← Chapters

အခန်း (၈၂၇)

Vol. 60 Ch. 827

အခန်း (၈၂၇)

Vol. 60 Ch. 827

အားလုံး : .........

ရွှမ်လင်မြို့မှ လူများအားလုံး ဆွံ့အကုန်ကြသည်။

ယခင်တည်းက ဒေါသတကြီး ရောက်လာခဲ့သည့် လုကျောက်မှာလည်း လောထျန်း၏စကားကြောင့် မီးထဲ ဓာတ်ဆီလောင်းထည့်လိုက်သလို ဖြစ်သွားပါသည်။

လုကျောက် လှောင်ပြုံးဖြင့် ပြော၏။

" ကောင်းတယ်.. သိပ်ကောင်းတယ် ။ ကောင်လေး.. မင်း လိမ်ရဲနေတာ မဆန်းတော့ပါဘူးကွာ။ မင်းက တော်တော်လေးတော့ သတ္တိရှိသားပဲ ။ ကောင်းပြီလေ.. ဒီနေ့တော့ မင်းကို အားလုံးရှေ့မှာ သင်ခန်းစာပေးရတော့မှာပေါ့ ။ ငါတို့ရဲ့ နတ်ဘုရားသားတော်ကို အရှက်ရအောင် လုပ်ရင် ဘယ်လိုအကျိုးဆက်မျိုး ခံရမလဲဆိုတာ မင်း သိရလိမ့်မယ် "

ဝုန်း...

သူ ပြောပြီး လောထျန်းဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

၎င်းကိုမြင်သောအခါ ယွဲ့လီ၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး လင်းချန်ကို ပြောလိုက်၏။

" အကိုလင်းချန် ၊ ရှင့်ရဲ့ အကိုကြီးကို တားပါဦးရှင် ။ မဟုတ်ရင်... သူ သေရင်သေ ၊ မသေရင်လဲ ဒဏ်ရာဆိုးဆိုးရွားရွား ရသွားလိမ့်မယ် "

လင်းချန် သက်ပြင်းချလိုက်သည်။

" ခုချိန်မှ ကျုပ်ဝင်တားလို့လဲ အသုံးမဝင်တော့ဘူး ။ ကျုပ်တို့အကိုကြီး လုကျောက်က နတ်ဘုရားသားတော်ကို အရမ်းကိုးကွယ်တာ ။ ခင်ဗျားတို့လူက နတ်ဘုရားသားတော်ကိုမှ သွားပြီးစော်ကားလိုက်တော့.. သူ အခု.... ဟင်... နေပါဦး ၊ ခုနက ဘယ်သူ့ကို အသတ်ခံရမယ်လို့ ပြောလိုက်တာလဲ "

ယွဲ့လီ ပြန်ပြော၏။

" ရှင့်ရဲ့ အကိုကြီးလေ "

" ဟင်... "

လင်းချန် အံ့အားသင့်သွားသည်။

သူတို့အကိုကြီး လုကျောက်က အသတ်မခံရလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရမယ်တဲ့လား..

သူ နားကြားများ လွဲသွားသလား..

ထိုအချိန်တွင် တဖက်မှ လုကျောက် လှုပ်ရှားသွားလေပြီ ။

" ကောင်လေး ၊ ဒူးထောက်စမ်း "

ဝုန်း ....

ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းတစ်ခု လေထဲမှ ကျလာကာ လောထျန်းအား ဖိနှိပ်လာ၏။

လုကျောက်၏ စိတ်ထဲတွင်လည်း လောထျန်းတစ်ယောက် ထို စိတ်ဝိဥာဥ်အစွမ်းကြောင့် ဒူးထောက်လျက် ကျသွားမည်ဟုသာ ထင်နေသည်။

သို့သော်...

လေတစ်ချက် တိုက်ခတ်သွားပြီး... လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်သာ နေရာတွင် မလှုပ်မယှက် ရပ်နေမြဲ...

" ဟင် . "

လုကျောက် အံ့သြသွားရသည်။

" ဟင်... ငါများ အမှားလုပ်မိသွားလို့လား ။ ဒါဆိုလဲ ထပ်လာကွာ.. ဒူးထောက်စမ်း "

လုကျောက် ဒေါသတကြီးအော်ကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်၏။

သို့သော်..

တဖက်မှ လောထျန်းမှာကား မလှုပ်မယှက်ရပ်၍ သူ့အား ကြည့်နေဆဲ...

