← Chapters

အခန်း (၁၇၈၇)

Vol. 120 Ch. 1787

အခန်း (၁၇၈၇)

Vol. 120 Ch. 1787

ခန်းမထဲရှိ နန်လီမျိုးနွယ်စု အကြီးအကဲ ဒါဇင်ပေါင်းများစွာသည် ယန်ကျင်းတို့လေးဦး ကျဆုံးသွားသည်ကို သိရှိပြီးနောက်တွင် မှင်တက်သွားခဲ့ကြပြီး ပြန်လည် အသိဝင်လာရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။

နန်လီနယ်မြေ၏ တစ်ခုတည်းသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သည့် နန်လီမျိုးနွယ်စုသည် နန်လီနယ်မြေကို နှစ်သန်းပေါင်းများစွာ လွှမ်းမိုးထားခဲ့သည်။

၎င်းတို့၏ အဆင့်အတန်းကို မည်သည့် အင်အားစုကမှ စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ပေ။

နန်လီမျိုးနွယ်စု၏ သခင်လေးဖြစ်သူ ယန်ကျင်းသည် နန်လီမျိုးနွယ်စု၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျချေ။

ထို့အပြင် သခင်လေးယန်ကျင်း၏ သက်တော်စောင့်ဖြစ်သည့် အကြီးအကဲ ယန်လဲ့ခုံးသည် နန်လီမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည်။

ဖီးနစ်အကြီးအကဲ နှစ်ဦးသည် နန်လီမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး အကြီးအကဲနှစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကာ အကြီးအကဲချုပ် ယန်ဝူကျီပြီးလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဆိုလည်းမမှားပေ။

ထိုလေးဦး၏ ခွန်အားသည် နန်လီနယ်မြေရှိ မည်သည့်အင်အားစုကိုမဆို ရှင်းလင်းပစ်ရန် လုံလောက်၏။

နယ်မြေနတ်ဘုရား တစ်ပိုင်းအင်အားစု ဖြစ်သည့် ဟွမ်ဖူမိသားစုပင်လျှင် ၎င်းတို့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ကမ္ဘာပေါ်ရှိ မည်သူက ယန်ကျင်းတို့ လေးဦးကို သတ်ဖြတ်ခဲ့ပါသနည်း။

"အကြီးအကဲချုပ် ဒါဘယ်လိုဖြစ်ရတာလဲ.. သခင်‌လေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ကျဆုံးသွားတာလဲ.. တခြားနယ်မြေက နတ်မြေနတ်ဘုရား အင်အားစုတွေရဲ့ လက်ချက်များ ဖြစ်နေမလား"

အကြီးအကဲတစ်ဦးက သူ၏စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ ပြောလိုက်သည်။

သူ၏မျက်နှာအမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

ယခု ကျဆုံးသွားသည်မှာ ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူ သုံးဦးနှင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် အလားအလာအရှိဆုံး ပါရမီရှင်ဖြစ်သည့် နန်လီမျိုးနွယ်စု သခင်‌လေး ဖြစ်သည်။

ထိုလေးဦး ကျဆုံးခြင်းသည် နန်လီမျိုးနွယ်စု၏ ခွန်အားကို ထိခိုက်စေရန် လုံလောက်၏။

နန်လီမျိုးနွယ်စုကို တည်ထောင်ပြီးကတည်းကပင် အင်အားကြီးမားသည့် ကျင့်ကြံသူများ တစ်ပြိုင်နက်တည်း ကျဆုံးသွားခြင်းမျိုး မရှိခဲ့ဖူးပေ။

"တခြားနယ်မြေက နယ်မြေနတ်ဘုရား အင်အားစုရဲ့ လှုပ်ရှားမှုဆိုရင် ငါတို့မသိဘဲ နေမှာမဟုတ်ဘူး"

အနီရောင်မီးလျှံ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောအမျိုးသားတစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ငါသိသလောက်တော့ သခင်လေးယန်ကျင်းက ဟော်ယွင်တောင်တန်းဆီကို သွားခဲ့ပုံပဲ"

ထိုအနီရောင်မီးလျှံ ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် နန်လီမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ ခြောက်ဦးထဲမှ တစ်ဦး ဖြစ်သော ယန်ထိုက် ဖြစ်သည်။

