← Chapters

တမလွန်ကပ်ဘေးပန်း

Vol. 207 Ch. 3099

တမလွန်ကပ်ဘေးပန်း

Vol. 207 Ch. 3099

အဆိပ်ဧကရာဇ်တစ်ဦးက မျက်မှောင်ကြုတ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့၏ လှုပ်ရှားမှုများကို လေ့လာအကဲခတ်ကြည့်နေ၏။ သူက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။ “ကြည့်ရတာတော့ သူတို့က အဆိပ်ကမ္ဘာရဲ့ ဘိုးဘေးကုန်းမြေကို သွားတော့မယ့်ပုံပဲ”

“သူတို့သွားပါစေ… အဲဒီမှာ အသန်မာဆုံး အဆိပ်ရှိသတ္တဝါတွေနဲ့ အဆိပ်ဓာတ်တွေအားလုံးကို စုစည်းနေတာ.. သူတို့က မသေဘူးဆိုရင်တောင်မှ သူတို့ရဲ့ အရေပြားတစ်လွှာကတော့ ကွာကျသွားလိမ့်မယ်”

အဆိပ်ဧကရာဇ်များက တိတ်တဆိတ်ဆက်သွယ်ပြောဆိုနေကြ၏။

သူတို့၏ ရှေ့မှောက်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က အဆိပ်ကမ္ဘာ၏ ဘိုးဘေးကုန်းမြေ အသင်္ချေအဆိပ်လိုဏ်ဂူသို့ ရောက်ရှိလာ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ပြီး လိုဏ်ဂူထဲမှာ မရေမတွက်နိုင်သော အဆိပ်ရှိပိုးမွှားများ ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ အဆိပ်ပင်နှင့် အဆိပ်ပန်းပင်ပေါင်းစုံက နေရာအနှံ့ပေါက်ရောက်နေလေသည်။

တစ်ယောက်ယောက်က အထဲကို ခြေချလိုက်သည်နှင့် သူတို့သည် အနည်းဆုံး အဆိပ်တချို့၏ ကျူးကျော်တိုက်ခိုက်မှုကို တွေ့ကြုံခံစားရပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့နှင့်အတူ အဆိပ်လိုဏ်ဂူရှိရာသို့ ဆက်လက်၍ လျှောက်လှမ်းလာ၏။ တစ်ချိန်တည်းမှာပင် သူ၏ နောက်ဘက်မှာ ဧရာမတံခါးတစ်ချပ်ပေါ်ထွက်လာပြီး သိပ်သည်းကြီးမားသော ရေစီးကြောင်းတစ်ခု ပန်းထွက်ကာ လိုဏ်ဂူထဲကို သွန်းလောင်းချလိုက်၏။

ငရဲကြည်လင်အေးမြစိမ့်စမ်း…

၎င်းသည် လောကမှာရှိသော အဆိပ်များအားလုံးကို နှိမ်နင်းနိုင်၏။ ငရဲကြည်လင်အေးမြစိမ့်စမ်းက အသင်္ချေအဆိပ်လိုဏ်ဂူထဲသို့ ဝင်ရောက်သွားသောအခါ အဆိပ်ပိုးမွှားများ၏ စူးစူးဝါးဝါးအော်ဟစ်သံများက အထဲမှာထွက်ပေါ်လာ၏။

မရေမတွက်နိုင်သောအဆိပ်ပန်းပင်များနှင့် အဆိပ်ပင်များသည် ငရဲကြည်လင်အေးမြစိမ့်စမ်း၏ ဆေးကြောသန့်စင်မှုအောက်မှာ တဖြည်းဖြည်းညှိုးခြောက်ပြီး သူတို့၏ အသက်ဓာတ်အားက ဖြတ်တောက်ခံလိုက်ရ၏။

အစက အသင်္ချေအဆိပ်လိုဏ်ဂူထဲမှာ ပျံ့နှံ့နေသော အဆိပ်မြူခိုးများသည်လည်း ငရဲကြည်လင်အေးမြစိမ့်စမ်းဖြင့် ဆေးကြောသန့်စင်ခံနေရ၏။

“ဘာလဲဟ”

