← Chapters

အခန်း (၈၁၉)

Vol. 59 Ch. 819

အခန်း (၈၁၉)

Vol. 59 Ch. 819

သခင်ကြီးဟောင်၏ နေအိမ်၌ ...

စားသောက်ဖွယ်ရာများ အပြည့်ပါသည့် စားပွဲတစ်လုံး တည်ခင်းထားပြီး အပြုံးမျက်နှာဖြင့် ဝန်ထမ်းများက သခင်ကြီးဟောင်နှင့်အတူ သောက်စားနေကြပါ၏။

" သခင်ကြီးဟောင် ၊ ဒီတစ်ခေါက်တော့ ကျုပ်လို့ ရွှမ်လင်မြို့က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နိုင်မှာ သေချာတယ်ဗျာ "

လက်ထဲတွင် အရက်ခွက်တစ်ခွက်ကို ကိုင်ထားသော ဝန်ထမ်းတစ်ယောက်က အပြုံးမျက်နှာဖြင့် ဆိုသည်။

" ဟုတ်တယ်ဗျ ။ အစီအမံညီလာခံကို ပါရမီရှင် တစ်ယောက်လောက် လွှတ်နိုင်ရင်ကို တော်တော်ကောင်းနေပြီ ။ အခု ကျုပ်တို့ဆီမှာက ပါရမီရှင် နှစ်ယောက်တောင် ရှိနေတာ "

" အမှန်ပဲ... ယွဲ့လီလို မွေးတည်းက ပါရမီပါတဲ့ အစီအမံပညာရှင်တစ်ယောက်ကို ရထားတာဗျာ။ ပြီးတော့ ကျုပ် ကွမ်ဝမ်ယွိကို တကယ်ကြီး မျှော်လင့်မထားခဲ့ဘူးဗျ ။ ရွှမ်လင်နန်းတော်က နတ်ဘုရားသားတော်ရဲ့ တိုးတက်မှုလိုမျိုးက တော်တော်ရှားတာ ။ သူ့ရဲ့ အနာဂါတ်အောင်မြင်မှုက ယွဲ့လီလောက် မကောင်းနိုင်ရင်တောင်မှ... အများကြီးတော့ ကွာမှာမဟုတ်ဘူး "

အားလုံး ချီးမွှမ်းစကား ဆိုလိုက်ကြသည်။

သခင်ကြီးဟောင်ကလည်း ထိုစကားများကို နားထောင်ရင်း ပြုံး၏။

" ငါ ထင်တာတော့.. သူတို့နှစ်ယောက်လုံးက ပါရမီရှင်တွေ ဆိုပေမယ့်... ဒီတစ်ကြိမ် အစီအမံညီလာခံမှာ အောင်မြင်မှုကြီးကြီး ရဖို့တော့ တော်တော်ခက်မယ်ကွ "

အနီရောင်အကျ်ီနှင့် ဝန်ထမ်းက ခေါင်းညိတ်၍ ပြန်ပြောသည်။

" သခင်ကြီးဟောင် ပြောတာ မှန်တယ်ဗျ ။ ဥပမာ.. ဟို ဟွမ်ရှင်းဂိုဏ်းက ဘီလူးကောင်ကြီးကိုပဲ ကြည့်

လေ.... သူဆိုရင် လူရွေးပွဲမှာ ထိပ်ဆုံးအဆင့်သုံးထဲ ဝင်တာ ဆယ်ကြိမ်ဆက်တိုက် ဖြစ်နေပြီ ။ ကျုပ်ကြားတာတော့.. သူ ဒီတစ်ခေါက် အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်အဆင့်တောင် ရောက်ထားပြီးတော့.. ပြိုင်ပွဲမှာ ပထမနေရာရဖို့ မှန်းထားတယ်တဲ့ "

သူ့စကားကြောင့် အားလုံး တအံ့တသြ ဖြစ်သွားကြသည်။

" ဘယ်လို.. အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တောင် ဖြစ်သွားပြီလား ။ သူ့အသက်က အခုမှ ဘယ်လောက်ပဲ ရှိသေးတာလဲ.. တစ်ထာင်တောင် မပြည့်သေးဘူး မဟုတ်လား ။ တကယ်ကို အံ့မခန်းပဲဗျာ "