"မင်းပြောတာ အမှန်ပဲ"

ယန်ဝူကျီက ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။

"ဟွမ်ဖူမိသားစုက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်မြေပုံကို မကြာသေးခင်က ရရှိခဲ့တယ်.. ဒါကြောင့် ယန်ကျင်းက ဟွမ်ဖူမိသားစုရဲ့လက်ထဲကနေ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို လုယူဖို့ အတွက် ယန်လဲ့ခုံးတို့ သုံးဦးကို ဟော်ယွင်တောင်တန်းဆီ ခေါ်ဆောင်သွားခဲ့တယ်"

ယန်ဝူကျီက နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်အတွက် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

ထို့ကြောင့် နန်လီမျိုးနွယ်စုနှင့် ပတ်သက်သည့် ကိစ္စအားလုံးကို ယန်ကျင်းထံ လွှဲအပ်ထားခဲ့၏။

သို့သော်လည်း ယန်ကျင်း၏ အရှင်ဟော်ယွင်အမွေအနှစ် အပေါ် ကြံစည်မှုနှင့် ပတ်သက်၍ ယန်ဝူကျီ ကောင်းစွာသိရှိထားခဲ့သည်။

ဆိုရလျှင် ယန်ကျင်းသည် သူ၏ သဘောတူညီချက်ဖြင့် ဖီးနစ်အကြီးအကဲ နှစ်ပါးကို ဟော်ယွင်တောင်တန်းဆီသို့ ခေါ်ဆောင်သွားခြင်း ဆိုလည်းမမှားပေ။

ဟွမ်ဖူမိသားစုတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ နှစ်ဦးသာရှိရာ ယန်ကျင်းက ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူသုံးဦးကို ခေါ်ဆောင်သွားခြင်းသည် လုံလောက်သည်ထက်ပင် ပိုနေသည်ဟု မူလက သူထင်ခဲ့၏။

ထို့အပြင် ယန်ကျင်း၏ ခန္ဓာကိုယ်ပေါ်တွင် နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းနှင့် နယ်မြေနတ်ဘုရားအဆင့် နတ်မီးလျှံ သံချပ်ဝတ်စုံလည်း ရှိနေခဲ့သည်။

ဆိုရလျှင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ မလှုပ်ရှားမချင်း မည်သူမှ ယန်ကျင်းကို ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။

ယခု ယန်ကျင်းတို့လေးဦးက ကျဆုံးသွားခဲ့ပြီဖြစ်ရာ အရှင်ဟော်ယွင်၏ အမွေအနှစ်နှင့် ပတ်သက်သည်မှာ သေချာသလောက်ပင်။

အရှင်ဟော်ယွင်၏ အမွေအနှစ်ဟူသော ယန်ဝူကျီ၏ စကားကိုကြားလျှင် နန်လီမျိုးနွယ်စုဝင်များ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အရှင်ဟော်ယွင်သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နန်လီနယ်မြေကို စိုးမိုးခဲ့သော နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည်။

ယန်ကျင်းတို့လူစုသည် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရယူရန် ကြိုးစားရင်း ကျဆုံးသွားခဲ့ပါသလော။

၎င်းတို့က အရှင်ဟော်ယွင်၏ အမွေအနှစ်အတွက် ဟွမ်ဖူမိသားစုနှင့် ယှဥ်ပြိုင်နေကြသည်။

သို့ရာတွင် ယန်ကျင်းတို့လေးဦး၏ ခွန်အားဖြင့်ဆိုလျှင် ဟွမ်ဖူမိသားစုမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးသည် ၎င်းတို့ကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းနိုင်ပါမည်နည်း။

"အကြီးအကဲချုပ်.. ကျွန်တော်တို့ကို ဒီနေ့ ခေါ်လိုက်တာ ဘယ်လိုအစီအစဥ်ရှိသလဲ ဆိုတာ သိပါရစေ"

ယန်ထိုက်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ မေးခွန်းထုတ်လိုက်သည်။

သူ၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်နေခဲ့၏။

"ဘယ်လိုပဲဖြစ်ဖြစ် အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်က ငါတို့နန်လီမျိုးနွယ်စုရဲ့ အပိုင်ပဲ ဖြစ်ရမယ်"

