← Chapters

နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ

Vol. 207 Ch. 3100

နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ

Vol. 207 Ch. 3100

တမလွန်ကပ်ဘေးပန်း…

သူက တမလွန်ကပ်ဘေးပန်းကို တွေ့မြင်သည့် ခဏမှာပင် အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။

“ဟမ်...”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထံမှ သတင်းစကားကို အာရုံခံမိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးကတည်းက သူသည် လောက၏ အဟန့်အတားများကို စိတ်ရှိတိုင်း ချိုးဖျက်နိုင်လေသည်။ သူက ငရဲကမ္ဘာမှာ ရောက်ရှိနေသည်ဆိုလျှင်တောင် အစစ်အမှန်ခန္ဓာနှစ်ခုက တစ်ယောက်ကိုတစ်ယောက် အာရုံခံနိုင်ကြ၏။

“တစ်ခုခုဖြစ်လို့လား”

တျဲယွဲ့က မေးလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ညဝိညာဉ်နဲ့ ရှောင်းနင်က ဒုက္ခရောက်နေတယ်”

ခဏမျှရပ်တန့်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်ပြုံးလိုက်၏။

“အဲ့ဒါလည်း ကောင်းတာပဲ… အဲ့ဒီလူနဲ့ စကားပြောဖို့ အချိန်ကျပြီပေါ့”

သိုင်းတာအိုပင်မခန္ဓာသည် ဘယ်သူလဲဆိုတာကို မပြောသော်လည်း ဤကိစ္စက သေးငယ်သောကိစ္စ မဟုတ်သည်ကို တျဲယွဲ့က အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။

သူမ၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ မပျောက်ကင်းသေးပေ။ သူမက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးမှာ ရှိနေမည်ဆိုလျှင် သူ့အတွက် အားနည်းချက်တစ်ခု ဖြစ်လာနိုင်လေသည်။

“ငါ့ကို မဟာအရိုင်းကမ္ဘာဆီ ပြန်ပို့ပေး”

တျဲယွဲ့က ပြောလိုက်၏။

“ငါ ပြီးခဲ့တဲ့ရက်တွေထဲ အသိအမြင်တချို့ ရထားတယ်”

“ငါ့အနေနဲ့ တံခါးပိတ်ကျင့်ကြံဖို့ အချိန်ကောင်းပဲ”

ကောင်းကင်ဘုံကမ္ဘာမှာ...

မိစ္ဆာမဟာနယ်မြေ ထျန်ဟွမ်ဂိုဏ်းတွင်...

တစ္ဆေသရဲဆန်ဆန် ပုံရိပ်ဆယ်ခုကျော်က ဆင်းသက်လာပြီး အဟန့်အတားအလွှာများစွာကို ချိုးဖျက်ကာ ဖုန့်စန်းထျန်၏ လိုဏ်ဂူခန်းဝါသို့ တိတ်တဆိတ်ရောက်ရှိလာ၏။

ကြီးမားသော ထျန်ဟွမ်ဂိုဏ်းမှာ အဲ့ဒါကို မည်သူကမှ သတိမထားမိပေ။

လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝကို စောင့်ကြပ်နေသော ကောင်းကင်ဘုံဝံပုလွေကသာ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ နားနှစ်ဖက်က လှုပ်သွား၏။ သူက သူ၏ ဝံပုလွေမျက်လုံးကို မှေးကျဉ်းလိုက်ပြီး မူမမှန်မှုတစ်ခုခုကို မတွေ့မြင်သည့်အခါ အနားယူဖို့အတွက် သူ၏ မျက်လုံးနှစ်ဖက်ကို ပြန်မှိတ်လိုက်၏။

“ဟမ်…”

ဖုန့်စန်းထျန်၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲမှာ လျှပ်စီးရောင်က တဖျပ်ဖျပ်လက်နေ၏။

“ဟဲဟဲ”

သူတို့ထဲမှတစ်ဦးသည် သူ၏ မျက်နှာကို ဖုံးအုပ်ထားသည့် အနက်ရောင်ဝတ်ရုံကို ခြုံထားလေသည်။ သူ၏ တစ်မူထူးခြားစွာ မြင့်မားသော အရပ်အမောင်းက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး သူက ထူးဆန်းစွာ ရယ်မောလိုက်၏။

