← Chapters

အခန်း (၈၂၄)

Vol. 59 Ch. 824

အခန်း (၈၂၄)

Vol. 59 Ch. 824

" နောက်တစ်ယောက် မေ့လဲသွားပြန်ပြီ "

ထိုမြင်ကွင်းကြောင့် အားလုံး ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ကြရသည်။

ပထမဆုံး ကွမ်ဝမ်ယွိ ... ယခု ချီလန့်ယွမ် ...

အချိန်တိုလေး အတွင်းမှာပင် လောထျန်းကြောင့် လူနှစ်ယောက် မေ့လဲကျသွားခဲ့လေပြီ ။

ထိုတခဏ၌ လောထျန်းကိုကြည့်သော အားလုံး၏ အကြည့်များလည်း ပြောင်းသွားပါတော့၏။

ယခင်.. လောထျန်း၏ အစွမ်းကို သံသယဝင်နေခဲ့ကြသေးသူများလည်း...

ယခု ထိုသို့ မလုပ်ရဲတော့ပါ ။

" သူက ဘာဖြစ်သွားတာလဲ "

ထိုစဥ် လောထျန်းက ဘေးလူများကိုကြည့်ကာ မေးလာ၏။

အားလုံးမှာ လောထျန်းကို ရင်ဆိုင်မကြည့်ရဲဘဲ အလွန်ကြောက်နေကြသည့်ပုံဖြင့် ခေါင်းများ တစ်ပြိုင်နက်တည်း ငုံ့သွားကြသည်။

" ဟင်... ဘယ်လိုကြီးလဲဟ.. "

လောထျန်းမှာကား ၎င်းကိုကြည့်ပြီး ဆွံ့အလျက်...

ထိုစဥ် အစောပိုင်းက မှင်သက်ဆွံ့အနေခဲ့သော သခင်ကြီးဟောင်က အားလုံးကို ပြောလိုက်၏။

" ကဲ.. အားလုံး ခုချိန်ကစပြီးတော့ လျှောက်မလုပ်ကြနဲ့တော့ဟေ့ ။ တကယ့်ပြိုင်ပွဲအစစ်က လာတော့မှာ.. မင်းတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဘာမဟုတ်တာတွေနဲ့ မဖြုန်းပစ်ကြနဲ့ "

" ဟုတ်ကဲ့ပါ သခင်ကြီး "

အားလုံး ပြန်ပြောလိုက်ကြသည်။

ထို့နောက်တွင်မူ သခင်ကြီးဟောင်က ဝန်ထမ်းနှစ်ယောက်အား ချီလန့်ယွမ်ကို တွဲခေါ်လာရန် ပြောပြီး တည်နေရာရွှေ့ပြောင်းခြင်း အသီအမံဆီသို့ သွား

လိုက်၏။

.....

ချင်းယွမ်ဒေသ. ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ကျင်းပရာနေရာ၌...

စိတ်ဝိဥာဥ်အလင်းတန်းတစ်ခု လက်သွားကာ လောထျန်းတို့လူစု ပေါ်လာသည်။

" အို.. အကြီးအကဲဟောင် ၊ အစောကြီး ရောက်လာတာပါလား "

တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့တွင် ရှိနေသော မီးခိုးရောင်ဝတ် အဘိုးအိုတစ်ယောက်က သခင်ကြီးဟောင်ကို တွေ့သည်နှင့် အပြုံးဖြင့် ဆိုသည်။

သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။

" လူရွေးပွဲက စောစောပြီးသွားတာနဲ့ စောစောလာခဲ့တာ ။ ကျန်တဲ့သူတွေရော ရောက်နေကြပြီလား "

မီးခိုးရောင်ဝတ် အဘိုးအိုက ခေါင်းကုတ်ရင်း

ပြန်ပြောသည်။

" သခင်ကြီးတို့က ဒုတိယမြောက်ပဲဗျ ။ ကျုပ်ထင်တာတော့ ကျန်တဲ့သူတွေက ညလောက်မှ ရောက်ကြမယ်နဲ့တူတယ် ။ ညီလာခံက မနက်မှ စမှာလေ "

