အခန်း (၁၇၉၄)
Vol. 120 Ch. 1794
ဟန်ယွဲ့နယ်မြေသည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ၁၃ခုအနက်မှ တစ်ခုဖြစ်ပြီး နန်လီနယ်မြေ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။
နယ်မြေနှစ်ခုကြားတွင် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ၁၃ခုအနက်မှ တစ်ခုဖြစ်သော ယွင်မုန့်နယ်မြေသာ ကွာခြားသည်။
သို့သော်လည်း ဟန်ယွဲ့နယ်မြေနှင့်နန်လီနယ်မြေတို့၏ အကြားတွင် ယွင်မုန့်နယ်မြေတစ်ခုသာ ရှိသော်လည်း အကွာအဝေးမှာမူ အလွန်တရာ ဝေးကွာလှ၏။
အဆုံးသတ်တွင် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေတစ်ခုချင်းစီသည် ရှေးဟောင်းနဂါးကုန်းမြေနှင့်ပင် နှိုင်းယှဥ်နိုင်ပြီး တချို့သော နယ်မြေများ ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေထက်ပင် ပိုမို ကျယ်ပြန့်သည်။
ကျန်းချန်သည် ထာဝရဘုရားကျောင်းမှ သူ့ကို ပေးအပ်ထားခဲ့သော မြေပုံအတိုင်း ဟန်ယွဲ့နယ်မြေဆီသို့ ခရီးထွက်ခဲ့သည်။
ခရီးတစ်လျှောက်လုံးက အလွန်တရာပင် ချောမွေ့နေခဲ့ပြီး မည်သည့် ပြဿနာနှင့်မှ မကြုံတွေ့ခဲ့ရပေ။
ထိုသို့ ဖြစ်နေသည့်တိုင် ယွင်မုန့်နယ်မြေကို ဖြတ်ကျော်ကာ ဟန်ယွဲ့နယ်မြေကို ရောက်ရှိရန် အတွက် ကျန်းချန်သည် လဝက်ကျော်ခန့် အချိန်ယူခဲ့ရသည်။
ဟန်ယွဲ့နယ်မြေ အနောက်တောင်ဘက်ရှိ အဆုံးမဲ့လွင်ပြင်အထက် ကောင်းကင်ယံတွင် အနက်ရောင်ပုံရိပ် တစ်ခုသည် ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်သည် တခြားသူ မဟုတ်ဘဲ နန်လီနယ်မြေကနေ ခရီးဆန့်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။
"နောက်ဆုံးတော့ ငါ ဟန်ယွဲ့နယ်မြေကို ရောက်လာခဲ့ပြီ.. ငါ့ရဲ့အမြန်နှုန်းနဲ့ဆိုရင် အကြာဆုံး သုံးရက်အတွင်း ဟန်ယွဲ့နန်းတော်ကို ရောက်ရှိနိုင်မှာပဲ ဟန်ယွဲ့နန်းတော်မှာ ငါ့ရဲ့အမေကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ရတာပဲ"
ကျန်းချန်က ဟန်ယွဲ့နယ်မြေ၏ မြောက်ဘက်အရပ်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မဟာမြေရိုင်းနယ်မြေရှိ နယ်မြေ၁၃ခုတွင် ဟန်ယွဲ့နယ်မြေသည် အင်အားကြီးမားသော နယ်မြေတစ်ခု ဖြစ်သည်။
ဆိုရလျှင် မဟာမြေရိုင်းနယ်မြေ၏ အဓိက နယ်မြေလေးခုမှ လွဲရင် ဟန်ယွဲ့နယ်မြေ ခွန်အားသည် အခြား မည်သည့်နယ်မြေထက်မှ မနိမ့်ကျပေ။
ဟန်ယွဲ့နယ်မြေတွင် နယ်မြေနတ်ဘုရားအင်အားစု နှစ်စု ရှိသည့်အပြင် နယ်မြေနတ်ဘုရား တစ်ပိုင်း အင်အားစု လေး၊ငါးစုလည်း ရှိသည်။
ဟန်ယွဲ့နယ်မြေ၏ နံပါတ်(၁)ဂိုဏ်း ဖြစ်သည့် ဟန်ယွဲ့နန်းတော်၏ ခွန်အားသည် အလွန်တရာပင် နက်ရှိုင်း၏။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင် ဟန်ယွဲ့နန်းတော်နှင့်ရင်ဆိုင်ရမည် ဆိုလျှင် ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။
