← Chapters

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်

Vol. 60 Ch. 829

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်

Vol. 60 Ch. 829

လောထျန်းတစ်ယောက် အိပ်နေစဥ်တွင် စာမေးပွဲခန်းမထဲမှ ကျန်လူများအားလုံးမှာကား စိုးရိမ်တကြီး အလှုပ်ရှုပ်နေကြပါ၏။

" ချီး.. ဒီတစ်ခါလဲ မအောင်မြင်ပြန်ဘူးကွာ "

ယန်ဝမ့်လျန် ဆိုလျှင် သုံးကြိမ်တိတိ မအောင်မြင်သေးပါချေ။

အစီအမံတစ်ခုလုံးကို မဆိုထားဘိ ၊ အစီအမံ၏ အခြေခံအုတ်မြစ်ကိုပင် တည်ငြိမ်အောင် သူ မလုပ်နိုင်သေးပါ ။

အချိန်များ တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ သူ ပိုပို၍ စိုးရိမ်လာသည်။

အခြားဘက်ရှိ ၊ ရွှမ်လင်မြို့မှ လာခဲ့သော အဘွားအိုမှာလည်း သူနှင့် ထူးမခြားနားပင် ။

" ငါ ဒီတစ်ခေါက်ရော ပမထအဆင့်ကိုတောင် မ

အောင်ပဲနေမှာလား "

သူမ ယခုချိန်ထိ ထွင်းစာလေးအနည်းငယ်သာ ရေးရသေးပြီး.... သူမ၏ စိတ်ဝိဥာဥ်အစွမ်း အများစုက ကုန်နေခဲ့လေပြီ ။

သို့သော်... ခြွင်းချက်များလည်း ရှိပါသည်။

ချီလန့်ယွမ်တစ်ယောက်သည် အစီအမံကို နားလည်သွားပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွား၏။

" ဒီအစီအမံက ကြည့်ရတာ ရိုးရှင်းတဲ့ပုံပေမယ့်... ပေးထားတဲ့အချိန်လေးအတွင်းမှာ သာမာန်နည်းတွေကိုသုံးပြီး အစီအမံကို ပြီးအောင်လုပ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ ။ အဲ့တော့... ငါ့အတွက် ဟိုဟာကို သုံးဖို့ပဲ ရှိတော့တယ် ။ အစကတော့ နောက်ပိုင်းအဆင့်တွေ ၊ ဒါမှမဟုတ် နောက်ဆုံးအဆင့်မျိုးကျမှ သုံးမလို့ပါပဲကွာ... ခုလိုကြီး ပထမအဆင့်မှာတင် ထုတ်သုံးရမယ်လို့ ထင်တောင်မထင်ထားဘူး "

ချီလန့်ယွမ် အံကြိတ်၍ လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့အကျ်ီကို ဆွဲဖြဲလိုက်ရာ... သူ့နောက်ကျောတွင် တက်တူးကြီးကြီးတစ်ခု ပေါ်လာသည်။

" ဟင်.. ဒါက.. "

၎င်းကို မြင်သောအခါ ချီလန့်ယွမ်၏ စာမေးပွဲစစ်သူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" စိတ်ဝိဥာဥ်မီးတောက် မျိုးနွယ်စုက အဖွဲ့ဝင်လား... တော်တော်ရှားတယ် "

ထိုစဥ် ချီလန့်ယွမ် အသက်ပြင်းပြင်း ရှိုက်လိုက်ရာ သူ့နောက်ကျောမှ တက်တူးက ရုတ်တရက် မီးတောက်လာ၏။

သူ့စိတ်ဝိဥာဥ်အစွမ်းလည်း တမဟုတ်ချင်း တိုးလာသည်။

" အကြီးအကဲ ၊ ဒီအစွမ်းကို သုံးရင် စာမေးပွဲစည်းကမ်းကို ချိုးဖောက်ရာ မကျဘူးမဟုတ်လား "

