← Chapters

အခန်း (၈၂၅)

Vol. 59 Ch. 825

အခန်း (၈၂၅)

Vol. 59 Ch. 825

ထိုစကားကို ကြားသည်နှင့် ရွှမ်လင်မြို့မှ လူများအားလုံး မျက်နှာထားများ ပြောင်းကုန်ကြသည်။

သူတို့အားလုံးသည် မိမိတို့၏ အဖွဲ့အသီးသီးတွင် နာမည်ကျော်ကြသူများ ဖြစ်ပါ၏။

တစ်ယောက်ယောက်က သူတို့ကို ယခုလို စော်ကားအရှက်ခွဲခြင်းမျိုး တစ်ခါမှ မခံခဲ့ကြရဖူးပါ ။

ထိုတခဏ၌ အားလုံးရင်ထဲ ဒေါသတို့ဖြင့် ပြည့်သွားသည်။

" ဟား ဟား ၊ ကောင်းပြီလေ ။ မင်းက ဘယ်လိုပြိုင်ချင်တာလဲ.. အစီအမံပညာရပ်မှာ ပြိုင်ချင်တာလား "

ယန်ဝမ့်လျန်က အသံကျယ်ဖြင့် ပြောလိုက်သည်။

ဟွမ်ရှင်းဂိုဏ်းသားတစ်ယောက်က လှောင်ပြုံးဖြင့် ပြော၏။

" အစီအမံတွေက လုပ်ရတာကြာတယ်.. ပြီးတော့ လိုလဲမလိုအပ်ဘူး ။ ဒါပေမယ့်.. ငါတို့အားလုံးက မသေမျိုးအစီအမံပညာရှင်တွေဆိုတော့ စိတ်ဝိဥာဥ်အစွမ်းနဲ့ပဲ ယှဥ်ပြိုင်ကြတာပေါ့ကွာ ။ မင်းတို့က အလှည့်ကျ တိုက်ခိုက်လို့ရတယ် ။ ငါတို့ထဲ တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့တင် ငါတို့ နောက်လှည့်ပြီး ထွက်သွားပေးမယ်ကွာ "

သူ့စကား ဆုံးချိန်မှာပင် လောထျန်းဘေးမှ အဘိုးအိုတစ်ယောက် ရှေ့ထွက်လာသည်။

" ကျုပ်က ဖေးလင်ဂိုဏ်းက ချီလျန်ကျင့် ၊ အဆင့် ၆ မသေမျိုးအစီအမံပညာရှင်တစ်ယောက်ပဲ ။ ကျုပ်ကို အကြံပြုပေးကြပါဦး "

အဘိုးအို ချီလျန်ကျင့်က ပြောလိုက်သည်။

တဖက်မှ ဟွမ်ရှင်းဂိုဏ်းသားက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" အဆင့်၆ မသေမျိုးအစီအမံပညာရှင်.. ဟုတ်လား ၊ ရှက်စရာကောင်းလိုက်တာကွာ "

" မင်း ဘာပြောလိုက်တယ် "

သူ့စကားကြောင့် ချီလျန်ကျင့် ဒေါသထွက်သွားသည်။

သူ့စိတ်ဝိဥာဥ်အစွမ်းလည်း ချက်ချင်းတိုးထွက်လာ၏။

ထို့နောက် သူ့ခေါင်းပေါ်တွင် စီးမျောနေသော စိတ်ဝိဥာဥ်အစွမ်းများက များစွာသော အလင်းတန်းများအဖြစ် ပြောင်းကာ တဖက်လူဆီ တိုးဝင်သွားသည်။

ဝီ ...

ထို့နောက်တွင်... သူ့ စိတ်ဝိဥာဥ်အစွမ်းက ဟွမ်ရှင်းဂိုဏ်းသားအား လွှမ်းခြုံလိုက်၏။

" ငါ နိုင်သွားပြီမလား "

အဘိုးအို၏ မျက်လုံးများ အရောင်လက်သွားကြသည်။

သို့သော်..

" ရယ်စရာကောင်းလိုက်တာကွာ ၊ ဒါ မင်းလုပ်နိုင်

တာ အကုန်ပဲလား "

စိတ်ဝိဥာဥ်အစွမ်းများ လွှမ်းခြုံခံထားရသော ဟွမ်ရှင်းဂိုဏ်းသားက အေးစက်စက် ပြောလာ၏။

ထို့နောက်..

