← Chapters

အခန်း (၁၇၈၈)

Vol. 120 Ch. 1788

အခန်း (၁၇၈၈)

Vol. 120 Ch. 1788

နန်လီမျိုးနွယ်စုက ကိုယ်ရံတော် ၃၀၀၀ကို စေလွှတ်လိုက်သောကြောင့် နန်လီမြို့ရှိ အင်အားစုအများအပြားသည် အံ့သြထိတ်လန့်သွားခဲ့သည်။

ကျန်းချန်တို့က အရှင်ဟော်ယွင် ဖန်တီးထားသော သီးခြားကမ္ဘာအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့သည်။

မကြာခင်မှာပင် သူတို့အဖွဲ့သည် ရှေးဟောင်းလှိုဏ်ဂူ တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။

ဤလှိုဏ်ဂူသည် ဟော်ယွင်တောင်တန်းတွင် အရှင်ဟော်ယွမ် ကျင့်ကြံခဲ့သည့် လိုဏ်ဂူ ဆိုလည်းမမှားပေ။

လှိုဏ်ဂူ ပတ်ပတ်လည်ရှိ ရှုခင်းများသည် အဆက်မပြတ်ပြောင်းလဲနေပြီး မိုးကြိုး၊ လျှပ်စီး၊ မီး၊ အေးစက်သောလေနှင့်နတ်ဆိုး အရှိန်အဝါများ ရှိနေခဲ့သည်။

ထို့အပြင် လူသတ်အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့၏။

"ယွင်လဲ့ဖောက်လွဲဖောက်ပြန်အစီအရင်"

"လေအေးသတ်ဖြတ်ခြင်းအစီအရင်"

"နေရာလွတ်ပြောင်းပြန်အစီအရင်"

ရှယွမ်ခိုင်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက်တွင် အစီအရင်အမည်များကို အလျင်အမြန် ရေရွတ်လိုက်သည်။

သူ၏မျက်နှာက တစ်ခဏအတွင်းမှာပင် အလွန်တရာလေးနက်သွားခဲ့၏။

"ဒီနေရာမှာ နဝမအဆင့် သတ်ဖြတ်ခြင်း အစီအရင်သုံးခုတောင် ရှိနေတယ်.. ဒီအစီအရင်သုံးခုက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကိုတောင် အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိတယ်"

ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းက မနေနိုင်တော့ဘဲ အလျင်အမြန်ပင် မေးလိုက်သည်။

"ဆရာရှဆီမှာ ဒီအစီအရင်ကို ဖြိုခွဲလို့ရမဲ့ နည်းလမ်းရှိလား"

"အစီအရင်ကို ဖြိုခွဲလို့ရပေမဲ့ အချိန်တော့ နည်းနည်းယူရလိမ့်မယ်"

ရှယွမ်ခိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ငါ့ရဲ့စွမ်းရည်နဲ့ ဆိုရင် အနည်းဆုံး ၁၀ရက်လောက်တော့ ကြာလိမ့်မယ်"

ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းသည် ရင်ထဲတွင် လေးလံသွားခဲ့သည်။

ယခုအခါတွင် နန်လီမျိုးနွယ်စုက ယန်ကျင်းတို့လူစု ကျဆုံးသွားခဲ့သည့် အကြောင်းကို သိရှိသွားခဲ့ပြီ ဖြစ်ရာ ဟော်ယွင်တောင်တန်းဆီသို့ ၁ရက်၊၂ရက်အတွင်း ရောက်ရှိလာလိမ့်မည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် သူတို့တွင် ၁၀ရက်ခန့် အချိန်မရှိပေ။

"ကျွန်‌တော်စမ်းသပ်ကြည့်ပါရစေ"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ့ မျက်ဝန်းများဖြင့် သူ၏ ရှေ့မှ လှိုဏ်ဂူဆီသို့ စူးရှစွာ စိုက်ကြည့်လိုက်၏။

လှိုဏ်ဂူ ပတ်ဝန်းကျင်မှ အစီအရင်က အစွမ်းထက်သော်လည်း အပြင်ဘက်မှ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်နှင့် နှိုင်းယှဥ်လျှင်မူ အဆင့်အနည်းငယ် နိမ့်ကျနေခဲ့သည်။

