← Chapters

ပြန်လည်ဆုံစည်းကြခြင်း

Vol. 207 Ch. 3104

ပြန်လည်ဆုံစည်းကြခြင်း

Vol. 207 Ch. 3104

မလှမ်းမကမ်းမျာ လူတချို့က ရောက်ရှိလာ၏။ စကားပြောလိုက်သောသူက စာအုပ်အင်မော်တယ်ယွင်ကျူးဖြစ်၏။

ထောင်ယောင်နှင့်လျှိုဖျင်ကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာကြ၏။

သူတို့သုံးယောက်၏ နောက်ဘက်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်အဖိုးအိုတစ်ဦးရှိနေသည်။

သို့သော်လည်း ဝိုင်းပတ်ပိတ်ဆို့ထားသော နတ်ဆေးမိုးကောင်းကင်နန်းတော်၏ စစ်တပ်က သူတို့ကို အပြင်ဘက်မှာ ပိတ်ဆို့တားဆီးထားလေသည်။

အစကတော့ အင်မော်တယ်ဘုရင်ရှစ်ချွယ်က ဂရုမစိုက်ပေ။

ကျိရွှမ်အင်မော်တယ်မဟာနိုင်ငံသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကောင်းကင်အဆင့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး နတ်ဆေးမိုးကောင်းကင်နန်းတော်နှင့် အဆင့်အတန်းချင်းကွာခြားလေသည်။ ပေါ်ထွက်လာသည့်သူက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ဖြစ်မည်ဆိုလျှင် သူက ထိန်ချန်ငဲ့ကွက်မှုတချို့ပြုရပေလိမ့်မည်။

“ကျိရွှမ်အင်မော်တယ်နိုင်ငံလား”

“ဟဲဟဲ”

အင်မော်တယ်ဘုရင်ရှစ်ချွယ်၏ အကြည့်က ဂရုမစိုက်သည့်ဟန်ဖြင့် ဖြတ်သန်းသွား၏။

သို့သော်လည်း သူက ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး သူ၏ မျက်လုံးက ဝင်းလက်သွားလေသည်။

မဟာနတ်မိမယ်သုံးပါးထဲမှတစ်ပါး စာအုပ်အင်မော်တယ်ယွင်ကျူး…။

မဟာနတ်မိမယ်လေးပါးသည် ရင်သပ်ရှုမောဖွယ်ရာကောင်းပြီး သူတို့၏ ကိုယ်ပိုင်ခွန်အားများနှင့်အတူ ပါရမီအရည်အချင်းရှိသော ပြိုင်စံရှားများဖြစ်ကြကာ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ အင်မတန်ကျော်ကြားလေသည်။

ကံဆိုးစွာနှင့်ပင် ဒုံမင်းအင်မော်တယ်သည် မိုကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး နောက်ပိုင်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတွင် ဓားကမ္ဘာမှ ဆူကျူး၏လက်ချက်ဖြင့် သေဆုံးသွားသည်ဟု သူကကြားသိခဲ့ရ၏။

ကျန်ရှိနေသော မဟာနတ်မိမယ်သုံးပါးထဲမှာ စစ်တုရင်အင်မော်တယ်သည် အလွန်တရာရန်လိုတတ်ပြီး တိုက်ခိုက်ခြင်းမှလွဲလျှင် မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပေ။ အင်မော်တယ်ဘုရင်ရှစ်ချွယ်က သူမကို စိတ်မဝင်စားပေ။

ပန်းချီအင်မော်တယ်ရှိရာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ကျဆင်းသွားခဲ့ပြီဖြစ်၏။ သူမသည် တစ်ချိန်လုံးအခန်းအောင်းနေတတ်ပြီး အပြင်ဘက်မှာ ပေါ်ထွက်လာခဲခြင်းနှင့်အတူ သူမ၏ နာမည်ဂုဏ်သတင်းကလည်း ယခင်ကထက် များစွာကျဆင်းလာ၏။

သူနှစ်သက်သဘောကျရဆုံးသူက စာအုပ်အင်မော်တယ်ယွင်ကျူးဖြစ်သည်။

တကယ်ဆို သူသည် စာအုပ်အင်မော်တယ်ကို နတ်ဆေးမိုးကောင်းကင်နန်းတော်သို့ အကြိမ်ရေများစွာ ဖိတ်ခေါ်ခဲ့ဖူးသည်။ ကံဆိုးစွာနှင့်ပင် သူမထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။