ချီလန့်ယွမ် ခေါင်းလှည့်ကာ သူ့နောက်မှ စာမေးပွဲစစ်သူအား ကြည့်လိုက်သည်။

ထိုလူက အပြုံးဖြင့် ပြော၏။

" မဖြစ်ပါဘူးကွာ ။ မင်းတို့မျိုးနွယ်စုက လူတွေ အပြင်ကမ္ဘာမှာ ရှိနေကြသေးတာကို မြင်ရတော့ ငါ နည်းနည်းအံ့သြသွားတာပါ ။ ဒီ စမ်းသပ်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ... မင်းကို ငါ့တို့ရဲ့ ဝမ်ရှန့်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ဖိတ်ခေါ်ပါတယ် "

ချီလန့်ယွမ် အံ့သြသွားရပါသည်။

" ဝမ်ရှန့်ဂိုဏ်း... ဟုတ်လား.. ရှေးဟောင်းအစီအမံအဖွဲ့ကြီး ကိုးခုထဲက တစ်ခုဟာလား ။ ကျုပ် ကြားတာတော့ သခင်ကြီးတို့ရဲ့ မူလအဆင့် မသေမျိုးအစီအမံပညာရှင်က သက်ရှိထင်ရှား ရှိနေသေးတယ်ဆို "

စာမေးပွဲစစ်သူ ခေါင်းညိတ်ပြလိုက်သည်။

" ဘိုးဘေးက တကယ်လဲ သက်ရှိထင်ရှားပဲကွ.. ဒါပေမယ့် သူ လူရှေ့ကိုပေါ်မလာတာတော့ နှစ်တွေသောင်းချီပြီး ကြာသွားခဲ့ပြီ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... မင်းသာ လုံလောက်အောင် အစွမ်းထက်ရင် ဝမ်ရှန့်ဂိုဏ်းရဲ့ ဘိုးဘေးနယ်မြေထဲကို ဝင်ပြီးတော့ ငါတို့ဘိုးဘေးရဲ့ အမွေအနှစ်ကို ရနိုင်မှာကွ ။ ဘိုးဘေးက မင်းကို ခြွင်းချက်အနေနဲ့ထားပြီး ထွက်တောင်တွေ့မလား

မသိဘူး "

ချီလန့်ယွမ် မျက်မှောင် မဆိုစလောက် ကြုံ့သွားကာ ပြောလိုက်သည်။

" ကျုပ် စဥ်းစားပါ့မယ် "

ထိုသို့ပြောပြီးနောက် သူ ရှေ့ပြန်လှည့်ပြီး အစီအမံကိုသာ အစွမ်းကုန်သုံး၍ လုပ်နေလိုက်တော့သည်။

သူ့ စိတ်ဝိဥာဥ်အစွမ်း တိုးလာသည့်အတွက် သူ အစီအမံကို ပြင်ဆင်သည့်နှုန်းမှာလည်း များစွာပင် တိုးလာခဲ့ပါ၏။

ထိုစဥ် သူနှင့် မလှမ်းမကမ်းတွင်ကား.. ယွဲ့လီ ရှိနေပါသည်။

ဝီ....

သူမခေါင်းပေါ်တွင် ဖီးနစ်ငှက်အရိပ်ကိုးခု လှည့်ပတ်ပျံဝဲနေကာ စိတ်ဝိဥာဥ်အစွမ်းများကို ထုတ်လွှတ်နေပြီး ယွဲ့လီက ထွင်းစာများကို ဆက်တိုက်ရေးနေ၏။

သူမ၏ အစီအမံက တဖြည်းဖြည်းချင်း ပုံပေါ်လာသည်ကို ခပ်လှမ်းလှမ်းမှ ကြည့်နေကြသော စာမေးပွဲစစ်သူများမှာ အံ့သြမှင်သက်လျက်..