သူက စကြဝဠာလဲ့ဟော်စည်းတံဆိပ်ကိုပင် အဆ၁၀၀စနစ်ကို အသုံးပြု၍ ရက်အနည်းငယ် အတွင်း သိရှိနိုင်ခဲ့သည်။

သို့ဖြစ်ရာ နဝမအဆင့် အစီအရင်ကို နားလည်သဘောပေါက်ရန်အတွက် အချိန်များစွာ လိုအပ်မည် မဟုတ်ပေ။

ကျန်းချန်က လှိုဏ်ဂူကို စူးစိုက်ကြည့်ပြီး ၁၀မိနစ်ခန့်အကြာမှာပင် စနစ်၏ အသိပေးချက်သည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် မြည်ဟည်းလာခဲ့သည်။

"ဒင်.. သင်က နဝမအဆင့် ယွင်လဲ့ဖောက်လွဲဖောက်ပြန် အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က ယွင်လဲ့ဖောက်လွဲဖောက်ပြန် အစီအရင်ကို ၁ ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နဝမအဆင့်‌ လေအေးသတ်ဖြတ်ခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က လေအေးသတ်ဖြတ်ခြင်း အစီအရင်ကို ၁ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နဝမအဆင့် နေရာလွတ် ပြောင်းပြန်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က နေရာလွတ်ပြောင်းပြန် အစီအရင်ကို ၁ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"

"............"

ကျန်းချန်က သူ၏ရှေ့မှ လှိုဏ်ဂူကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့ကာ နဝမအဆင့် သတ်ဖြတ်ခြင်း အစီအရင်သုံးခုကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။

ဤသို့ဖြင့် ၉နာရီခန့် ကြာမြင့်သွားပြီးနောက်တွင် စနစ်၏ သာယာသော သတိပေးချက်နှင့်အတူ နဝမအဆင့် သတ်ဖြတ်ခြင်း အစီအရင်သုံးခုကို ကျန်းချန်သည် ၁၀၀ရာခိုင်နှုန်း နားလည်သွားခဲ့သည်။

သူ၏ရှေ့မှ အစီအရင်သုံးခုကို ၁၀၀ ရာခိုင်နှုန်း နားလည်ပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ လှိုဏ်ဂူဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့၏။

ယခုအခါတွင် အစီအရင်သုံးခုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအားလုံးသည် သူ၏စိတ်ထဲတွင် ရှိနေ၍ အစီအရင်၏ ချို့ယွင်းချက်များနှင့် ပတ်သက်ပြီး ကျန်းချန်သည် အလွန်တရာပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

သူက ခြေလှမ်းတိုင်းကို စက်ဝိုင်းသဏ္ဌာန် သင်္ကေတအတိုင်း နင်းလျှောက်သွားခဲ့၏။

ခြေလှမ်းကိုးလှမ်းကို ဆက်တိုက်လှမ်းပြီးနောက်တွင် ကျန်းချန်သည် ယွင်လဲ့ဖောက်လွဲဖောက်ပြန် အစီအရင်၏ အဓိကအားနည်းချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း.."

လှိုဏ်ဂူတစ်ခုလုံးက တုန်ခါသွားခဲ့ပြီး မူလက လှိုဏ်ဂူကို လွှမ်းခြုံထားသော မိုးကြိုးမုန်တိုင်း စွမ်းအားသည် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က လေအေးသတ်ဖြတ်ခြင်း အစီအရင်နှင့် နေရာလွတ် ပြောင်းပြန်အစီအရင်ကိုလည်း သူသိထားသော အချက်အလက်များ အတိုင်း အတိအကျ ပြုလုပ်လိုက်ရာ လျင်မြန်စွာပင် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး လှိုဏ်ဂူ ပတ်ပတ်လည်ရှိ စွမ်းအားများကို ပျံ့လွင့်သွားစေခဲ့သည်။

"ဆရာကျန်းရဲ့ အစီအရင် ပညာရပ်က တကယ်ကို ကြောက်စရာပဲ"

သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ရှယွမ်ခိုင်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

မဟာမြေရိုင်းနယ်မြေ၏ ကျော်ကြားသော နဝမအဆင့် အစီအရင်သခင်တစ်ဦး အနေဖြင့် ရှယွမ်ခိုင်သည် သူ၏ အစီအရင်ပညာရပ်နှင့် ပတ်သက်၍ အမြဲတစေ ယုံကြည်မှုရှိခဲ့သည်။

သို့သော် ယခုတစ်ကြိမ် ကျန်းချန်နှင့် တွေ့ဆုံပြီးနောက်တွင် ရှယွမ်ခိုင်သည် တောင်တစ်တောင်ထက် တစ်တောင် ပို၍ မြင့်မားသည် ဟူသော အဓိပ္ပါယ်ကို သိရှိနားလည်သွားခဲ့၏။

ကျန်းချန်နှင့် နှိုင်းယှဥ်လျှင် သူ၏ အစီအရင်ပညာရပ်သည် အမှိုက်ထက် မပိုပေ။

ဟွမ်ဖူလင်းတို့ လူစုသည်လည်း အလားတူပင် အံ့သြထိတ်လန့်နေခဲ့ကြသည်။

ဤကောင်လေးသည် နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းကိုပင် သတ်ဖြတ်နိုင်သည့် ကိုယ်ခံပညာ ပါရမီရှင်တစ်ဦးဖြစ်သည်။

ထို့အပြင် အစီအရင်လမ်းစဥ်ပေါ်ရှိ အောင်မြင်မှုကလည်း ရှယွမ်ခိုင် ကဲ့သို့ နဝမအဆင့် နတ်အစီအရင်သခင်ကိုပင် အထင်ကြီး‌ လေးစားစေနိုင်စွမ်း ရှိ၏။

မည်သည့်အင်အားစုက ဤမျှလောက် ပြိုင်ဘက်ကင်းသော ပါရမီရှင်ကို ပျိုးထောင်ခဲ့မှန်း ဟွမ်ဖူလင်းတို့ လူစုသည် မတွေးနိုင်တော့ပေ။

မဟာမြေရိုင်းနတ်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင်ပင်လျှင် ထိုမျှလောက် ပါရမီမရှိဟု ထင်ရသည်။

"ကံကောင်းသွားလို့ပါ.. ငါတို့ အထဲဝင်ကြစို့"

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး လှိုဏ်ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ကျယ်ပြောလှသော ခန်းမဆောင်တစ်ခုသည် ကျန်းချန်တို့လူစု၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ခန်းမထဲတွင် အနီရောင် ဖယောင်းတိုင် ဒါဇင်ပေါင်းများစွာကို ထွန်းညှိထားပြီး ခန်းမ၏ အလယ်တွင် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက တင်ပျဥ်ခွေထိုင်၍ ရှိနေခဲ့၏။

အဘိုးအိုက ဆံပင်ရော မုတ်ဆိတ်ပါ နီရဲနေခဲ့ပြီး အသားအရေ ကြည်လင်ကာ ခန္ဓာကိုယ်ကနေလည်း ပြင်းပြသော မီးအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

သူ၏ရှေ့မှ အဘိုးအိုသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နန်လီနယ်မြေတွင် ထင်ရှားကျော်ကြားခဲ့သည့် အရှင်ဟော်ယွင် ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။

"ဒါက အရှင်ဟော်ယွင်လား"

အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ကို မြင်လျှင် ဟွမ်ဖူလင်းက တအံ့တသြ ရေရွတ်လိုက်သည်။

"ခန္ဓာကိုယ်က နှစ်သန်းပေါင်းများစွာ မပျက်စီးခဲ့ဘူး ဆိုတော့ အရှင်ဟော်ယွင်က မသေခင်မှာ နယ်မြေနတ်ဘုရားသလင်းကျောက်ကို အမှန်တကယ် စုစည်းခဲ့တာပဲ"

"ခေါင်းဆောင် ဟိုဓားကို ကြည့်ပါဦး.. အဲဒါက ဒဏ္ဍာရီလာ ကောင်းကင်မီးနတ်ဓားပဲ ဖြစ်ရမယ်"

