အခန်း (၈၂၄)
Vol. 59 Ch. 824
" နောက်တစ်ယောက် မေ့လဲသွားပြန်ပြီ "
ထိုမြင်ကွင်းကြောင့် အားလုံး ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ကြရသည်။
ပထမဆုံး ကွမ်ဝမ်ယွိ ... ယခု ချီလန့်ယွမ် ...
အချိန်တိုလေး အတွင်းမှာပင် လောထျန်းကြောင့် လူနှစ်ယောက် မေ့လဲကျသွားခဲ့လေပြီ ။
ထိုတခဏ၌ လောထျန်းကိုကြည့်သော အားလုံး၏ အကြည့်များလည်း ပြောင်းသွားပါတော့၏။
ယခင်.. လောထျန်း၏ အစွမ်းကို သံသယဝင်နေခဲ့ကြသေးသူများလည်း...
ယခု ထိုသို့ မလုပ်ရဲတော့ပါ ။
" သူက ဘာဖြစ်သွားတာလဲ "
ထိုစဥ် လောထျန်းက ဘေးလူများကိုကြည့်ကာ မေးလာ၏။
အားလုံးမှာ လောထျန်းကို ရင်ဆိုင်မကြည့်ရဲဘဲ အလွန်ကြောက်နေကြသည့်ပုံဖြင့် ခေါင်းများ တစ်ပြိုင်နက်တည်း ငုံ့သွားကြသည်။
" ဟင်... ဘယ်လိုကြီးလဲဟ.. "
လောထျန်းမှာကား ၎င်းကိုကြည့်ပြီး ဆွံ့အလျက်...
ထိုစဥ် အစောပိုင်းက မှင်သက်ဆွံ့အနေခဲ့သော သခင်ကြီးဟောင်က အားလုံးကို ပြောလိုက်၏။
" ကဲ.. အားလုံး ခုချိန်ကစပြီးတော့ လျှောက်မလုပ်ကြနဲ့တော့ဟေ့ ။ တကယ့်ပြိုင်ပွဲအစစ်က လာတော့မှာ.. မင်းတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဘာမဟုတ်တာတွေနဲ့ မဖြုန်းပစ်ကြနဲ့ "
" ဟုတ်ကဲ့ပါ သခင်ကြီး "
အားလုံး ပြန်ပြောလိုက်ကြသည်။
ထို့နောက်တွင်မူ သခင်ကြီးဟောင်က ဝန်ထမ်းနှစ်ယောက်အား ချီလန့်ယွမ်ကို တွဲခေါ်လာရန် ပြောပြီး တည်နေရာရွှေ့ပြောင်းခြင်း အသီအမံဆီသို့ သွား
လိုက်၏။
.....
ချင်းယွမ်ဒေသ. ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ကျင်းပရာနေရာ၌...