"မင်းတို့ ရိုရှာတောင်က ဓားပြတွေက သေချင်နေပြီလား.. လေအေးမြို့တော်က ငါတို့ ဖုန်းမိသားစုကိုတောင် အတင့်ရဲပြီးလုယက်ရဲတယ်"
ကျန်းချန်က ဟန်ယွဲ့နန်းတော်နှင့် ပတ်သက်၍ စဥ်းစားနေစဥ်မှာပင် အေးစက်စက် ကြုံးဝါးလိုက်သော အသံတစ်သံသည် သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။
ထိုအခါ သူနှင့် မိုင်၁၀၀အကွာတွင် လေထဲတွင် ရွက်လွှင့်လာသော ဟင်းလင်းပြင်လှေ တစ်စီးကို မြင်လိုက်ရသည်။
ထိုလှေပေါ်တွင် လူဒါဇင်ပေါင်းများစွာ မတ်တတ်ရပ်နေကြ၏။
ခေါင်းဆောင်လုပ်သူမှာ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်သည်။
ထိုငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ အနောက်တွင် ဆင်တူဝတ်စုံများကို ဝတ်ဆင်ထားသော ပုံရိပ် ၂၀၊ ၃၀ခန့် ရှိနေကြ၏။
ထိုအထဲမှ အများစုသည် ငယ်ရွယ်ကြသော်လည်း ကျင့်ကြံခြင်း အဆင့်ကမူ အလွန်တရာပင် ကောင်းမွန်ကြ၏။
၎င်းတို့အထဲမှ အားအနည်းဆုံးသူသည်ပင် ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ၎င်းတို့သည် ဟန်ယွဲ့နယ်မြေမှ အင်အားစုတစ်ခုခု၏ ထိပ်တန်းအဖွဲ့ဝင်များ ဖြစ်မှန်း သိရှိနိုင်ပေသည်။
ထိုလူ၂၀၊ ၃၀ကြားတွင် အတော်လေး ထင်ပေါ်နေသော ယောကျ်ားလေး တစ်ဦး နှင့် မိန်းကလေးတစ်ဦး ရှိသည်။
ယောကျ်ားလေး၏ မျက်နှာသွင်ပြင်က ချောမောခန့်ညားပြီး မိန်းကလေးကမူ နတ်သမီးတစ်ပါးကဲ့သို့ ကြည့်ကောင်းသည်။
သူမက မိုးမခရွက်ကဲ့သို့ ကွေးညွတ်သော မျက်ခုံးမွေးများ၊နှင်းဆီရောင်နှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများကို ပိုင်ဆိုင်ထားသည့်အပြင် အချိုးအစားလှပသော ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ထိုနှစ်ဦး၏ ပါရမီသည် အလွန်တရာပင် ထူးခြားပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
နန်လီနယ်မြေ၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ယန်ကျင်းနှင့်နှိုင်းယှဥ်လျှင်ပင် ၎င်းတို့၏ ခွန်အားသည် အနည်းငယ်မျှသာ နိမ့်ကျသည်။
ယခုအချိန်တွင် ဟင်းလင်းပြင်လှေပေါ်ရှိ လူတိုင်းသည် ရှေ့တည့်တည့်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
သူတို့ရှေ့ရှိ ပေရာပေါင်းများစွာ အကွာအဝေးတွင် ခက်ထန်သော အသွင်အပြင်ရှိသည့် အမျိုးသား ဒါဇင်ပေါင်းများစွာသည် လေထဲတွင် ရပ်တန့်နေခဲ့ကြသည်။
၎င်းတို့အားလုံးသည် ကောင်းကင်နတ်ဘုရားများ ဆိုလည်း မမှားပေ။
ခေါင်းဆောင်ဖြစ်သည့် မျက်နှာဖုံးစွပ်ထားသည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"ဟားဟား လေအေးမြို့က ဖုန်းမိသားစု ဖြစ်တော့ရော ဘာဖြစ်လဲ.. ငါတို့ ရိုရှာတောင်ဓားပြအဖွဲ့က လုယက်တဲ့အခါ ဘယ်သူ့ကိုမှ သောက်ဂရုစိုက်တာ မဟုတ်ဘူး"
မျက်နှာဖုံးစွပ်ထားသော အမျိုးသား၏ နံဘေးမှ ဓားပြတစ်ဦးက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
