← Chapters

အခန်း (၈၁၇)

Vol. 59 Ch. 817

အခန်း (၈၁၇)

Vol. 59 Ch. 817

" မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်.. ဟုတ်လား "

ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားသည်။

သူသည် ယခုထိ မသေမျိုးဧကရာဇ်နှင့် မတိုက်ခိုက်ဖူးသေးသည့်အတွက် သူနှင့် မသေမျိုးဧကရာဇ်တွင် မည်သူက ပိုအစွမ်းထက်သည်ကို မသိသေးပါချေ။

သို့သော် မသေမျိုးဧကရာဇ်၏ အမွေအနှစ်ကို ကြည့်နိုင်လျှင်မူ သူ့ လက်ရှိအစွမ်းနှင့် ယှဉ်ကြည့်၍ ရနိုင်ပါသည်။

" ကောင်းပြီ... "

လောထျန်း သဘောတူရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ်.. ဘေးမှ ယွဲ့လီက ရုတ်တရက် ပြောလာ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်း ၊ ထျန်းမင်ရှေးဟောင်းပေစာက အံ့မခန်းပစ္စည်းတစ်ခု ဆိုပေမယ့်.. ပေစာလိပ် ၃၆ ခုလုံးကို တစ်ခေတ်တည်းမှာ

အကုန်စုံအောင် စုနိုင်တဲ့သူ ရှေးခေတ်တည်းက ဒီနေ့ခေတ်အထိ တစ်ယောက်မှ မရှိဖူးသေးဘူး ။ ပြီးတော့ ပေစာလိပ်ကို ရသွားတဲ့သူတွေထဲမှာလဲ အဲ့ထဲမှာပါတဲ့ ပညာရပ်ကို နားလည်ပြီးတော့ ကျင့်ကြံနိုင်တဲ့သူက တကယ်ကို နည်းနည်းလေးပဲ ရှိတာ "

သူမ ပြောလိုက်သည့်စကားကြောင့် ကွမ်ဝမ်ယွိ၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။

ယွဲ့လီက သူ့အစီစဉ်ကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပါ ။

အမှန်တွင်လည်း သူသည်လည်း ထိုအကြောင်းများကို သိထားပြီးဖြစ်ပါသည်။

သူ ထိုပေစာလိပ်အား ရခါစကဆိုလျှင်.. သူသည် ကံတရား၏ သားတော်တစ်ယောက်ဖြစ်ပြီး ပေစာလိပ်ထဲတွင် ပါဝင်သည့် အကြောင်းရာများကို နားလည်နိုင်လိမ့်မည်ဟု ထင်ခဲ့ပါသေး၏။

သို့သော်.. ကံဆိုးစွာပင် နှစ်ပေါင်းများစွာ ကြာသည်အထိ သူ ထိုပေစာလိပ်ထဲတွင်ပါသော ဘာ

အကြောင်းကိုမှ နားမလည်ခဲ့ပါ ။

ထိုပေစာလိပ်မှာ သူ့အတွက် အမှိုက်နှင့် မခြားလှပါချေ။

ထို့ထက်ပိုဆိုးသည်မှာ ထိုအရာကို လိုချင်သည့် အခြားသူများက သူ့အား ရန်ပြုလာကြမည်ကို စိုးရိမ်ရခြင်းပင် ။

ထျန်းမင်ရှေးဟောင်းပေစာအား ပိုင်ဆိုင်သူ ဤကမ္ဘာတွင် များစွာရှိကြသည် မဟုတ်ပါလား...

