← Chapters

အခန်း (၈၁၅)

Vol. 59 Ch. 815

အခန်း (၈၁၅)

Vol. 59 Ch. 815

" အင်.... "

ရှောက်ရ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

လောထျန်းက တစ်ခုကို မအောင်မြင်လိုက်ဟု သူမ ထင်နေချိန်တွင်... အမှန်မှာ ဆန့်ကျင်ဘက်တဲ့လား.. ။

သူမ မွေးလာကတည်းက တစ်ယောက်ယောက်က ထိုစကားမျိုး ပြောသည်ကို တစ်ခါမှ မကြားဖူးခဲ့ပါ ။ အဆင့်၇ အစီအမံပုံကြမ်းကို ရေးနေရင်း အဆင့် ၈ အစီအမံပုံကြမ်းကို မတော်တဆ ရေးမိသွားသတဲ့လား...

ဘာတွေ ဖြစ်နေပါသလဲ...

" ကဲ.. လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ပါဦး။ အရင်ဆုံး.. ပိုက်ဆံသွားရှာရအောင် "

လောထျန်းက အပြုံးဖြင့် ပြောပြီး ရှောက်ရကိုခေါ်၍

လာရာလမ်းအတိုင်း ပြန်သွားလိုက်သည်။

ထိုစဉ်တွင် အခြားတဖက်၌.. ကွမ်ဝမ်ယွိတစ်ယောက် ကြွားကောင်းနေတုန်းပင် ရှိပါသေး၏။

ထို့နောက် သူ ရုတ်တရက် နောက်လှည့်ကြည့်မိရာ လောထျန်း ပြန်လာသည်ကို တွေ့ပြီး ချက်ချင်းပြုံးသွားသည်။

" ဟေ့.. မင်းတို့ တိုင်လင်စင်မြင့်ကလူတွေ ဘာလို့ပြန်လာကြတာလဲ ။ မင်းတို့ရော ရှေးခေတ်က နတ်ဘုရားကြီး ရေးထားတဲ့ အစီအမံပုံကြမ်းတွေ ရလိုက်လို့လား "

ကွမ်ဝမ်ယွိ အပြုံးဖြင့် ဆို၏။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ရခဲ့ပြီ ၊ ခုနက သဘောတူထားတဲ့ ဈေးအတိုင်း ပြန်ဝယ်မှာလား "

သူ့စကားကြောင့် ကွမ်ဝမ်ယွိ ခဏတာမျှ အံ့သြမှင်သက်သွားပြီးမှ အသံကျယ်ဖြင့် အော်ရယ်၏။

" ကောင်းပြီလေ ၊ မင်းရဲ့ အစီအမံပုံကြမ်းက ငါ့မှာရှိ

တဲ့ဟာနဲ့ အဆင့်တူတယ်ဆိုရင် ဝယ်မယ် ။ မင်းဆီမှာ ရှိသလောက်ကို ဝယ်မယ်ကွာ "

တိုင်လင်စင်မြင့်တွင် ထိုအဆင့်မျိုးနှင့် မသေမျိုးအစီအမံပုံကြမ်း ရှိမည်ဟု သူ လုံးဝ မယုံပါ ။

ထိုစဥ်တွင် လောထျန်း၏ လက် လှုပ်ရှားသွားပြီး မသေမျိုးအစီအမံပုံကြမ်း တစ်ခုကို ထုတ်လာကာ ပြောသည်။

" အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး သုံးသိန်းနော်... ရော့.. ပိုက်ဆံပေး "

" ဟင်... "

ကွမ်ဝမ်ယွိတစ်ယောက် မှင်သက်သွားရပါတော့သည်။

သူသာမက.. ယွဲ့လီရော ၊ အစောပိုင်းက လောထျန်းအား အထင်သေးစွာ ကြည့်နေခဲ့ကြသည့် သူမဘေးမှ အကူအမျိုးသမီး နှစ်ယောက်ပါ အံ့သြမှင်သက်နေကြပါ၏။

လောထျန်းက အပြင်ခဏထွက်သွားပြီး မသေမျိုးအစီအမံပုံကြမ်း တစ်ခုဖြင့် ပြန်ရောက်လာခဲ့သည် မဟုတ်ပါလား ။