စိတ်ဝိဥာဥ်အလင်းတန်းတစ်ခု လက်သွားကာ လောထျန်းတို့လူစု ပေါ်လာသည်။
" အို.. အကြီးအကဲဟောင် ၊ အစောကြီး ရောက်လာတာပါလား "
တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့တွင် ရှိနေသော မီးခိုးရောင်ဝတ် အဘိုးအိုတစ်ယောက်က သခင်ကြီးဟောင်ကို တွေ့သည်နှင့် အပြုံးဖြင့် ဆိုသည်။
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" လူရွေးပွဲက စောစောပြီးသွားတာနဲ့ စောစောလာခဲ့တာ ။ ကျန်တဲ့သူတွေရော ရောက်နေကြပြီလား "
မီးခိုးရောင်ဝတ် အဘိုးအိုက ခေါင်းကုတ်ရင်း
ပြန်ပြောသည်။
" သခင်ကြီးတို့က ဒုတိယမြောက်ပဲဗျ ။ ကျုပ်ထင်တာတော့ ကျန်တဲ့သူတွေက ညလောက်မှ ရောက်ကြမယ်နဲ့တူတယ် ။ ညီလာခံက မနက်မှ စမှာလေ "
ထို့နောက် သူ လောထျန်းတို့ လူစုကို တစ်ချက်ကြည့်ကာ ပြော၏။
" မင်းတို့အားလုံး ဟိုဟိုဒီဒီ လျှောက်မပြေးကြနဲ့နော် ၊ ပြီးတော့ ဟိုနားကို မသွားရဘူး "
သူ ပြောပြောဆိုဆိုပင် တစ်နေရာသို့ ညွှန်ပြလိုက်သည်။
ယွဲ့လီက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မေး၏။
" အဲ့နားကို ဘာလို့သွားမရတာလဲရှင့် "
မီးခိုးရောင်ဝတ်အဘိုးအိုက သူမကို မျက်စောင်းဖြင့်ပြန်ကြည့်သည်။
" အဲ့နားမှာ ဟွမ်ရှင်းဂိုဏ်းက လူတွေ နေကြတယ် ။ သူတို့ကို သွားရှုပ်လို့မရဘူးကွ ။ မင်းတို့သာ အဲ့ကို လောလောနဲ့ဝင်သွားရင် ပြဿနာတွေ ဖြစ်ကုန်လိမ့်
မယ် "
" ဟွမ်ရှင်းဂိုဏ်း... သူတို့ရော ရောက်နေကြတာလား ။ ဒီတစ်ခေါက် သူတို့ လူဘယ်နှယောက် ပါလာလဲ "လောထျန်းနောက်မှ အဘွားအိုက စိုးရိမ်ဟန်ဖြင့် မေးလာသည်။
မီးခိုးရောင်ဝတ်အဘိုးအို နှာခေါင်းရှုံ့လိုက်၏။
" ရှစ်ယောက်.. "
သူ့စကားကို ကြားသည်နှင့် ယွဲ့လီနှင့် အခြားသူများ တအံ့တသြ ဖြစ်သွားကြသည်။
" သူတို့ တစ်နယ်လုံးစာအတွက် ပြိုင်ပွဲဝင် ရှစ်နေရာပဲ ရှိတာကို ဟွမ်ရှင်းဂိုဏ်းက အဲ့ဒီ့ ပထမ ရှစ်နေရာလုံးကို ယူနိုင်ခဲ့တာလား "ယွဲ့လီ အံ့သြတကြီး မေးလိုက်သည်။
မီးခိုးရောင်ဝတ်အဘိုးအို သက်ပြင်းချလိုက်၏။
" ထိပ်ဆုံး အဆင့်ရှစ် မဟုတ်ဘူးကွ "
" ဟင်... "
အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
အဘိုးအိုက အေးစက်စက် ဆက်ပြော၏။
" ဟွမ်ရှင်းဂိုဏ်းက ထိပ်ဆုံး အဆင့် ၁၀ စလုံးကို ရခဲ့တာ ။ ဒါပေမယ့် အဲ့ထဲက ရှစ်ယောက်ပဲ လာနိုင်တာလေ "
" ဒါ... "
အလုံး တုန်လှုပ်သွားပြန်ကြသည်။
၎င်းမှာ လူရွေးပွဲနေရာတစ်ခုသာ ဆိုသည့်တိုင်... ဂိုဏ်းတစ်ခုတည်းက ကျန်အဖွဲ့များအားလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးအဆင့် ဆယ်နေရာကို ယူထားနိုင်ခြင်းမှာ သူတို့ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ပြနေသလိုပါပင် ။
" ကဲ.. အကြီးအကဲဟောင် ၊ ပထမအကြီးအကဲကိုသာ သွားပြီး သတင်းပို့လိုက်ဗျာ ။ ဒီကောင်လေးတွေကို ကျုပ်က ကိုယ်စားတာဝန်ယူပေးထားမယ် "
မီးခိုးရောင်ဝတ်အဘိုးအို ပြောလိုက်သည်။
