အခန်း (၁၇၉၅)
Vol. 120 Ch. 1795
ရုတ်တရက် ထွက်ပေါ်လာသော အသံက တိုက်ပွဲဝင်နေသော နှစ်ဖက်အင်အားစုများကို အံ့အားသင့်စေခဲ့သည်။
သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက သူတို့ရှိရာသို့ လာနေသည်ကို မြင်လိုက်ရ၏။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ ကျန်းချန်ပင် ဖြစ်သည်။
"ဒီကောင်လေးက ဘယ်သူလဲ"
ဖုန်းမိသားစုမှ အဖွဲ့ဝင်များသည် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် အံ့အားသင့်နေခဲ့ကြသည်။
သူတို့ဖုန်းမိသားစုနှင့် ရိုရှာတောင်ဓားပြအဖွဲ့တို့ အပြင်းအထန်တိုက်ခိုက်နေကြစဥ်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တစ်ယောက်တည်း ရောက်လာခဲ့ပြီး လမ်းဖယ်ခိုင်းရန် တောင်းဆိုနေခဲ့သည်။
ဤသည်ကိုထောက်လျှင် ထိုကောင်လေးသည် သာမန် မဟုတ်လောက်ပေ။
ဖုန်းမိသားစုမှ ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်အားစုနှစ်စုကြားမှ တိုက်ပွဲကို အလေးမထားပုံရသောကြောင့် ထိုလူငယ်ထံတွင် အားကိုးစရာတစ်ခုခု ရှိနေလောက်၏။
လေအေးမြို့၏ ဖုန်းမိသားစု အကြီးအကဲအနေဖြင့် ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ မြင်နိုင်စွမ်းသည် သာမန်မဟုတ်ပေ။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က အရှိန်အဝါကို တမင်တကာဖုံးကွယ်ထားသော်လည်း ငွေရောင်ဝတ်စုံဝတ် အဘိုးအိုသည် လူငယ်၏ ထူးခြားသော ခွန်အားကို ခံစားမိခဲ့သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတို့လူစုအနေဖြင့် အထိအခိုက်မရှိဘဲ ထွက်ခွာနိုင်မည့် အဓိကသော့ချက်သည် သူတို့ရှေ့ရှိ ထို လူငယ်လေးပေါ်တွင် မူတည်နေလောက်၏။
"ကောင်လေး မင်းဘယ်သူလဲ.. ရိုရှာတောင်အဖွဲ့က ဒီမှာ ဓားပြတိုက်နေတာ မတွေ့ဘူးလား.. မသေချင်ဘူးဆိုရင် ခပ်ဝေးဝေးကို ထွက်သွားလိုက်စမ်း.. ကိုယ့်သေတွင်းကိုယ်တူးဖို့ မကြိုးစားချင်နဲ့"
ရိုရှာတောင်ဓားပြအဖွဲ့မှ စိတ်ဆတ်သော ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသည် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်က ဖုန်းမိသားစုနှင့် ရိုရှာတောင် ဓားပြအဖွဲ့တို့ ကြားရှိ ပဋိပက္ခကို တွေ့ရှိပြီးနောက်တွင် ၎င်းတို့ တိုက််ခိုက်နေကြသည့် နေရာသို့ တန်းတန်းမတ်မတ်ပင် တမင်တကာ လျှောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် သူသည် ဟန်ယွဲ့နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဟန်ယွဲ့နယ်မြေနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိထားခဲ့ပေ။
ဤလေအေးမြို့မှ ဖုန်းမိသားစုသည် ဟန်ယွဲ့နယ်မြေတွင် အင်အားကောင်းသော မိသားစုတစ်စု ဖြစ်နိုင်လောက်သည်။
သူသာ ဖုန်းမိသားစုကို ကယ်တင်နိုင်လျှင် ဖုန်းမိသားစုမှတစ်ဆင့် ဟန်ယွဲ့နယ်မြေနှင့် ဟန်ယွဲ့နန်းတော်၏ အခြေအနေကို နားလည်နိုင်ပြီး သူ့မိခင်၏ သဲလွန်စကို စုံစမ်းနိုင်လိမ့်မည် ဖြစ်သည်။
"ငါက လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ"
ကျန်းချန်က တည်ငြိမ်စွာပြောလိုက်သည်။
"မင်းတို့ ရိုရှာတောင်ရဲ့ ကိစ္စတွေကို ငါစိတ်မဝင်စားဘူး.. ငါ့ရဲ့လမ်းကို ပိတ်မနေဖို့ဘဲ မင်းတို့ကို ပြောချင်တယ်"
"ဟမ့် မလောက်လေး မလောက်စားကောင်လေးကများ ငါတို့ ရိုရှာတောင် ဓားပြအဖွဲ့ကို မထီမဲ့မြင်လုပ်ရဲတယ်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့"