သို့ဖြစ်ရာ.. သူ့ဆီမှ ၎င်းကို ဓားပြတိုက်ချင်သူ ၊ သူ့ကို သတ်ချင်သူများလည်း များလှပါသည်။

ထို့ကြောင့်လည်း ၎င်းအား လောထျန်းကို ပေးပြီး မသေမျိုးအစီအမံပုံကြမ်းများနှင့် လဲရန် သူ အကြံရလိုက်ခြင်းဖြစ်သည်။

သို့သော် မျှော်လင့်မထားစွာပင် အလဲအလှယ် အောင်မြင်ခါနီး၌ ယွဲ့လီက ဝင်ပြောလာခဲ့ပါ၏။

သူ ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်မထားမိခဲ့သဖြင့်... ဘာမှ ပြန်မပြောနိုင်ဘဲ လောထျန်းကိုသာ စိုးရိမ်မကင်း ကြည့်လိုက်သည်။

သို့သော် အံ့သြစရာဟုပဲ ပြောရမလား... တဖက်မှ လောထျန်းက ထိုကိစ္စကို ဂဏုမစိုက်ဟန်ဖြင့် ပြောလာပါ၏။

" ကိစ္စမရှိဘူး.. ငါ သဘောတူတယ် "

" ကောင်းပြီ "

ထိုစကားကို ကြားသောအခါ ကွမ်ဝမ်ယွိ အလွန်ပျော်သွားပြီး.. သူ့လက်ထဲမှ ရတနာများနှင့် မသေမျိုးစွမ်းအင်ကျောက်တုံးများအား လောထျန်းဆီ ပေးလိုက်သည်။ ထို့နောက် လောထျန်းဆီမှ မသေမျိုးအစီအမံပုံကြမ်းကို လှမ်းယူလိုက်၏။

လက်ထဲရောက်လာသည့် မသေမျိုးအစီအမံပုံကြမ်းကို ကြည့်ရင်း ကွမ်ဝမ်ယွိ ရယ်လိုက်သည်။

" ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ် ။ ဒီတစ်ခါတော့ ရွှမ်လင်နန်းတော်က အကျိုးအမြတ်တွေ အများကြီး ရသွားပြီ "

သူ အားရပါးရ ရယ်ပြီးနောက်မှ လောထျန်းဘက်ကြည့်ကာ ပြောလိုက်၏။

" မင်းကို ကျေးဇူးတင်တယ်ကွာ "

" ဘာအတွက် ကျေးဇူးတင်တာလဲ "

လောထျန်း ပြန်မေးသည်။

" ငါ့ကို အမြတ်တွေ အများကြီးရအောင် လုပ်ပေးလို့ပေါ့ကွာ "

ကွမ်ဝမ်ယွိ အပြုံးဖြင့် ပြန်ပြောလိုက်၏။

" အမြတ်အများကြီး ရတယ်.. ဟုတ်လား "

လောထျန်း သူ့အား တအံ့တသြ ကြည့်လိုက်သည်။

ကွမ်ဝမ်ယွိက လှောင်ပြုံးဖြင့် ဆိုသည်။

" မင်းတို့ တိုင်လင်စင်မြင့်က အဲ့ဒါကြောင့်မို့လဲ ခုလိုအောက်ဆုံးကို ရောက်နေရတာကွ ။ မင်းတို့က အနာဂါတ်အတွက်လဲ ကြိုမကြည့်တတ်ကြဘူး "

သူ ပြောရင်း လက်ထဲမှ အစီအမံပုံကြမ်းများကို မြှောက်၍ စိတ်လှုပ်ရှားစွာ စကားဆက်၏။

" ဒီ မသေမျိုးအစီအမံပုံကြမ်းတွေက... ဒေသကြီးကိုးခုထဲမှာ အစွမ်းအထက်ဆုံး မသေမျိုးအစီအမံပုံကြမ်းတွေလို့ ပြောလို့ရတယ်ကွ ။ အခုတော့ ဒီ အစီအမံပုံကြမ်းတွေက အားလုံး ငါ့လက်ထဲ ရောက်နေပြီလေ ။ အဲ့တော့ နောက်ပိုင်း.. အချိန်ကျရင် ငါ့စိတ်ကြိုက်စျေးနဲ့ ပြန်ရောင်းလို့ ရသွားပြီပေါ့ "