"အပိုစကားတွေ ပြောမနေနဲ့.. အသက်ရှင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ ဟင်းလင်းပြင်လှေနဲ့ သိုလှောင်လက်စွပ်တွေကို ချန်ထားခဲ့ရလိမ့်မယ်"
"အိပ်မက်ပဲ သွားမက်နေလိုက်"
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်သည်။
"ဒီနေ့ ငါတို့ ဖုန်းမိသားစုရဲ့ ဆံချည်တစ်မျှင်ကို ထိရဲရင် ငါတို့ဖုန်းမိသားစုက မင်းတို့ ရိုရှာတောင် ဓားပြအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ငါကတိပေးတယ်"
လေအေးမြို့မှ ဖုန်းမိသားစုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အစွမ်းထက် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသော မိသားစု ဖြစ်သည်။
ရိုရှာတောင် ဓားပြအဖွဲ့က နာမည်ကျော်ကြားသော ဓားပြများဖြစ်သော်လည်း ဖုန်းမိသားစုသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
သို့သော်လည်း သူတို့၏ လက်ရှိခွန်အားသည် ရိုရှာတောင်မှဓားပြများနှင့် ယှဥ်ပြိုင်ရန် လုံလောက်မှုမရှိချေ။
ထို့ကြောင့် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ဖုန်းမိသားစု၏ အမည်ဖြင့် ရိုရှာတောင်ဓားပြအဖွဲ့ကို ခြောက်လှန့်လိုက်ခြင်းပင်။
သို့သော်လည်း မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကို လုံးဝ အလေးမထားခဲ့ပေ။
သူက ချက်ချင်းဆိုသလိုပင် ငယ်သားများကို အမိန့်ပေးလိုက်သည်။
"တိုက်တော့"
မျက်နှာဖုံးစွပ် အမျိုးသား၏ စကားသံ အဆုံးသတ်သည်နှင့် ဓားပြများက ငွေရောင်ဝတ်စုံဝတ် အဘိုးအိုတို့ လူစုကို သတ်ဖြတ်ရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တက်လာခဲ့ကြသည်။
"ဟမ့် ဓားပြအဖွဲ့သေးသေးလေးကများ ငါတို့ဖုန်းမိသားစုကို တိုက်ခိုက်ရဲတယ်.. ငါဖုန်းရွှယ်က မင်းတို့ ဓားပြတွေကို သင်ခန်းစာ ပေးရသေးတာပေါ့"
ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ အနောက်မှ ချောမောခန့်ညားသော လူငယ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ငွေရောင်ဓားရှည်တစ်လက်ကို ထုတ်ကာ စတင် တိုက်ခိုက်လိုက်သည်။
"အားလုံးပဲ ညီနောင်ဖုန်းရွှယ်ကို ကူညီပြီး ရိုရှာတောင်က ဓားပြတွေအားလုံးကို တိုက်ခိုက်ကြစို့"
ဖုန်းရွှယ်က စတင် တိုက်ခိုက်လိုက်သည်နှင့် ဖုန်းမိသားစုမှတပည့်များသည် ရိုရှာတောင်မှ ဓားပြများကို စတင်တိုက်ခိုက်ခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံတွင် ကြီးကျယ်ခမ်းနားသော စွမ်းအားများဖြင့် ရှုပ်ထွေးနေခဲ့ပြီး ကောင်းကင်ယံကိုပင် တုန်ခါစေသော ပေါက်ကွဲသံများသည်လည်း လေထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။
ဖုန်းမိသားစုမှ တပည့်များသည် ခွန်အားအရာတွင် မနိမ့်ကျသော်လည်း ရိုရှာတောင်မှ ဓားပြများနှင့် နှိုင်းယှဥ်လျှင်မူ ခွန်အားနှင့်အရေအတွက်၌ လုံးဝကို အားနည်းနေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ဖုန်းမိသားစုမှ တပည့်များသည် ရိုရှာတောင် ဓားပြများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ကြ၏။