“မင်းရဲ့ အာရုံခံသတိစိတ်က ထက်ရှသားပဲ”

“ခင်ဗျားလား”

ဖုန့်စန်းထျန်က ဤလူ၏ ရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရသော်လည်း အသံကနေ သူ၏ သရုပ်သကန်ကို ခန့်မှန်းမိလိုက်၏။

စိတ်ခံစားချက်ခုနစ်မျိုး မိစ္ဆာတပ်မှူးများထဲမှ တစ်ဦး၊ ယက္ခဘုရင် အကြောက်တရား…

ယက္ခိုသ်များက ယက္ခဘုရင် အကြောက်တရား၏ နောက်မှာ လိုက်ပါလာ၏။

ယက္ခိုသ်ယုအပြင် လူတိုင်းနီးပါးက ကောင်းကင်လိုဏ်ဂူဘုရင်များ ဖြစ်ကြ၏။

သူတို့ကြားမှာ ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးပင် ပါဝင်လေသည်။

ယက္ခဘုရင် အကြောက်တရားသည် ဘုရင်အန်ရှင်းနှင့် အခြားသူများကို သတ်ဖြတ်ရန် ယက္ခိုသ်ဘုရင်များစွာကို ခေါ်ဆောင်လာခဲ့ပြီးကတည်းက သူသည် ထျန်ဟွမ်ဂိုဏ်းမှာ ပထမဆုံးအကြိမ် ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်၏။

ယက္ခဘုရင် အကြောက်တရားသည် မဟာဧကရာဇ် တမလွန်ကိုးဘုံ၏ လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်ကုန်းမြေမှာ အခွင့်အလမ်းတချို့ကို ရရှိထားပြီး ဧကရာဇ်တစ်ပိုင်းအဆင့်ကို ချိုးဖျက်တက်လှမ်းလာခဲ့၏။

ထိုအခိုက်အတန့်မှာ ဖုန့်စန်းထျန်သည် ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။

“သခင်က သတင်းပို့လိုက်တယ်”

ယက္ခဘုရင် အကြောက်တရားက ညဝိညာဉ်နှင့် ရှောင်းနင်နှင့်ပတ်သက်သည့် ကိစ္စကို အကြမ်းဖျင်း ပြန်ပြောပြလိုက်၏။

ထို့နောက် ယက္ခဘုရင် အကြောက်တရားက ထပ်ပြောလိုက်၏။

“ဒါနဲ့ အချိန်ကျလာရင် ငါတို့တွေက မဟာကျင်းကို ဖျက်ဆီးပြီး အရင်တုန်းက အငြိုးအတေးကို စာရင်းရှင်းနိုင်တယ်”

ဖုန့်စန်းထျန်၏ မျက်လုံးက ဝင်းလက်တောက်ပသွားပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ သူက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိရာဘက်သို့ ကြည့်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

“နောက်ဆုံးတော့ ဒီနေ့က ရောက်လာခဲ့ပြီပေါ့”

“မင်းတို့တွေ အရင်သွားပြီး ပြင်ဆင်ထားကြ… ငါတို့မှာ နောက်ထပ်တာဝန်ရှိတယ်… ငါတို့က လူတချို့ကို စောင့်ကြည့်ဖို့အတွက် ကောင်းကင်ဘုံကမ္ဘာကို သွားရမယ်”

ယက္ခဘုရင် အကြောက်တရားသည် သူ၏ နောက်ဘက်မှာရှိသော ယက္ခိုသ်ဘုရင် ဆယ်ဦးကျော်ကျော်ကိုခေါ်ကာ လေဟာနယ်ကို ဆုတ်ဖြဲပြီး လိုဏ်ဂူခန်းဝါထဲကနေ ပျောက်ကွယ်သွား၏။

ဖုန့်စန်းထျန်က သူ၏ လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်ပြီး ဝင်ပေါက်ဝမှာ အိပ်မှုန်စုံမွှားဖြစ်နေသော ကောင်းကင်ဘုံဝံပုလွေကို ကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အမိန့်ထုတ်ပြန်မယ်။ တိုက်ပွဲအတွက် ပြင်ဆင်ကြ… ငါတို့တွေ ကောင်းကင်ဘုံကမ္ဘာကို သွားကြမယ်”

ကောင်းကင်ဘုံဝံပုလွေက ဆတ်ခနဲတုန်ယင်သွားပြီး ချက်ချင်းပင် လန်းဆန်းတက်ကြွလာ၏။

နတ်ဆေးမိုးကောင်းကင် အင်မော်တယ် မဟာနယ်မြေ…

ကျောက်စိမ်းသွေး တောင်ကြောရိုးမှာ...