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" ကျေးဇူးတင်ပါတယ်ဗျာ "
ထို့နောက်... သူ လောထျန်းတို့လူစုအား အနည်းငယ် ညွှန်ကြားပြီး နောက်လှည့်၍ ထွက်သွားသည်။
ပြီးနောက်တွင် မီးခိုးရောင်ဝတ်အဘိုးအိုက လောထျန်းတို့ဘက် လှည့်ပြော၏။
" အားလုံး.. ငါနဲ့ လိုက်ခဲ့ကြ "
သူ ပြောပြီး အားလုံးကို အနည်းငယ်ပျက်စီးနေသည့် အိမ်တစ်လုံးဆီ ခေါ်သွားလိုက်သည်။
" ဒါ.. အစီအမံညီလာခံ မပြီးခင်အထိ မင်းတို့နေရမယ့်နေရာပဲ "
မီးခိုးရောင်ဝတ်အဘိုးအို ပြောသည်။
ထိုအချိန်တွင် ပြန်သတိရနေခဲ့ပြီဖြစ်သော ချီလန့်ယွမ်က အိမ်ဝင်းကို လှည့်ပတ်ကြည့်ရင်း မျက်မှောက်ကြုံ့၍ ပြော၏။
" ကျုပ်တို့ နားရမယ့်အဆောင်က ဟို ဟွမ်ရှင်းဂိုဏ်းနဲ့ ဘာလို့ကွဲနေရတာလဲ "
လောထျန်းကလည်း ၎င်းကို ထောက်ခံဟန်ဖြင့် ခေါင်းအသာညိတ်လိုက်သည်။
အမှန်တွင်လည်း သူတို့နေရမည့် အဆောင်မှာ.. ဆောက်လုပ်ထားသည့် လက်ရာပိုင်းတွင်ရော ၊ စိတ်စွမ်းအင် သိပ်သည်းမှုပိုင်းတွင်ပါ ဟွမ်ရှင်းဂိုဏ်း၏ အဆောင်နှင့် ကွဲလှပါ၏။
ကွဲသည်မှ တော်တော်ကို ကွဲနေခြင်းပင်..
ထိုစကားကို ကြားသောအခါ မီးခိုးရောင်ဝတ်အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြောပါသည်။
" ဟွမ်ရှင်းဂိုဏ်းက အရင်နှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးအဆင့်တွေ ရခဲ့ကြတာလေ ။ အဲ့တော့ သူတို့က အကောင်းဆုံးနေရာ နေရတာ ဆန်းသလားကွာ ။ မင်းတို့ ရွှမ်လင်မြို့ကျတော့ ဘိတ်ချေးနားရောက်နေတာ နှစ်တွေကြာလှပြီ ။ အဲ့ဒါကြောင့် မင်းတို့က အဆိုးဆုံးနေရာမှာ နေရတာ "
ချီလန့်ယွမ်တစ်ယောက် မျက်မှောင်ကြီးသာ ကြုံ့သွားပြီး ဘာမှ ထပ်မပြောတော့ချေ။
ထိုစဥ် မီးခိုးရောင်ဝတ်အဘိုးအိုက နှာခေါင်းရှုံ့၍ ထပ်ပြောလာသည်။
" ငါ ခုနကပြောတာ မှတ်ထားကြနော် ။ ဟိုဟိုဒီဒီ လျှောက်မသွားကြနဲ့ ၊ ပြီးရင် ပြဿနာလဲ မရှာကြနဲ့ ။ မဟုတ်ရင် မင်းတို့ ဖြစ်လာမယ့်အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး "
သူ ပြောကာ နောက်လှည့်ထွက်သွားသည်။
သူ ထွက်သွားပြီးနောက်... ယန်ဝမ့်လျန်က လူများကြား ရှိနေသော လောထျန်းအား ဦးညွှတ်အရိုအသေပေးကာ ပြောသည်။
" သခင်ကြီးလောထျန်း ၊ နေမယ့်နေရာကို သခင်ကြီး အရင်ရွေးပါဗျာ "
ကျန်လူများမှာလည်း သူ့စကားကို သဘောတူဟန်ဖြင့် မည်သို့မှ ဘာမှ ဝင်မပြောကြပါ ။
လောထျန်း၏ အစွမ်းကို ကိုယ်တိုင်မြင်ထားပြီးနောက်တွင် သူတို့ သူ့အား မလေးမစား လုပ်ရဲပါမည်လား ။
သို့သော် လောထျန်းက ခေါင်းကုတ်ရင်း ပြန်ပြော၏။
" အဲ့လောက်ကြီး မယဥ်ကျေးကြပါနဲ့ ၊ ကျုပ်က ဘယ်နေရာဖြစ်ဖြစ် ရတယ် ။ အားလုံး အတူတူပဲ ဝင်ကြတာပေါ့ "
အားလုံးမှာ သူ့စကားကို ကြားသည့်တိုင် စိတ်ထဲ စိုးရိမ်နေကြဆဲပါပင် ။ သို့သော် သူတို့ သူ့စကားကိုလဲ မလွန်ဆန်ရဲသဖြင့် အိမ်ထဲသို့ အတူတူဝင်ရန် ပြင်လိုက်ပါသည်။
သို့သော် ထိုစဥ်...