အဆိပ်ဧကရာဇ်များက ထိုသည်ကို တွေ့မြင်သောအခါ မှင်တက်သွားကြ၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာခဲ့သည့် အသင်္ချေအဆိပ်လိုဏ်ဂူသည် သိုင်းတာအိုပင်မခန္ဓာ၏ ငရဲကြည်လင်အေးမြစိမ့်စမ်းကြောင့် လုံးလုံးလျားလျားပျက်စီးသွားခဲ့ပြီဖြစ်၏။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ငရဲကြည်လင်အေးမြစိမ့်စမ်းရေသည် အသင်္ချေအဆိပ်လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် ၎င်းသည်‌ မြေကြီးထဲသို့ စိမ့်ဝင်ကာ တမလွန်ကပ်ဘေးကြယ်၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

တမလွန်ကပ်ဘေးကြယ်မှာ ပေါက်နေသော အဆိပ်ပင်များနှင့် အဆိပ်ပန်းပင်များသည် ငရဲကြည်လင်အေးမြစိမ့်စမ်းကို စုပ်ယူပြီးနောက် ညှိုးခြောက်ကာ သေဆုံးကုန်ကြ၏။

ငရဲကြည်လင်အေးမြစိမ့်စမ်းသည် အဆိပ်ကမ္ဘာ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်နေခြင်းနှင့်တူလေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် အသင်္ချေအဆိပ်လိုဏ်ဂူမှာ လှည့်ပတ်သွားလာပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းအကဲခတ်ကြည့်နေ၏။

အသင်္ချေအဆိပ်လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ သူတို့နှစ်ယောက်သည် အဆိပ်ကမ္ဘာ၏ မူလဇာစ်မြစ်ကို ရည်ညွှန်းနေသည့်အလား ကျောက်သားနံရံများပေါ်မှာ ထွင်းထုထားသည့် ရုပ်ပုံကားချပ်များကို နောက်ဆုံးမှာ တွေ့မြင်လိုက်ရ၏။

“နောက်ဆုံးရုပ်ပုံမှာ အမျိုးသားတစ်ဦးက သူ၏ လက်ထဲရှိ နက်မှောင်နေသော ပန်းတစ်ပွင့်နှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ရပ်နေသည်ကို တွေ့မြင်ရလေသည်။

ပန်းပွင့်မှ ဝတ်မှုန်များက လွင့်မျောပြီး ဘေးပတ်လည်မှာ ဒူးထောက်နေသည့် လူအုပ်ကြားထဲသို့ ဆင်းသက်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့နှင့် အကြည့်ချင်းဖလှယ်ပြီး သူတို့က တူညီသော ခန့်မှန်းချက်ကို ရရှိလိုက်ကြ၏။

ထိုရုပ်ပုံကားချပ်များသည် စုန်းမျိုးနွယ်မှာ သူတို့မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများနှင့် အတော်လေးဆင်တူနေ၏။

နောက်ဆုံးရုပ်ပုံကားချပ်ထဲရှိ အမျိုးသားသည် အဆိပ်ကမ္ဘာ၏ ဘိုးဘေး ဒဏ္ဍာရီလာ ဧကရာဇ်တမလွန်အဆိပ်ဖြစ်ရပေမည်။

တျဲယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲဒီရုပ်ပုံကားချပ်တွေအရဆိုရင် အဆိပ်ကမ္ဘာက မူလအစတုန်းက သာမန်လူသားတွေနဲ့ပြည့်နှက်နေခဲ့တာပဲ… သူတို့တွေက အဆိပ်နည်းစနစ်တချို့ကို ကျင့်ကြံပြီး အဆိပ်ပိုးမွှားများစွာနဲ့ အားဖြည့်ခံရပြီးမှ သူတို့တွေက အဆိပ်ခန္ဓာတွေအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလဲသွားကြတာပဲ”

ထိုအချက်သည် စုန်းမျိုးနွယ်၏ မူလဇာစ်မြစ်နှင့် ဆင်တူနေ၏။

နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့နှင့်မတူဘဲ စုန်းကမ္ဘာမှ မူလကျင့်ကြံသူများသည် မတူကွဲပြားစွာဖြင့် မွေးဖွားလာကြခြင်းမဟုတ်ပေ။ သူတို့သည် လူသားများကနေ တဖြည်းဖြည်းအသွင်ပြောင်းလဲလာခြင်းသာဖြစ်၏။