တောင်ထွတ်တစ်ခုပေါ်တွင် အမျိုးသားများနှင့် အမျိုးသမီးတချို့က မတ်တတ်ရပ်နေကြ၏။

သူတို့ထဲမှတစ်ဦးသည် တည်ငြိမ်သော အမူအရာနှင့်အတူ ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ ရုပ်ရည်သွင်ပြင်က ကြော့ရှင်းသန့်ပြန့်ပြီး အကျပ်တွေ့နေပုံရ၏။ ထိုသူသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ မဟာနတ်မိမယ်သုံးပါးထဲမှ စာအုပ်အင်မော်တယ် ယွင်ကျူးဖြစ်သည်။

ယွင်ကျူး၏ ဘေးမှာ ဖြူဖွေးသော အသားအရေနှင့် သေးငယ်သော ရှပ်အင်္ကျီများကို ဝတ်ဆင်ထားသည့် လူငယ်နှစ်ဦး ရှိနေ၏။ သူတို့က ထောင်ယောင်နှင့် လျှိုဖျင် ဖြစ်လေသည်။

သူတို့သုံးယောက်၏ နောက်ဘက်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ် အဘိုးအိုတစ်ဦးက မတ်တတ်ရပ်နေ၏။ သူ၏ မုတ်ဆိတ်နှင့် ဆံပင်တို့က မီးခိုးရောင်ပေါက်နေပြီး သူ၏ လက်နှစ်ဖက်ကို ဘေးချကာ တိတ်တဆိတ် မတ်တတ်ရပ်နေ၏။

“အစ်မ ယွင်ကျူး... ကျုပ်တို့ ဘာလုပ်ရမလဲ”

ထောင်ယောင်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။

ယွင်ကျူးက ပြောလိုက်၏။

“ငါက ငါ့မောင်ဆီကို သတင်းပို့ပေးပြီးသွားပြီ… ဒီကိစ္စက နင်တို့သခင်လေးရဲ့နားကို ရောက်သွားတာနဲ့ ရှောင်းနင်နဲ့ ညဝိညာဉ်က သေချာပေါက် အဆင်ပြေလိမ့်မယ်”

ယွင်ကျူးသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုအကြောင်းနှင့် ဧကရာဇ် အထီးကျန်သိုင်းသခင်၏ နည်းလမ်းများကို သိရှိထားလေသည်။ သူက အချိန်မရွေး သူတို့ကို စစ်ကူပေးလာနိုင်၏။

ထိုသတင်းက ဆူဇီမို၏ နားသို့ ရောက်နိုင်ပါ့မလားဆိုတာကိုသာ သူမက စိုးရိမ်နေခြင်းဖြစ်သည်။

ယွင်ကျူးသည် သူမ၏ နောက်ဘက်မှာရှိသော အဘိုးအိုကို စိုက်ကြည့်လိုက်၏။

“ကျောက်စိမ်းသွေး တောင်ကြောရိုးဘေးပတ်လည်မှာ လေဟာနယ်ကို ချိတ်ပိတ်ထားပြီးပြီ… ဘုရင်တွေတောင်မှ သူတို့ကို လေထဲကနေ ခေါ်ထုတ်မသွားနိုင်ဘူး”

အဘိုးအိုက ယွင်ကျူး၏ လေသံမှာ မကျေနပ်မှုကို ကြားရပြီး အနည်းငယ်ဦးညွှတ်လိုက်၏။

“အရှင်မင်းမြတ်က ခင်ဗျားရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးဖို့ပဲ ကျုပ်ကို မှာကြားထားတာ… ကျုပ်က ဒီကိစ္စမှာ ဝင်ပါမပေးနိုင်ပါဘူး”

“ကျုပ်က တိုက်ခိုက်ပြီး သူတို့နှစ်ယောက်ကို ခေါ်ထုတ်သွားတာနဲ့ ကျုပ်တို့က နတ်ဆေးမိုးကောင်းကင်နန်းတော်နဲ့ သေချာပေါက် ရန်သူတွေ ဖြစ်လာလိမ့်မယ်”