" ဒီတစ်ခုကို အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး သုံးသိန်းပေးရတာ ငါ့အတွက် ရှုံးတယ်လို့များ ထင်နေလား ။ တကယ်တော့ မင်းတို့ တိုင်လင်စင်မြင့် ဘက်ကသာ ဆုံးရှုံးသွားရတာကွ ။ ပိုဆိုးတာက.. ငါက ထျန်းမင်ရှေးဟောင်းပေစာ တစ်ခုတည်းကို အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး သန်းချီနဲ့ လဲခဲ့တာလေ ။ အဲ့ကနေတင် ရတဲ့အမြတ်ကိုက အများကြီးပဲကွ "

သူ ထိုသို့ပြောပြီး အားပါးတရပင် ဆက်ရယ်နေလိုက်သည်။

ယွဲ့လီသည်ပင် ထိုစဥ်၌ လောထျန်းအား သနားကြည့်ဖြင့် လှမ်းကြည့်လာပါသည်။

သူမသည်လည်း ကွမ်ဝမ်ယွိနှင့် အမြင်တူသည်မှာ

အသိသာပါပင် ။

ဤအရောင်းအဝယ်တွင် မြတ်သွားသူမှာ ကွမ်ဝမ်ယွိ ဖြစ်ပါသည်။

သို့သော် တဖက်မှ လောထျန်းက ခေါင်းယမ်း၍ ပြောလာပါ၏။

" မင်း မှားနေပြီကွ "

" ဟင် ... ဘယ်လို ၊ မင်းက အရှက်အကွဲအောင် ကြိုးစားချင်နေသေးတာလား ။ ပြောစမ်းပါဦး.. ငါက ဘယ်နားမှာ မှားသွားတာလဲ "

ကွမ်ဝမ်ယွိက အပြုံးဖြင့် ပြန်မေးလိုက်သည်။

လောထျန်းက ခေါင်းယမ်းရင်း ပြော၏။

" မှားတာမှ အားလုံးကို မှားတာ "

" ဟား ဟား... အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေစမ်းပါနဲ့ကွာ "

ကွမ်ဝမ်ယွိက အထင်သေးဟန်ဖြင့် ရယ်လိုက်ပြန်သည်။

လောထျန်းက ထျန်းမင်ရှေးဟောင်းပေစာလိပ်ကို ဖွင့်ရင်း ပြောလာ၏။

" ပထမဆုံးက... အဲ့ မသေမျိုးအစီအမံပုံကြမ်းတွေ အားလုံး မင်းလက်ထဲ ရောက်နေပြီဆိုတာ မမှန်ဘူး "

" မင်းစကားက ဘာအဓိပ္ပါယ်လဲ "

ကွမ်ဝမ်ယွိ မျက်မှောင်ကြုံ့သွားသည်။

လောထျန်းက ပေစာလိပ်အား လှန်လှော၍ ကြည့်နေရင်း ပြန်ပြော၏။

" ငါ အဲ့အတိုင်ခင်မှာလဲ အဲ့လို အစီအမံပုံကြမ်း အခု သုံးထောင်ကျော်လောက် ရောင်းထားသေးတယ်ကွ ။ မင်း ပထမဆုံး လေလံပွဲကနေ ဝယ်ခဲ့တဲ့ဟာကလဲ ငါ ရောင်းထားတဲ့ဟာပဲ ။ အဲ့တော့ မင်းလက်ထဲက အခုတစ်ရာလောက်လေးနဲ့ အားလုံးပိုင်သွားပြီလို့ ပြောလို့မရဘူး "

" ဘာ.... "

ကွမ်ဝမ်ယွိ အံ့သြမှင်သက်သွားသည်။

လောထျန်းက ပေစာလိပ်ကို ကြည့်နေရင်း ဆက်ပြော၏။

" ဒုတိယအမှားကတော့... မင်းရဲ့ မသေမျိုးအစီအမံပုံကြမ်းက အစွမ်းအထက်ဆုံး မဟုတ်ဘူး "

ထိုစကားကို ကြားသောအခါ ကွမ်ဝမ်ယွိ ဒေါသတကြီး အော်ပြောသည်။

" မင်းတို့လို တိုင်လင်စင်မြင့်ကကောင်တွေက အစီအမံအကြောင်း ဘာသိလို့လဲ ။ ငါက ဒါကို အစွမ်းအထက်ဆုံးလို့ ပြောရင် အစွမ်းအထက်ဆုံးပေါ့ကွ ။ မင်းက အဲ့ထက် ပိုအစွမ်းထက်တဲ့ မသေမျိုးအစီအမံပုံကြမ်း ထုတ်ပြနိုင်လို့လား "