"သွားသေလိုက်စမ်း"
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက အကူအညီပေးရန် ကြိုးစားလိုက်စဥ်မှာပင် မျက်နှာဖုံးစွပ်ထားသော အမျိုးသားက ငွေရောင်ဝတ်စုံဝတ် အဘိုးအိုကို တားဆီးလိုက်သည်။
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်နှာဖုံးစွပ်ထားသောအမျိုးသားကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်၏။
"လော်ဟော် လမ်းဖယ်ပေးစမ်း.. မင်းမရပ်ဘူးဆိုရင် ငါတို့ဖုန်းမိသားစုက မင်းတို့ ရိုရှာတောင် ဓားပြအဖွဲ့ကို အမြစ်ဖြတ် ရှင်းလင်းပစ်မယ်"
"အဘိုးကြီး ငါ့ကို ခြိမ်းခြောက်ဖို့မစဥ်းစားနဲ့"
မျက်နှာဖုံးစွပ်ထားသော အမျိုးသားက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"တခြားသူတွေက မင်းရဲ့ဖုန်းမိသားစုကို ကြောက်ပေမဲ့ ငါတို့ရိုရှာတောင် ဓားပြအဖွဲ့ကတော့ မကြောက်ဘူးကွ.. မင်းတို့ ဖုန်းမိသားစုက အင်အားကောင်းတယ် ဆိုပေမဲ့လည်း ငါတို့က မင်းတို့အနိုင်ကျင့်တိုင်း ကျင့်လို့ရတဲ့ ဓားပြအဖွဲ့ မဟုတ်ဘူး"
ထိုစကားကို ကြားလျှင် ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
သူက သွားများကို အံကြိတ်ကာ မေးလိုက်၏။
"လော်ဟော် မင်း ငါတို့ဆီက ဘာလိုချင်တာလဲ"
"ငါက မင်းတို့ဆီက ပစ္စည်းတွေ အားလုံးကို လိုချင်တယ်.. ဒါဆိုရင်တော့ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်"
ထိုစကားကိုကြားလျှင် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက ခဏမျှ စဥ်းစားလိုက်ပြီး အဆုံသတ်၌ လိုက်လျောရန် ရွေးချယ်ခဲ့သည်။
လက်ရှိအချိန်တွင် ရိုရှာတောင်ဘက်တွင် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် ကျင့်ကြံသူသုံးပါး ရှိပြီး သူတို့ ဖုန်းမိသားစုဘက်တွင်မူ ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် သူတစ်ဦးတည်းသာ ရှိသည်။
ဖုန်းရွှယ်နှင့် အခြားသော ပါရမီရှင်များသည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ဖုန်းရွှယ်နှင့် ဖုန်းမိသားစုမှ ပါရမီရှင် တပည့်များသာ ကျဆုံးသွားခဲ့လျှင် သူ့အနေဖြင့် ဖုန်းမိသားစု ဘိုးဘေးများကို တွေ့ဆုံရန် မျက်နှာရှိမည် မဟုတ်တော့ပေ။
ထို့ကြောင့် ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက သူ၏ စိတ်နှလုံးထဲမှ ဒေါသကို ထိန်းချုပ်လိုက်ပြီး ဖုန်းမိသားစုဝင်များကို ၎င်းတို့၏ ပစ္စည်းအားလုံး အပ်နှံရန်အတွက် အမိန့်ပေးရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် သူတို့၏ အနောက်ကနေ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ငါ့ရဲ့ရှေ့ကနေ လမ်းဖယ်ပေးကြစမ်း. မင်းတို့တွေ တိုက်ခိုက်တာက အရေးမကြီးဘူး. ဒါပေမဲ့ ငါ့လမ်းကိုတော့ ပိတ်ဆို့ဖို့ မစဥ်းစားနဲ့"