏။
သို့သော်လည်း သူက ပေမင်ရွှယ်ကို တွေ့မြင်သောအခါ ရှောင်းယောင်သည် သူ၏ ကလေးဆန်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ပြုံးဖြီးကာ မူလျန်ကို ရှေ့သို့ဆွဲခေါ်သွားလေသည်။
“စီနီယာအစ်မ..”
“ဆရာဘယ်မှာလဲ”
ပေမင်ရွှယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ခင်ဗျားပြောတာက…”
ရှောင်းယောင်က အလွန်လျင်မြန် နားလည်သဘောပေါက်သွား၏။
“ဆရာနဲ့ ဆရာကတော်က စုန်းကမ္ဘာကို သွားကြတယ်ထင်တယ်။”