ကွမ်ဝမ်ယွိတစ်ယောက် ထိုသို့ ဒေါသထွက်ရသညွ အကြောင်းရင်းလည်း ရှိပါသည်။

ယခု သူ့လက်ထဲရှိ မသေမျိုးအစီအမံပုံကြမ်းများမှာ သူ ခန့်မှန်းနိုင်သည့် အတိုင်းအတာထိ ရောက်နေပြီဖြစ်ကာ... သူ မြင်ဖူးသမျှထဲတွင်လည်း အစွမ်းအထက်ဆုံး ဖြစ်ပါ၏။

ထို့ကြောင့် လောထျန်း၏စကားကို ကြားသည်နှင့် လောထျန်းတစ်ယောက် ကြုံရာကို လျှောက်ပြောနေသည်ဟုသာ သူ ထင်လိုက်ခြင်းပင် ။

အမှန်တွင်မူ.. သူသည်တင်မက ယွဲ့လီလည်း ထိုအတွေးမျိုးပင် ဝင်နေပါ၏။

ထိုစဥ် လောထျန်းက ပေစာလိပ်အား လက်တစ်ဖက်ဖြင့် လှန်ကြည့်နေရင်း ကျန်လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်လက်စွပ်ထဲမှ အဆောင်ကျောက်ပြားတစ်ခုကို ထုတ်လိုက်သည်။

" ဒီမှာကြည့်.. ဒီဟာက မင်းထက်ပိုကောင်းတယ် "

ထို အဆောင်ကျောက်ပြားမှာ သူ အစောပိုင်းက မှားပြီး အဆင့် ၈ မသေမျိုးအစီအမံပုံကြမ်းကို ရေးထားသည့် ကျောက်ပြားပါပင် ။

၎င်းမှာ သူ ရောင်းလိုက်သော အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းထက် အဆင့်တစ်ဆင့် ပိုမြင့်ပါ၏။

ဝီ ...

ထို အစီအမံပုံကြမ်း ပေါ်လာသည်နှင့် အစွမ်းထက်သော တာအိုသံစဥ်တစ်ခု လူးလွန့်လာပါသည်။

" ဒီထွင်းစာက... တကယ်ကြီး ပိုအစွမ်းထက်တာပဲ "

ယွဲ့လီတစ်ယောက် မျက်လုံးပြူးသွားကာ ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေတော့၏။

" ငါ.... "

ထိုစဥ် အခြားတဖက်မှ ကွမ်ဝမ်ယွိမှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲ သွေးများတစ်လာသလိုပင် ခံစားလိုက်ရသည်။ သို့သော် သူ ၎င်းကို အတင်းပြန်မြိုချလိုက်ပါ၏။

" တတိယအမှားက.... "

ထိုအချိန်တွင် လောထျန်းက ပေစာလိပ်ကို ပြန်ပိတ်ပြီး ပြောလာပြန်သည်။

" ဒီ ထျန်းမင်ရှေးဟောင်းပေစာလိပ်ကို အသုံးမဝင်ဘူးလို့ ပြောတာ မင်း မှားတယ်ကွ ။ အဲ့ထဲမှာ ထျန်းမင်အမွေအနှစ်တွေ တကယ်မှတ်တမ်းတင်ထားတယ် "

လောထျန်း ဆိုသည်။

ဘေးတွင် ရပ်နေသော ရှောက်ရ ရုတ်တရက် တစ်

ကိုယ်လုံး တုန်သွားကာ မေးလာ၏။

" မဟုတ်မှလွဲရော... လက်ထောက်ဂိုဏ်းချုပ်ကြီးက ဒီပေစာလိပ်ထဲမှာပါတဲ့ အကြောင်းရာတွေ အားလုံးကို နားလည်သွားပြီလား.. "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ "

" ဘယ်လို.... "

