← Chapters

သူတော်စင်သုံးပါး ပေါင်းစည်းခြင်း

Vol. 207 Ch. 3098

သူတော်စင်သုံးပါး ပေါင်းစည်းခြင်း

Vol. 207 Ch. 3098

“ဘာလဲ… မင်းက ကောင်းကင်ဘုံကမ္ဘာကို သွားချင်လို့လား”

“ဆူဇီမိုရဲ့ညီမက တစ်ခုခုဖြစ်နေတာကြောင့်နဲ့ပဲလား”

ခွန်ဖန်းကမ္ဘာ၏ လောကအရှင်နှစ်ဦးက ရှောင်းယောင်ကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့်ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

ရှောင်းယောင်သည် စိတ်သဘောထားကောင်းမွန်ပြီး သစ္စာစောင့်သိမှုကို တန်ဖိုးထားသည့်အတွက် သူတို့က ချီးကျူးမိလေသည်။ သို့သော်လည်း ဆူဇီမိုအတွက် ဤမျှအတိုင်းအတာအထိတော့ ပြုလုပ်ပေးစရာ မလိုလောက်ပေ။ ဆူဇီမိုသည် ရှောင်းယောင်၏ ဆရာဖြစ်သော်လည်း သူသည် မည်သို့ပင်ဆိုစေ ဘုရင်တစ်ဦးသာဖြစ်၏။ သူသည် ဓားကမ္ဘာကနေ ထွက်ခွာထားပြီး ယခုအချိန်မှာ မည်သည့်ဂိုဏ်းကိုမှ မဝင်ရောက်ရသေးပေ။ သူက ယခုအချိန်မှာ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ဦးမျှသာဖြစ်၏။

ဒါ့အပြင် ဒုက္ခရောက်နေသူက ဆူဇီမို၏ ညီမသာ ဖြစ်လေသည်။

အပြင်လူတစ်ယောက်အနေဖြင့် ဆူဇီမိုကို ယခင်က ခွန်ဖန်းတားမြစ်ကုန်းမြေသို့ ဝင်ရောက်ခွင့်ပေးခဲ့ရစဉ်က မျိုးနွယ်ဝင်များစွာက မကျေမနပ်ဖြစ်နေခဲ့ကြပြီးလေပြီ။ လောကအရှင်နှစ်ဦးသည် အတော်လေးတွေဝေတုံ့ဆိုင်းနေသော်လည်း သူတို့က ရှောင်းယောင်ပြောသည်ကို သဘောတူလက်ခံလိုက်ဆဲဖြစ်၏။

သို့သော်လည်း ဆူဇီမို၏ ညီမနှင့် ရှောင်းယောင်နှင့် ခွန်ဖန်းကမ္ဘာ၏ ဆက်ဆံရေးက ဘာဖြစ်မလဲ။

လောကအရှင် မြောက်ပိုင်းခွန်က ပြောလိုက်၏။

“ငါတို့တွေက သူနဲ့ ဘုရင်တချို့ကို ထည့်ပေးလိုက်မယ်ဆိုရင် လုံလောက်တဲ့လေးစားမှုကို ပြရာရောက်ပြီ”

ရှောင်းယောင်က မျက်လုံးစွေကြည့်ပြီး သူ့ဘာသာသူ တွေးလိုက်၏။

‘ဆရာက ခင်ဗျားတို့ရဲ့ လေးစားမှုကို လိုမယ်ထင်လို့လား… ကျုပ်က သူ့ဆီကနေ မျက်နှာသာရအောင် ခင်ဗျားတို့ကို အလကားသက်သက် ကူညီပေးနေတာပဲ… ဒါတောင် ခင်ဗျားတို့က အဲ့ဒါကို မလိုချင်ကြဘူး… ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ။’

“ကျုပ် ဂရုမစိုက်ဘူး”

ရှောင်းယောင်က အော်ပြောလိုက်၏။

“ကျုပ် ကောင်းကင်ဘုံကမ္ဘာကို သွားချင်တယ်… အဲ့ဒါက ခင်ဗျားတို့ သဘောတူတာ မတူတာအပေါ် မူတည်မနေဘူး”