“ကျုပ်တို့ ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ ခွန်အားအရဆို ကျုပ်တို့က ဧကရာဇ်ပညာရှင်တွေရှိတဲ့ နတ်ဆေးမိုးကောင်းကင်နန်းတော်ကို မဆန့်ကျင်နိုင်ဘူး… အရှင်မင်းသမီး... ခင်ဗျား နားလည်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

ယွင်ကျူးက ညင်သာစွာ သက်ပြင်းချပြီး ထပ်မံ၍ မပြောဆိုတော့ပေ။

တကယ်တော့ သူမအဖေ၏ စိုးရိမ်ပူပန်မှုနှင့် အခက်အခဲများကို သူမက နားလည်သဘောပေါက်လေသည်။

ဤနှစ်များမှာ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ အခြေအနေက ဖရိုဖရဲဖြစ်လာပြီး အမျိုးမျိုးသော အင်မော်တယ်မဟာနယ်မြေများက တစ်ခုပြီးတစ်ခု ပိုင်ရှင်များ ပြောင်းလဲသွားကြ၏။ ဧကရာဇ်ပညာရှင်တချို့သည် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာထံ ဆက်တိုက်အညံ့ခံသွားခဲ့ကြ၏။

တကယ်တော့ အညံ့ခံဖို့ ငြင်းဆန်ခဲ့သော ဧကရာဇ်ပညာရှင်တချို့လည်း ရှိနေခဲ့၏။

ဥပမာအားဖြင့် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဧကရာဇ်အစိမ်းရောင်မိုးကောင်းကင်က အညံ့မခံလိုဘဲ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာနှင့် ပဋိပက္ခဖြစ်ခဲ့လေသည်။ ထိုသို့ဖြင့် သူသည် အသတ်ခံရပြီး အစိမ်းရောင်မိုးကောင်းကင်နန်းတော်က လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရ၏။

ယခုအချိန်မှာ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသည် ဖရိုဖရဲဖြစ်နေပြီး စစ်မီးတောက်များက နေရာတိုင်းမှာ ပျံ့နှံ့နေ၏။

အခြားသော အင်မော်တယ်ပိုင်နက်နယ်မြေများကလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး လူတိုင်းက အန္တရာယ်ကျရောက်နေ၏။

ဤကဲ့သို့ ကစဉ့်ကလျားအခြေအနေမှာ ကျိရွှမ်အင်မော်တယ်နိုင်ငံက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပါ့မလား မသေချာပေ။

အင်မော်တယ်ဘုရင် ကျိရွှမ်သည် ရှုပ်ထွေးသော ကိစ္စများမှာ အမှန်တကယ် ပါဝင်လိုခြင်းမရှိပေ။ သူက နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ဆန့်ကျင်ဖို့ မတတ်နိုင်ပေ။

ယွင်ကျူးသည် သူမ၏ လူများနှင့်အတူ နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုနယ်ပယ်က ပကတိစိတ်ဝိညာဉ်နယ်ပယ်မှာသာ ရှိနေ၏။ နတ်ဆေးမိုးကောင်းကင်နန်းတော်၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှာ သူမသည် ရှောင်းနင်နှင့် ညဝိညာဉ်ကို တကယ်ပင် ခေါ်ထုတ်မသွားနိုင်ပေ။

ယွင်ကျူးသည် ရှောင်းနင်၏ တာအိုလက်တွဲဖော်ကို တကယ်ပင် အထင်ကြီးမိ၏။

အနက်ရောင်ဝတ်အမျိုးသားက သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်သည်ကို တွေးမိချိန်မှာ သူမက ကြောက်ရွံ့မှုကို ခံစားလာရ၏။

ညဝိညာဉ်ဟုခေါ်သော အနက်ရောင်ဝတ်အမျိုးသားက အရမ်းကို သန်မာလေသည်။

သူသည် ပကတိစိတ်ဝိညာဉ်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ သတ်ဖြတ်ခြင်းနည်းလမ်းများက ထူးခြားအံ့မခန်းဖြစ်ပြီး ကြောက်စရာကောင်းလွန်းသည်ဟု ဆိုနိုင်သည်။

