← Chapters

အခန်း (၈၃၃)

Vol. 60 Ch. 833

အခန်း (၈၃၃)

Vol. 60 Ch. 833

အားလုံး၏ အကြည့်မှာလည်း ထိုအကြွင်းအကျန် စိတ်ဝိဥာဥ်ပေါ်တွင် ရှိနေကြကာ ... နောက်ဆုံး.. စင်မြင့်အလယ်တွင် ရပ်သွားသည်။

ထိုစဥ်မှ လူတစ်ယောက်က တုန်လှုပ်စွာ မေးလိုက်၏။

" အဲ့ဒါ... သခင်ကြီး ထိုက်ထန် မဟုတ်ဘူးလား"

" ဟင်.... တကယ်ကြီးကို သခင်ကြီးထိုက်ထန် ပဲ.. ဘာတွေဖြစ်နေတာလဲ "

အားလုံး တုန်လှုပ်ကုန်ကြသည်။

သခင်ကြီးထိုက်ထန်မှာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ ထိပ်ဆုံးကျင့်ကြံသူများထဲတွင် ပါပါသည်။

တိုက်ခိုက်စွမ်းရည်အရလည်း ထိပ်တန်းအဆင့်များထဲမှ တစ်ယောက်ဖြစ်ပါ၏။

ထိုသို့သော လူတစ်ယောက်က ဘယ်လိုကြောင့် အကြွင်းအကျန်စိတ်ဝိဥာဥ် ဖြစ်သွားရပါသလဲ...

ဘာတွေ ဖြစ်ကုန်ပြီလဲ ...

" ဘာတွေ ဖြစ်နေတာလဲ ပြောစမ်း "

ထိုစဥ် ပထမအကြီးအကဲက ရုတ်တရက် ထရပ်ကာ ဒေါသတကြီး မေးလိုက်သည်။

သူ ပြောပြီး လောထျန်းဘက် လှည့်ကြည့်လိုက်၏။

လောထျန်းကလည်း အကြီးအကဲ ကြည့်လာသည်ကို မြင်သည်နှင့် ချက်ချင်း လက်နှစ်ဖက်လုံး ဖြန့်ပြ၍ ပြန်ပြောသည်။

" ကျုပ်ကို မကြည့်နဲ့လေဗျာ ။ ကျုပ် သူ့ကို တားဖို့ကြိုးစားခဲ့ပါသေးတယ် .. ဒါပေမယ့် မရခဲ့ဘူး ။ သူက ကျုပ်ရဲ့ အစီအမံထဲကို အတင်းကြီး ဝင်သွားခဲ့တာ "

" အစီအမံ.. ဘာ အစီအမံလဲ.. "

အကြီးအကဲက မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်

သည်။

လောထျန်းက အူကြောင်ကြောင် မျက်နှာလေးဖြင့် ပြန်ပြော၏။

" စမ်းသပ်ပွဲအတွက် လုပ်ထားတဲ့ ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံလေ "

ပထမအကြီးအကဲ၏ ရင်ထဲတွင် သံသယပိုကြီးလာကာ မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်သည်။

" မင်းရဲ့ အစီအမံက ထန်ထိုက်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီမဟုတ်ဘူးလား... "

ဤတစ်ကြိမ်တွင်မူ လောထျန်းက ပြန်မဖြေခင်မှာပင် လောထျန်း၏ စာမေးပွဲစစ်သူက ဦးစွာ ဝင်ရှင်းပြ၏။

" အကြီးအကဲ... လောထျန်းရဲ့ အစီအမံကို သခင်ကြီးထန်ထိုက် ဖျက်ဆီးခဲ့တာ မဟုတ်ဘူးဗျ.. "

" ဟင်... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ.. ။ သူ ချိုးဖျက်တာ မဟုတ်ဘူးဆိုရင် အစီအမံက ဘယ်လိုလုပ်ပြီးတော့ ပျက်စီးသွားရတာလဲ "

အကြီးအကဲ နားမလည်နိုင် ဖြစ်သွားရပါသည်။

အခြားသူများကလည်း စာမေးပွဲစစ်သူအား သံသယအကြည့်ဖြင့် ကြည့်လာကြ၏။

စမ်းသပ်ပွဲ အစောပိုင်းတွင် လောထျန်းရှိသည့်ဘက်မှ ရောင်စုံအလင်းတန်း လင်းသွားသည်ကို သူတို့ မြင်ခဲ့ရသည် မဟုတ်ပါလား...