ထိုအချိန်မှာပင် ဟွမ်ဖူစုန့်သည် အရှင်ဟော်ယွင်၏ အရှေ့တွင် ရှိသော နေရာတစ်ခုသို့ ရုတ်တရက် လက်ညှိုးညွှန်ပြကာ တအံ့တသြ ရေရွတ်လိုက်သည်။

ကျန်းချန်နှင့် ဟွမ်ဖူလင်းတို့က ဟွမ်ဖူစုန့် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ရှေ့တွင် ရိုးရှင်းသော အနီရောင် ဓားရှည်တစ်လက်ကို တွေ့လိုက်ရ၏။

ထိုအနီရောင်ဓားရှည်က အတော်လေး ရိုးရှင်းပုံရသော်လည်း အလွန်အားပြင်းသော မီးအရှိန်အဝါများ ကိန်းအောင်းနေသည်ကို ကျန်းချန် ခပ်ရေးရေးခံစားမိခဲ့သည်။

ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်.. ဒါက အရှင်ဟော်ယွင်အသုံးပြုခဲ့တဲ့‌ ကောင်းကင်မီးနတ်ဓားပဲ ဖြစ်ရမယ်"

အရှင်ဟော်ယွင်၏ အမွေအနှစ်သည် နန်လီနယ်မြေရှိ လူတိုင်း၏ စိတ်ကူးအိပ်မက်ထဲမှ ရတနာသိုက် ဖြစ်သည်။

နယ်မြေနတ်ဘုရား သလင်းကျောက်နှင့် နယ်မြေနတ်ဘုရားအဆင့် နတ်လက်နက် ဖြစ်သည့် ကောင်းကင်မီးနတ်ဓားသည်ကပင် ကျင့်ကြံသူပေါင်း များစွာကို ရူးသွပ်စေရန် လုံလောက်နေပြီ ဖြစ်၏။

ဟွမ်ဖူလင်းက ကောင်းကင်မီးနတ်ဓားနှင့် အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ကို တစ်လှည့်စီ ကြည့်ရှုလိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်.. ဟွမ်ဖူလင်းက ညီနောင်ကျန်းချန်ဆီမှာ တောင်းဆိုပါရစေ"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ခေါင်းဆောင်ဟွမ်ဖူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို အလိုရှိနေတာ မဟုတ်လား"

"ညီနောင်ကျန်းချန် ခန့်မှန်းတာမှန်ပါတယ်.. ဒီတစ်ကြိမ် ငါတို့တွေ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ချောချောမွေ့မွေ့ ရရှိနိုင်တာက ညီနောင်ကျန်းချန်ရဲ့ အကူအညီကြောင့်ပါပဲ.. အကျိုးအကြောင်း ဆင်ခြင်ချက်အရဆိုရင် ဒီနယ်မြေနတ်ဘုရားသလင်းကျောက်ကို ညီနောင်ကျန်းချန်ပဲ ပိုင်ဆိုင်သင့်ပါတယ်.. ဒါပေမဲ့ ငါ့အနေနဲ့ ဒီနယ်မြေနတ်ဘုရား သလင်းကျောက်ကို အခုအချိန်မှာ အမှန်တကယ် လိုအပ်နေလို့ ညီနောင်ကျန်းချန်က ကရုဏာထားပြီး ပေးအပ်ဖို့ မျှော်လင့်ပါတယ်"

ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"ဟွမ်ဖူမိသားစုအနေနဲ့ ဒီနယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရင်လုံလောက်ပါပြီ.. ကျန်တာအားလုံး ညီနောင်ကျန်းချန် အပိုင်ပါပဲ.. ဘယ်လိုသဘောရလဲ"

"ကောင်းပြီ"

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

"ခေါင်းဆောင်ဟွမ်ဖူက အခြေအနေတစ်ခုကို ကတိပေးသရွေ့ ကျွန်တော်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို ခေါင်းဆောင်ဟွမ်ဖူဆီ ပေးပါ့မယ်"

All Chapters