ခွမ်း...

အသံတစ်သံနှင့်အတူ အလင်းတန်းများ ပျောက်ကွယ်သွားကာ ဟွမ်ရှင်းဂိုဏ်းသား ပြန်ပေါ်လာသည်။

အွတ်...

ချီလျန်ကျင့်မှာ ချက်ချင်းသွေးအန်သွားကာ.. နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွား၏။ သူ တဖက်လူအား တုန်လှုပ်စွာ ကြည့်လိုက်သည်။

" မင်း... မင်းက အဆင့် ၇ မသေမျိုးအစီအမံပညာရှင်လား... "

အဆင့် ၇ မသေမျိုးအစီအမံပညာရှင် တဲ့လား..

ယန်ဝမ့်လျန် အပါအဝင် ကျန်လူများ မျက်နှာထား ပြောင်းကုန်ကြတော့သည်။

သူတို့ ဒါယွိနိုင်ငံတွင် အဆင့် ၇ မသေမျိုးအစီအမံပညာရှင် တစ်ယောက်မှာ ဂိုဏ်းတစ်ခုတည်ထောင်၍ သြဇာအာဏာကြီးကြီးဖြင့် နေနိုင်ပြီဖြစ်ပါ၏။

သို့သော် ယခု သူတို့ရှေ့မှ လူကမူ.. ဟွမ်ရှင်းဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်သာ ဖြစ်ပါသည်။

ထို့အပြင်... သူ့ကိုယ်မှ အရောင်အဝါအရလည်း သူသည် အသက်နှစ်ထောင်ထက် ပိုမကြီးကြောင်း သိသာပါ၏။

၎င်းမှာ မသေမျိုးအစီအမံပညာရှင် တစ်ယောက်အတွက် အလွန်ငယ်သေးသည်ဟု ဆိုရပါမည်။

" အမှိုက်ကောင်.. မင်း ရှုံးသွားပြီ "

ဟွမ်ရှင်းဂိုဏ်းသားက အေးစက်စက် ပြောလာသည်။

ချီလျန်ကျင့်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ မေး၏။.

" သခင်ကြီးရဲ့ နာမည်ကို သိခွင့်ရှိမလား "

သူ မည်သူ့ကို ရှုံးနိမ့်ခဲ့ကြောင်း သိလိုပါသည်။

သို့သော် ထင်မထားစွာပင် ဟွမ်ရှင်းဂိုဏ်းသားက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းလိုအမှိုက်ကောင်က ငါ့နာမည်ကိုသိဖို့ မထိုက်တန်ပါဘူးကွာ ။ နောက်တစ်ယောက် လာခဲ့ "

" မင်း... "

သူ့စကားကြောင့် တဖက်လူများ ဒေါသမျက်နှာကိုယ်စီ ဖြစ်သွားကြသည်။

သို့သော် သူတို့ပြိုင်ဘက်သည် အဆင့် ၇ မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဖြစ်ပြီး ချီလျန်ကျင့်မှာလည်း ရှုံးနိမ့်သွားခဲ့ရပါသည်။ သို့ဖြစ်ရာ အဘွားအိုနှင့် ကျန်အဘိုးအိုများမှာ သူနှင့် ယှဥ်နိုင်ပါ့မည်လား ဆိုသည်ကို စိတ်ထဲ မသေချာကြချေ။

ထိုစဥ် ယန်ဝမ့်လျန်က ရှေ့တိုးလာကာ ပြော၏။

" အဲ့လိုဆိုမှတော့လဲ ကျွန်တော်မျိုးကြီးကပဲ သခင်လေးဆီက သင်ယူရတော့မှာပေါ့ "

ဟွမ်ရှင်းဂိုဏ်းသားက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" လုပ်လေ.. "

ယန်ဝမ့်လျန် လက်နှစ်ဖက်ကို စုလိုက်ရာ သူ့ စိတ်ဝိဥာဥ်အစွမ်းများ ရုတ်ချည်းထွက်လာသည်။

ဝီ...