ထိစဥ် ကွမ်ဝမ်ယွိ အသိပြန်ဝင်လာကာ လှောင်ပြုံးဖြင့် ပြောသည်။

" နောက်နေတာလားကွ... ငါပြောတဲ့ မသေမျိုးအစီအမံပုံကြမ်းက အခု ငါ့ဆီမှာရှိသလိုမျိုး အဆင့်ကို ပြောနေတာ ။ ဘာမဟုတ်တဲ့ မသေမျိုးအစီအမံပုံကြမ်း အမှိုက်တွေကို ဘာလို့ယူရမှာလဲ "

သူ ပြောပြောဆိုဆိုပင် လောထျန်းဆီမှ အစီအမံပုံကြမ်းကို လှမ်းယူပြီး လောထျန်းအား အရှက်ခွဲရန် စဥ်းစားလိုက်ပါ၏။

သို့သော်.. အစီအမံပုံကြမ်းက သူ့လက်ထဲသို့ ရောက်ချိန်တွင်မူ ကွမ်ဝမ်ယွိ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

" ဘယ်လိုဖြစ်ပြီးတော့... ဒါ... ဒါက... "

လောထျန်း၏ အစီအမံပုံကြမ်းမှာ သူရခဲ့သော အစွမ်းအထက်ဆုံး မသေမျိုးအစီအမံပုံကြမ်း နှင့်

အလွန်နီးစပ်ပါ၏။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူတို့ တိုင်လင်စင်မြင့်မှာရော တကယ်ကြီး ရှိနေတာလား ။ သူတို့ကရော တခြားသူဆီက ဝယ်ထားတာလား... ဒါကြီးက တိုက်ဆိုင်လွန်းမနေဘူးလားကွာ "

ကွမ်ဝမ်ယွိ ရင်ထဲ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရပါသည်။

" မင်း ဝယ်မှာလား "

ထိုစဥ် တဖက်မှ လောထျန်းက သူ့ကိုကြည့်ကာ မေးလာ၏။

ကွမ်ဝမ်ယွိ ရုတ်တရက် အသိဝင်လာပြီး ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

" ဝယ်မှာပေါ့ကွ ။ အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး သုံးသိန်း နော်.. ။ ငါက အမြဲတမ်း စကားတည်တတ်တဲ့သူပါ ။ မင်းမှာ ရှိသလောက် ဝယ်မယ် "

အမှန်တွင်မူ သူ့စိတ်ထဲ အလွန်ပျော်နေပြီး လောထျန်းအား ထိုသို့သော အစီအမံပုံကြမ်းမျိုး၏ တန်ဖိုးကို

နားမလည်ရကောင်းလားဟု လှောင်ရယ်နေပါ၏။

သူ့စိတ်ထဲ အခြားကိစ္စများကိုပင် ထွေထူးပြီး မတွေးမိပါ ။

ထို့နောက် သူ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်းကို ထုတ်ပေးလိုက်သည်။ ရှောက်ရက ၎င်းကို ရေတွက်၍ သိမ်းလိုက်ပြီးနောက်.. လောထျန်းကလည်း အစီအမံပုံကြမ်းအား သူ့ကို ပေးလာ၏။

ကွမ်ဝမ်ယွိမှာလည်း အစီအမံပုံကြမ်းကို ရသည်နှင့် အလွန်ပျော်သွားသည်။

" ဟား ဟား.. ဒီနေ့ ကံကောင်းလိုက်တာကွာ ။ ဒီ ရှေးဟောင်း မသေမျိုးအစီအမံပုံကြမ်း နောက်တစ်ခု ထပ်ရမယ်လို့ ထင်တောင်မထင်ထားဘူး ။ ဘယ်လိုပဲဖြစ်ဖြစ်.. တိုင်လင်စင်မြင့်ကိုတော့ ချီးကျူးရမယ် ။ မင်းတို့က ကန်းနေကြလို့သာ ဒီလောက်ကောင်းတဲ့ အရာမျိုးကို ထုတ်ရောင်းကြတာ "