" ဒါ... မဖြစ်နိုင်ဘူးလေ "

လုကျောက် တုန်လှုပ်သွားသည်။

ထိုစဥ် လောထျန်းက လုကျောက်အား ခေါင်းစောင်းငဲ့ကြည့်ကာ ပြောလာ၏။

" ခုနက.. မင်း ငါ့ကို တိုက်ခိုက်လိုက်တာလား "

သူ့အကြည့်မှာ စိတ်ထဲ မသေချာဖြစ်နေသယောင်...

၎င်းကိုကြည့်ရင်း လုကျောက် အလွန်အရှက်ရသွားတော့သည်။

" မျိုးမစစ်ကောင်... "

သူ ဆဲရန် ပြင်လိုက်၏။

သို့သော် ထိုစဥ် တဖက်မှ လောထျန်းက ဒေါသတကြီး အော်ပြောလာသည်။

" မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ "

ဝုန်း...

လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ရုတ်ချည်း ပေါ်လာသည်။

" ဘယ်လိုဖြစ်ပြီး... "

လုကျောက် မှင်သက်သွားကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။

ထိုစဥ်မှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု သူ့ထံ ကျလာသည်ကို ခံစားလိုက်ရသည်။

ဝုန်း..

လုကျောက်တစ်ယောက် မြေပြင်သို့ ချက်ချင်းဒူးထောက်ကျသွားပြီး.. မလှုပ်နိုင် ဖြစ်သွားသည်။

" မင်း... "

လုကျောက် ခေါင်းကို ခက်ခက်ခဲခဲမော့၍ လောထျန်းအား ကြည့်လိုက်၏။

တဖက်မှ လောထျန်းကလည်း သူ့အား စိုက်ကြည့်နေသည်။

ဝုန်း...

ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်း ထပ်တိုးလာ

ပြန်၏။

လုကျောက်ဘေးမှ မြေပြင်မှာ ထိုဖိအားကြီးကြောင့် ရုတ်ချည်း ပြိုကျသွားတော့သည်။

သူ့ပါးစပ်မှလည်း သွေးအန်လာကာ... သူ့တစ်ကိုယ်လုံး အချိန်မရွေး အပိုင်းပိုင်း ပြိုကွဲသွားတော့မလို ခံစားလိုက်ရ၏။

" ဘယ်လိုဖြစ်ပြီး... "

၎င်းကို ကြည့်နေသော ဘေးလူများ တုန်လှုပ်သွားကြပြန်သည် ။

ထိုစဥ် ယွဲ့လီက ဦးစွာအသိဝင်လာကာ ထိတ်လန့်တကြား ပြော၏။

" သခင်လေးလောထျန်း ၊ ရပ်လိုက်ပါရှင် ။ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ အတွင်းမှာ လူသတ်မိရင် ပြိုင်ပွဲကနေ အထုတ်ခံရလိမ့်မယ် "

ထိုစကားကို ကြားပြီးနောက် လောထျန်း အံ့သြသွားဟန်တူကာ သူ့ စိတ်ဝိဥာဥ်အစွမ်းကို ပြန်ရုတ်သိမ်း

လိုက်သည်။

သို့သော်...

အွတ်...

စိတ်ဝိဥာဥ်အစွမ်း၏ ဖိအား ပျောက်ကွယ်သွားသည်နှင့် လုကျောက်၏ ကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများ ရုတ်ချည်းပေါ်လာကာ ၎င်းဒဏ်ရာများမှ သွေးများ ပန်းထွက်လာသည်။

အား...

သူ့ကိုယ်ထဲမှ အရိုးပေါင်းများစွာလည်း ကျိုးကုန်ကြကာ နာကျင်စွာ အော်ဟစ်သံကြီး ထွက်လာ၏။

" အကို လုကျောက် "

လင်းချန်တစ်ယောက် အလွန်တုန်လှုပ်သွားပြီး လုကျောက်ဘေးတွင် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်သည်။

ထိုစဥ် လောထျန်းက သူတို့နှစ်ယောက်နားသို့

လျှောက်လာကာ အေးစက်စက်ပြော၏။

" မင်းတို့ ဟွမ်ရှင်းဂိုဏ်းက ဘယ်လောက်အစွမ်းထက်ထက် ၊ မင်းတို့ရဲ့ နတ်ဘုရားသားတော်က ဘယ်လောက်အစွမ်းထက်ထက်.. ငါ ဂရုမစိုက်ဘူး ။ ဒါပေမယ့်... ငါ့ကို လာမရှုပ်ကြနဲ့ "