ထို့ကြောင့်ပင် စုန်းကမ္ဘာမှ ကျင့်ကြံသူများဖြစ်စေ၊ အဆိပ်ကမ္ဘာကျင့်ကြံသူများဖြစ်စေ သူတို့၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးက အတော်လေးအားနည်းပြီး လူသားများနှင့် မတိမ်းမယိမ်းမှာရှိနေ၏။

“အချက်တစ်ချက်နဲ့ပတ်သက်ပြီး နင်တွေးမိလား”

တျဲယွဲ့က ရုတ်တရက်မေးလိုက်၏။

“ဘာကိုလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဥပမာ.. စုန်းမျိုးနွယ်နဲ့ အဆိပ်မျိုးနွယ်က လူသားမျိုးနွယ်ကနေ အသွင်ပြောင်းလဲလာကြတယ်… မူလအစမှာ လူသားတွေက ဘယ်လိုမွေးဖွားပေါ်ထွက်လာတာလဲ… နတ်ဘုရားမျိုးနွယ်နဲ့ နဂါးမျိုးနွယ်လို စွမ်းအားကြီးမားတဲ့ သက်ရှိတွေကရော ဘယ်လိုမွေးဖွားပေါ်ထွက်လာကြတာလဲ”

“သူတို့ကို လောကသဘာဝကနေ ဖန်တီးလိုက်တာလား… ဒါမှမဟုတ် စွမ်းအားကြီးမားတဲ့ သက်ရှိတချို့ကနေလား”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

တျဲယွဲ့၏ အတွေးက အတော်လေးရဲတင်းလေသည်။

ဒါ့အပြင် ဤမေးခွန်းသည် စကြဝဠာ၏ ကမ္ဘာဦးခေတ်ကစဉ်ကလျားမှ ရှေးအကျဆုံး လျှို့ဝှက်ချက်နှင့် ပတ်သက်နေနိုင်သည်။ သူတို့၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ ဤသည်မှာ သူတို့မချဉ်းကပ်နိုင်ဘဲ ခန့်မှန်းချက်တချို့သာ ထုတ်ဖော်နိုင်သည့် တစ်စုံတစ်ရာဖြစ်သည်။

မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ပတ်သက်ပြီး ငါ့မှာ မေးခွန်းတွေအများကြီးရှိခဲ့ဖူးတယ်”

တျဲယွဲ့က ပြောလိုက်၏။

“နဂါးမျိုးနွယ်လို သဘာဝအလျောက် စွမ်းအားကြီးမားတဲ့ မျိုးနွယ်တစ်စုအနေနဲ့ သူတို့မှာ ကန့်သတ်ချက်တချို့ရှိထားပြီး ကြီးမားတဲ့အားနည်းချက်တချို့လည်း ရှိနေတယ်.. သူတို့ရဲ့ မျိုးပွားနိုင်တဲ့စွမ်းရည်က သိပ်မကောင်းဘူး… အဲဒါက နဂါးမျိုးနွယ်ရဲ့အရေအတွက်ကို ကန့်သတ်ထားတယ်”

လူသားတွေက အားနည်းစွာနဲ့မွေးဖွားလာတယ်.. ဒါပေမဲ့ သူတို့တွေက အရေအတွက်အတော်များတယ်… နောက်ပြီး သူတို့တွေက မျိုးနွယ်စုတစ်သောင်းရဲ့သက်ရှိတွေကြားမှာ အသန်မာဆုံး ပါရမီအလားအလာနဲ့ မရေမတွက်နိုင်တဲ့ နည်းစနစ်တွေကို ကျင့်ကြံနိုင်တဲ့မျိုးနွယ်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

အခြားအရာများကို အသာထား ရှေးဟောင်းမဟာဧကရာဇ်အများစုကပင်လျှင် လူသားမျိုးနွယ်ကနေ ပေါ်ထွက်လာခဲ့ကြ၏။

“နောက်ပြီး…”