ကွမ်ဝမ်ယွိ ပြောကာ လောထျန်းနှင့် ရှောက်ရတို့အား အပြုံးဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူ နောက်လှည့်ထွက်ရန် ပြင်လိုက်ပါ၏။

သို့သော် ထိုစဥ်မှာပင် လောထျန်း ပြောလာသည်။

" ခဏနေပါဦး "

" ဟင်.. "

ကွမ်ဝမ်ယွိ ချက်ချင်းပြန်လှည့်လာကာ လောထျန်းအား ကြည့်လိုက်သည်။

" ကောင်လေး.. မင်းက ကိုယ့်စကားကို ပြန်ရုတ်သိမ်းချင်လို့လား ။ ငါ ပိုက်ဆံပေးပြီးပြီဆိုတာနဲ့ ဒီအစီအမံပုံကြမ်းက မင်းနဲ့ ဘာမှမဆိုင်တော့ဘူးလေကွာ ။ မင်းက ငါပေးထားတဲ့စျေးထက် နှစ်ဆပိုပေးမယ် ဆိုရင်တောင် ငါက ပြန်ရောင်းမှာမဟုတ်ဘူး "

လောထျန်းက အူကြောင်ကြောင် မျက်နှာလေးဖြင့် ပြန်ပြော၏။

" မင်း နားလည်မှုလွဲနေပြီ ။ ငါက မင်းကို ဒီအစီအမံပုံကြမ်းကိုရော ဝယ်မလား မေးမလို့ "

လောထျန်းက ပြောပြောဆိုဆိုပင် အစီအမံပုံကြမ်း တစ်ခုကို ထပ်ထုတ်၍ တဖက်လူအား ပေးလိုက်သည်။

" ဟင်... "

ထိုမြင်ကွင်းကို မြင်လိုက်ရသူများအားလုံး အံ့သြမှင်သက်သွားကြပြန်၏။

အထူးသဖြင့်.. ယွဲ့လီဘေးမှ အကူအမျိုးသမီး နှစ်ယောက်ပင် ...

အစီအမံပုံကြမ်းက ဘာဆိုသည်ကို သူမတို့ နားမလည်ကြသည့်တိုင်... ကွမ်ဝမ်ယွိက ၎င်းအား အလွန်ရှားပါးပြီး အစွမ်းထက်လှသည်ဟု ပြောခဲ့သည် မဟုတ်ပါလား...

ထိုသို့သော အစီအမံပုံကြမ်းမျိုးကို တစ်ကြိမ်တွေ့ရန်ပင် ခက်ခဲလွန်းသည်ဟုလည်း သူ ပြောခဲ့ပါသေးသည်။

ထို့ကြောင့်လည်း အကူအမျိုးသမီးနှစ်ယောက်မှာ ကွမ်ဝမ်ယွိအပေါ် အထင်ကြီးလေးစားစိတ် ဝင်ခဲ့ပါ၏။

သို့သော်.. ယခု လောထျန်းက ထိုသို့သော အရာနှစ်ခုကို ဘာမှ မထူးခြားပုံဖြင့် ထုတ်လာခဲ့ပါသည်။

ထိုပစ္စည်းက ရှားတာရော မှန်ပါရဲ့လား...

" စျေးက အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်းပဲ မဟုတ်လား "

လောထျန်း မေးလိုက်သည်။

ကွမ်ဝမ်ယွိ အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ကောင်းပြီ "

သူ ပြောပြီး အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်း ကို ထပ်ထုတ်လိုက်သည်။

အစီအမံပုံကြမ်းကို ယူပြီး သေချာစစ်ကြည့်လိုက်ချိန်တွင်လည်း ဘာပြဿနာမှ ရှိမနေသဖြင့် ကွမ်ဝမ်ယွိ စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။

" ဒီအရောင်းအဝယ်က တန်ပါတယ်လေ။ ကောင်လေးက ကံကောင်းပြီးတော့ ထိပ်တန်းအဆင့် မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကိုတောင် ရထားတာပဲ ။ ဒါ