သူ့စကားကို ကြားသည်နှင့် လင်းချန် တစ်ကိုယ်လုံး တုန်သွားသည်။

" ဒီလူက.. နတ်ဘုရားသားတော်ထက်တောင် ပိုကြောက်ဖို့ ကောင်းတာပဲ "

သူ တွေးမိလိုက်၏။

ထိုစဥ်တွင် လောထျန်းမှာ သူတို့ကို ကျောပေးပြီး နားနေဆောင်ဝင်းထဲသို့ပင် လျှောက်သွားနေလေပြီ ။

ဘုန်း..

သူ တံခါးကို ဆောင့်ပိတ်လိုက်ပြီးနောက်... အားလုံး တိတ်ဆိတ်သွားတော့သည်။

" လင်းချန်... ငါ့ကို ပြန်ခေါ်သွား... "

ထိုစဥ် လုကျောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" အင်.. ဟုတ်ကဲ့ "

လင်းချန် ခေါင်းညိတ်ကာ လုကျောက်အား ပွေ့ချီလိုက်သည်။

" ဟို... အကိုလင်းချန် ၊ သခင်လေးလောထျန်းကို ရန်မစဖို့ ကျွန်မ အကြံပေးပါရစေ "

ယွဲ့လီက လေသံတိုးတိုးဖြင့် ပြောရှာ၏။

သူမ ထိုစကားအား လင်းချန်တို့နှစ်ယောက်အပေါ် စေတနာဖြင့် ပြောနေခြင်းဖြစ်ပါသည်။

သို့သော် လုကျောက်မှာမူ ထိုစကားကို လုံးဝ အထင်လွဲသွားဟန်ပါပင် ။

" ဟမ့်... အခုမှ သူ့အတွက် လိုက်ပြောပေးမနေနဲ့ ။ သူက ငါ့ကို တိုက်ခိုက်ရဲမှတော့ ငါတို့ ဟွမ်ရှင်းဂိုဏ်းရဲ့ ရန်သူ ဖြစ်သွားပြီ ။ သူ ဒီ အစီအမံညီလာခံကနေ အသက်ရှင်ရက် ပြန်မထွက်စေရဘူးလို့ ငါ အာမခံလိုက်မယ်.. "

လုကျောက် အံကြိတ်၍ ပြောလိုက်သည်။

" ဟင်... "

ယွဲ့လီတစ်ယောက် ဘာပြန်ပြောရမည်ပင် မသိတော့ပါ ။

ထိုစဥ် တဖက်မှ လင်းချန်က သက်ပြင်းချ၍ ဆို၏။

" အားလုံး... ကျုပ်ကို သွားခွင့်ပြုပါဦး ။ အားလုံးလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ "

သူ ပြောပြီး လေထဲပျံတက်၍ ထွက်ခွာသွားတော့သည်။

ထိုစဥ် ကျန်နေခဲ့သော လူအနည်းစုမှာ တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်လျက်...

" ကျုပ်မေးချင်တာရှိတယ် ။ ခုနက သခင်လေးလောထျန်း လုပ်ပြခဲ့တဲ့ အစွမ်းကို ဘယ်လိုထင်ကြလဲ ... "

ယန်ဝမ့်လျန် မေးလိုက်သည်။

ချီလန့်ယွမ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ ပြန်ပြော၏။

" တခြားသူတွေကတော့ ဘယ်လိုလဲ မသိပေမယ့်..

တကယ်လို့ ကျုပ်သာ အဲ့သိုင်းကွက်နဲ့ တိုက်ခိုက်ခံရရင် သေသွားမှာ သေချာတယ် "

ပြောနေရင်းတွင်လည်း သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုတို့ အထင်းသား ပေါ်နေသည်။

ထိုမတိုင်ခင်က သူ လောထျန်းအား တိုက်ခိုက်မိခဲ့သေးပါ၏။

သူ ယခုထိ အသက်ဆက်ရှင်နေသေးသည်မှာ ကံကောင်းလွန်း၍ပါပင်...