တျဲယွဲ့က ဆက်ပြောလိုက်သည်။

“အချိန်အများစုမှာ မျိုးနွယ်စုတစ်သောင်းက သက်ရှိအများစုက လူသားပုံစံအဖြစ် အလိုလိုအသွင်ပြောင်းလဲတတ်ကြတယ်”

“စွမ်းအားကြီးမားတဲ့ မျိုးနွယ်တွေဖြစ်တဲ့ နတ်ဘုရားမျိုးနွယ်၊ ကျောက်တုံးမျိုးနွယ်နဲ့ အဆူရာမျိုးနွယ်တို့ကတောင်မှ သူတို့မွေးဖွားလာကတည်းက လူသားမျိုးနွယ်ရဲ့ အခြေခံပုံစံကို ထိန်းသိမ်းထားကြတယ်”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေပြီး ရုပ်ပုံကားချပ်ထဲရှိ အမျိုးသား၏ လက်ထဲရှိ သစ်ခွပန်းကို အတွေးနက်စွာဖြင့်သာ ငေးကြည့်နေ၏။

“နင်ဘာကိုတွေးမိလို့လဲ”

တျဲယွဲ့က မေးလိုက်၏။

“တမလွန်ကပ်ဘေးအဆိပ်ရဲ့ အရင်းအမြစ်”

သိုင်းတာအိုပင်မခန္ဓာက ရုပ်ပုံကားချပ်ထဲရှိ နက်မှောင်နေသောပန်းကို လက်ညှိုးထိုးပြလိုက်၏။

“တမလွန်ကပ်ဘေးအဆိပ်က လူသားတွေ သန့်စင်ဖော်စပ်ထားတဲ့ အဆိပ်တွေနဲမတူဘူး… အဲဒါက အရမ်းကို သေးငယ်ပြီးတော့ ဝတ်မှုန်တွေနဲ့ပိုတူနေတယ်… အဲဒါက ဧကရာဇ်တမလွန်အဆိပ်ရဲ့လက်ထဲက ပန်းကနေ ဆင်းသက်လာတာဖြစ်နိုင်တယ်”

“တမလွန်ကပ်ဘေးပန်းလား”

တျဲယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ဒီလိုဏ်ဂူထဲမှာ ရှေးဟောင်းခေတ်အဆက်ဆက်ကတည်းက လောကမှာရှိတဲ့ ထူးဆန်းတဲ့အဆိပ်တွေအားလုံးရှိနေတယ်.. အဲဒီမှာ တမလွန်ကပ်ဘေးအဆိပ်လည်းရှိတယ်… ဒါပေမဲ့ အဲဒီမှာ တမလွန်ကပ်ဘေးအဆိပ်နဲ့ ဓာတ်သဘာဝတူညီတဲ့ ဘာပန်းမှရှိမနေဘူး”

“ငါအခုပဲ အဆိပ်ကမ္ဘာတစ်ခုလုံးကို စစ်ဆေးကြည့်ထားတယ်… ဒီနေရာမှာ တမလွန်ကပ်ဘေးပန်းရဲ့ ဘယ်အငွေ့အသက်ကိုမှ မတွေ့ရဘူး”

တျဲယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တမလွန်ကပ်ဘေးပန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ လာတာမဟုတ်ဘူးလို့ ပြောချင်တာလား”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

တမလွန်ကပ်ဘေးပန်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မပေါက်ရောက်ဘူးဆိုလျှင် ၎င်းသည် ကောင်းကင်ဘုံကိုးလွှာ၊ ငရဲကမ္ဘာ၊ တစ္ဆေကမ္ဘာ၊ တောကောင်ကမ္ဘာ၊ အဆူရာကမ္ဘာ သို့မဟုတ် တမလွန်ဘုံမှာသာရှိနိုင်လေသည်။

သိပ်မကြာခင် တျဲယွဲ့က တစ်စုံတစ်ရာကို ကောက်ချက်ချပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲဒီနေရာတွေက အဆိပ်လောကအရှင်ရဲ့အစွမ်းအစနဲ့ ခြေချနိုင်တဲ့နေရာတွေ မဟုတ်လောက်ဘူး”