" ငါတို့ဂိုဏ်းချုပ်ကြီးတောင် သတိထားစောင့်ကြည့်ရတဲ့ ပါရမီရှင် ပီသပါပေတယ် ။ ယွဲ့လီရဲ့ ပါရမီကတော့ တကယ်ကို ကြောက်စရာပဲ ။ ဟို ဟွမ်ရှင်းဂိုဏ်းက ဘီလူးကောင်ကတောင်.. မိန်းကလေးနဲ့ အသက်တူ ၊ ကျင့်ကြံခြင်းတူနဲ့ အခြေနေမျိုးမှာ မိန်းကလေးကို ယှဥ်နိုင်မှာမဟုတ်ဘူး ။ ဒါပေမယ့် ခုတော့.. သူက ငယ်လွန်းသေးတယ် "

စာမေးပွဲစစ်သူ သက်ပြင်းချလိုက်ပြီး... ခပ်လှမ်းလှမ်း တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ့စိတ်ဝိဥာဥ်အစွမ်းလည်း ထိုနေရာသို့ လွင့်ပျံ့သွား၏။

ထိုနေရာတွင်ကား .. ဟွမ်ရှင်းဂိုဏ်းသားတစ်ယောက်က အစီအမံတစ်ခုကို လုပ်နေပါသည်။

ထိုလူမှာ အစီအမံကို နားလည်မှုအပိုင်းတွင်ရော ၊ စိတ်ဝိဥာဥ်အစွမ်းတွင်ပါ ယွဲ့လီထက် များစွာပိုသာပါ၏။

" ဟင်.. "

ထိုစဥ်တွင် အစီအမံကို ပြင်ဆင်နေသော ဟွမ်ရှင်းဂိုဏ်းသားက ရုတ်တရက် ခေါင်းလှည့်၍ သူ့အား အေးစက်စက်ကြည့်လာသည်။

အမျိုးသမီး စာမေးပွဲစစ်သူ လန့်သွားပြီး သူမ၏ စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ရ၏။

" ကြောက်စရာကောင်းလိုက်တာ.. အဲ့ကောင်လေးက ဟွမ်ရှင်းဂိုဏ်းမှာ အဆင့်လေးပဲ ရထားတာတောင်.. သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ငါ့ထက် ပိုသာနေပြီလား "

အမျိုးသမီး စာမေးပွဲစစ်သူ အနည်းငယ်လည်း ကြောက်ရွံ့သွားပါသည်။

" သူတို့ဂိုဏ်းရဲ့ ထိပ်ဆုံး သုံးယောက်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်ကြမလဲမသိဘူး "

သူမ မနေနိုင်ဘဲ ဟွမ်ရှင်းဂိုဏ်းမှ ထိပ်ဆုံးသုံးယောက် ရှိနေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူမကြည့်နေသည့်ဘက် အစွန်ဆုံးနားလေးတွင်..

ဝီ ..

တလက်လက်တောက်နေသော အစီအမံတစ်ခု အသွင်ပေါ်လာသည်။

အစီအမံရှေ့တွင် ရှိနေသော ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်က နောက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်၏။

" အစီအမံကို လုပ်ပြီးသွားပါပြီ "

သူ စာမေးပွဲစစ်သူအား ပြောလိုက်သည်။

" ဘယ်လို.. ပြီးသွားပြီလား "

တစ်ခေါင်းလုံး ဆံပင်ဘုတ်သိုက်နှင့် လူကောင်ထွားထွား စာမေးပွဲစစ်သူ အံ့အားသင့်သွားသည်။

ယခု ပြိုင်ပွဲပထမအဆင့် စတင်သည်မှာ တစ်နာရီလောက်ပင် ရှိပါသေး၏။

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်က ထိုတစ်နာရီတည်းနဲ့ အစီအမံတစ်ခုလုံးကို လုပ်ပြီးသွားခဲ့ပြီတဲ့လား..

ဤအမြန်နှုန်းမှာ ကြောက်စရာပါပင်...

စာမေးပွဲစစ်သူ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

" အဟမ်း... ဟွမ်ရှင်းနတ်ဘုရားသားတော်လေး ၊ စည်းကမ်းချက်တွေအတိုင်းဆိုရင်တော့ စမ်းသပ်ပွဲ မပြီးမချင်း ဒီကနေ ထွက်လို့မရဘူး "

ရှေ့မှ ဟွမ်ရှင်းဂိုဏ်း နတ်ဘုရားသားတော်၏ ဖိအားမှာ ကြီးလွန်းလှသဖြင့် သူ သတိထား၍ ပြောလိုက်ရ၏။

ထို စာမေးပွဲစစ်သူမှာ အဆင့်ရှစ် မသေမျိုးအစီအမံပညာရှင်သာဖြစ်ပြီး..