ဂလု..

စာမေးပွဲစစ်သူက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ အသံတုန်တုန်ဖြင့် ပြန်ပြောရှာသည်။

" အစီအမံကို ... လောထျန်းကိုယ်တိုင် ချိုးဖျက်ခဲ့တာ "

သူ့စကားကြောင့် အားလုံး ပိုပို၍ နားမလည်နိုင် ဖြစ်သွားကြသည်။

" ကိုယ်တိုင် ဖျက်ဆီးလိုက်တာ... ဟုတ်လား ။ ဒါ စမ်းသပ်ပွဲ လုပ်နေတာလေကွာ ၊ အဲ့လို ကိုယ်တိုင်ဖျက်ဆီးလို့ ဘယ်ရမှာလဲ "

" ဟုတ်တယ်.. ဒါ လုံးဝမဖြစ်နိုင်ဘူး "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် ပထမအကြီးအကဲမှာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသော်လည်း ၎င်းကို မယုံနိုင် ဖြစ်နေပါ၏။

ထို့ကြောင့် သူ အံကြိတ်၍ မေးလိုက်သည်။

" သူက ဘာဖြစ်လို့ အစီအမံကို ကိုယ်တိုင်ချိုးဖျက်လိုက်ရတာလဲ "

စာမေးပွဲစစ်သူက လောထျန်းအား ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် တစ်ချက်လှည့်ကြည့်ကာ ပြန်ဖြေသည်။

" ဘာလို့လဲဆိုတော့.. သခင်ကြီးထန်ထိုက် အစီအမံထဲ ဝင်သွားတဲ့အချိန်မှာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံခဲ့ရတယ်ဗျ "

အားလုံး ခေါင်းအသာ ညိတ်လိုက်ကြသည်။

ဤနေရာတွင် ရှိနေသူ အားလုံးနီးပါးမှာ မသေမျိုးအစီအမံပညာရှင်များ ဖြစ်ကြရာ ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံနှင့် မစိမ်းကြပါချေ။

ထိုအစီအမံထဲ ဝင်လိုက်လျှင် ၎င်း အစီအမံ၏ တိုက်ခိုက်မှုကို အမှန်တကယ် ခံရမည်ဖြစ်ပါသည်။

သို့သော်.. ၎င်းက ထန်ထိုက်တစ်ယောက် ယခုလိုအခြေအနေမျိုး ဖြစ်သွားခြင်းနှင့် ဘယ်လို ပတ်သက်ပါသနည်း ။

ထိုစဥ် စာမေးပွဲစစ်သူက စကားဆက်သည်။

" သခင်ကြီး ထန်ထိုက်ရဲ့ ခန္ဓာကိုယ်က အဲ့ ပထမတိုက်ခိုက်မှုမှာတင် ပြိုကွဲသွားခဲ့ရပါတယ် ... "

သူ့စကားဆုံးချိန်တွင် အားလုံး တခဏမျှ တိတ်သွားကြသည်။

ထို့နောက်မှ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

" ဘာပြောလိုက်တာ.... သခင်ကြီးထန်ထိုက်ရဲ့ ခန္ဓာကိုယ်က အစီအမံကြောင့် ပျက်စီးသွားတယ်တဲ့

လား ။ နောက်နေတာလားကွာ "

ကဲ့ချန်က ဦးစွာ ပြောလာသည်။

ကျန်လူများမှာလည်း သူ့နည်းတူပင် ထိုစကားကို မယုံနိုင်ဖြစ်နေကြဟန် တူပါ၏။

ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံမှာ အဆင့် ၇ မသေမျိုးအစီအမံတစ်ခုသာ ဖြစ်ပါသည်။

သီအိုရီအရ ဆိုပါက... ၎င်းအစီအမံဖြင့် ရွှေရောင်မသေမျိုး အဆင့်မှ အစွမ်းထက်ကျင့်ကြံသူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ပြီး ...