ပေမယ့် ဒီကောင်က အဲ့အစီအမံပုံကြမ်းတွေရဲ့ တန်ဖိုးကိုလဲ နားလည်တဲ့ပုံ မပေါ်ဘူး "

သူ့စိတ်ထဲ တွေးလိုက်သည်။

သို့သော်... ထိုစဥ်မှာပင် လောထျန်း၏လက် လှုပ်ရှားသွားပြန်ကာ တတိယမြောက် အစီအမံပုံကြမ်းကို ထုတ်လာပြန်သည်။

" ဒါကိုရော... ဝယ်ဦးမလား "

လောထျန်း မေး၏။

" ဘယ်လို... "

ကွမ်ဝမ်ယွိ တုန်လှုပ်သွားရသော်လည်း ပိုက်ဆံထုတ်ပေးကာ ဝယ်လိုက်ပါသည်။

ထို့နောက်တွင်.... လောထျန်းက လေးခုမြောက်ကို ထပ်ထုတ်လာပြန်၏။.. ပြီး... ငါးခုမြောက် ၊ ခြောက်ခုမြောက်....

ထို ခြောက်ခုမြောက် အစီအမံပုံကြမ်းအား ဝယ်ပြီးနောက်တွင်မူ ကွမ်ဝမ်ယွိ မနေနိုင်တော့ပါ..

" မင်းဆီမှာ အားလုံးပေါင်း ဘယ်လောက်ရှိတာလဲ ။ အားလုံးကို တစ်ခါတည်း ထုတ်လိုက်လို့ မရဘူးလား "

ကွမ်ဝမ်ယွိ နဖူးကြောကြီးများပင် ထောင်နေပြီး မေးလိုက်သည်။

သူ အရူးလုပ်ခံနေရသလိုလည်း ခံစားနေရပါ၏။

ထိုစဥ် တဖက်မှ လောထျန်းက ကျန်နေသေးသော အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းများ အားလုံးကို ထုတ်လာသည်။

" အင်း.. အားလုံးပေါင်းရင်တော့ မင်းဆီမှာ ရှိထားသလို အစီအမံပုံကြမ်းမျိုး ၉၃ ခု ကျန်နေသေးတယ် ။ တစ်ခုကို အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်းနဲ့ တွက်လိုက်မယ်ဆိုရင်... ငါ့ကို နောက်ထပ် အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး ၂၇ သန်း နဲ့ ၉ သိန်းပေးရင် ရပြီ "

လောထျန်း တဖက်လူကို ကြည့်ကာ သေချာတွက်ပြလိုက်သည်။

" ဘယ်... ဘယ်လောက်.. "

ဤတစ်ကြိမ်တွင်ကား ကွမ်ဝမ်ယွိတစ်ယောက် လုံးဝ

တုန်လှုပ်သွားရတော့သည်။

မသေမျိုးအစီအမံပုံကြမ်း ကိုးဆယ်ကျော်တောင် ရှိနေသတဲ့လား...

ထိုကောင်က အစီအမံပုံကြမ်းတွေကို လျှော့စျေးနဲ့များ ရလာခဲ့တာလား...

ထိုစဥ်တွင် ယွဲ့လီက အသက်ပြင်းပြင်းရှိုက်၍ ပြောလာသည်။

" သခင်ကြီး.. ကျေးဇူးပြုပြီးတော့ ကျွန်မကို သုံးခု ရောင်းပေးပါလားရှင် ။ သုံးခုတည်းဆို ရပါပြီ "

သူမ ပြောနေရင်းတွင်လည်း လောထျန်းအား ခေါင်းဆောင်းနောက်မှ စိုးရိမ်တကြီး ကြည့်နေပါ၏။

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" တစ်ခုကို အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်း "

" ဟင်... ရှင် ဘယ်လိုဖြစ်နေတာလဲ.. "

ယွဲ့လီဘေးမှ အကူအမျိုးသမီးတစ်ယောက်က မကျေ

မနပ်ဖြင့် ရန်တွေ့ရန်ပြင်၏။

သို့သော် ယွဲ့လီက သူမကို ချက်ချင်းလာကာပြ၍ တားကာ ပြောသည်။

" ကောင်းပါပြီရှင် ၊ ကျွန်မ ဝယ်ပါ့မယ် "