ထိုသို့ပြောပြီး ရှောင်းယောင်က မူလျန်နှင့်အတူ လှည့်ထွက်သွားကာ လောကအရှင်နှစ်ဦးက နောက်မှာ ကျန်ရစ်ခဲ့၏။

“မင်း… မင်း… အဲ့လောက်တောင်ကျတော့…”

လောကအရှင်နှစ်ဦးက ဒေါသထွက်နေပြီး တုန်ယင်နေကြ၏။ သူတို့သည် ရှောင်းယောင်၏ နောက်ကျောကို လက်ညှိုးထိုးပြီး ခဏကြာသည်အထိ စကားမပြောနိုင်ကြပေ။

သူတို့သည် ရှောင်းယောင်ကို ရိုက်လည်းမရိုက်နိုင်၊ ဆူလည်းမဆူနိုင်ပေ။

လောကအရှင် တောင်ပိုင်းဖန်းက သူ၏ ရင်ဘတ်ကို အုပ်ကိုင်ကာ ခါးသီးစွာဖြင့် သက်ပြင်းချလိုက်၏။

“ငါတို့ ခွန်ဖန်းကမ္ဘာက သခင်လေးတစ်ဦးကို ရွေးချယ်လိုက်တာ မဟုတ်ဘူး… ငါတို့က အလုပ်အကြွေးပြုဖို့အတွက် သခင်တစ်ဦးကို ရွေးချယ်လိုက်တာပဲ”

“ကောင်းကင်ဘုံကမ္ဘာကိုလား”

နဂါးဧကရီဆီးနှင်းက အောက်ဘက်မှာရှိသော နဂါးဘုရင်မဦးချိုမဲ့ကိုကြည့်ပြီး တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

နဂါးဘုရင်မဦးချိုမဲ့က ပြောလိုက်၏။

“လီအာပြောပုံအရဆို လုံရန်က ရှင့်ကို ကိုယ်တိုင်ပေါ်ထွက်လာပြီး တာအိုရောင်းရင်းဆူကို ကူညီပေးစေချင်တဲ့ပုံပဲ”

“ငါက ကူညီပေးဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး”

နဂါးဧကရီဆီးနှင်းက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။

“ဒါပေမဲ့ ကောင်းကင်ဘုံကမ္ဘာမှာ ထူးခြားအံ့မခန်းခွန်အားနဲ့ အထွတ်အထိပ်ဧကရာဇ်သုံးဦး ရှိနေတယ်… ငါတို့က ကြီးမားတဲ့အင်အားတစ်ရပ်ကို စုဖွဲ့သွားမယ်ဆိုရင် သူတို့သုံးယောက်ကို သတိထားမိသွားစေပြီး ကမ္ဘာတွေကြား စစ်ပွဲတစ်ခုဖြစ်လာမှာ ငါစိုးရိမ်မိတယ်… အဲ့ဒါဆိုရင် အခြေအနေတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားလိမ့်မယ်”

“အဲ့ဒီ အထွတ်အထိပ်ဧကရာဇ်သုံးဦးထဲမှာ တစ်ဦးက သွေးဆာရက်စက်တယ်လို့ နာမည်ကြီးပြီး မိစ္ဆာမဟာနယ်မြေမှာ အုပ်စိုးနေတယ်”

နဂါးဘုရင်မဦးချိုမဲ့က ပြောလိုက်၏။

“ကျွန်မသိရသလောက်ဆိုရင် နတ်ဆိုးမိုးကောင်းကင်နန်းတော်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ရှိလိမ့်မယ်”

နဂါးဧကရီဆီးနှင်းက ပြောလိုက်၏။

“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ အားလုံးနီးပါးက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာရဲ့ ထိန်းချုပ်မှုအောက်မှာ အခုရောက်နေတယ်… နတ်ဆိုးမိုးကောင်းကင်နန်းတော်ကလည်း ခြွင်းချက်မရလောက်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ငါ့အနေနဲ့ အင်အားလိုက်ပြတာက အဆင်ပြေတယ်… ဒါပေမဲ့ ငါက ကောင်းကင်ဘုံကမ္ဘာနဲ့ ပဋိပက္ခမဖြစ်အောင် နဂါးမျိုးနွယ်စစ်တပ်ကိုတော့ ခေါ်ပေးနိုင်မှာ မဟုတ်ဘူး”

“နဂါးကမ္ဘာက ကမ္ဘာတွေကြား နောက်ထပ်စစ်ပွဲတစ်ခုကို ဆက်ပြီးမကိုင်တွယ်နိုင်တော့ဘူး”

. . . . .