ထို့နောက် သူ လောထျန်းတို့ လူစုကို တစ်ချက်ကြည့်ကာ ပြော၏။

" မင်းတို့အားလုံး ဟိုဟိုဒီဒီ လျှောက်မပြေးကြနဲ့နော် ၊ ပြီးတော့ ဟိုနားကို မသွားရဘူး "

သူ ပြောပြောဆိုဆိုပင် တစ်နေရာသို့ ညွှန်ပြလိုက်သည်။

ယွဲ့လီက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မေး၏။

" အဲ့နားကို ဘာလို့သွားမရတာလဲရှင့် "

မီးခိုးရောင်ဝတ်အဘိုးအိုက သူမကို မျက်စောင်းဖြင့်ပြန်ကြည့်သည်။

" အဲ့နားမှာ ဟွမ်ရှင်းဂိုဏ်းက လူတွေ နေကြတယ် ။ သူတို့ကို သွားရှုပ်လို့မရဘူးကွ ။ မင်းတို့သာ အဲ့ကို လောလောနဲ့ဝင်သွားရင် ပြဿနာတွေ ဖြစ်ကုန်လိမ့်

မယ် "

" ဟွမ်ရှင်းဂိုဏ်း... သူတို့ရော ရောက်နေကြတာလား ။ ဒီတစ်ခေါက် သူတို့ လူဘယ်နှယောက် ပါလာလဲ "လောထျန်းနောက်မှ အဘွားအိုက စိုးရိမ်ဟန်ဖြင့် မေးလာသည်။

မီးခိုးရောင်ဝတ်အဘိုးအို နှာခေါင်းရှုံ့လိုက်၏။

" ရှစ်ယောက်.. "

သူ့စကားကို ကြားသည်နှင့် ယွဲ့လီနှင့် အခြားသူများ တအံ့တသြ ဖြစ်သွားကြသည်။

" သူတို့ တစ်နယ်လုံးစာအတွက် ပြိုင်ပွဲဝင် ရှစ်နေရာပဲ ရှိတာကို ဟွမ်ရှင်းဂိုဏ်းက အဲ့ဒီ့ ပထမ ရှစ်နေရာလုံးကို ယူနိုင်ခဲ့တာလား "ယွဲ့လီ အံ့သြတကြီး မေးလိုက်သည်။

မီးခိုးရောင်ဝတ်အဘိုးအို သက်ပြင်းချလိုက်၏။

" ထိပ်ဆုံး အဆင့်ရှစ် မဟုတ်ဘူးကွ "

" ဟင်... "

အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

အဘိုးအိုက အေးစက်စက် ဆက်ပြော၏။

" ဟွမ်ရှင်းဂိုဏ်းက ထိပ်ဆုံး အဆင့် ၁၀ စလုံးကို ရခဲ့တာ ။ ဒါပေမယ့် အဲ့ထဲက ရှစ်ယောက်ပဲ လာနိုင်တာလေ "

" ဒါ... "

အလုံး တုန်လှုပ်သွားပြန်ကြသည်။

၎င်းမှာ လူရွေးပွဲနေရာတစ်ခုသာ ဆိုသည့်တိုင်... ဂိုဏ်းတစ်ခုတည်းက ကျန်အဖွဲ့များအားလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးအဆင့် ဆယ်နေရာကို ယူထားနိုင်ခြင်းမှာ သူတို့ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ပြနေသလိုပါပင် ။

" ကဲ.. အကြီးအကဲဟောင် ၊ ပထမအကြီးအကဲကိုသာ သွားပြီး သတင်းပို့လိုက်ဗျာ ။ ဒီကောင်လေးတွေကို ကျုပ်က ကိုယ်စားတာဝန်ယူပေးထားမယ် "

မီးခိုးရောင်ဝတ်အဘိုးအို ပြောလိုက်သည်။

သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။

" ကျေးဇူးတင်ပါတယ်ဗျာ "