သူ့ခေါင်းပေါ်၌ အနီရောင် လတစ်စင်း ပေါ်လာ၏။

" အိုး.. မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ အဆင့်၇ မသေမျိုးအစီအမံပညာရှင်အဆင့်ကို ရောက်ထားတာပဲ.. "

ဟွမ်ရှင်းဂိုဏ်းသား နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

သို့သော် တခဏအကြာမှာပင် ထိုအပြုံးက ပျောက်ကွယ်သွားကာ အေးစက်စက် မျက်နှာထား နေရာယူလာ၏။

" မင်းကံဆိုးတာက.. အဲ့လောက်နဲ့ မလုံလောက်ဘူးကွ "

ဝုန်း...

သူ ပြောပြီး လက်ယမ်းလိုက်ရာ... သူ့ စိတ်ဝိဥာဥ်အစွမ်းက အဖြူရောင် လက်ကြီးတစ်ဖက်အဖြစ် ပြောင်းသွားပြီး အနီရောင်လကို ဖမ်းဆုပ်လာသည်။

ထို့နောက်တွင်ကား..

" ကျိုးပျက်စေ "

အော်သံတစ်သံနှင့်အတူ ယန်ဝမ့်လျန်၏ စိတ်ဝိဥာဥ်အစွမ်း ပြိုကွဲသွားတော့၏။

အွတ်...

ယန်ဝမ့်လျန်မှာလည်း သွေးအန်ကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရသည်။

" မင်း... မင်း .... "

သူ့မျက်နှာလည်း ဆိုးရွားစွာ ပျက်နေပြီး.. တဖက်လူကို လက်ညိုးထိုးရင်း ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေပါ၏။

ထိုစဥ် ဟွမ်ရှင်းဂိုဏ်းသားက နှုတ်ခမ်းကွေးအောင် ပြုံး၍ ပြောလာသည်။

" အမှိုက်ကောင်.. ငါ့ရဲ့ သိုင်းကွက်တစ်ကွက်ကိုတောင် မခံနိုင်ဘူး ။ ဒါနဲ့များ မင်းလိုကောင်မျိုးက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ရဲတယ်ပေါ့ ။ ရယ်စရာကောင်းလိုက်တာကွာ ။ မင်းတို့ကောင်တွေ ခုတည်းက ထွက်သွားလိုက်ကြတာ ပိုကောင်းမယ်ကွ "

သူ့စကားကို ကြားသောအခါ ချီလန့်ယွမ် အံကြိတ်ပြီး ရှေ့တိုးရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်တွင် ယွဲ့လီက သူ့အားလက်ကာ၍ တားလာပါ၏။

" ရှင့်ရဲ့ ဒဏ်ရာတွေက အခုထိ ပြန်မကောင်းသေးဘူးလေ.. အဲ့တော့.. ကျွန်မပဲ လုပ်လိုက်မယ် "

ယွဲ့လီ ပြောလိုက်သည် ။

ချီလန့်ယွမ် မျက်မှောင်ကြုံ့ရင်း ဆို၏။

" သတိထားနော် ။ သူတို့ ဟွမ်ရှင်းဂိုဏ်းရဲ့ စိတ်ဝိဥာဥ်သိုင်းပညာက မသေမျိုးပုံရိပ်ယောင်လို့ ခေါ်တယ် ။ အဲ့ဒါကို ကျွမ်းကျင်သွားတာနဲ့ စိတ်ဝိဥာဥ်အစွမ်းကို မသေမျိုးပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းနိုင်တယ်ကွ ။ အဲ့ အရိပ်ရဲ့အစွမ်းကလဲ ကြောက်စရာပဲ ။ အခု ဒီကောင်က မသေမျိုးလက်ကြီးအဖြစ်တောင် ပြောင်းနေနိုင်တာဆိုတော့ သူ အဲ့ပညာရပ်ကို ကျွမ်းကျင်ထားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ "

ယွဲ့လီ ခေါင်းညိတ်လိုက်သည်။

" ကျွန်မ သဘောပေါက်ပါတယ် "

သူမ ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

" ဒါယွိနိုင်ငံက ယွဲ့လီ ပါ ၊ ကျေးဇူးပြုပြီး ကျွန်မကို အကြံပြုပေးပါဦး "

ယွဲ့လီ ဆိုသော နာမည်ကိုကြားသည်နှင့် ဟွမ်ရှင်းဂိုဏ်းသား အံ့အားသင့်သွားဟန် တူ၏။

" မင်းက ယွဲ့လီလား... မင်းက ပါရမီရှင်တစ်ယောက်အဖြစ် နာမည်ကျော်တယ်လို့ ငါကြားဖူးတယ် ။ တချို့တွေ ပြောတာတော့ မင်းရဲ့ ပါရမီက ငါတို့ရဲ့ နတ်ဘုရားသားတော်နဲ့တောင် တူတယ်တဲ့ ။ မင်းမှာ အဲ့လိုအစွမ်းမျိုး တကယ်ရှိလား ကြည့်ကြတာပေါ့ကွာ "

ဝီ..