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က လေဟာနယ်ကို ဆုတ်ဖြဲပြီး အဆိပ်ကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာကြ၏။

“တက္ကသိုလ်ဂိုဏ်းချုပ်က နင့်ကို နောက်ဆုံးအကြိမ် အကွက်ချကြံစည်တုန်းက သူက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ခါစလို့ နင်ပြောတာ ငါမှတ်မိသေးတယ်”

တျဲယွဲ့က ပြောလိုက်၏။

“အခု သူက စုန်းကမ္ဘာကို ရောက်လာပြီး စုန်းဧကရာဇ်တချို့နဲ့ ဘုရင်များစွာကို ခေါ်ထုတ်သွားပုံအရဆိုရင် သူက သာမန်ဧကရာဇ်နယ်ပယ်မှာ မဟုတ်လောက်တော့ဘူး”

“အမ်း…”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

“သူက အနည်းဆုံးတော့ အန္တိမဧကရာဇ်နယ်ပယ်မှာ ရှိနေပြီ… ဒါမှမဟုတ် သူက ပကတိဧကရာဇ်နယ်ပယ်ကိုတောင် ရောက်နေနိုင်တယ်”

“သူ့ရဲ့ကျင့်ကြံမှုက အဲ့လောက်တောင် မြန်ဆန်တာလား”

တျဲယွဲ့က အနည်းငယ်အံ့အားသင့်သွား၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် နားလည်ဆင်ခြင်မှုနှင့်ပတ်သက်ပြီး အထူးတလည်ပြောဆိုနေစရာမလိုပေ။

မဟုတ်ပါက သူအနေဖြင့် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာစဉ်မှာပင် တဗူးနည်းစနစ်တစ်ခုကို နားလည်ဆင်ခြင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ရင်းမြစ်ကျောက်တုံးနှင့် ရင်းမြစ်ချီကဲ့သို့ ရှားပါးသော ကျင့်ကြံရေးအရင်းအမြစ်များမရှိဘဲ အဆင့်ချိုးဖျက်တက်လှမ်းဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းလေသည်။

“အဲ့ဒါ သူက သူတော်စင်သုံးပါးကျောက်စမ်းကျမ်းရဲ့ အမွေအနှစ်ကို ရရှိပြီး အဲ့ဒီတဗူးနည်းစနစ်ကို ကျင့်ကြံထားလို့ပဲ”

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ထိုအချက်နှင့်ပတ်သက်ပြီး အံ့အားသင့်မသွားပေ။

“ငါ သူနဲ့တိုက်ခိုက်တုန်းက သူတော်စင်သုံးပါးပေါင်းစည်းခြင်း တဗူးနည်းစနစ်ကို တွေ့မြင်ခဲ့တယ်”

“ဒါပေမဲ့ ငါက အဲ့ဒီအချိန်တုန်းက ဧကရာဇ်နယ်ပယ်ကို မရောက်သေးတဲ့အတွက် ပြီးပြည့်စုံတဲ့ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို မရရှိခဲ့ဘူး… အဲ့ဒါကြောင့် ငါက အဲ့ဒီတဗူးနည်းစနစ်နဲ့ပတ်သက်ပြီး သိပ်မသိခဲ့ဘူး”

“သူတော်စင်သုံးပါးပေါင်းစည်းခြင်းလား”

တျဲယွဲ့က ခဏမျှစဉ်းစားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ပေါင်းစည်းခြင်းဆိုတော့ အဲ့ဒါက အမြုတေချီရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရင်းမြစ်ချီကို ရည်ညွှန်းတာ ဖြစ်နိုင်မလား”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“အတိအကျပြောရရင်တော့ အဲ့ဒါက သူတော်စင်သုံးပါးပေါင်းစည်းခြင်းကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ရင်းမြစ်ချီအပေါ် အခြေခံထားတဲ့ တဗူးနည်းစနစ်တစ်ခုပဲ… ပြောရမယ်ဆိုရင် သူတော်စင်သုံးပါးပေါင်းစည်းခြင်းကနေ ရင်းမြစ်ချီက မွေးဖွားပေါ်ထွက်လာလိမ့်မယ်”

တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားပြီး သိုင်းတာအိုပင်မခန္ဓာပြောသည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာ၏။

“အဲ့ဒါ အမှန်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“ငါက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းရဲ့ ဓမ္မတာအိုကို ပေါင်းစည်းပြီးတဲ့နောက် ငါက အဲ့ဒါကို တဖြည်းဖြည်းနားလည်သဘောပေါက်လာတယ်… အဲ့ဒါက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်လာစေတဲ့ အခြေခံအုတ်မြစ်ပဲ”

တဗူးနည်းစနစ်တစ်ခုအနေဖြင့် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းသည် အခြားသော တဗူးဂမ္ဘီရကျင့်စဉ်များထက် ပိုမိုအားနည်းပုံရလေသည်။

အဲ့ဒီမှာ မည်သည့် အဆုံးစွန်သတ်ဖြတ်ခြင်းနည်းစနစ်မှမရှိဘဲ ၎င်း၏ စိတ်ဝိညာဉ်နှင့် ကိုယ်ကာယသန့်စင်ခြင်းနည်းလမ်းများသည် အခြားသော တဗူးဂမ္ဘီရကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် အတော်လေး သာမန်သာဖြစ်နေ၏။

သို့သော်လည်း သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ အစစ်အမှန်ခွန်အားသည် သူတော်စင်သုံးပါးကို ပေါင်းစည်းပြီးနောက် သူတို့သည် ဧကရာဇ်ပညာရှင်များ အလိုချင်အတောင့်တဆုံး ရင်းမြစ်ချီကို မွေးဖွားပေါ်ထွက်လာစေမည်ဟူသော အချက်ပေါ်မှာ မူတည်နေလေသည်။

ချီစီးကြောင်းတစ်ခုသည် သူတော်စင်သုံးပါးအဖြစ် အသွင်ပြောင်းလဲသွားနိုင်ပြီး သူတော်စင်သုံးပါးကလည်း ချီစီးကြောင်းတစ်ခုအဖြစ် ပြန်လည်စုဖွဲ့နိုင်လေသည်။

ဧကရာဇ်များသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းအပေါ် မှီခိုမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်ရည်ခွန်အားမှာ သိသာထင်ရှားသော တိုးတက်တစ်ရပ် ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ကျင့်ကြံထားသော ဧကရာဇ်များသည် တိုက်ခိုက်ရည်ခွန်အားကို အားဖြည့်ထောက်ပံ့မှုမှာ ထိပ်တန်းအဆင့်တွင် ရှိနေပေလိမ့်မည်။

မည်သည့်ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကမှ ဧကရာဇ်နယ်ပယ်ပညာရှင်များအတွက် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ အားဖြည့်ထောက်ပံ့မှုကို ယှဉ်နိုင်မည် မဟုတ်ပေ။

“မထူးဆန်းတော့ဘူးပဲ”

တျဲယွဲ့က ပြောလိုက်၏။

“သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းရဲ့ အကူအညီနဲ့ တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ ပါရမီအရည်အချင်းအရဆိုရင် သူက ပကတိဧကရာဇ်နယ်ပယ်ကို ရောက်နေမယ်ဆို အံ့အားသင့်စရာ မရှိတော့ဘူး”

သူတို့နှစ်ယောက်က အပြန်အလှန်စကားပြောဆိုရင်း သူတို့သည် အဆိပ်ကမ္ဘာ၏ အလယ်ဗဟို တမလွန်ကပ်ဘေးကြယ်သို့ ရောက်ရှိလာကြ၏။

“မင်းတို့ ဘယ်သူတွေလဲ”

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က သူတို့၏ လှုပ်ရှားမှုကို ဖုံးကွယ်မထားပေ။ ထိုအစား သူတို့က တမလွန်ကပ်ဘေးကြယ်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်ကြ၏။

ချက်ချင်းပင် ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်အသိစိတ်တချို့က တမလွန်ကပ်ဘေးကြယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူတို့ကို လွှမ်းခြုံကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