ယန်ဝူကျီ၏ မျက်ဝန်းထဲတွင် လောဘ အရိပ်အယောင်များ တောက်ပလာခဲ့သည်။

ဤတစ်ကြိမ် ဟော်ယွင်တောင်တန်းတွင် ယန်ကျင်းတို့ လေးဦး ကျဆုံးသွားခဲ့၍ နန်လီမျိုးနွယ်စု၏ ခွန်အားသည် အတော်လေး ထိခိုက်သွားခဲ့ရသည်။

ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ သူက နန်လီမျိုးနွယ်စု၏ ကြီးမားသော ဆုံးရှုံးမှုကို ပြန်လည် ဖြည့်ဆည်းရန် အတွက် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရယူရလိမ့်မည် မဟုတ်ပါလား။

အရှင်ဟော်ယွင်၏ အမွေအနှစ်သည် နန်လီနယ်မြေမှလူတိုင်း၏ အိပ်မက်ထဲမှ ရတနာသိုက် ဖြစ်သည်။

ထိုအမွေအနှစ်ထဲတွင် အရှင်ဟော်ယွင် သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်လည်း ပါဝင်၏။

သို့ဖြစ်ရာ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရရှိနိုင်သရွေ့ သူက နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် ၁၀၀ရာခိုင်နှုန်း သေချာသွားမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် နန်လီမျိုးနွယ်စု၌ နယ်မြေနတ်ဘုရားနှစ်ပါး ရှိလာမည် ဖြစ်ရာ ယန်ကျင်းတို့ လေးယောက် ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုသည် စိုးရိမ်စရာ မရှိတော့ပေ။

ထိုသို့ တွေးမိသည်နှင့် ယန်ဝူကျီ၏ အမိန့်ပေးသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ယန်ထိုက် နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော် ၃၀၀၀ ကို ချက်ချင်းဆင့်ခေါ်လိုက်.. ငါတို့ အခုချက်ချင်းပဲ ဟော်ယွင်တောင်တန်းဆီ သွားကြမယ်"

နန်လီမျိုးနွယ်စု ကိုယ်ရံတော်တပ်ဖွဲ့သည် နန်လီမျိုးနွယ်စု၏ ထက်မြက်သော တပည့်အားလုံးကို စုစည်းထားသည့် နန်လီမျိုးနွယ်စု၏ အစွမ်းထက်အင်အားစု ဖြစ်သည်။

နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်တပ်ဖွဲ့တွင် အင်အား ၃၀၀၀ခန့်ပါဝင်ပြီး အားအနည်းဆုံး ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်သည်ပင် အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရှိနေခဲ့၏။

၎င်းတို့ထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ အနည်းဆုံး ၁၀၀ခန့် ရှိသည်။

ထို့အပြင် ကိုယ်ရံတော်တပ်ဖွဲ့သည် အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး ဗျူဟာကို လေ့ကျင့်ထားခဲ့ကြသည်။

ထိုတိုက်ခိုက်ရေးဗျူဟာကို အသက်သွင်းလိုက်သည်နှင့် နယ်မြေနတ်ဘုရား အဆင့်အောက်တွင် ပြိုင်ဘက်မရှိဟုပင် ဆို၍ရ၏။

ယန်ဝူကျီက အရှင်ဟော်ယွင်၏ အမွေအနှစ်ကို လုံးဝရယူရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

"ဟုတ်ကဲ့"

ယန်ထိုက်က တုံ့ဆိုင်းမနေဘဲ ခန်းမထဲမှ ထွက်ခွာသွားခဲ့ပြီး နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်တပ်ဖွဲ့ကို အလျင်အမြန်ပင် ဆင့်ခေါ်လိုက်သည်။

မကြာမီမှာပင် ယန်ဝူကျီနှင့် ယန်ထိုက်တို့သည် နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် ၃၀၀၀ကို ဦးဆောင်ကာ ဟော်ယွင်တောင်တန်းဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားခဲ့ကြသည်။

နန်လီမြို့မှ လူတိုင်းသည် ထိုမြင်ကွင်းကိုမြင်လျှင် အံ့သြထိတ်လန့်သွားခဲ့ကြ၏။

နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီက နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် ၃၀၀၀ကို ကိုယ်တိုင် ဦးဆောင်ကာ ဟော်ယွင်တောင်တန်းဆီ ချီတက်သွားခဲ့ခြင်းကြောင့် ဟော်ယွင်တောင်တန်းတွင် တစ်စုံတစ်ရာ အကြီးအကျယ် ဖြစ်ပွားတော့မည်ဟု ခန့်မှန်းခဲ့ကြသည်။