“သူတို့ကို ဝင်လာခိုင်းလိုက်”

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ပြုံးပြီး လက်ပြလိုက်၏။

နတ်ဆေးမိုးကောင်းကင်နန်းတော်၏ စစ်တပ်က လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ပြီး ယွင်ကျူးနှင့် အခြားသူများက လျှောက်လှမ်းဝင်ရောက်လာကြ၏။

ထိုအခိုက်အတန့်မှာ နတ်ဆေးမိုးကောင်းကင်နန်းတော်၏ စစ်သည်ပေါင်းသိန်းချီက စုဝေးရောက်ရှိလာကြပြီဖြစ်ပြီး အင်မော်တယ်ဘုရင်ပညာရှင်သုံးရာကျော်ကလည်း ရောက်ရှိလာကြ၏။

စစ်သည်ပေါင်း ထောင်ချီသောင်းချီကြားမှာ သူတို့သည် မရေမတွက်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ချင်းခံနေရ၏။

ဤမျှများပြားသော အင်မော်တယ်ဘုရင်ပညာရှင်များရှေ့မှာ ယွင်ကျူးနှင့် အခြားသူများက တကယ်ပင် ကြီးမားသောဖိအားအောက်မှာ ကျရောက်နေ၏။

ယွင်ကျူးကို ကာကွယ်စောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဘုရင် ထာဝရငရဲသည် လောကဓံမုန်တိုင်းများစွာကို တွေ့မြင်ခဲ့ဖူးလေသည်။ ထိုသို့ဆိုလျှင်‌တောင် သူသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရချိန်မှာ စိတ်ထဲတွင် တင်းကျပ်လေးလံနေဆဲဖြစ်၏။

ဤကဲ့သို့သော အခြေအနေတစ်ခုမှာ ပဋိပက္ခတစ်ခုဖြစ်ပွားလာသည်နှင့် သူသည် ယွင်ကျူးကို ကာကွယ်ဖို့နေနေသာ သူ့ကိုယ်သူပင် ကာကွယ်နိုင်မည်မဟုတ်ပေ။

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ညင်သာစွာပြုံးလိုက်၏။

“နတ်မိမယ်ယွင်ကျူး… ငါမင်းကို ငါ့ရဲ့ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဆီ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့တယ်.. ဒါပေမဲ့ မင်းက ငါ့ကို ငြင်းပယ်ခဲ့တယ်.. အခုတော့ မင်းက ဒီနေ့မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြီပေါ့”

ယွင်ကျူးက လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“အင်မော်တယ်ဘုရင်ရှစ်ချွယ်… အဲဒီနှစ်ယောက်က ကျွန်မရဲ့ မိတ်ဆွေဟောင်းတွေပဲ… ရှင် ကျွန်မကို မျက်နှာသာတချို့ပေးပြီး သနားညှာတာမှုပြပေးဖို့ ကျွန်မမျှော်လင့်ပါတယ်”

တကယ်တမ်းမှာ သူမသည် ရှောင်းနင်နှင့် ညဝိညာဉ်နှင့် ပတ်သက်ဆက်ဆံမှု များစွာမရှိခဲ့ပေ။ သူမသည် ဆူဇီမိုကိုယ်စား ဤနေရာသို့ ရောက်ရှိလာခြင်းမျှသာဖြစ်၏။

သို့သော်လည်း သူတို့၏ ပတ်သက်ဆက်နွယ်မှုအတိုင်းအတာအရ အင်မော်တယ်ဘုရင်ရှစ်ချွယ်က အဲဒါကို သဘောတူလက်မခံမှာကို သူမက စိုးရိမ်နေ၏။

ရှောင်းနင်နှင့် ညဝိညာဉ်က ထောင်ယောင်ကို တွေ့မြင်သောအခါ ယွင်ကျူးက ဘယ်သူ့အတွက် ဤနေရာသို့ ရောက်ရှိလာသည်ကို သူတို့က အကြမ်းဖျင်းခန့်မှန်းမိလိုက်၏။

“ရတယ်လေ”

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ပြုံးလိုက်၏။

“နတ်မိမယ်ယွင်ကျူး.. မင်းက တောင်းဆိုလာပြီဆိုမှတော့… ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကို မျက်နှာသာပေးရမှာပေါ့”