ထိုစကားကို ပြောလိုက်သူမှာ ရိုရှာတောင်ဓားပြအဖွဲ့၏ နံဘေးမှ ကျင့်ကြံသူ ဖြစ်သည်။
ထိုလူက ကြောက်မက်ဖွယ် သွေးအရှိန်အဝါများ ပါဝင်နေသည့် ဧရာမလက်သည်းကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"ငါ့အထင်တော့ ကိုယ့်သေလမ်း ကိုယ်ရှာနေတာက မင်းပဲ"
ကျန်းချန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် လက်ချောင်းထိပ်မှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
ကျန်းချန်၏ လက်ချောင်းထိပ်ကနေ ထွက်ပေါ်လာသော ဓားစွမ်းအားသည် မိုင်ရာပေါင်းများစွာ အတွင်းရှိ တောင်တန်းများနှင့် မြစ်များကိုပင် လှုပ်ခါစေခဲ့သည်။
ခေါင်းဆောင်ဖြစ်သော မျက်နှာဖုံးစွပ် အမျိုးသားသည် ကျန်းချန်၏ ဓားစွမ်းအားကနေ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်ပြီး ရုတ်တရက် အမူအရာပြောင်းလဲသွားခဲ့၏။
"ဆဋ္ဌမညီနောင် ချက်ချင်းပြန်ဆုတ်"
ကျန်းချန်၏ လက်ချောင်းထိပ်ကနေ ထုတ်ဖော်လိုက်သော ဓားစွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကျင့်ကြံသူ ဖြစ်သည့် ထိုအမျိုးသားသည် ခံနိုင်ရည် မရှိခဲ့ပေ။
လျှပ်တစ်ပြက်အတွင်းမှာပင် ထိုဓားပြ ထုတ်ဖော်ထားသော ဧရာမလက်သည်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဓားပြက ရုတ်တရက် မျက်မှောင်ကြုတ်သွားလိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးစွမ်းအင် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ကာ ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်လိုက်သည်။
"လခွမ်း ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"
ဆန့်ကျင်ဘက်မှ ကျန်းချန်ကိုကြည့်ကာ သူ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အစောပိုင်းကသာ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ထွက်မပြေးခဲ့လျှင် သူက ထိုဓားစွမ်းအားအောက်တွင် ကျဆုံးသွားလောက်ပြီ ဖြစ်၏။
သူက စိတ်နှလုံးထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။
သူ၏ရှေ့ရှိ ပုဂ္ဂိုလ်ကို သူ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်မှန်း ကောင်းစွာသိလိုက်၏။
ထို့ကြောင့် သူက ရိုရှာတောင်မှ ဓားပြအချို့နှင့်အတူ ကျန်းချန်ကို ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် သူ၏ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ခေါင်းကို ငုံ့ကြည့်လိုက်ရာ သူ၏ လည်ပင်းကနေ စတင်၍ ရင်ဘတ်အထိ ရှိသော ကန့်လန့်ပြတ် ဓားဒဏ်ရာတစ်ခုကို မြင်လိုက်ရသည်။
သူဘာမှ မတုံ့ပြန်နိုင်မီမှာပင် ကြောက်မက်ဖွယ်ရာ ဓားအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားခဲ့ပြီး အရိုးနှင့်အသားများသည် ကြောက်မက်ဖွယ် ဓားစွမ်းအင်အောက်တွင် အပိုင်းအစများဖြစ်သွားကာ ဘာမှမကျန်ရှိတော့ပေ။
ကျန်းချန်က ဓားစွမ်းအားကို ပေါ့ပါးစွာ ထုတ်ဖော်၍ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကို လျှပ်တစ်ပြက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် လုံးဝတိတ်ဆိတ်သွားခဲ့သည်။
ငွေရောင်ဝတ်စုံဝတ် အဘိုးအို ဦးဆောင်သည့် ဖုန်းမိသားစုဝင်များဖြစ်စေ၊ ရိုရှာတောင်မှ ဓားပြများဖြစ်စေ မှင်တက်ရာကနေ ပြန်လည်သတိဝင်လာရန် အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။