ယွဲ့လီတစ်ယောက် သူ့နားသူ မယုံနိုင်ဘဲ အံ့သြတကြီး ရေရွတ်လိုက်၏။

ထို ထျန်းမင်ရှေးဟောင်းပေစာကို နားလည်သည့်သူမှာ ရှေးခေတ်မှစ၍ ယနေ့ခေတ်ထိတိုင် အနည်းငယ်လေးမျှသာ ရှိပါသည်။

သို့သော်.. ထိုသို့ နားလည်ခဲ့ကြသော လူများ၏ သိုင်းပညာမှာလည်း ကြောက်စရာပါပင် ။

ယခု လောထျန်းကလည်း ထိုပေစာလိပ်ကို နားလည်နေသတဲ့လား...

" မင်း.. လျှောက်ပြောမနေနဲ့ ။ ငါ မင်းပြောတာ မယုံဘူး "

ကွမ်ဝမ်ယွိမှာ လောထျန်း၏စကားကို မည်သို့မှ လက်မခံနိုင်ဘဲ အသည်းအသန် ခေါင်းယမ်းလိုက်သည်။

ထိုအရာများက အမှန်ဆိုသည်ကို သူ လုံးဝ မယုံချင်ပါ ။

သူ ထျန်းမင်ရှေးဟောင်းပေစာလိပ်အား နှစ်ပေါင်းများစွာကြာ လေ့လာခဲ့သည့်တိုင် ဘာတစ်ခုမှ အကျိုးမရခဲ့ဘဲ.... နောက်ဆုံးတွင် အသုံးမဝင်သော ပစ္စည်းတစ်ခုအဖြစ်သာ လောထျန်းကို ပေးခဲ့ခြင်းဖြစ်ပါ၏။

ယခု လောထျန်းက တခဏလေးအတွင်း ၎င်းပေစာလိပ်ကို နားလည်သွားပြီတဲ့လား...

မည်သို့ ဖြစ်နိုင်ပါမည်နည်း ..

လုံး မယုံပါ ...

မယုံချင်ဟု ပြောလျှင် ပိုမှန်မည်လား...

" ငါက မင်းကို ဘာဖြစ်လို့ လိမ်ရမှာလဲကွ ။ ငါ ပြောတာမယုံရင် ကြည့်... "

လောထျန်း ပြောပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

ဝုန်း...

သူ့လက်ထဲတွင် အချုပ်အနှောင်တစ်ခု ပေါ်လာ၏။

ထိုအချုပ်အနှောင် ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီး တုန်ခါသွားသည်။

" ဒါ... ထျန်းမင်အချုပ်အနှောင်ပဲ... ၊ တကယ် အစစ်ကြီးပဲ "

ဘေးတွင်ရှိနေသော ယွဲ့လီထံမှ တအံ့တသြ ရေရွတ်သံ ထပ်ထွက်လာသည်။

ထိုသိုင်းကွက်အား သခင်ကြီးတစ်ယောက် သုံးသွားသည်ကို သူမ တစ်ကြိမ် မြင်ဖူးထားပါ၏။

ထိုသိုင်းကွက်မှာ လောထျန်း သုံးလိုက်သည့် သိုင်းကွက်နှင့် အလွန်ဆင်ပါသည်။

သို့သော်.. ထိုသခင်ကြီး၏ သိုင်းကွက်က လောထျန်းထက် များစွာ အစွမ်းပိုနိမ့်ပါ၏။

ထို့ကြောင့်လည်း တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ ထျန်းမင်အချုပ်အနှောင် အစစ်ဖြစ်ကြောင်း သူမ သိလိုက်ခြင်းပင် ။

ထိုစဥ်... တဖက်မှ ကွမ်ဝမ်ယွိ၏ ခန္ဓာကိုယ် တုန်သွားကာ ....

အွတ်...

သူ ထိန်းမထားနိုင်တော့ဘဲ... သွေးအန်လိုက်ပါသည်။

ထို့နောက် သူ ကြမ်းပြင်သို့ လဲကျကာ သတိမေ့သွားတော့၏။

All Chapters