မသေမျိုးသခင်ကြီးအဆင့် ရောက်ထားသူများအား ဘာအန္တရာယ်မှ မပေးနိုင်ပါချေ။

အစောပိုင်းက... ယဲ့ဖူရှောက်၏ အစီအမံကြောင့် မသေမျိုးသခင်ကြီး ဒဏ်ရာနည်းနည်းလေး ရသွားခဲ့သည်ကပင် တုန်လှုပ်စရာ ကောင်းလွန်းနေလေပြီ ။

သို့သော်.. ယခု လောထျန်းက ထိုအဆင့် ၇ အစီအမံ

ဖြင့် မသေမျိုးသခင်ကြီး တစ်ယောက်ဖြစ်သော သခင်ကြီးထန်ထိုက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့သတဲ့လား ...

သခင်ကြီးထန်ထိုက်မှာ မသေမျိုးဧကရာဇ် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးရာ ...

ယဲ့ဖူရှောက်၏ အစီအမံကြောင့် ဒဏ်ရာရသွားခဲ့သော လူထက်ပင် များစွာ ပိုအစွမ်းထက်ပါသေးသည်။

ယခု... သူ့ခန္ဓာကိုယ်က တခဏလေးအတွင်း ဖျက်ဆီးခံလိုက်ရသတဲ့လား...

ထိုစဥ် လူအုပ်ဘေးနားတွင် ရပ်နေသော သခင်ကြီးဟောင်သည်ပင် အံ့သြတုန်လှုပ်နေပါ၏။

လောထျန်းက အလွန်အစွမ်းထက်သည်ကို သူ သိထားသည့်တိုင် ဤမျှ အစွမ်းထက်မည်ဟု မျှော်လင့်မထားမိခဲ့ပါ ။

" ပြီးတော့... ဘာဆက်ဖြစ်လဲ "

ထိုစဥ် ပထမအကြီးအကဲက ရုတ်တရက်ထရပ်ကာ စာမေးပွဲစစ်သူအား မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သူ့အသွင်မှာ... မဖြစ်နိုင်ဆုံးသော အကြောင်းရာတစ်ခုကို ကြားလိုက်ရသည့်အလား...

စာမေးပွဲစစ်သူက မျက်နှာငယ်လေးဖြင့် ပြန်ပြော၏။

" အဲ့နောက်တော့.. ဒုတိယတိုက်ခိုက်မှုက သခင်ကြီးထန်ထိုက်ရဲ့ စိတ်ဝိဥာဥ်ကို ထိခိုက်ပြီး အပျောက်ဖျောက်ပစ်တော့မလို ဖြစ်သွားခဲ့တယ်ဗျ ။ ဒါပေမယ့်.. လောထျန်းက အဲ့အချိန်မှာ မြန်မြန်လှုပ်ရှားပြီး အစီအမံကို ဖျက်ဆီးလိုက်လို့ ကံကောင်းသွားခဲ့တာ ။ တကယ်လို့ သူသာ လှုပ်ရှားတာ နှေးသွားခဲ့ရင် သခင်ကြီးထန်ထိုက်က ခုလောက်ဆို လုံးဝ ဖျက်ဆီးခံလိုက်ရမှာ "

ထိုတခဏ၌ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

သခင်ကြီးထန်ထိုက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိဥာဥ်က ဖျက်ဆီးခံရတော့မလို ဖြစ်သွားခဲ့တယ်တဲ့လား...

ကြောက်စရာ ကောင်းလှပါလား...

ယခင်က အားလုံး၏ ချီးမွမ်းပြောဆိုခြင်းကို ခံခဲ့ရသော ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက်မှာလည်း.. ယခု လောထျန်းနှင့် ယှဥ်လိုက်ပါက.. ဘာမှ မဟုတ်တော့သလို...

ထိုသို့သော လူတစ်ယောက်က လူရွေးပွဲကို လိမ်ညာနေစရာ လိုပါမည်လား...

နောက်နေပါသလား...