ကျန်လူများလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ် ယန်ဝမ့်လျန်က ထပ်ပြော၏။

" ဒါဆိုရင်... သခင်လေးလောထျန်း နဲ့ ဟွမ်ရှင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော် ယှဥ်ရင် ဘယ်သူက ပိုအစွမ်းထက်မယ်လို့ ထင်လဲ "

အားလုံးမှာ မည်သို့မှ ပြန်မဖြေနိုင်ဘဲ အသံတိတ်သွားကြသည်။

အချိန်အတန်ကြာသွားပြီးမှ... အဘွားအိုက ဦးစွာ စကားစလာ၏။

" ငါ သူတို့နှစ်ယောက်လုံးနဲ့ တွေ့ခဲ့ဖူးတယ် ၊ နှစ်ယောက်လုံးက တကယ့်ကို ထိပ်တန်းအဆင့် ပါရမီရှင်တွေပဲ ။ ငါထင်တာတော့... သူတို့ချင်း လက်ရည်တူနိုင်တယ်... "

" လက်ရည်တူတယ်... "

ချီလန့်ယွမ် တစ်စုံတစ်ခုကို စဥ်းစားနေဟန်တူသည်။

သို့သော် ထိုစဥ် အခြားအဘိုးအိုတစ်ယောက်က သက်ပြင်းချ၍ ပြောသည်။

" စိတ်ဝိဥာဥ်အစွမ်းမှာတော့ သူတို့ချင်း ယှဥ်လို့ရနိုင်တယ်ဆိုပေမယ့် .... မသေမျိုးအစီအမံတွေကို နားလည်မှုမှာတော့ နှစ်ယောက်ကြား ကွာဟချက် ကြီးနိုင်တယ်ကွ "

ထိုစကားကို ကြားမှ အားလုံး ရုတ်တရက် အသိဝင်သွားကြသည်။

" ဟုတ်သားပဲ... ဟွမ်ရှင်းဂိုဏ်းဆိုတာ ချင်းယွမ်

ဒေသမှာ နံပါတ်တစ် အစီအမံအဖွဲ့လို့ ပြောလို့ရတယ်လေ ။ တိုင်လင်စင်မြင့်ကတော့ အရင်ခေတ်တုန်းက အင်အားကြီးပြီး အစွမ်းထက်ခဲ့တယ် ဆိုပေမယ့် သိပ်မကြာခင်က သူတို့ရဲ့ အစီအမံအမွေအနှစ်တွေ ဖြတ်တောက်ခံထားရတဲ့ပုံပဲ ။ သူတို့အနေနဲ့ ဟွမ်ရှင်းဂိုဏ်းကို ယှဥ်လို့ရမယ် မထင်ဘူး "

ချီလန့်ယွမ် ရုတ်တရက် ဆိုသည်။

" ဒါဆို... သူတို့နှစ်ယောက်သာ တကယ်တိုက်ခိုက်ကြရင် သခင်လေးလောထျန်း အန္တရာယ် ရောက်နိုင်တာပေါ့ "

ကျန်လူများ ခေါင်းညိတ်လိုက်ကြ၏။

" ကဲ... လောလောဆယ်က အဲ့ဒါတွေကို တွေးနေရမယ့်အချိန် မဟုတ်သေးဘူး ။ ပြီးတော့ ကျုပ်တို့ရဲ့အစွမ်းနဲ့ သခင်လေးလောထျန်းကိုလဲ ဘာမှ မကူညီနိုင်ဘူးလေ ။ လောလောဆယ် စောစောအနားယူပြီးတော့ မနက်ဖြန် ပြိုင်ပွဲပထမအဆင့်ကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာပဲ စဥ်းစားကြတာပေါ့ဗျာ "

ယန်ဝမ့်လျန် ပြောလိုက်သည်။

အားလုံးလည်း သူ့စကားကို ခေါင်းညိတ်သဘောတူပြီး နားနေဆောင်ဝင်းထဲသို့ ဝင်သွားလိုက်ကြ၏။

တခြားတဖက် ၊ ဟွမ်ရှင်းဂိုဏ်း နားနေဆောင်၌...

" သခင်လေး.. ကျုပ်အတွက် လက်တုန့်ပြန်ပေးပါဗျာ "

တစ်ကိုယ်လုံး သွေးများရွှဲနေသော လုကျောက်က ခုံပေါ်တွင် လှဲနေရင်း အော်ဟစ်ငိုကြွေးလိုက်သည်။

" ဟမ့်.. လုကျောက် ၊ မင်းက တကယ့်ကို အရှုံးသမားပဲကွ ။ လူမသိ သူမသိတဲ့ ကောင်လေးတစ်ယောက်ကြောင့် ခုလောက်ကြီး ဒဏ်ရာရသွားခဲ့ရတယ်လို့... ။ ဒါနဲ့များတောင် နတ်ဘုရားသားတော်ဆီလာပြီး လက်တုန့်ပြန်ပေးဖို့ ပြောရဲနေသေးတယ် "