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်က အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် တစ်ယောက် မဟုတ်

ပါလား ...

သူတို့နှစ်ယောက်ကြားတွင် အဆင့်တစ်ခုသာ ကွာသည့်တိုင် စိတ်ဝိဥာဥ်အစွမ်း ကွာဟချက်က ကြီးလှပါသည်။

အစောပိုင်းက ထို နတ်ဘုရားသားတော် ထွင်းစာများအား ရေးနေစဥ် ကြားထဲမှ လွတ်ထွက်လာသည့် စိတ်ဝိဥာဥ်အစွမ်းလေး အနည်းငယ်ကပင် စာမေးပွဲစစ်သူကို လဲကျတော့မလိုဖြစ်အောင် လုပ်နိုင်ခဲ့ပါ၏။

အကယ်၍ တဖက်လူကသာ ဆန္ဒရှိပါက သူ့အား အလွယ်တကူ သတ်နိုင်မည်ကိုလည်း စာမေးပွဲစစ်သူ ကောင်းကောင်းကြီး သိထားသည်။

ထိုသို့သော လူတစ်ယောက်ကို သူ မလေးမစား ဘယ်လုပ်ရဲပါမည်နည်း ။

စာမေးပွဲစစ်သူ၏ စကားကို ကြားသောအခါ ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် မျက်နှာအနည်းငယ်သုန်မှုန်သွားသည်။

ထိုတခဏ၌.... စာမေးပွဲစစ်သူမှာ ကောင်းကင်ကြီးတစ်ခုလုံး သူ့ပေါ် ပြိုကျလာတော့မလို ခံစားလိုက်ရ၏။

သို့သော် ကံကောင်းစွာပင် နတ်ဘုရားသားတော်က အချိန်အတန်ငယ်ကြာ တိတ်နေပြီးနောက် ခေါင်းညိတ်၍ ပြောလာပါသည်။

" ကောင်းပြီ ၊ ဒါဆိုရင်လဲ ဒီမှာပဲ စောင့်ကြတာပေါ့ ။ ဒါပေမယ့်.. ကျုပ်ကို အနှောင့်ယှက်မပေးနဲ့နော် "

" ဟုတ်ကဲ့ "

စာမေးပွဲစစ်သူ ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

သူတို့နှစ်ယောက်ကို အဝေးမှကြည့်လျှင် မည်သူက စာမေးပွဲစစ်သူမှန်းပင် ပြောရန်မလွယ်ပါ ။

ထို့နောက်တွင် ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်က တင်ပျင်ခွေထိုင်၍ စတင်ကျင့်ကြံနေလိုက်တော့၏။

ဝီ...

ထိုသို့ ကျင့်ကြံလိုက်သည်နှင့် သူ့ခေါင်းပေါ်၌ နတ်သမီးအရိပ်နှစ်ခု လှည့်ပတ်ပျံသန်းလာသည်။

ထိုအရိပ်များဘေးတွင်လည်း ထွင်းစာများ မျောလွင့်လာပြီးနောက် ၎င်းတို့က မဟာတာအိုထွင်းစာများနှင့် အနီးစပ်ဆုံးတူသော ထွင်းစာအဖြစ် စုစည်းသွားကြသည်။

ထိုထွင်းစာများ စုစည်းလာသည်နှင့် တစ်ပြိုင်နက် မှိန်ဖျော့ဖျော့ ဖိအားတစ်ခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။

ချက်ချင်းမှာပင် ကောင်းကင်ကြီးတစ်ခုလုံး အရောင်ပြောင်းသွားကာ တလက်လက်တောက်နေသော နတ်ဘုရားအလင်းတန်းများက စာမေးပွဲခန်းမ တစ်ခုလုံးနီးပါးကို အရောင်လက်သွားစေသည်။

" အစွမ်းထက်လိုက်တဲ့ ပုံရိပ်ဖော်ကျင့်စဥ် ပါလားကွာ "

၎င်းကိုမြင်သော စာမေးပွဲစစ်သူ အံ့သြတကြီး ဖြစ်သွားရပြန်သည်။

မည်သို့ပင်ကြည့်ကြည့် ၊ သူ့ရှေ့ရှိ ဟွမ်ရှင်းဂိုဏ်း နတ်ဘုရားသားတော်မှာ နတ်ဘုရားတစ်ပါးလိုပါပင်...