သူ ပြောပြောဆိုဆိုပင် မသေမျိုးလက်ကို ထပ်စုစည်းလိုက်သည်။

ယွဲ့လီမှာလည်း ၎င်းကိုမြင်ပြီး သတိမလွတ်ရဲဘဲ သူမ၏ စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်းကာ ဖီးနစ်ငှက်တစ်ကောင်အသွင် ပြောင်းလိုက်သည်။

ဝုန်း...

ထို ဖီးနစ်ငှက် ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခု ချက်ချင်း ပေါက်ထွက်လာပြီး ဘေးပတ်ဝန်းကျင် လေထုတစ်ခုလုံး တုန်ခါလာ၏။

" အစွမ်းထက်လိုက်တာ "

သူမ ဘာသိုင်းကွက်ကိုမှ မသုံးရသေးခင်မှာပင် ကြီးမားသော ဖိအားဒဏ်ကို ဟွမ်ရှင်းဂိုဏ်းသား ခံစားလိုက်ရသည်။

" ကျွန်မကို အကြံပြုပေးပါဦး "

ယွဲ့လီ အေးစက်စက် နှာခေါင်းရှုံ့ကာ ဖီးနစ်ငှက်ဖြင့် တဖက်လူအား တိုက်ခိုက်လိုက်တော့သည်။

" ငါက မင်းကို ကြောက်ရမှာလား "

တဖက်မှ ဟွမ်ရှင်းဂိုဏ်းသားကလည်း နှာခေါင်းရှုံ့၍ လက်ဝါးဖြင့် ပြန်ရိုက်လိုက်၏။

ဘုန်း...

အစွမ်းနှစ်ခု လေထဲတွင် ထိပ်တိုက်ရင်ဆိုင်တွေ့သွားပြီးနောက်... ယွဲ့လီဘက်မှ အသာစီးရလာသည်။

မသေမျိုးလက်ဝါးမှာ နောက်သို့ အသည်းအသန် ဆုတ်နေရပြီး ၎င်းအပေါ်တွင်လည်း အက်ရာများစွာ ပေါ်လာ၏။

သို့သော် ယွဲ့လီ၏ ဖီးနှစ်ငှက်မှာမူ အနည်းငယ်လေးသာ အရောင်မှိန်သွားပါသည်။

" ကောင်းတယ်... မိန်းကလေး ယွဲ့ လီ ၊ အစွမ်းကို စုစည်းပြီးတော့ သူ့ကို တစ်ခါတည်း အနိုင်ယူပစ်လိုက် "

၎င်းကို ဘေးမှကြည့်နေသော အဘွားအိုက ပျော်ရွှင်စွာ ပြောလိုက်သည်။

တဖက်အဖွဲ့၏ ဖိနှိပ်မှုကို ကြာရှည်စွာ ခံစားခဲ့ရပြီးနောက်... ယခု ယွဲ့လီက သူတို့အတွက် လက်တုန့်ပြန်ပေးနိုင်ပါတော့မည်။

သို့သော်... ထိုစဥ် ယွဲ့လီတစ်ယောက် မျက်နှာ အနည်းငယ်ပျက်လာပါ၏။

" ဖီးနစ်ငှက် နတ်ဘုရားမီးတောက် အစစ် "

သူမ တစ်လုံးချင်းပြောကာ စိတ်ဝိဥာဥ်အစွမ်းကို ထပ်တိုးအောင် လုပ်လိုက်သည်။

ဝီ...

ချက်ချင်းမှာပင်... လေထဲရှိ ဖီးနစ်ငှက်စိတ်ဝိဥာဥ်၏ မျက်လုံးများမှ ကြောက်မက်ဖွယ် မီးတောက်များ ဝုန်းခနဲ တောက်လောင်လာကြသည်။

ထို့နောက်..

ဝုန်း ...