တစ်ယောက်က ပြောသည်။

" အသက်တစ်ထောင်တောင် မရှိသေးဘဲ အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် ဖြစ်နေပြီလား ။ အဲ့တစ်ယောက်က လူရော ဟုတ်သေးရဲ့လား "

" ဟွမ်ရှင်းဂိုဏ်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပါ

ပဲလားဗျာ .. အဲ့လို ဘီလူးမျိုးကို မွေးထုတ်ပေးနိုင်တယ် ။ ကြည့်ရတာ ယွဲ့လီနဲ့ သူတို့ကြားမှာ ကွာဟချက် အကြီးကြီး ရှိနေသေးတယ်နဲ့တူတယ် "

အားလုံး အံ့သြတကြီး ပြောလိုက်ကြသည်။

အနီရောင်ဝတ် ဝန်ထမ်းက အောင့်သက်သက်အပြုံးဖြင့် ပြော၏။

" ဒါပေါ့ကွ ။ သူတို့ ချင်းယွမ်ဒေသမှာ အစီအမံပညာရပ်နဲ့ ပတ်သက်ပြီးတော့ ပါရမီရှင်တွေ နည်းမှမနည်းတာ "

" အင်... အဲ့တစ်ယောက်အပြင်ကို တခြား ပါရမီရှင်တွေ ရှိသေးတာလား "

တစ်ယောက်က မေးသည်။

အနီရောင်ဝတ်လူ ပြန်ပြော၏။

" ဈာန်နှလုံးသားတောင်ကြားက ယဲ့ဟုန်လျန်ကလဲ မနှစ်ကလေးတင် အဆင့် ၇ မသေမျိုးအစီအမံပညာရှင် ဖြစ်လာသေးတယ်လေ ။ အဲ့မိန်းကလေးကလဲ အသက် တစ်ထောင်လောက်ပဲ ရှိသေးတာ ။ ပြီးရင် လွမ်ယွမ်ခန်းမက ပိုင်ဖုန့်လင်းလဲ ရှိသေးတယ် "

ပိုင်ဖုန့်လင်း၏ အမည်ကို ကြားသည်နှင့် အားလုံး မျက်နှာထားများ အနည်းငယ် ပြောင်းသွားကြသည်။

" အဲ့ ပိုင်ဖုန့်လင်းက ဒါယွိနိုင်ငံက မဟုတ်လား ။ နေရာခွဲထားတဲ့အတိုင်းဆိုရင် သူက ကျုပ်တို့ ရွှမ်လင်မြို့ကို လာသင့်တာလေ ။ ဒါပေမယ့်.. ကျုပ် သူ့ဆီသွားပြီး ဖိတ်စာပို့တော့.. ဒီကောင်က သူ့လူတစ်ယောက်နဲ့ ကျုပ်ကို ကန်ထုတ်ခိုင်းလိုက်တယ်ဗျ "

အဘိုးအိုတစ်ယောက်က မကျေမနပ် ဆိုသည်။

အနီရောင်ဝတ်လူက ပြန်ပြော၏။

" ဘယ်တတ်နိုင်မလဲဗျာ ။ ဒါယွိနိုင်ငံက ရွှမ်လင်မြို့ ဧရိယာထဲမှာပဲ ရှိသင့်တယ်ဆိုပေမယ့်.. သူက လွမ်ယွမ်ခန်းမရဲ့ ဂိုဏ်းသားတစ်ယောက်လေ ။ ပြီးတော့ .. လွမ်ယွမ်ခန်းမက ကျုပ်တို့ အပိုင်နယ်ထဲမှာ မဟုတ်ဘူး "

ထိုစဥ် သခင်ကြီးဟောင်က စားပွဲကို လက်ဖြင့် ခေါက်လိုက်သည့်အတွက် အားလုံး သူ့ဘက် လှည့်ကြည့်လာကြသည်။

သခင်ကြီးဟောင်က တည်တည်ငြိမ်ငြိမ် ပြော၏။

" ဒီတစ်ကြိမ်တော့ ငါတို့ ရွှမ်လင်မြို့ဘက်က အခွင့်အရေး နည်းတယ်ဆိုပေမယ့်.. ပထမအဆင့်ကိုတော့ အောင်ကြမှာ အသေချာပဲ "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