ထို့နောက်... သူ လောထျန်းတို့လူစုအား အနည်းငယ် ညွှန်ကြားပြီး နောက်လှည့်၍ ထွက်သွားသည်။

ပြီးနောက်တွင် မီးခိုးရောင်ဝတ်အဘိုးအိုက လောထျန်းတို့ဘက် လှည့်ပြော၏။

" အားလုံး.. ငါနဲ့ လိုက်ခဲ့ကြ "

သူ ပြောပြီး အားလုံးကို အနည်းငယ်ပျက်စီးနေသည့် အိမ်တစ်လုံးဆီ ခေါ်သွားလိုက်သည်။

" ဒါ.. အစီအမံညီလာခံ မပြီးခင်အထိ မင်းတို့နေရမယ့်နေရာပဲ "

မီးခိုးရောင်ဝတ်အဘိုးအို ပြောသည်။

ထိုအချိန်တွင် ပြန်သတိရနေခဲ့ပြီဖြစ်သော ချီလန့်ယွမ်က အိမ်ဝင်းကို လှည့်ပတ်ကြည့်ရင်း မျက်မှောက်ကြုံ့၍ ပြော၏။

" ကျုပ်တို့ နားရမယ့်အဆောင်က ဟို ဟွမ်ရှင်းဂိုဏ်းနဲ့ ဘာလို့ကွဲနေရတာလဲ "

လောထျန်းကလည်း ၎င်းကို ထောက်ခံဟန်ဖြင့် ခေါင်းအသာညိတ်လိုက်သည်။

အမှန်တွင်လည်း သူတို့နေရမည့် အဆောင်မှာ.. ဆောက်လုပ်ထားသည့် လက်ရာပိုင်းတွင်ရော ၊ စိတ်စွမ်းအင် သိပ်သည်းမှုပိုင်းတွင်ပါ ဟွမ်ရှင်းဂိုဏ်း၏ အဆောင်နှင့် ကွဲလှပါ၏။

ကွဲသည်မှ တော်တော်ကို ကွဲနေခြင်းပင်..

ထိုစကားကို ကြားသောအခါ မီးခိုးရောင်ဝတ်အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြောပါသည်။

" ဟွမ်ရှင်းဂိုဏ်းက အရင်နှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးအဆင့်တွေ ရခဲ့ကြတာလေ ။ အဲ့တော့ သူတို့က အကောင်းဆုံးနေရာ နေရတာ ဆန်းသလားကွာ ။ မင်းတို့ ရွှမ်လင်မြို့ကျတော့ ဘိတ်ချေးနားရောက်နေတာ နှစ်တွေကြာလှပြီ ။ အဲ့ဒါကြောင့် မင်းတို့က အဆိုးဆုံးနေရာမှာ နေရတာ "

ချီလန့်ယွမ်တစ်ယောက် မျက်မှောင်ကြီးသာ ကြုံ့သွားပြီး ဘာမှ ထပ်မပြောတော့ချေ။

ထိုစဥ် မီးခိုးရောင်ဝတ်အဘိုးအိုက နှာခေါင်းရှုံ့၍ ထပ်ပြောလာသည်။

" ငါ ခုနကပြောတာ မှတ်ထားကြနော် ။ ဟိုဟိုဒီဒီ လျှောက်မသွားကြနဲ့ ၊ ပြီးရင် ပြဿနာလဲ မရှာကြနဲ့ ။ မဟုတ်ရင် မင်းတို့ ဖြစ်လာမယ့်အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး "

သူ ပြောကာ နောက်လှည့်ထွက်သွားသည်။

သူ ထွက်သွားပြီးနောက်... ယန်ဝမ့်လျန်က လူများကြား ရှိနေသော လောထျန်းအား ဦးညွှတ်အရိုအသေပေးကာ ပြောသည်။

" သခင်ကြီးလောထျန်း ၊ နေမယ့်နေရာကို သခင်ကြီး အရင်ရွေးပါဗျာ "