ထိုမြင်ကွင်းက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွင်း ရှိနေကြသော လူအများစု၏ အာရုံကိုပါ ဖမ်းစားလိုက်နိုင်ပါသည်။

" ဒါ.. ဟွမ်ရှင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော်လား "

စင်မြင့်တစ်ခုပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ယောက်က နတ်ဘုရားသားတော် ရှိရာဘက် လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

" အဲ့လူရဲ့ အစီအမံပညာကတော့ ဒီကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းပါပဲ ။ ဟွမ်ရှင်းဂိုဏ်းက ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မြန်ကြီး တိုးတက်လာခဲ့တယ်ဆိုပေမယ့်... သူတို့ဆီမှာ အမြဲတမ်း လိုအပ်နေခဲ့တဲ့ အရာတစ်ခုတော့ ရှိတယ်။ သူတို့ဆီမှာက မူလအဆင့် မသေမျိုးအစီအမံပညာရှင် ရှိမနေတော့ ဒေသကြီးကိုးခုထဲမှာ ပထမတန်းအဆင့် အစီအမံအဖွဲ့ မဖြစ်လာနိုင်သေးဘဲ နေနေတာ ။ ဒါပေမယ့် ဒီ နတ်ဘုရားသားတော်က အနာဂါတ်မှာ အဲ့လိုအပ်ချက်ကို ဖြည့်တင်းပြီး မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်

ယောက် ဖြစ်လာနိုင်မယ်နဲ့တူတယ် "

အခြားအဘိုးအိုတစ်ယောက်လည်း သက်ပြင်းချလိုက်သည်။

" အမှန်ပဲ ။ အဲ့ကောင်လေးသာ ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ပထမရသွားခဲ့ရင်... ဘိုးဘေး ဖေးယွမ် ချန်ထားခဲ့တဲ့ အစီအမံရဲ့ အဓိပ္ပါယ်အစစ်ကို နားလည်ဖို့ အခွင့်အရေး ရသွားလိမ့်မယ် ။ သူသာ အဲ့ဒါကို အောင်အောင်မြင်မြင် နားလည်သွားရင်တော့.. အနာဂါတ်မှာ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် တကယ်ကြီး ဖြစ်လာနိုင်လိမ့်မယ် "

အခြားအဘိုးအိုတစ်ယောက်လည်း ဝင်ပြော၏။

အားလုံးကလည်း ထိုစကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သို့သော် ထိုစဥ်တွင် တစ်ယောက်က လှောင်ပြုံးဖြင့် ပြောလာ၏။

" ကိုယ့်ကိုကိုယ် သိပ်သေချာနေကြတယ်ပေါ့လေ ။ ကျုပ် ပြောလိုက်မယ်.. ဒီတစ်ကြိမ် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ သူ ပထမ လုံးဝမရနိုင်ဘူး "

အားလုံး အံ့အားသင့်သွားကာ အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။

ထိုစကားကို ပြောလိုက်သူမှာ ရွှမ်လင်မြို့မှ သခင်ကြီးဟောင် ပင်...

" အဘိုးကြီးဟောင် ၊ အဲ့စကားက ဘာအဓိပ္ပါယ်လဲ ။ ဟွမ်ရှင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော်က ပထမ မရနိုင်ဘူးဆိုရင် ဘယ်သူရမယ် ထင်လို့လဲ "

ပထမအဘိုးအိုက မျက်နှာမသာမယာဖြင့် ပြောလာသည်။

သခင်ကြီးဟောင် သူ့အား တစ်ချက်ကြည့်လိုက်၏။

" ကျုပ် ပြောပြီးသားလေ ၊ ဒီနှစ် ပထမအဆင့်က လောထျန်းရဲ့အပိုင်ပဲ "

All Chapters