သူ့ရှေ့မှ ပိန်ပိန်ပါးပါး လူတစ်ယောက်က လှောင်ပြုံးဖြင့် ပြောသည်။

ထိုလူသည် ဟွမ်ရှင်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထား

ပြီး.. ရင်ဘတ်တွင်လည်း ၇ ဆိုသည့်စာလုံးကို ချည်ထိုးထားပါ၏။

ထိုသူမှာ ဟွမ်ရှင်းဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များထဲမှ အဆင့် ၇ ရထားသူပါပင်...

" ဘာကို အသုံးမကျရမှာလဲဗျ ။ အဲ့ကောင်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိရဲ့လား... "

လုကျောက် မကျေမနပ် ပြန်ပြောလိုက်သည်။

" ဘယ်လောက်အစွမ်းထက်မှာမို့လို့လဲကွာ ။ ငါတို့တွေထက်ပဲ အစွမ်းထက်နိုင်ဦးမလား "

အကျ်ီရင်ဘတ်တွင် ၅ ဆိုသည့်စာလုံးကို ချည်ထိုးထားသူက အပြုံးဖြင့် ပြောလာ၏။

လုကျောက် အံကြိတ်ကာ ပြောလိုက်သည်။

" ကျုပ် တည့်တိုးကြီးပြောသလို ဖြစ်သွားရင်လဲ ခွင့်လွတ်ဗျာ ။ ဒါပေမယ့်... နတ်ဘုရားသားတော်က လွဲပြီးတော့ သူ့ကို ရင်ဆိုင်နိုင်တဲ့သူ ခင်ဗျားတို့ထဲမှာ တစ်ယောက်မှမရှိဘူး "

သူ့စကားဆုံးချိန်တွင် အားလုံး ရုတ်တရက် တိတ်သွားပြီးနောက်... ရယ်သံကျယ်ကြီး ထွက်လာသည်။

" လုကျောက်. ၊ မင်း ရူးသွားပြီလား ။ ငါတို့ သူ့ကို လုံးဝ မနိုင်နိုင်ဘူးလို့ မင်း ထင်တယ်ပေါ့လေ "

" ဟား ဟား... မင်းလို အားနည်းတဲ့ကောင်လေးက ကိုယ့်အစွမ်းကိုယ် အထင်မှားနေတာ မထူးဆန်းဘူးကွ ။ ဒါပေမယ့်.... ငါတို့ထဲက ဘယ်သူမဆို မင်းကို အဲ့လိုဒဏ်ရာမျိုးရအောင် လုပ်နိုင်တယ်ဆိုတာ မမေ့နဲ့နော် "

လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

သို့သော်.. ထိုစဥ်တွင် လူတစ်ယောက်က ရုတ်တရက် ထရပ်ကာ ပြော၏။.

" ရယ်မနေကြနဲ့... လုကျောက်က ဘယ်လောက်ပဲ အသုံးမကျဘူးဆိုရင်တောင်... သူက ငါတို့ ဟွမ်ရှင်းဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲကွ ။ ငါတို့ ဟွမ်ရှင်းဂိုဏ်းသားတစ်ယောက်က အပြင်လူကြောင့် ဒဏ်ရာရသွားခဲ့ဆယ်ဆိုရင် ငါတို့အတွက်လဲ ရှက်စရာပဲ ။ ဒါ

ပေမယ့် ပြိုင်ဘက်ကလဲ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဆိုတော့... လောလောဆယ် သူ့ကို သီးသန့်ကြီး တိုက်ခိုက်လို့ မဖြစ်သေးဘူး ။ အဲ့တော့.. မနက်ဖြန်ပြိုင်ပွဲမှာ.. ငါတို့ထဲက အဲ့လောထျန်းဆိုတဲ့ကောင်နဲ့ နှစ်ယောက်ချင်းရင်ဆိုင်ရတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်.. သူ့ကို သတ်ရမယ် "

ထိုလူက ပြောပြီးသည်နှင့် ဖြည်းညင်းစွာ လှည့်လာသည်။ သူ့ရင်ဘတ်တွင်ကား ၂ ဆိုသည့်စာလုံးကို ရွှေချည်ဖြင့် ရေးထွင်းထား၏။

All Chapters