“ဒါပေမဲ့… ဒီဘက်မျိုးဆက်မှာ တမလွန်ကပ်ဘေးအဆိပ်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပြန်ပြီးပေါ်ထွက်လာတယ်… ပြောရမယ်ဆိုရင် အဆိပ်လောကအရှင်ရဲ့ နောက်ကွယ်မှာ အခြားတစ်ယောက်ရှိနေတာပဲ”

“အမှန်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ထိုအချက်သည် သူ၏ ယခင်ခန့်မှန်းချက်ကို ထပ်မံ၍ အတည်ပြုပေးလိုက်၏။

တျဲယွဲ့က ပြုံးလိုက်လေသည်။

“စိတ်ဝင်စားစရာပဲ… စုန်းမျိုးနွယ်ရဲ့နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ဆိုတာ ရှိနေတယ်… အခု အဆိပ်ကမ္ဘာကိုလည်း နောက်ခံပေးထားတဲ့ ပညာရှင်တစ်ဦးရှိနေပြန်တယ်”

သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာပြောလိုက်၏။

“စုန်းကမ္ဘာပဲဖြစ်ဖြစ်၊ အဆိပ်ကမ္ဘာပဲဖြစ်ဖြစ် သူတို့တွေက အဲဒီပုဂ္ဂိုလ်ရဲ့ နယ်ရုပ်လေးတွေပဲ”

“တမလွန်ကပ်ဘေးပန်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ”

တျဲယွဲ့က မေးလိုက်၏။

ရုတ်တရက်ဆိုသလို။

တျဲယွဲ့၏ စိတ်ထဲမှာ အတွေးတစ်ခုဖျတ်ခနဲပေါ်ထွက်လာပြီး သူမက ရင်တစ်ချက်ထိတ်သွား၏။

“အဲဒါက ငရဲကမ္ဘာမှာ ရှိလောက်တယ်”

“ဘာလို့အဲလိုပြောနိုင်တာလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဒီလောကမှာ အရာရာတိုင်းအတွက် တန်ပြန်နှိမ်နင်းမှုရှိတယ်… အဲဒါက သဘာဝနိယာမပဲ”

တျဲယွဲ့က ပြောလိုက်၏။

“ဆိုရိုးစကားတွေအရဆို အဆိပ်တိုင်းက ခြေလှမ်းခုနှစ်လှမ်းအတွင်းမှာ အဆိပ်ဖြေဆေးတစ်ခုရှိကြတယ်… အဲဒါက သဘောတရားပဲ”

“ငရဲကြည်လင်အေးမြစိမ့်စမ်းက လောကမှာရှိတဲ့အဆိပ်တွေအားလုံးကို ချေဖျက်နိုင်တယ်ဆိုရင် ငရဲကြည်လင်အေးမြစိမ့်စမ်းရဲ့အနီးနားမှာ ထူးဆန်းတဲ့အဆိပ်တစ်မျိုးရှိနေရမယ်”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုကြားသောအခါ သူက တွေဝေတုံ့ဆိုင်မနေဘဲ တျဲယွဲ့ကို ကြည်လင်အေးမြစိမ့်စမ်းဂိတ်တံခါးသို့ခေါ်ဆောင်ကာ ငရဲတာအို၏ ကြည်လင်အေးမြစိမ့်စမ်းသို့ ဆင်းသက်လိုက်လေသည်။

ဖျတ်ခနဲဆို သူတို့နှစ်ယောက်သည် ငရဲကြည်လင်အေးမြစိမ့်စမ်းဘေးမှာ ပေါ်ထွက်လာကြ၏။

စီးဆင်းနေသော ငရဲကြည်လင်အေးမြ၏ တစ်ဖက်စီမှာ နက်မှောင်နေသောပန်းများက ပေါက်ရောက်နေပြီး သူတို့သည် အဆိပ်ကမ္ဘာရှိ ရုပ်ပုံကားချပ်ထဲမှ ပန်းနှင့် ထပ်တူထပ်မျှတူညီနေသည်။

ပန်းများက အနည်းငယ်လူးလွန့်နေပြီး ပြန့်ကျဲကျဆင်းသွားသော ဝတ်မှုန်များသည် ငရဲကြည်လင်အေးမြစိမ့်စမ်းထဲသို့

All Chapters