မထင်မှတ်ထားစွာပင် အင်မော်တယ်ဘုရင်ရှစ်ချွယ်က ချက်ချင်းပင် သဘောတူလိုက်သည်။

ယွင်ကျူးက အနည်းငယ်မှင်တက်သွား၏။

သို့သော်လည်း သိပ်မကြာခင် သူမသည် ဘုရင်ရှစ်ချွယ်၏ မျက်လုံးထဲမှ အရိပ်ယောင်ကို တွေ့မြင်သွားပြီး သူ့မှာ တခြားသောရည်ရွယ်ချက်များရှိနေသည်ကို နားလည်သဘောပေါက်သွား၏။

“အင်မော်တွယ်ဘုရင်ရှစ်ချွယ်.. ဒီလိုဆိုမှတော့ ရှင့်ကို ကျေးဇူးတင်ပါတယ်”

ယွင်ကျူးက မသိကျိုးကျွန်ပြုပြီး ရှောင်းနင်နှင့် ညဝိညာဉ်ကို လက်ပြလိုက်၏။

“သွားကြမယ်”

“နေဦးလေ”

အင်မော်တယ်ဘုရင်ရှစ်ချွယ်၏ အမူအရာက တည်တံ့သွားပြီး သူက အေးစက်စွာပြောလိုက်၏။

“နတ်မိမယ်ယွင်ကျူး… မင်းက ဘာလို့ နဝေတိမ်တောင်လုပ်နေတာလဲ… မင်းက သူတို့ကို လွှတ်ပေးစေချင်တယ်ဆိုရင် ရတယ်လေ… ဒါပေမဲ့ မင်းက တန်ဖိုးတစ်ခုကိုတော့ ပြန်ပေးရမှာပဲ”

“ရှင်ဘာလိုချင်လို့လဲ”

ယွင်ကျူးက မေးလိုက်၏။

“မင်းပေါ့”

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ဟန်လုပ်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။

“ဆူရှောင်းနင်က ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာရမှာ… မင်းက သူ့နေရာကို အစားထိုးပေးမယ်ဆိုရင် ငါသူ့ကို ထွက်ခွာခွင့်ပေးနိုင်တယ်”

“နတ်မိမယ်ယွင်ကျူး… ဘာမှမစိုးရိမ်နဲ့ မင်းက ငါ့ဆီမှာ အညံ့ခံလိုမယ်ဆိုရင် ငါက မင်းကို ငါ့ရဲ့ တရားဝင်တာအိုလက်တွဲဖော်အဖြစ် ကြေညာပေးနိုင်တယ်”

ယွင်ကျူး၏ အမူအရာက တည်ငြိမ်နေပြီး သူမ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက် အတက်အကျမှမရှိပေ။ သူမက မှင်သေသေဖြင့်သာပြောလိုက်၏။

“အင်မော်တယ်ဘုရင်ရှစ်ချွယ်… ရှင်နောက်နေတာပဲဖြစ်ရမယ်”

“ငါ တခြားသူတွေကို အခက်တွေ့အောင် မလုပ်ချင်ဘူး”

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ပြုံးလိုက်၏။

“မင်းဘာသာမင်း ဆုံးဖြတ်လေ”

ယွင်ကျူးက နှုတ်ဆိတ်နေ၏။

သူမသည် ဤအခိုက်အတန့်တွင် ပေါ်ထွက်လာသည်မှာ တခြားရွေးချယ်စရာမရှိသောကြောင့်ဖြစ်၏။ သူမသည် တတ်နိုင်သမျှ အချိန်ဆွဲထားလိုလေသည်။

သို့သော်လည်း အင်မော်တယ်ဘုရင်ရှစ်ချွယ်၏ စိတ်နေသဘောထားအရ သူမသည် သူမကိုယ်သူမပင် ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

ထောင်ယောင်က စိုးရိမ်ပူပန်လာခဲ့၏။

“တာအိုရောင်းရင်းယွင်ကျူး… ကျေးဇူးတင်ပါတယ်”

ရှောင်းနင်က အဝေးကနေ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဒါပေမဲ့ သူအရူးလုပ်တာကို မခံနဲ့… သူ့မှာ မိဖုရားတွေနဲ့ ကိုယ်လုပ်တော်တွေအများကြီးရှိတယ်… သူ့မှာ အစကတည်းက တရားဝင်တာအိုလက်တွဲဖော်တစ်ဦးရှိပြီးသားပဲ… သူက အခုရှင့်အတွက် သူ့ရဲ့ တရားဝင်တာအိုလက်တွဲဖော်ကို ရှင်းထုတ်ပစ်ချင်တယ်ဆိုတာ သူက အစကတည်းက နှလုံးသားကင်းမဲ့တဲ့သူမို့လို့ပဲ”