ထိုသက်ရှိသည် ဒဏ္ဍာရီလာ ဂမ္ဘီရဟို့မျိုးနွယ်မှ ဖြစ်လောက်သည်။

သို့သော်လည်း ညဝိညာဉ်သည် သာမန်ဂမ္ဘီရဟို့တို့ထက် များစွာပိုမိုသန်မာပြီး ပို၍ကြောက်စရာကောင်းလေသည်။

သူသည် နဖူးကနေ ခြေဖျားထိ သတ်ဖြတ်ခြင်းနည်းလမ်းများဖြင့် ပြည့်နှက်နေ၏။

တကယ်ဆို ညဝိညာဉ်သည် ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုကို ကျော်ဖြတ်ပြီး ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးကို သတ်ဖြတ်လိုက်သည်ကိုပင် သူမက ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။

ထိုသူက ဒဏ်ရာအပြင်းအထန်ရရှိထားပြီးဖြစ်သော သာမန်အင်မော်တယ်ဘုရင်တစ်ဦးသာဖြစ်၏။ သို့သော်လည်း လမ်းတစ်လျှောက်မှာ နတ်ဆေးမိုးကောင်းကင်နန်းတော်မှ ကျင့်ကြံသူရာချီက ညဝိညာဉ်၏ လက်ထဲမှာ သေခဲ့ရ၏။ အဲဒီမှာ ပကတိစိတ်ဝိညာဉ်ဆယ်ဦးကျော်နှင့် ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးပင် ပါရှိနေသည်။

ညဝိညာဉ်၏ ခွန်အားကြောင့်မဟုတ်လျှင် သူနှင့်ရှောင်းနင်သည် နတ်ဆေးမိုးကောင်းကင်နန်းတော်၏ စစ်တပ်ဖြင့် ဖမ်းဆီးခြင်းခံရသည်မှာ ကြာနေလောက်လေပြီ။

တကယ်တော့ ဤအချိန်အတောအတွင်း ညဝိညာဉ်နှင့် ရှောင်းနင်ကို အကြိမ်တော်တော်များများမှာ အမဲလိုက်ခံရခြင်းကနေ ရှောင်လွှဲနိုင်ရန် ယွင်ကျူးကလည်း သူမ၏ ဖုံးကွယ်ခြင်းနည်းလမ်းများနှင့် အကူအညီပေးခဲ့လေသည်။

သို့သော်လည်း သူမသည် တိတ်တဆိတ်ဖြင့်သာ ထောက်ပံ့ပေးနေရပြီး သူမ လုပ်နိုင်သည့် အတိုင်းအတာက အကန့်အသတ်ရှိနေ၏။

လျှိုဖျင်က ပြောလိုက်၏။

“နတ်ဆေးမိုးကောင်းကင်နန်းတော်က ဒီလောက်လူတွေအများကြီး သေခဲ့ရတယ်… သူတို့ရဲ့ ဧကရာဇ်က ဒေါသချောင်းချောင်းထွက်နေပြီး နတ်ဆေးမိုးကောင်းကင်နန်းတော်က အင်အားကုန် ထုတ်သုံးလာပြီလို့ ကျုပ်ကြားတယ်… အဲ့ဒီမှာ ကောင်းကင်လိုဏ်ဂူဘုရင်တွေပဲတင် ၃၀၀ ရှိနေတယ်”

“အခု သူတို့တွေအားလုံးက ကျောက်စိမ်းသွေးတောင်ကြောရိုးမှာ စုဝေးရောက်ရှိနေကြတယ်…. ခြင်တစ်ကောင်တောင်မှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး… လူနှစ်ယောက်ကိုတော့ ပြောမနေနဲ့တော့”

ယွင်ကျူးက နှုတ်ဆိတ်နေ၏။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်းနင်နှင့် ညဝိညာဉ်၏ ပုန်းရှောင်နိုင်သော နေရာလွတ်က တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး သူတို့က သေချာပေါက် ရှာဖွေဖော်ထုတ်ခံရတော့မည်ကို သူမ၏ ရင်ထဲမှာ သိရှိထား၏။

ဧကရာဇ် အထီးကျန်သိုင်းသခင်သခင်ကသာ ဤအခြေအနေကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ထိုသို့ပြုလုပ်ဖို့ မတတ်နိုင်လောက်ပေ။

All Chapters