ဖီးနစ်ငှက်ကြီး ပါးစပ်ဟကာ ကြောက်မက်ဖွယ် မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။

" ဘယ်လိုဖြစ်ပြီးတော့... "

ဟွမ်ရှင်းဂိုဏ်းသားမှာ ၎င်းကိုမြင်သည်နှင့် မျက်နှာထား အနည်းငယ်ပြောင်းသွား၏။

ထို မီးတောက်က စိတ်ဝိဥာဥ်အစွမ်းကိုပင် လောင်ကျွမ်းပစ်နိုင်သော ကြောက်မက်ဖွယ် အစွမ်းရှိသည်ကို သူ အာရုံခံ၍ ရနေပါသည်။

အကယ်၍သာ သူ ၎င်းမီးတောက်ကို ထိပ်တိုက်ရင်ဆိုင်ပါက.... ဒဏ်ရာဆိုးဆိုးရွားရွား ရသွားမည်မှာ သေချာပါ၏။

သို့သော်.. ထိုစဥ်မှာပင်..

ဝှစ်..

မသေမျိုး လက်တစ်ဖက်က အစွမ်းနှစ်ခုလုံးကို တားလာသည်။

ထို့နောက်...

ဝီ ..

ဖီးနစ်ငှက် မီးတောက်ကို တားထားသော မသေမျိုးလက်ပေါ်မှ အဆောင်တစ်ခု အရောင်လက်သွား၏။

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ ဖီးနစ်ငှက်၏ မီးတောက်စစ်မှာ အမှန်တကယ် တားဆီးခံလိုက်ရပါသည်။

" ဘာကြီးလဲ... "

အားလုံး တဖက်သို့ လှည့်ကြည့်လိုက်ကြ၏။

ထိုစဥ်မှာပင် ဟွမ်ရှင်းဂိုဏ်းမှ အခြားဂိုဏ်းသားတစ်ယောက် သူတို့ထံ လာနေသည်ကို မြင်လိုက်ရသည်။

" နောက်တစ်ယောက်ပါလား.. "

ထိုလူကို မြင်သည်နှင့် ယွဲ့လီ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။

လက်ရှိ သူတို့ရှေ့မှ ဟွမ်ရှင်းဂိုဏ်းသား နှစ်ယောက်သည်ပင် ရင်ဆိုင်ရန် ခက်လွန်းနေလေပြီ ။

ထို့အပြင် .. ယခု ရောက်လာသည့်တစ်ယောက်မှာ ယခင်နှစ်ယောက်ထက် များစွာပိုအစွမ်းထက်ကြောင်း သိသာပါ၏။

အကယ်၍... ပုံမှန် သူမ၏အစွမ်း အကောင်းဆုံးအချိန်မျိုးတွင် ထိုသူနှင့် ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း..

ယခုတွင်ကား.. လူရွေးပွဲကို ဝင်ပြိုင်ထားသည်မှာ မ

ကြာသေးသည့်အတွက် သူမ၏ စိတ်ဝိဥာဥ်အစွမ်းက ပုံမှန် ပြန်မဖြစ်သေးပါချေ။ သို့ဖြစ်ရာ သူမ ထိုလူ၏ ပြိုင်ဘက်တစ်ယောက် ဖြစ်နိုင်မည်မထင်ပေ ။

ယခုအတိုင်းဆိုလျှင်... လောထျန်း ဝင်တိုက်ခိုက်မှ ရမည်ထင်ပါသည်။

သို့သော်.. ထိုစဥ်တွင် အသစ်ရောက်လာသူ ဟွမ်ရှင်းဂိုဏ်းသားက အေးစက်စက် မျက်နှာထားဖြင့် ပြော၏။

" မင်းတို့နှစ်ယောက် ဂိုဏ်းကို ပြဿနာထပ်ရှာနေကြပြန်ပြီလား ။ သေချင်နေကြပြီလား မင်းတို့ "

ထိုစကားကို ကြားသောအခါ တဖက်မှ ဟွမ်ရှင်းဂိုဏ်းသားနှစ်ယောက်၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး ဒူးထောက်လိုက်ကြသည်။

" အကိုကြီး ၊ ကျုပ်တို့ အဲ့လိုမလုပ်ဝံ့ပါဘူးဗျာ "

ဟွမ်ရှင်းဂိုဏ်းသားအသစ်က အေးစက်စက် ဆက်ပြော၏။

" အခု ပြန်ပြီးတော့ အခန်းထဲကအခန်းပြင်မထွက်ဘဲနဲ့ ကိုယ့်အမှားကို ပြန်ဆန်းစစ်ကြစမ်း "