သူမ ပြောပြောဆိုဆိုပင် အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး ကိုးသိန်းကို ထုတ်ကာ လောထျန်းအား ပေးလိုက်သည်။

လောထျန်းက အားလုံးကို ရေတွက်စစ်ဆေးကြည့်လိုက်ပြီးနောက်မှ မသေမျိုးအစီအမံပုံကြမ်းများအား ပြန်ပေးလိုက်၏။

" အဲ့ထဲကနေ ကြိုက်တာရွေးပါ "

" ကျွန်မ ကြိုက်တာရွေးလို့ ရတာလား "

ယွဲ့လီ တုန်လှုပ်သွားရပြန်ပါသည်။

ထိုသို့သော ထိပ်တန်းအဆင့် မသေမျိုးအစီအမံပုံကြမ်းများကို ထုတ်ပြီး ဝယ်သူများအား ဟင်းရွက်ကန်စွန်းကဲ့သို့ စိတ်ကြိုက်ပေးရွေးသော လောထျန်းလို လူမျိုးကို သူမ ယခုမှသာ ပထမဆုံး

တွေ့ဖူးခြင်းပါပင် ။

" အင်း.. မင်းကြိုက်တာရွေး "

လောထျန်းက အပြုံးဖြင့် ထပ်ပြောလာသည်။

သူများဆီမှ ပိုက်ဆံယူထားပြီးပြီဖြစ်ရာ ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံရမည် မဟုတ်ပါလား...

" ဟုတ်.. ဟုတ်ကဲ့ "

ယွဲ့လီမှာ စစချင်း အနည်းငယ် ခေါင်းရှုပ်နေဟန် တူသေးသော်လည်း တွန့်ဆုတ်မနေတော့ဘဲ... အစီအမံပုံကြမ်း သုံးခုကို စိတ်ကြိုက်ရွေးပြီးနောက်.. နောက်ပြန်ဆုတ်သွား၏။

လက်ထဲမှ အစီအမံပုံကြမ်းများကို ကြည့်နေရင်းလည်း သူမ စိတ်လှုပ်ရှားနေပါသည်။

ထို အစီအမံပုံကြမ်းများမှ ထွင်းစာများက မည်မျှအစွမ်းထက်သည်ကို သူမ ခံစားမိနေပါ၏။

ထိုအစီအမံပုံကြမ်းကိုသာ သေချာနားလည်သွားပါ

က သူမ အဆင့်တက်နိုင်မည် မလွဲပေ ။

ထိုစဥ် လောထျန်းက ကွမ်ဝမ်ယွိဘက် လှည့်ကြည့်၍ ပြောသည်။

" အခုက ၉၀ ပဲ ကျန်တော့တာဆိုတော့... အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး ၂၇ သန်း ပေးရင် ရပြီ "

ထိုသို့ပြောပြီးနောက် သူ ရှောက်ရဘက်လှည့်၍ မေးလိုက်ပါသေး၏။

" အဲ့လောက်က မများဘူး မဟုတ်လား "

ရှောက်ရက စက်ရုပ်သဖွယ် ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။

အမှန်တွင်မူ.. ထိုပမာဏမှာ သူမတို့ တိုင်လင်စင်မြင့်မှ နှစ်ထောင်ပေါင်းများစွာကြာ စုဆောင်းထားခဲ့ရသော ငွေပမာဏနှင့်ပင် ယှဥ်၍ရပါသည်။

ထို့နောက် လောထျန်းက ကွမ်ဝမ်ယွိဘက် ထပ်လှည့်ကာ ပြော၏။

" မင်းကို စျေးနည်းနည်း လျှော့ပေးမယ်ကွာ...

အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး ၂၇ သန်းနဲ့ ငါးသောင်းပဲပေး "

ထိုစကားကို ကြားသောအခါ ကွမ်ဝမ်ယွိ မျက်နှာကြီး ရှုံ့မဲ့သွားသည်။

ရှောက်ရက တွန့်ဆုတ်စွာ ဝင်ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... .. စျေးလျှော့တာ.. မှားနေပြီ "

All Chapters