သခင်ကြီးဟောင် စကားဆက်၏။

" ငါတို့တွေ တကယ်မျှော်ရမှာက နောင်နှစ်ရာပေါင်းများစွာအကြာ ၊ ဒါမှမဟုတ် နောင်နှစ်တစ်ထောင်အကြာမှာ ကျင်းပမယ့် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံပဲကွ ။ အခု ငါတို့ ရွှမ်လွင်မြို့မှာ ပါရမီရှင်နှစ်ယောက် ရသွားပြီ ။ နောင် နှစ်တစ်ထောင်လောက်ဆိုရင် ယွဲ့လီက ဟွမ်ရှင်းဂိုဏ်းကို မရှုံးနိုင်လောက်တော့ဘူး "

" ပိုင်ဖုန့်လင်းကလဲ ကွမ်ဝမ်ယွိရဲ့ ပြိုင်ဘက် ဖြစ်လာမှာ "

သူ့စကားကြောင့် အားလုံး၏ မျက်လုံးများ အရောင်လက်သွားကြသည်။

သူတို့၏ စိတ်ကူးထဲတွင်လည်း နောင်နှစ်တစ်ထောင်အကြာတွင်.. ယွဲ့လီနှင့် ကွမ်ဝမ်ယွိတို့နှစ်ယောက် ပူးပေါင်းပြီး ဟွမ်ရှင်းဂိုဏ်းနှင့် လွမ်ယွမ်ခန်းမအား တိုက်ခိုက်နေကြသည့် မြင်ကွင်းကို မြင်ယောင်မိသွားသလို....

သခင်ကြီးဟောင်က အရက်ခွက်ကို ကောက်မော့ရင်း စကားဆက်သည်။

" အဲ့တော့.. အားလုံး သေချာနားထောင်ကြပါ ။ ဒီနေ့ကစပြီးတော့ ယွဲ့လီနဲ့ ကွမ်ဝမ်ယွိတို့ကို သေချာဂရုစိုက်မှဖြစ်မယ် ။ သူတို့တွေ ပိုအစွမ်းထက်လာမှ ငါတို့ ရွှမ်လင်မြို့ရဲ့ နေရာကလဲ ပိုတည်မြဲမှာ ။ အဲ့ကျရင် မင်းတို့အတွက်လဲ အကျိုးအမြတ် ပိုများလာလိမ့်မယ် "

" ဟုတ်ကဲ့ပါ သခင်ကြီး "

အားလုံး ပြိုင်တူပြန်ပြောလိုက်ကြ၏။

ထိုစဥ်တွင် ဝန်ထမ်းတစ်ယောက်က ရုတ်တရက် ပြောလာသည်။

" သခင်ကြီးဟောင် ၊ ကျုပ်တို့တွေ ပြိုင်ပွဲ

အခြေအနေ ဘယ်လိုရှိလဲ ကြည့်လိုက်ကြမလားဗျ "

သခင်ကြီးဟောင် ပြုံး၍ ပြန်ပြော၏။

" ခုမှ အစပဲ ရှိသေးတာကိုကွာ ၊ ဘာကြည့်စရာ ရှိမှာမို့လဲ "

သို့သော် တခဏအကြာတွင် သူ ဆက်ပြောပါသည်။

" ဒါပေမယ့်.. ကြည့်လိုက်တာလဲ ကောင်းပါတယ်လေ ။ ပြိုင်ပွဲဝင်တွေထဲမှာ ငါတို့ သတိမထားမိတဲ့ ကျောက်ကောင်းလေးတွေ ရှိရင် ရှိနေမှာ "

အနီရောင်ဝတ်လူကလည်း ခေါင်းညိတ်၍ ပြော၏။

" ဟုတ်တယ်ဗျ... ပြိုင်ပွဲဝင်တွေထဲက ပါရမီ မဆိုးတဲ့သူတွေကို မှတ်ထားပြီးတော့ ပွဲပြီးသွားရင် နည်းနည်းလမ်းညွှန်ပေးလို့ ရတာပေါ့ဗျာ ။ အဲ့လိုဆိုရင် ကျုပ်တို့ ရွှမ်လင်မြို့က အစီအမံပညာရှင်တွေ အစွမ်းပိုတိုးလာကြမှာပဲ "

သခင်ကြီးဟောင်တစ်ယောက် မျက်လုံးများ အရောင်လက်သွားသည်။

" အဲ့အကြံ ကောင်းတယ်ကွ "

သူ ပြောပြောဆိုဆိုပင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဝီ..