ယခင်က အဆိပ်ကမ္ဘာသည် အဆိပ်လောကအရှင်ကိုသာ ဆုံးရှုံးခဲ့ရ၏။ သူတို့သည် နေကာသစ်ပင်ကမ္ဘာနှင့် အခြားကမ္ဘာများ၏ စစ်တပ်များဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း သူတို့၏ အခြေအနေသည် စုန်းကမ္ဘာထက် များစွာပိုမိုကောင်းမွန်လေသည်။

အနည်းဆုံးတော့ တမလွန်ကပ်ဘေးကြယ်က ဖျက်ဆီးမခံခဲ့ရပေ။

အဆိပ်ကမ္ဘာမှ ဧကရာဇ်များ၏ မေးခွန်းထုတ်မှုမှာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က မကြားသလိုပြုမူပြီး သူတို့၏ လှုပ်ရှားမှုကို လုံးဝမရပ်တန့်ကြပေ။

“မင်းတို့ ဘယ်လိုတောင် ရဲတင်းနေတာလဲ”

အဆိပ်ဧကရာဇ်တစ်ဦးက ဟိန်းဟောက်လိုက်သော်လည်း ပေါ်ထွက်မလာပေ။ သူက တိတ်တဆိတ် တိုက်ခိုက်လိုက်ရုံသာဖြစ်ပြီး တမလွန်ကပ်ဘေးကြယ်၏ ဝင်္ကပါကို အသက်သွင်းကာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကို တားဆီးလို၏။

“ဟမ့်”

သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

ဖောက်…

သူတို့နှစ်ယောက်ပေါ် ဆင်းသက်လာသည့် ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်အသိစိတ်သည် ချက်ချင်းပင် ညှိုးခြောက်ပြီး ၎င်း၏ အသက်ဓာတ်အားက ပျက်ပြယ်သွား၏။

အခြားသော ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်အသိစိတ်များကလည်း ကြေမွပျက်စီးသွားလေသည်။

အဆိပ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်များက တုန်လှုပ်သွားကြ၏။

နှာတစ်ချက်မှုတ်ရုံနှင့် အဆိပ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်တစ်ဦးက သေဆုံးသွား၏။

“အဲ့ဒီသွေးနီရောင်ဝတ်အမျိုးသမီးက မဟာအရိုင်းကမ္ဘာက သားရဲဧကရီသွေးလိပ်ပြာ ဖြစ်တဲ့ပုံပဲ”

“ဒါဆို သူ့ဘေးက လူက...”

“ခရမ်းရောင်ဝတ်ရုံနဲ့ ငွေရောင်မျက်နှာဖုံး... သူက ဒဏ္ဍာရီလာ ဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်မယ့်ပုံပဲ”

“ဟာ...”

အဆိပ်ဧကရာဇ်များက ပင့်သက်ကိုရှိုက်ပြီး သူတို့က ခေါင်းမွေးများ ထောင်ထလာ၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာသည် ရှာရခက်ပြီး သူတို့က ဘယ်ဆီဘယ်ဝယ်ရောက်ရှိနေသည်ကို သေချာမသိရှိနိုင်ပေ။

သို့သော်လည်း သူတို့သည် ရောက်လေရာ နေရာတိုင်းမှာ ကြီးမားသော လှုပ်ရှားမှုတစ်ခုကို သေချာပေါက်ပြုလုပ်ကြပေလိမ့်မည်။

ယခု သူတို့နှစ်ယောက်သည် အဆိပ်ကမ္ဘာသို့ ရောက်ရှိလာခဲ့လေပြီ။

“သူတို့ကို ရန်သွားမစနဲ့”

“မဟုတ်ရင် အဆိပ်ကမ္ဘာက ချေမှုန်းသုတ်သင်ခံရလိမ့်မယ်”

အဆိပ်ဧကရာဇ်များက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို လျင်မြန်စွာ ထုတ်လွှတ်ပြီး အဆိပ်ကမ္ဘာကနေ မည်သူကမှ ပေါ်ထွက်မလာစေရန် အမိန့်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူတို့က တမလွန်ကပ်ဘေးကြယ်၏ ဝင်္ကပါကို ဖယ်ရှားပြီး သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကို အဟန့်အတားမရှိ ဆက်သက်လာစေလေသည်။

All Chapters