ဝီ...
ထွင်းစာတစ်ခုက အားလုံးရှေ့မှ ရုတ်တရက် ပိတ်လာပါ၏။
" ဟင်.. ဘယ်ကောင်လဲကွ "
ယန်ဝမ့်လျန် မျက်မှောင်ကြုံ့သွားကာ အော်လိုက်သည်။
" ဟီး ဟီး ... ရွှမ်လင်မြို့က ရွေးထားတဲ့သူတွေ ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက မနက်ဖြန်မှ စမှာဆိုတော့ မင်းတို့အားလုံး ပျင်းနေကြမှာပဲ ။ အဲ့တော့ ငါတို့နဲ့ အပျော်လာပြိုင်ပါလား "
အသံတစ်သံနှင့်အတူ လူရိပ်နှစ်ခု ပေါ်လာသည်။
ထိုလူနှစ်ယောက် ဝတ်ထားသည့် အဝတ်စားများကို မြင်သည်နှင့် ယန်ဝမ့်လျန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွား၏။
" ဟွမ်ရှင်းဂိုဏ်းလား... "
" ဟွမ်ရှင်းဂိုဏ်း.. ဟုတ်လား ၊ အဲ့လူတွေက ဟွမ်ရှင်းဂိုဏ်းက လူတွေလား "
၎င်းကိုကြားသည်နှင့် ယွဲ့လီ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
တဖက်ရှိ လောထျန်းဘေးမှ အဘွားအိုကမူ ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ ဦးညွှတ်၍ ပြော၏။
" သခင်လေးတို့ ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွင်းမှာ တိုက်ခိုက်တာကို တားမြစ်ထားပါတယ် ။ အဲ့ဒါကိုမှ မလိုက်နာရင် ပြိုင်ပွဲကနေ
ထုတ်ပယ်ခံရပါလိမ့်မယ် ။ အဲ့တော့ အချင်းချင်းယှဥ်ပြိုင်ကြဖို့ကို ခဏမေ့ထားကြရအောင်ပါ "
သို့သော် မျှော်လင့်မထားစွာပင် ဟွမ်ရှင်းဂိုဏ်းမှ လူနှစ်ယောက်က ရုတ်တရက် မျက်မှောင်ကြုံ့၍ ပြောလာပါသည်။
" မလုပ်ရဲရင် မလုပ်ရဲဘူး ပြောပေါ့ကွာ .. ဘာစည်းကမ်းချက်တွေ လျှောက်ပြောနေတာလဲ ။ ကောင်းပါပြီလေ.. ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး "
သူ ပြောပြီး ခြေတစ်ဖက်မြှောက်၍ တဖက်လူများကို ကြည့်ကာ ဆက်ပြော၏။
" မင်းတို့ မပြိုင်ချင်ဘူးဆိုရင် ငါ့ခြေထောက်ကြားကနေ တွားသွားပြီးတော့ မင်းတို့အိမ်ထဲ ဝင်ပေါ့ကွာ "
" ဘယ်လို... "
ထိုစကားကို ကြားသည်နှင့် အားလုံး၏ မျက်နှာထားများ ပြောင်းကုန်ကြသည်။
သူ့ ခြေထောက်အောက်မှ တွားသွားပြီး သွားရမယ်တဲ့
လား...