"မြန်လိုက်တဲ့ဓားစွမ်းအား.. ဒီကောင်လေးရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပါလား"
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အသက်ကိုခပ်ပြင်းပြင်းရှုသွင်းကာ ရေရွတ်လိုက်သည်။
သိထားရမည့်အချက်မှာ အနက်ရောင်ဝတ်စုံဝတ် ကောင်လေးနှင့် တိုက်ခိုက်ခဲ့သော အမျိုးသားသည် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဖုန်းမိသားစုမှ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ဖုန်းရွှယ်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ခွန်အားကို အသုံးပြု၍ အစွမ်းထက် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ဤကဲ့သို့သောအချိန်တွင် သူ့ကိုယ်သူ ကာကွယ်ရန်သာ တတ်နိုင်ခဲ့သည်။
သို့သော်လည်း သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့၏။
ထိုကောင်လေး၏ ခွန်အားက သူ့ထက် အနည်းငယ်မျှ မနိမ့်ကျဟု သူထင်မြင်မိသည်။
"ဆဋ္ဌမညီနောင်"
သူ၏ညီနောင်က ကျန်းချန်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်လျှင် လော်ဟူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်၏။
"ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ရိုရှာတောင် ဓားပြအဖွဲ့ကို ပြဿနာရှာရတာလဲ"
"ကျုပ်က ပြဿနာလာရှာတာ မဟုတ်ဘူး.. ခင်ဗျားတို့က ကျုပ်ရဲ့သွားလမ်းကို ပိတ်ဆို့နေလို့ပဲ"
ကျန်းချန်က ခေါင်းဆော်လော်ဟော်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"မင်းမသေချင်ဘူးဆိုရင် မင်းရဲ့လူတွေကို ခေါ်ပြီး ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း"
"ဆုတ်ခွာကြ"
ကျန်းချန်၏စကားကို ကြားပြီးနောက်တွင် လော်ဟော်က စဥ်းစားလိုက်သည်။
အဆုံးသတ်တွင် သူ၏ နှုတ်ဖျားကနေ အေးစက်စက် စကားသံတစ်သံ ထွက်ပေါ်လာခဲ့၏။
လော်ဟူသည် သူ၏ဆဋ္ဌမညီနောင် ခွန်အားကို ကောင်းစွာသိရှိထားခဲ့သည်။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဆဋ္ဌမညီနောင်ကို အေးအေးဆေးဆေးပင် သတ်ဖြတ်နိုင်သည် ဖြစ်ရာ ခွန်အားက အလွန်တရာပင် နက်နဲသည်မှာ ထင်ရှား၏။
ထိုကဲ့သို့ ခွန်အားရှိသူ တစ်ဦးက ဖုန်းမိသားစုဘက်ကနေ ပါဝင်လာခဲ့လျှင် သူတို့ ရိုရှာတောင်ဓားပြအဖွဲ့သည် ဖုန်းမိသားစုကို အချိန်တိုအတွင်း အနိုင်ယူရန်မဖြစ်နိုင်ပေ။
အချိန်ကြန့်ကြာနေခဲ့ပြီး ဖုန်းမိသားစုမှ အစွမ်းထက် ကျင့်ကြံသူများသာ ရောက်ရှိလာခဲ့လျှင် သူတို့အဖွဲ့သည် သုတ်သင်ခံရနိုင်ခြေ ရှိ၏။
ထို့ကြောင့် လော်ဟူက အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ရိုရှာတောင် ဓားပြအဖွဲ့ကို ဦးဆောင်ကာ ကျန်းချန်၏ရှေ့ကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ရိုရှာတောင် ဓားပြအဖွဲ့မှ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ဖုန်းမိသားစုမှ တပည့်အများအပြားသည် ကျန်းချန်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေခဲ့ကြသည်။
အထူးသဖြင့် ဖုန်းမိသားစုမှ အမျိုးသမီး ကျင့်ကြံသူများ၏ မျက်ဝန်းမျာသည် လင်းလက်သွားခဲ့ကြသည်။
သူတို့၏ မျက်နှာထက်တွင် ကျန်းချန်ကို ယုံကြည်ကိုးစားလိုသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြ၏။