“မြန်မြန်ထွက်သွားတော့…ကျွန်မတို့ကို စိုးရိမ်မနေနဲ့”

“စိတ်ဝင်စားစရာပဲ”

အင်မော်တယ်ဘုရင်ရှစ်ချွယ်က ထိုစကားကိုကြားသောအခါ ဒေါသထွက်မသွားပေ။ သူက ရှောင်းနင်နှင့် ညဝိညာဉ်ကိုသာ ငုံ့ကြည့်လိုက်၏။

“မင်းတို့တွေက စာအုပ်အင်မော်တယ်ယွင်ကျူးကို ပေါ်ထွက်လာစေနိုင်လိမ့်မယ်လို့ ငါတကယ်ပဲ ထင်မှတ်မထားခဲ့ဘူး… ကံဆိုးစွာနဲ့ပဲ ကျိရွှမ်အင်မော်တယ်နိုင်ငံက ပေါ်ထွက်လာမယ်ဆိုရင်တောင် သူတို့က မင်းတို့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး”

“ငါ့အဖေ ပေါ်ထွက်လာမယ်ဆိုရင် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေက အဖွဲ့အစည်းပေါင်းစုံက သူ့ကို မျက်နှာသာပေးရလိမ့်မယ်… မင်းတို့တွေက အောက်ဘုံလောကက ဖောက်ပြန်နေတဲ့ စုံတွဲတစ်တွဲပဲ.. မင်းတို့က လူတချို့နဲ့ သိထားရုံနဲ့ပဲ ငါနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်ထင်နေလို့လား”

“ဟမ့်…”

“အောက်ဘုံလောကကလူတွေက ဘာဖြစ်နေလို့လဲ”

ထိုစဉ်မှာပင် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လှောင်ပြောင်ထေ့ငေါ့လိုက်သောအသံတစ်သံက ထွက်ပေါ်လာ၏။

“အောက်ဘုံလောကကလူတွေက မင်းအမေကို တက်ခွခဲ့လို့လား… အဲဒါကြောင့် မင်းက အောက်ဘုံလောကကို ဒီလောက်ထိ အငြှိုးအတေးထားနေတာလား”

ထိုအသံကိုကြားသောအခါ ညဝိညာဉ်က ဆတ်ခနဲတုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။

အက်ကွဲကြောင်းထဲကနေ လူလေးယောက်က ဆင်းသက်လာ၏။

စောစောက စကားပြောလိုက်သောသူက သန်မာကြမ်းတမ်းသောသွင်ပြင်ရှိလေသည်။ သူက ကျားအပြင် တခြားဘယ်သူရှိဦးမှာလဲ။

သူ့ဘေးမှာ သေးသွယ်သောခြေတံများနှင့် အစိမ်းရောင်ဝတ်အမျိုးသမီးတစ်ဦးက အေးစက်စွာပြောလိုက်၏။

“သူတို့က လူအများကြီးနဲ့ သိထားစရာမလိုဘူး… ငါတို့ညီကိုမောင်နှမတွေရှိနေသရွေ့လုံလောက်တယ်”

ချင်ချင်…

ရွှေရောင်ဆံပင်နှင့်ဗလတောင့်တောင့်အမျိုးသားက ညဝိညာဉ်ကို ကြည့်ကာ သွားဖြီးပြလိုက်၏။

“နံပတ်ငါး ငါတို့ရောက်လာပြီ… မင်းငါတို့ကို သတိမရဘူးလား”

မြေခွေးလေးက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သူမ၏ ကြည်လင်ရွှန်းလဲ့နေသော မျက်လုံးများကိုသာ ပုတ်ခတ်ကာ ညဝိညာဉ်ကို အားတက်သရောလက်ပြနေ၏။

ညဝိညာဉ်က သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။ သူ၏ မျက်လုံးများက နီရဲလာပြီး သူ၏ စိတ်ခံစားချက်များက မြင့်တက်လာလေသည်။

အဲဒါက သူ၏ ပင်ကိုယ်သဘာဝကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ညဝိညာဉ်သည် အလွန်တရာတည်ငြိမ်ပြီး အမြဲတမ်း စိတ်ခံစားချက်များစွာကို ပြသလေ့မရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဖော်မပြတတ်သော စိတ်ခံစားချက်တစ်ခုက သူ၏ နှလုံးသားအနက်ပိုင်းထဲကနေ ရုတ်တရက်တလိပ်လိပ်ထိုးတက်လာ၏။

သူ၏ ညီအစ်ကိုမောင်နှမများ..။

ညဝိညာဉ်က တစ်ယောက်တည်းမဟုတ်ပေ။ သူ့မှာ ကောင်းမွန်သော ညီကိုမောင်နှမတချို့ရှိထား၏။

ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့က ရှေ့သို့လျှောက်လှမ်းလာပြီး ညဝိညာဉ်ကို တစ်ယောက်ပြီးတစ်ယောက် ပွေ့ဖက်ကာ သူ့ကိုနေရာအနှံ့လိုက်ထိနေ၏။

“ငါတို့ နောက်ဆုံးတွေ့ခဲ့ရတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ… မင်းက ပိုပြီးတော့ သန်မာလာတဲ့ပုံပဲ”

“အာ… ညဝိညာဉ်လေး.. ငါမင်းကို ဘယ်လောက်ချစ်လဲ သိလား.. အရင်တုန်းကဆို မင်းအကောင်ပေါက်လာအောင် ငါက အနွေးဓာတ်ပေးခဲ့ရတာ”

“အာ… မင်းရဲ့ စိတ်နေစရိုက်က ပြောင်းလဲသွားပြီပဲ… အရင်တုန်းကဆိုရင် မင်းကိုထိတာနဲ့ မင်းက ငါ့ကို ကန်ထုတ်ပစ်မှာ”

ပုံမှန်အခြေအနေမှာဆိုလျှင် ညဝိညာဉ်သည် သူ့အနားကို မည်သူ့ကိုမှ ချဉ်းကပ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် သူ၏ ဘေးပတ်လည်မှ ရင်းနှီးခဲ့ဖူးသော အသံများကို ကြားရသောအခါ ညဝိညာဉ်သည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ့ရှေ့မှ ရင်းနှီးခဲ့ဖူးသော မျက်နှာလေးခုကို ကြည့်နေ၏။ သူ၏ ရင်ထဲမှာ နွေးထွေးမှုတစ်ခုက စီးဆင်းလာပြီး သူ၏ မြင်ကွင်းက တဖြည်းဖြည်းဝေဝါးလာလေသည်။

သူတက်လှမ်းလာပြီးနောက် ညဝိညာဉ်သည် ထျန်ဟွမ်းကုန်းမြေတိုက်မှာတုန်းကလို လွတ်လပ်မှုကို ဘယ်တုန်းကမှ မခံစားခဲ့ရပေ။

သူက ရှောင်းနင်ကို တွေ့ခဲ့ပြီးလျှင်တောင် သူသည် တစ်ခုခုပျောက်ဆုံးနေသလို ခံစားနေခဲ့ရ၏။

ယခုအချိန်မှာတော့ အရာရာတိုင်းက ပြန်လည်ရောက်ရှိလာခဲ့သည်။

ရင်းနှီးနေကျ ထိုခံစားချက်များနှင့် သူရရှိခဲ့ဖူးသော မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေး။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ပြီး သူတို့၏ ဘေးပတ်လည်မှ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုထား၏။ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်လည်ရောက်ရှိသွားသည့်အလား အော်ဟစ်ကာ ရယ်မောနေကြ၏။

လူတိုင်း၏ မျက်လုံးထဲမှာ သူတို့သည် အရူးတချို့နှင့် တူနေလေသည်။

သူတို့ကြား စိတ်ခံစားချက်များက အရာရာတိုင်း၏ အထက်မှာ ရှိနေသည်ကို လူတိုင်းက ဘယ်တော့မှ နားလည်သဘောပေါက်လိမ့်မည်မဟုတ်ပေ။

အချိန်ဘယ်လောက်ကုန်ဆုံးသွားသည်ဖြစ်စေ၊ သူတို့က မည်သည့်နေရာမှာရောက်ရှိနေသည်ဖြစ်စေ သူတို့သည် အမြဲတမ်း တစ်သွေးတည်းတစ်သားတည်း ရှိနေကြပေလိမ့်မည်။

All Chapters