ယန်ဝူကျီက လက်အောက်ငယ်သားများကို ဦးဆောင်ကာ ဟော်ယွင်တောင်တန်း ဆီသို့ ဦးတည်၍ သွားရောက်နေသောအချိန်မှာပင် နန်လီမြို့၏ အထက်ကောင်းကင်ယံ၌ ဖန့်မိသားစု၏ ခေါင်းဆောင် ဖန့်ယွီပိုသည် ယန်ဝူကျီတို့ လူစု သွားရောက်နေသည့် ဦးတည်ရာကို ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ အိုမင်းသောမျက်ဝန်းထဲ၌ အံ့သြတုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏နံဘေးတွင်လည်း နတ်မင်းတစ်ပါး ကဲ့သို့ အသွင်အပြင်ဖြင့် ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ဦး ရှိနေခဲ့၏။

"ညီနောင်ဝမ်.. ယန်ဝူကျီက နန်လီမျိုးနွယ်စုရဲ့ကိုယ်ရံတော် ၃၀၀၀ကို ကိုယ်တိုင်ဦးဆောင်ပြီး ဟော်ယွင်တောင်တန်းဆီ ချီတက်သွားခဲ့ပြီ.. ဒါက ဘာအတွက်လို့ မင်းထင်လဲ"

ဖန့်ယွီပိုက သူ၏နံဘေးမှ ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုကို မေးလိုက်သည်။

"ဒီအဖြေကို ညီနောင်ဖန့်ရဲ့ စိတ်ထဲမှာ ခန့်မှန်းပြီးသား ဖြစ်မှာပါ"

ဆံဖြူအဘိုးအို၏ မျက်ဝန်းများက တဖျပ်ဖျပ်လက်သွားခဲ့ပြီး လေးနက်စွာ ပြောလိုက်၏။

"ဟော်ယွင်တောင်တန်း တစ်ခုလုံးမှာ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်က လွဲပြီး နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော်၃၀၀၀ကို စေလွှတ်လောက်တဲ့ အထိ တန်ဖိုးရှိတဲ့ တခြားဘာပစ္စည်းများရှိသေးလို့လဲ.. ကြည့်ရတာ ဟော်ယွင်တောင်တန်းထဲမှာ နှစ်သန်းပေါင်းများစွာ တည်ရှိနေတဲ့ အရှင်ဟော်ယွင်ရဲ့အမွေအနှစ်က မကြာခင် ထွက်ပေါ်လာတော့မဲ့ပုံပဲ"

ထိုစကားကိုပြောရင်း ဖန့်ယွီပို၏ အိုမင်း‌သော မျက်ဝန်းထဲတွင် တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ဆံဖြူအဘိုးအိုကို လေးနက်စွာ ပြောလိုက်၏။

"ညီနောင်ဝမ် ဟော်ယွင်တောင်တန်းဆီ ငါတို့လည်း သွားကြစို့.. မင်းနဲ့ငါ လက်တွဲလိုက်မယ်ဆိုရင် အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ရကောင်း ရနိုင်လိမ့်မယ်"

အရှင်ဟော်ယွင်၏ အမွေအနှစ်သည် နန်လီနယ်မြေတွင် ထင်ရှားသည့် အမွေအနှစ်တစ်ခု ဖြစ်သည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်အထွတ်အထိပ်ကို ရောက်ရှိနေသော ကျင့်ကြံသူများအတွက် သေမတတ် ဆွဲဆောင်မှု ရှိ၏။

အကြောင်းရင်းမှာ အရှင်ဟော်ယွင်၏ အမွေအနှစ်ထဲတွင် အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရားသလင်းကျောက် ပါဝင်နေသောကြောင့်ပင်။

"ကောင်းပြီလေ ဒါဆိုလည်း ငါတို့တွေသွားကြစို့"

ဆံဖြူအဘိုးအို၏ စကားဆုံးသည်နှင့် ဖန့်ယွီပိုသည် ဟော်ယွင်တောင်တန်းဆီသို့ အလျင်အမြန်ပင် ပျံသန်းသွားခဲ့သည်။

All Chapters