ကျန်လူများမှာလည်း သူ့စကားကို သဘောတူဟန်ဖြင့် မည်သို့မှ ဘာမှ ဝင်မပြောကြပါ ။

လောထျန်း၏ အစွမ်းကို ကိုယ်တိုင်မြင်ထားပြီးနောက်တွင် သူတို့ သူ့အား မလေးမစား လုပ်ရဲပါမည်လား ။

သို့သော် လောထျန်းက ခေါင်းကုတ်ရင်း ပြန်ပြော၏။

" အဲ့လောက်ကြီး မယဥ်ကျေးကြပါနဲ့ ၊ ကျုပ်က ဘယ်နေရာဖြစ်ဖြစ် ရတယ် ။ အားလုံး အတူတူပဲ ဝင်ကြတာပေါ့ "

အားလုံးမှာ သူ့စကားကို ကြားသည့်တိုင် စိတ်ထဲ စိုးရိမ်နေကြဆဲပါပင် ။ သို့သော် သူတို့ သူ့စကားကိုလဲ မလွန်ဆန်ရဲသဖြင့် အိမ်ထဲသို့ အတူတူဝင်ရန် ပြင်လိုက်ပါသည်။

သို့သော် ထိုစဥ်...

ဝီ...

ထွင်းစာတစ်ခုက အားလုံးရှေ့မှ ရုတ်တရက် ပိတ်လာပါ၏။

" ဟင်.. ဘယ်ကောင်လဲကွ "

ယန်ဝမ့်လျန် မျက်မှောင်ကြုံ့သွားကာ အော်လိုက်သည်။

" ဟီး ဟီး ... ရွှမ်လင်မြို့က ရွေးထားတဲ့သူတွေ ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက မနက်ဖြန်မှ စမှာဆိုတော့ မင်းတို့အားလုံး ပျင်းနေကြမှာပဲ ။ အဲ့တော့ ငါတို့နဲ့ အပျော်လာပြိုင်ပါလား "

အသံတစ်သံနှင့်အတူ လူရိပ်နှစ်ခု ပေါ်လာသည်။

ထိုလူနှစ်ယောက် ဝတ်ထားသည့် အဝတ်စားများကို မြင်သည်နှင့် ယန်ဝမ့်လျန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွား၏။

" ဟွမ်ရှင်းဂိုဏ်းလား... "

" ဟွမ်ရှင်းဂိုဏ်း.. ဟုတ်လား ၊ အဲ့လူတွေက ဟွမ်ရှင်းဂိုဏ်းက လူတွေလား "

၎င်းကိုကြားသည်နှင့် ယွဲ့လီ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

တဖက်ရှိ လောထျန်းဘေးမှ အဘွားအိုကမူ ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ ဦးညွှတ်၍ ပြော၏။

" သခင်လေးတို့ ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွင်းမှာ တိုက်ခိုက်တာကို တားမြစ်ထားပါတယ် ။ အဲ့ဒါကိုမှ မလိုက်နာရင် ပြိုင်ပွဲကနေ

ထုတ်ပယ်ခံရပါလိမ့်မယ် ။ အဲ့တော့ အချင်းချင်းယှဥ်ပြိုင်ကြဖို့ကို ခဏမေ့ထားကြရအောင်ပါ "

သို့သော် မျှော်လင့်မထားစွာပင် ဟွမ်ရှင်းဂိုဏ်းမှ လူနှစ်ယောက်က ရုတ်တရက် မျက်မှောင်ကြုံ့၍ ပြောလာပါသည်။

" မလုပ်ရဲရင် မလုပ်ရဲဘူး ပြောပေါ့ကွာ .. ဘာစည်းကမ်းချက်တွေ လျှောက်ပြောနေတာလဲ ။ ကောင်းပါပြီလေ.. ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး "

သူ ပြောပြီး ခြေတစ်ဖက်မြှောက်၍ တဖက်လူများကို ကြည့်ကာ ဆက်ပြော၏။

" မင်းတို့ မပြိုင်ချင်ဘူးဆိုရင် ငါ့ခြေထောက်ကြားကနေ တွားသွားပြီးတော့ မင်းတို့အိမ်ထဲ ဝင်ပေါ့ကွာ "

" ဘယ်လို... "

ထိုစကားကို ကြားသည်နှင့် အားလုံး၏ မျက်နှာထားများ ပြောင်းကုန်ကြသည်။

သူ့ ခြေထောက်အောက်မှ တွားသွားပြီး သွားရမယ်တဲ့

လား...

မည်မျှ အရှက်ရစရာ ကောင်းလိုက်ပါသနည်း ။

" သခင်လေး ၊ အဲ့ဒါကတော့ မလွန်လွန်ဘူးလား "

ယန်ဝမ့်လျန်က သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောလိုက်သည်။

ဟွမ်ရှင်းဂိုဏ်းမှ လူက အေးစက်စက် နှာခေါင်းရှုံ့၏ ။

" လွန်တယ်.. ဟုတ်လား ။ ငါ့အမြင်အရ ဆိုရင် မင်းတို့ ရွှမ်လင်မြို့ကလူတွေက ကောင်းကင်ဘုံကိုးဆင့်အစီအမံညီလာခံမှာ ဝင်ကို မပြိုင်သင့်တာ "

" မင်း.. ဘာပြောလိုက်တယ် "

ချီလန့်ယွမ် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ဟွမ်ရှင်းဂိုဏ်းသားက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြော၏။

" ငါ ပြောတာ မှားလို့လား ။ တကယ်လို့သာ မင်းလိုကောင်မျိုးက ငါတို့ရဲ့ လူရွေးပဲဒေသထဲမှာ ရှိတာဆိုရင်... ထိပ်ဆုံးအဆင့် ၈ မပြောနဲ့ ၊ ထိပ်ဆုံး အဆင့်

၁၀၀ အတွင်းတောင် ဝင်မှာမဟုတ်ဘူး ။ ဟွမ်ရှင်းဂိုဏ်းက ဘယ်ဂိုဏ်းသားမဆို မင်းတို့ကို အေးဆေးလေး ဖိခြေပစ်လိုက်လို့ရတယ် "

" ဒါပေမယ့် နောက်ဆုံးတော့ မင်းတို့လို အမှိုက်ကောင်တွေက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဝင်ပြိုင်ခွင့် ရသွားခဲ့ကြတယ်လေ ။ ငါတို့ ဟွမ်ရှင်းဂိုဏ်းသားတွေကျတော့ ရှစ်ယောက်ပဲ ဝင်ပြိုင်ခွင့်ရတယ် ။ အဲ့တော့... မင်းတို့ ရှိနေတာကိုက ငါတို့ ဟွမ်ရှင်းဂိုဏ်းအတွက် အင်မတန် ရှက်စရာကောင်းပြီးတော့ မတရားတဲ့ကိစ္စကြီးပဲကွ ။ ငါက ဒီနေ့ ဟွမ်ရှင်းဂိုဏ်းသားတွေအတွက် တရားမမျှတမှုကို တိုက်ခိုက်ဖို့ ရောက်နေတာ "

" ဒီနေ့တော့ မင်းတို့ ရွှမ်လင်မြို့ကလူတွေအတွက် ရွေးချယ်စရာ နှစ်ခုပဲရှိတယ် ။ တိုက်ပွဲကို လက်ခံပြီးတော့... ငါတို့ညီအကိုနှစ်ယောက်ရဲ့ အနိုင်ယူတာကို ခံ ၊ မဟုတ်ရင်လဲ ငါတို့ကို အနိုင်တိုက်ပေါ့ကွာ ။ တကယ်လို့ မတိုက်ခိုက်ချင်ဘူး ဆိုရင်တော့ မင်းတို့ ရွှမ်လင်မြို့ကိုပဲ ပြန်သွားကြ... နောက်တစ်သက်လုံးလဲ ဘယ်တော့မှ ပြန်မလာကြနဲ့ "

All Chapters