အားလုံးရှေ့တွင် အလင်းတန်းလိုက်ကာတစ်ခု ပေါ်လာ၏။

အလင်းတန်းလိုက်ကာပေါ်တွင်ကား... သက်လတ်ပိုင်းအရွယ် လူတစ်ယောက် တင်ပျင်ခွေထိုင်နေကာ.. သူ့ဘေးပတ်လည်တွင်လည်း အစိမ်းရောင် စိတ်ဝိဥာဥ်အစွမ်း လွင့်မျောနေပြီး အစီအမံထွင်းစာများကို ဖျက်ဆီးနေပါသည်။

" အင်း.. ဒီလူက အစီအမံရဲ့ အားနည်းချက်ထွင်းစာကို ရှာတွေ့သွားခဲ့တာပဲ ။ သူက အစီအမံတွေကို သေချာနားလည်တယ်ဆိုတာ သိသာတယ်.. ဒါပေမယ့် သူ့စိတ်ဝိဥာဥ်အစွမ်းက နည်းနည်းအားနည်းတာတော့ စိတ်မကောင်းစရာပဲ "

ဝန်ထမ်းတစ်ယောက်က မေးထောက်ရင်း ပြောလိုက်သည်။

" အမှန်ပဲ ။ ဒီလောက်အချိန်ကြာသွားတာတောင် သူက ထွင်းစာလေး သုံးလုံးကိုပဲ ဖျက်နိုင်သေးတာဆိုတော့.. မနက်ဖြန် ဒီအချိန်လောက်နေမှ သူ အလွန်ဆုံး အစီအမံတစ်ခုပဲ ချိုးဖျက်နိုင်မှာ ။ သူကတော့ လူရွေးပွဲကို အောင်မှာမဟုတ်ဘူး "

ကျန် ဝန်ထမ်းတစ်ယောက်ကလည်း ပြော၏။

အကြီးအကဲဟောင်က ဘာခံစားချက်မှ မရှိသည့် မျက်နှာဖြင့် လက်ဖျောက်ထပ်တီးလိုက်ရာ အလင်းတန်းလိုက်ကာပေါ်မှ ပုံရိပ် ပြောင်းသွားပြန်သည်။

" ဟင်..... "

ဤတစ်ကြိမ်တွင်ကား အားလုံး တုန်လှုပ်သွားကုန်ကြပါ၏။

အဘယ့်ကြောင့်ဆိုသော်.. လိုက်ကာပေါ်၌ ထွင်းစာဆယ်လုံးကျော်ကို ဖျက်ဆီးထားသည့် အနီရောင်ဆံပင်နှင့် လူတစ်ယောက်အား သူတို့ တွေ့လိုက်ရသောကြောင့်ပင် ။

" အဲ့လူက ဘယ်သူလဲ "

သခင်ကြီးဟောင် ဘေးသို့လှည့်ကာ မေးလိုက်သည်။

အနီရောင်ဝတ်လူက ချက်ချင်းထရပ်၍ ပြန်ပြော၏။

" အဲ့လူက ပိုင်ယွမ်ဂိုဏ်းက လွှတ်လိုက်တာဗျ ၊ သူ့နာမည်က ချီလန့်ယွမ် "

သခင်ကြီးဟောင် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အဲ့လူက အဆင့် ၇ မသေမျိုးအစီအမံပညာရှင် တစ်ယောက်ပဲ ။ ဒီမှာ အဲ့လိုလူမျိုး ရှိနေမယ်လို့ ထင်တောင် မထင်ထားဘူး "

ဝန်ထမ်းတစ်ယောက်ကလည်း ရုတ်တရက် ဝင်ပြော၏။

" နောက်ထပ် အဆင့်၇ မသေမျိုးအစီအမံပညာရှင် လား.. ။ ကြည့်ရတာ ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဖုံးကွယ်နေကြတဲ့ ပါရမီရှင်တွေ အများကြီးနဲ့တူတယ် "

သခင်ကြီးဟောင်၏ မျက်လုံးများ ပြုံးရိပ်သန်းသွားသည်။

သို့သော် ထို့နောက်ပိုင်း ကြည့်သည့် ပြိုင်ပွဲဝင် အယောက်သုံးဆယ်ကျော်ကမူ သာမာန်သာ ဖြစ်ကြသဖြင့် အားလုံး အနည်းငယ် ပျင်းလာကြပါ၏။

ထိုစဥ် သခင်ကြီးဟောင်က လက်ဖျောက်ထပ်တီးလိုက်သည်။

ဝီ ...

အလင်းတန်းလိုက်ကာပေါ်တွင် လူရိပ်တစ်ခု ပေါ်လာ၏။

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

" ကွမ်ဝမ်ယွိလား.. အဲ့ဒါ တကယ်ကြီး ကွမ်ဝမ်ယွိလား.. "

" ကောင်းတယ်ကွာ ၊ ရွှမ်လင်နန်းတော်ရဲ့ နတ်ဘုရားသားတော်က ဘယ်လောက်အစွမ်းထက်လဲ သိချင်နေတာ "

" ပါရမီရှင် နှစ်ယောက်ထဲက တစ်ယောက်... "

အားလုံး အလင်းတန်းလိုက်ကာသို့ စူးစိုက်ကြည့်နေကြသည်။

ထိုစဥ် ကွမ်ဝမ်ယွိက တင်ပျင်ခွေထိုင်နေပြီး သူ၏ အပြာရောင်ဖျော့ဖျော့ စိတ်ဝိဥာဥ်အစွမ်းက ထွင်းစာများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေပါ၏။

" ကောင်းတယ်ကွာ.. ကောင်းတယ် ။ သူက အစီအမံကို သေချာကျွမ်းကျင်ရုံတင်မကဘူး စိတ်ဝိဥာဥ်အစွမ်းကလဲ အံ့မခန်းပဲ ။ တကယ့် ပါရမီရှင်ပါပဲ "

" ဒီတိုင်းဆိုရင် သူ အစီအမံသုံးခုလုံးကို ၇ နာရီတောင် မကြာဘဲ ဖျက်ဆီးနိုင်မယ်ထင်တယ် ။ ဒီအမြန်နှုန်းက .. တကယ်မဆိုးဘူး ပြောရမယ် "

အားလုံး ထင်ရာပြောလိုက်ကြသည်။

သို့သော်.. ထိုစဥ် သခင်ကြီးဟောင်က ရုတ်တရက် မျက်မှောင်ကြုံ့သွားပြီး ပြောလာ၏။

" ကွမ်ဝမ်ယွိက ဘယ်လိုလုပ်ပြီး ဒဏ်ရာရထားခဲ့တာလဲ "

" ဟင်... "

အားလုံးလည်း ထိုစဥ်မှ သေချာကြည့်လိုက်ကြရာ..

ကွမ်ဝမ်ယွိတစ်ယောက် မျက်နှာဖြူရော်နေပြီး သူ့နှုတ်ခမ့်ထောင့်နှင့် အကျ်ီလည်ပင်းအစပ်နားလေးတွင် သွေးစက်အချို့ ပေကျံနေသည်ကို တွေ့လိုက်ရသည်။

" သူက .. တကယ်ကြီး ဒဏ်ရာရထားခဲ့တာပဲ "

" ဒဏ်ရာရထားတာတောင် အဲ့လိုရလဒ်မျိုး ရတာလား.. "

" သူသာ ဒဏ်ရာမရထားရင် ဘယ်လောက်အစွမ်းထက်မလဲ မသိဘူး "

အားလုံး တုန်လှုပ်သွားကြသည်။

ထိုစဥ်တွင် သခင်ကြီးဟောင်မှာကား သွေးများဆူပွက်နေလေပြီ ။

ဝုန်း ...

သူ့စိတ်ဝိဥာဥ်အစွမ်းက မီးတောက်များအဖြစ် ရုတ်ချည်းပြောင်းသွားကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာ၏။

" $### ကွမ်ဝမ်ယွိကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ဘယ်သူလဲ ။ အဲ့ကောင်ကို ငါ လုံးဝ ခွင့်မလွတ်ဘူး "

သခင်ကြီးဟောင် အော်လိုက်သည်။

All Chapters