" ဟုတ်ကဲ့ပါ အကိုကြီး "

ဟွမ်ရှင်းဂိုဏ်းမှ ပထမဂိုဏ်းသားနှစ်ယောက် ချက်ချင်းပင် ထထွက်သွားကြတော့သည်။

ထိုစဥ် အသစ်ရောက်လာသော ဟွမ်ရှင်းဂိုဏ်းသားက လောထျန်းတို့လူစုကို ကြည့်ကာ ပြော၏။

" အားလုံးကို ကျုပ်တောင်းပန်ပါတယ် ။ အဲ့နှစ်ယောက်က အင်မတန်ရိုင်းတယ်ဗျ ၊ သူတို့ကိုယ်စား အားလုံးကို ကျုပ်ကပဲ တောင်းပန်ပါတယ် "

ကြားလိုက်ရသည့်စကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြပါသည်။

ဟွမ်ရှင်းဂိုဏ်းမှ ဂိုဏ်းသားများထဲတွင် ထိုသို့ ကျိုးကြောင်းဆီလျော်သည့် လူတစ်ယောက် ရှိမည်ဟု သူတို့ လုံးဝထင်မထားခဲ့ပါချေ။

" သခင်လေးက ယဥ်ကျေးလွန်းနေပါပြီ... "

ယွဲ့လီ ဦးညွှတ်၍ ဆိုလိုက်သည်။

ဟွမ်ရှင်းဂိုဏ်းသားက ခေါင်းညိတ်၍ ပြော၏။

" အားလုံး အေးဆေး အနားယူကြပါဗျာ ။ ဒါမှ

မနက်ဖြန် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ကောင်းကောင်းယှဥ်ပြိုင်နိုင်ကြမှာလေ ။ ကျုပ်ကို သွားခွင့်ပြုပါဦး "

သူ ပြောကာ နောက်လှည့်ထွက်သွားသည်။

ထိုစဥ် ချီလန့်ယွမ်က ရုတ်တရက် ပြော၏။

" ခဏနေပါဦးဗျ "

ဟွမ်ရှင်းဂိုဏ်းသား၏ ခြေလှမ်းများ တုန့်ခနဲရပ်သွားကာ ပြန်မေးသည်။

" ဘာကိစ္စရှိလို့လဲဗျ "

ချီလန့်ယွမ် ပြော၏။

" ကျုပ်ကြားထားတာ... ခင်ဗျားတို့ ဟွမ်ရှင်းဂိုဏ်းက ခင်ဗျားတို့ဒေသရဲ့ လူရွေးပွဲမှာ ထိပ်ဆုံး အဆင့် ၁၀ နေရာကို ယူထားနိုင်ကြတာဆို ။ ခုနက နှစ်ယောက်ကတော့ အဆင့်ကိုးနဲ့ အဆင့်တစ်ဆယ် ဖြစ်မယ်ထင်တယ်.. ဟုတ်လားဗျ ။ ကျုပ်က ဟွမ်ရှင်းဂိုဏ်းရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ သခင်လေးရဲ့အဆင့် ဘယ်လောက်ရှိလဲ သိချင်တာပါ "

သူ့မေးခွန်းကို ကြားသည်နှင့် ယွဲ့လီနှင့် ကျန်လူများလည်း ချက်ချင်း စိတ်ဝင်စားသွားသည်။

ထိုမျှ အစွမ်းထက်သော လူတစ်ယောက်က ဟွမ်ရှင်းဂိုဏ်း၏ ပြိုင်ပွဲဝင်များကြား၌ ဘယ်အဆင့်မျိုး ရှိမည်ကို သူတို့လည်း အမှန်တကယ် သိချင်ပါ၏။

သို့မှသာလည်း သူ့ကိုကြည့်ပြီး တဖက်ပြိုင်ဘက်များက မည်မျှအစွမ်းထက်ကြသည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပါလား ။

တဖက်မှ ဟွမ်ရှင်းဂိုဏ်းသားက ခေတ္တမျှ အံ့သြနေဟန် တူပြီးမှ အပြုံးဖြင့် ပြန်ဖြေသည်။

" ကျုပ်ကလား... အဆင့် ၁၀ ဗျ "

All Chapters