ထိုစဥ်.. ပထမအကြီးအကဲက လည်ပင်းကို ခက်ခက်ခဲခဲလှည့်၍ လောထျန်းအား ကြည့်လာသည်။

လောထျန်းက ချက်ချင်း လက်ဖြန့်ပြ၍ ပြန်ပြော၏။

" ကျုပ် ကျိန်ရဲပါတယ်.. ဒီကိစ္စက ကျုပ်အပြစ်မဟုတ်ဘူးနော် "

အကြီးအကဲမှာ လောထျန်းကိုကြည့်ပြီး ဆွံ့အလျက်...

ထို့နောက် သူ ထန်ထိုက်ဘက် လှည့်ကြည့်ကာ တုန်တုန်ယင်ယင် မေးလိုက်သည်။

" ထန်ထိုက် ... အဲ့ဒါတွေ အကုန် အမှန်တွေပဲလား "

အားလုံးမှာ ထန်ထိုက်၏ အကြွင်းအကျန်စိတ်ဝိဥာဥ်ဘက်မှ ငြင်းချက်တစ်ခုခု ထုတ်လာရန် မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။

သို့သော်... လေထဲမှ ထန်ထိုက်၏ အကြွင်းအကျန်စိတ်ဝိဥာဥ်က မျက်နှာကြီး ရှုံ့မဲ့လျက် ပြန်ပြောပါသည်။

" အမှန်ပဲ... ။ ပြီးတော့.. အစီအမံ ပျက်စီးသွားတဲ့နောက်မှာ ကျုပ်ရဲ့ စိတ်ဝိဥာဥ်တွေကို လိုက်စုပေးတဲ့ ဟိုကောင်ကြောင့်သာ မဟုတ်ရင်.. ကျုပ်မှာ ဒီအကြွင်းအကျန် စိတ်ဝိဥာဥ်တောင် ကျန်မှာမဟုတ်ဘူး "

သူ့စကားကို ကြားပြီးနောက် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်တော့၏။

ထိုအဖြစ်ပျက်ကြီးက အမှန်တဲ့လား...

ထန်ထိုက်က လိမ်ပြောမည်ဟု မည်သူကမှ မထင်ကြ

ပါချေ။

ထိုတခဏ၌ အားလုံး၏ လောထျန်းကို ကြည့်သောအကြည့်များ ပြောင်းသွားတော့သည်။

သူတို့သည်လည်း မသေမျိုးအစီအမံပညာရှင်များ ဖြစ်ကြရာ ထိုသို့သော အဆင့်မျိုးထိ ရောက်ရန် မည်မျှခက်ခဲကြောင်း သိပါ၏။

ထိုစဥ် ပထမအကြီးအကဲက အသက်ပြင်းပြင်းရှိုက်၍ ထန်ထိုက်အား ပြောလိုက်သည်။

" ကောင်းပြီ ၊ သဘောပေါက်ပြီ ။ ရတနာတိုက်ထဲမှာ အသွင်ပြောင်းကိုးသွယ် ဆေးလုံးရှိတယ် ။ အဲ့ဒါကို သောက်လိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်တဲ့နေရာမှာ ကူပေးနိုင်လိမ့်မယ်ကွ "

ထန်ထိုက်က မြန်မြန်ပင် ဦးညွှတ်၍ဆိုသည်။

" ကျေးဇူးတင်ပါတယ် ပထမအကြီးအကဲ "

ထို့နောက် သူ့ အကြွင်းအကျန်စိတ်ဝိဥာဥ်က မျောလွင့်ထွက်ခွာသွား၏။

ထွက်မသွားခင်လည်း သူ လောထျန်းအား အဓိပ္ပါယ်များစွာ ပါဝင်သော အကြည့်ဖြင့် တစ်ချက်ကြည့်သွားသေးသည်။

ထိုစဥ် တဖက်မှ လောထျန်းမှာလည်း ပထမအကြီးအကဲ၏ စကားကို ကြားပြီးမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်ပါ၏။

ထို့နောက်.. သူ ခေါင်းမော့၍ ဘေးလူများကို တစ်ချက်ဝေ့ကြည့်ကာ ပြောသည်။

" ဟို... ဒါဆိုရင် ကျုပ် ဒီစမ်းသပ်ပွဲကို အောင်သွားပြီလား "

အားလုံး ဆွံ့အသွားကြရပြန်တော့သည်။

ပထမအကြီးအကဲက သူ့အား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြ