← Chapters

ထျန်ဟွမ်ကုန်းမြေတိုက်၏ ပေါင်းစည်းမှု

Vol. 207 Ch. 3105

ထျန်ဟွမ်ကုန်းမြေတိုက်၏ ပေါင်းစည်းမှု

Vol. 207 Ch. 3105

အင်မော်တယ်ဘုရင် ရှစ်ချွယ်က သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

စောစောက ကျားသည် ညစ်ညမ်းသော စကားလုံးများနှင့် ဆဲဆိုနေခဲ့၏။ သူသည် ထိန်ချန်ထားပြီး မတိုက်ခိုက်သည်မှာ ထိုသားရဲတောကောင် လေးကောင်ကို ကြောက်ရွံ့နေသောကြောင့် မဟုတ်ပေ။

သူ့အနေဖြင့် ဤတောကောင်များကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။ သူတို့သည် ပကတိစိတ်ဝိညာဉ်များသာဖြစ်၏။ သူ့ကို အမှန်တကယ် စိုးရိမ်ထိတ်လန့်စေသည်မှာ လေထဲရှိ အာကာသအက်ကွဲကြောင်းထဲကနေ ဖြာထွက်နေသော ကြောက်စရာကောင်းသည့် အော်ရာဖြစ်သည်။

လေဟာနယ်ကို ဆုတ်ဖြဲခြင်းသည် ကောင်းကင်လိုဏ်ဂူဘုရင်များ တတ်နိုင်သော တစ်စုံတစ်ရာဖြစ်၏။ သို့သော်လည်း ဤသားရဲတောကောင် လေးကောင်ကို ပို့ပေးလာသည့်သူက သားရဲဘုရင်တစ်ဦး မဟုတ်လောက်ပေ။

“အဲဒီမှာ ရှိနေတာက ဘယ်ပညာရှင်လဲ မသိဘူး… ခင်ဗျား ဘာလို့ ပေါ်မထွက်လာသေးတာလဲ”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က လေဟာနယ်အက်ကွဲကြောင်းကိုကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

ခဏမျှ ငြိမ်သက်နေပြီးနောက် လူနှစ်ယောက်က လေဟာနယ်ထဲကနေ လျှောက်လှမ်းထွက်လာ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။

အမျိုးသမီးက ပန်းရောင်သားမွေးအင်္ကျီကို ဝတ်ဆင်ထားပြီး ညှို့ငင်ဓာတ်ဖြင့် ပြည့်ဝနေ၏။ သူမ၏ ကျောက်စိမ်းလက်နှစ်ဖက်၊ သွယ်လျသော နှင်းဖြူရောင်ခြေတံများနှင့် ခါးကို ညှို့ငင်ဖမ်းစားနိုင်သောပုံစံဖြင့် ထုတ်ဖော်ထားလေသည်။

အမျိုးသမီး ပေါ်ထွက်လာသည့် ခဏမှာပင် သူမသည် စစ်သည်ပေါင်းသိန်းချီ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။ လူတိုင်းက ပန်းရောင်ဝတ်အမျိုးသမီးကို မမှိတ်မသုန်စိုက်ကြည့်နေကြပြီး တံတွေးမျိုချသံများပင် ထွက်ပေါ်လာလေသည်။

သူမဘေးမှာရှိသော အမျိုးသားက အရပ်မောင်းမြင့်မား၍ နက်ရှိုင်းသော အော်ရာတစ်ခုနှင့်အတူ တုတ်ခိုင်သန်မာနေ၏။ တခြားအချိန်မှာသာဆိုလျှင် သူသည် စိတ်အာရုံများကို သေချာပေါက် ရရှိပေလိမ့်မည်။

သို့သော်လည်း အမျိုးသမီးနှင့် တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီးနောက် လူတိုင်း၏ မြင်ကွင်းထဲမှာ ထိုအမျိုးသမီးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည့်အလားပင်။

သားရဲဧကရာဇ် နတ်ဆင်သည် ဤမြင်ကွင်းနှင့် အသားကျပြီးသားဖြစ်ပုံရ၏။ သူက ပခုံးအနည်းငယ်တွန့်ပြီး ဂရုမစိုက်ပေ။

အင်မော်တယ်ဘုရင် ရှစ်ချွယ်က အမျိုးသမီးကို ငေးငိုင်စွာဖြင့် ကြည့်နေပြီး အရာရာတိုင်းကိုပင် မေ့လျော့နေ၏။

ရုတ်တရက်ဆိုသလို…

သူ၏ စိတ်ထဲမှာ သူ့အမြုတေစိတ်ဝိညာဉ် ဝတ်ဆင်ထားသော ကျောက်စိမ်းချပ်ဝတ်တန်ဆာတစ်ခုက ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။ အင်မော်တယ်ဘုရင် ရှစ်ချွယ်က နိုးထလာပြီး သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။ သူက ပန်းရောင်ဝတ်အမျိုးသမီး၏ နောက်ဘက်မှာ အနည်းငယ် ယိမ်းနွဲ့နေသည့် အမြီးကိုးချောင်းကို တွေ့မြင်သောအခါ အံ့အားတသင့် ရေရွတ်လိုက်၏။

“သားရဲဧကရီ အမြီးကိုးချောင်း”

ထိုအသံကို ကြားသောအခါ အင်မော်တယ်ဘုရင်များစွာက တစ်ယောက်ပြီးတစ်ယောက် သတိပြန်ကပ်လာပြီး ချွေးပြန်နေကြ၏။

သားရဲဧကရီ အမြီးကိုးချောင်းကို နောက်ခံပေးထားသည်က ဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီ သွေးလိပ်ပြာတို့ အုပ်ချုပ်နေသော မဟာအရိုင်းကမ္ဘာဖြစ်သည်။ သားရဲဧကရီ အမြီးကိုးချောင်းနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်သောလူကလည်း သားရဲဧကရာဇ်တစ်ပါး ဖြစ်နိုင်လေသည်။

မဟာအရိုင်းကမ္ဘာ၏ သားရဲဧကရာဇ်နှစ်ပါးက ဘာအတွက် ဤနေရာကို တစ်ချိန်တည်းမှာ ဆင်းသက်ရောက်ရှိလာကြတာလဲ။

ဤနေရာမှာ စစ်သည်ပေါင်းသိန်းချီ၊ အင်မော်တယ်ဘုရင် ၃၀၀ကျော်နှင့် ဧကရာဇ်တစ်ပိုင်းပညာရှင်များပင် ရှိနေသော်လည်း သူတို့သည် သားရဲဧကရာဇ်နှစ်ဦး၏ ရှေ့မှာ လုံလောက်မှု ရှိမနေသေးပေ။

မဟာအရိုင်းကမ္ဘာမှ သားရဲဧကရာဇ်နှစ်ဦး ပေါ်ထွက်လာသည်ကိုကြည့်ပြီး ယွင်ကျူးက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ရလဒ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။

သူ ရောက်လာမလားဆိုတာကိုသာ သူမက မသိရသေးပေ။

“စီနီယာသားရဲဧကရာဇ်တို့… ခင်ဗျားတို့က ကမ္ဘာတွေကြား စစ်ပွဲတစ်ခုစတင်ဖို့ ဒီကိုရောက်လာကြတာလား”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က သူ၏ စိတ်ကို အလျင်အမြန် ငြိမ်သက်စေပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။ ဤတစ်ခေါက်မှာ သူသည် နတ်ဆေးမိုးကောင်းကင်နန်းတော်အကြောင်း ထည့်၍မပြောဆိုတော့ပေ။ ထိုအစား သူက ကောင်းကင်ဘုံကမ္ဘာ၏ အမည်ကို တိုက်ရိုက်အသုံးချလိုက်၏။

“မလန့်ပါနဲ့”

သားရဲဧကရီ အမြီးကိုးချောင်းက ရယ်မောကာ ပြောလိုက်၏။

“ငါတို့တွေက စစ်တပ်တပ်ကို ဦးဆောင်လာတာ မဟုတ်ဘူး… ငါတို့က ပြပွဲကို စောင့်ကြည့်ဖို့အတွက် သူတို့လေးယောက်ကို လာပို့ပေးရုံပဲ”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က သူ၏ ခေါင်းကိုငုံ့ပြီး သားရဲဧကရီ အမြီးကိုးချောင်း၏ အကြည့်ကို ရှောင်လွှဲလိုက်၏။

သားရဲဧကရီ အမြီးကိုးချောင်း၏ ကနွဲ့ကလျမျက်လုံးများက ပိုးချည်မျှင်များကဲ့သို့ ဖြစ်နေ၏။ သူသည် စောစောက တစ်ချက်ကြည့်ရုံမျှနှင့် သူ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလုနီးပါးပင်။

သားရဲဧကရာဇ် နတ်ဆင်က ပြောလိုက်၏။

“ငါတို့က မင်းတို့ရဲ့ အငြိုးအတေးတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး… လုပ်စရာရှိတာ ဆက်လုပ်ကြ”

ဧကရာဇ်များ၏ စကားက အလွန်တရာ အရေးပါအရာရောက်လေသည်။ သူတို့သည် သူတို့၏ စကားကို ပြန်လည်မရုတ်သိမ်းတတ်ကြပေ။

လက်ရှိအင်မော်တယ်ဘုရင်များက အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင် လူတိုင်းက စိုးရိမ်ပူပန်နေကြဆဲဖြစ်၏။

သားရဲမျိုးနွယ်မှ ဤပကတိစိတ်ဝိညာဉ်လေးဦးက အခြေအနေအပေါ် သက်ရောက်စေနိုင်မည်ဆိုလျှင် သားရဲဧကရာဇ်နှစ်ဦးက သူတို့ကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးဖို့ လိုအပ်ရဲ့လား။

“ဟေး… မောင်ငဒူမင်းသား”

ကျားက အင်မော်တယ်ဘုရင် ရှစ်ချွယ်ကို မော့ကြည့်ပြီး အသံကိုမြှင့်ကာ ပြောလိုက်၏။

“ငါပြောတာနားထောင်… ငါကလည်း အောက်ဘုံလောကကပဲ… ငါတို့အားလုံးက ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ”

“သခင်အားကိုးနဲ့ ဟောင်နေတဲ့ခွေးပဲ”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“သားရဲဧကရာဇ်နှစ်ဦး ရှိနေတာကြောင့် မဟုတ်ရင် မင်းတို့နိမ့်ကျသတ္တဝါတွေက ငါနဲ့စကားပြောခွင့်တောင် ရမှာမဟုတ်ဘူး… ငါ ထျန်ဟွမ်ကုန်းမြေတိုက်ကို ဘယ်တုန်းကမှ မကြားဖူးဘူး”

“ဒါဆိုရင် ဒီနေ့ ငါ မင်းကို မှတ်မိအောင် လုပ်ပေးရမှာပေါ့”

ထိုစဉ်မှာပင် အဝေးကနေ ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

စစ်တပ်တစ်တပ်က လေထဲကနေ ဖြတ်ကျော်လာပြီး အလံများ တလူလူလွှင့်ထူ၍ ဖုန်များက တထောင်းထောင်းထနေ၏။ သူတို့မှာ တကယ်ပင် အရေအတွက် တစ်သိန်းရှိနေ၏။

ခေါင်းဆောင်ဖြစ်သူက လှံပုဆိန်တစ်လက်ကို ကိုင်စွဲထားပြီး တရိပ်ရိပ်ထိုးတက်နေသော တိုက်ပွဲဝင်စိတ်ဝိညာဉ်နှင့်အတူ ရှေ့ကိုလျှောက်လှမ်းလာနေ၏။ သူချဉ်းကပ်လာသည့်အခါ နတ်ဆေးမိုးကောင်းကင်နန်းတော်၏ အင်မော်တယ်ဘုရင်ပညာရှင်များသည် သူ၏ အော်ရာဖြင့် အမှန်တကယ် ခြိမ်းခြောက်ခံလိုက်ရပြီး သူ့ကိုတားဆီးရဲခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် လမ်းဖယ်ပေးလိုက်ကြ၏။

“တိုက်ပွဲဘုရင်လား”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က ဝင်ရောက်လာသူကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။

လင်းကျန့်သည် တောက်လောင်နေသော အကြည့်နှင့်အတူ အင်မော်တယ်ဘုရင် ရှစ်ချွယ်ကို စိုက်ကြည့်ပြီး ရန်လိုခက်ထန်စွာဖြင့် ပြောလိုက်၏။

“ငါကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ… နိမ့်ကျသက်ရှိတဲ့လား… လာခဲ့လေ… မင်း ငါ့ရှေ့မှာ အဲ့စကားကို ထပ်ပြောကြည့်လိုက်”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က ပြန်မဖြေရဲပေ။

သူက ခံစားချက်တစ်ခုကို ရရှိနေ၏။

သူသည် ထိုစကားကို ထပ်မံ၍ ပြောဆိုမည်ဆိုလျှင် လင်းကျန့်က သူ့လက်ကို နေရာမှာတင် ခုတ်ဖြတ်ပစ်ပေလိမ့်မည်။

အင်မော်တယ်ဘုရင် ရှစ်ချွယ်သည် တစ်ချက်ဝေ့ကြည့်ပြီး အင်မော်တယ်ဘုရင်မ လင်းလုံနှင့် နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသော အခြားသော အင်မော်တယ်ဘုရင်ပညာရှင်ငါးဦးကို တွေ့မြင်လိုက်ရ၏။

‘တိုက်ပွဲနိုင်ငံက ဖျက်ဆီးခံရတော့မယ်လို့ ငါကြားထားတာ… သူတို့က ဒီလောက်လူတွေအများကြီးကို ဘယ်လိုလုပ် စုဖွဲ့လာနိုင်တာလဲ။’

“လင်းကျန့်… မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က ဖြည်းဖြည်းချင်း မေးလိုက်၏။

“မင်းက ငါတို့နတ်ဆေးမိုးကောင်းကင်နန်းတော်ကို စစ်ကြေညာဖို့အတွက် နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေထဲ စစ်တပ်တစ်တပ်ကို ဦးဆောင်လာတာလား”

“ဟုတ်တယ်ဆိုတော့ ဘာဖြစ်လဲ”

လင်းကျန့်က အကြောက်အလန့်ကင်းမဲ့နေ၏။

“မင်းက ထျန်ဟွမ်ကုန်းမြေတိုက်က တစ်ယောက်ယောက်ကို ထိရဲမယ်ဆိုရင် ငါ မင်းရဲ့နတ်ဆေးနန်းတော်ကို ပြားကပ်အောင် လုပ်ပစ်မယ်”

“ဟားဟားဟား”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

“အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်က သေသွားပြီ… မင်းရဲ့တိုက်ပွဲနိုင်ငံနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က လူတချို့က နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ပြားကပ်အောင် လုပ်နိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”

မည်သို့ပင်ဆိုစေ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေဆဲဖြစ်သည်။

ယနေ့ မဟာအရိုင်းကမ္ဘာမှ သားရဲဧကရာဇ်နှစ်ဦး ရောက်ရှိလာခြင်းကြောင့် မဟုတ်လျှင် လက်ရှိအခြေအနေသည် အင်မော်တယ်ဘုရင် ရှစ်ချွယ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေပေဦးမည်။

ထိုစဉ်မှာပင် လေထဲမှာ နောက်ထပ်အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်သွား၏။

လူတချို့က ဆင်းသက်ရောက်ရှိလာ၏။ လူအိုကြီးတစ်ဦးက သံသရဖူတစ်ခုကို ဆောင်းထားပြီး သူ့လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး သူဖြာထုတ်ထားသော အော်ရာက သားရဲဧကရီ အမြီးကိုးချောင်းနှင့် သားရဲဧကရာဇ် နတ်ဆင်တို့ထက် မနိမ့်ကျပေ။

အင်မော်တယ်ဘုရင် ရှစ်ချွယ်သည် သံသရဖူဆောင်းအဘိုးအိုကို မသိရှိသော်လည်း သူက လုယွင်နှင့် ဓားကမ္ဘာမှ အခြားသော တောင်ထွတ်သခင်များကို သိရှိလေသည်။

“ဓားကမ္ဘာက ဧကရာဇ်တစ်ပါး ဖြစ်နိုင်မလား”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က ရင်တစ်ချက်ထိတ်သွား၏။

“ဓားကမ္ဘာက တာအိုရောင်းရင်းတို့… ခင်ဗျားတို့ ဘာအတွက် ဒီကိုရောက်လာကြတာပါလဲ”

အင်မော်တယ်ဘုရင် ရှစ်ချွယ်က လက်နှစ်ဖက်ကိုယှက်ပြီး မေးလိုက်၏။

သံသရဖူဆောင်းအဘိုးအိုက သူ့ကို ကြည့်ပင်မကြည့်ပေ။ သူက သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အဝေးတစ်နေရာကို ငေးကြည့်နေ၏။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင် လုယွင်က ညင်သာစွာ ပြုံးပြလိုက်၏။

“မင်းက ထျန်ဟွမ်ကုန်းမြေတိုက်က လူနှစ်ယောက်ကို ရန်ရှာနေတာလို့ ငါကြားတယ်… ဘယ်လောက်တိုက်ဆိုင်လိုက်လဲ… ငါတို့ ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ပေမင်ရွှယ်ကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ”

ပေမင်ရွှယ်သည် အင်မော်တယ်ဘုရင် ရှစ်ချွယ်ကို အေးစက်စွာ စိုက်ကြည့်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ဆင်းသက်ကာ ရှောင်းနင်၏ ဘေးမှာ မတ်တတ်ရပ်လိုက်၏။

“ပကတိစိတ်ဝိညာဉ်လား”

အင်မော်တယ်ဘုရင် ရှစ်ချွယ်၏ မျက်လုံးက တဖျပ်ဖျပ်လက်သွား၏။

အဲဒါက ပေမင်ရွှယ်သာဆိုလျှင် ကြောက်နေစရာ ဘာမှမရှိပေ။

သို့သော်လည်း ဓားကမ္ဘာက ဘာအဓိပ္ပာယ်နှင့် ဤသို့ပြုမူလာရတာလဲ။

ဓားကမ္ဘာမှ အင်မော်တယ်ဘုရင်တချို့နှင့် ဧကရာဇ်တစ်ဦးကပင်လျှင် သူတို့ကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးလာခဲ့၏။ သူတို့က ဘယ်သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလဲ။

“ထျန်ဟွမ်ကုန်းမြေတိုက်လား… အဲဒါဆိုရင် ငါလည်း ပါမယ်လေ”

လေဟာနယ်က ပွင့်ထွက်သွားပြီး အသံတစ်သံ ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် လူငယ်တစ်ဦးက လျှောက်လှမ်းထွက်လာ၏။ သူသည်လည်းပဲ ပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သော်လည်း သူ့မှာ တစ်မူထူးခြားသော မျိုးဆက်သွေး ရှိနေ၏။ သူက ပေမင်ရွှယ်၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ စီနီယာအစ်မကို ပြုံး၍ နှုတ်ဆက်လိုက်၏။

ဤလူက ဘယ်သူလဲ…

နတ်ဆေးမိုးကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်များ၏ အမူအရာက ပျက်ယွင်းလာပြီး သူတို့၏ မျက်ရစ်များက တဆတ်ဆတ်လှုပ်လာ၏။

ဘာတွေဖြစ်ပျက်နေတာလဲ…

သူတို့သည် အောက်ဘုံလောကမှ ပကတိစိတ်ဝိညာဉ်နှစ်ဦးကို လိုက်လံဖမ်းဆီးရုံနှင့် ဘာကြောင့် ပျားအုံကို တုတ်နှင့်ထိုးသလို ဖြစ်လာရတာလဲ။

လူနှစ်ယောက်က အက်ကွဲကြောင်းထဲကနေ ပေါ်ထွက်လာ၏။

သူတို့တွေက...

ဧကရာဇ်မြောက်ပိုင်းခွန်…

ဧကရာဇ်တောင်ပိုင်းဖန်း…

ခွန်ဖန်းကမ္ဘာ၏ လောကအရှင်နှစ်ဦးက သူတို့ကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးလာခဲ့၏။

ဒါဆို အခုရောက်လာတဲ့ လူငယ်လေးက…

သူက ခွန်ဖန်းကမ္ဘာရဲ့ သခင်လေး ဖြစ်နိုင်မလား…။

All Chapters