မည်မျှ အရှက်ရစရာ ကောင်းလိုက်ပါသနည်း ။
" သခင်လေး ၊ အဲ့ဒါကတော့ မလွန်လွန်ဘူးလား "
ယန်ဝမ့်လျန်က သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောလိုက်သည်။
ဟွမ်ရှင်းဂိုဏ်းမှ လူက အေးစက်စက် နှာခေါင်းရှုံ့၏ ။
" လွန်တယ်.. ဟုတ်လား ။ ငါ့အမြင်အရ ဆိုရင် မင်းတို့ ရွှမ်လင်မြို့ကလူတွေက ကောင်းကင်ဘုံကိုးဆင့်အစီအမံညီလာခံမှာ ဝင်ကို မပြိုင်သင့်တာ "
" မင်း.. ဘာပြောလိုက်တယ် "
ချီလန့်ယွမ် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ဟွမ်ရှင်းဂိုဏ်းသားက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြော၏။
" ငါ ပြောတာ မှားလို့လား ။ တကယ်လို့သာ မင်းလိုကောင်မျိုးက ငါတို့ရဲ့ လူရွေးပဲဒေသထဲမှာ ရှိတာဆိုရင်... ထိပ်ဆုံးအဆင့် ၈ မပြောနဲ့ ၊ ထိပ်ဆုံး အဆင့်
၁၀၀ အတွင်းတောင် ဝင်မှာမဟုတ်ဘူး ။ ဟွမ်ရှင်းဂိုဏ်းက ဘယ်ဂိုဏ်းသားမဆို မင်းတို့ကို အေးဆေးလေး ဖိခြေပစ်လိုက်လို့ရတယ် "
" ဒါပေမယ့် နောက်ဆုံးတော့ မင်းတို့လို အမှိုက်ကောင်တွေက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဝင်ပြိုင်ခွင့် ရသွားခဲ့ကြတယ်လေ ။ ငါတို့ ဟွမ်ရှင်းဂိုဏ်းသားတွေကျတော့ ရှစ်ယောက်ပဲ ဝင်ပြိုင်ခွင့်ရတယ် ။ အဲ့တော့... မင်းတို့ ရှိနေတာကိုက ငါတို့ ဟွမ်ရှင်းဂိုဏ်းအတွက် အင်မတန် ရှက်စရာကောင်းပြီးတော့ မတရားတဲ့ကိစ္စကြီးပဲကွ ။ ငါက ဒီနေ့ ဟွမ်ရှင်းဂိုဏ်းသားတွေအတွက် တရားမမျှတမှုကို တိုက်ခိုက်ဖို့ ရောက်နေတာ "
" ဒီနေ့တော့ မင်းတို့ ရွှမ်လင်မြို့ကလူတွေအတွက် ရွေးချယ်စရာ နှစ်ခုပဲရှိတယ် ။ တိုက်ပွဲကို လက်ခံပြီးတော့... ငါတို့ညီအကိုနှစ်ယောက်ရဲ့ အနိုင်ယူတာကို ခံ ၊ မဟုတ်ရင်လဲ ငါတို့ကို အနိုင်တိုက်ပေါ့ကွာ ။ တကယ်လို့ မတိုက်ခိုက်ချင်ဘူး ဆိုရင်တော့ မင်းတို့ ရွှမ်လင်မြို့ကိုပဲ ပြန်သွားကြ... နောက်တစ်သက်လုံးလဲ ဘယ်တော့မှ ပြန်မလာကြနဲ့ "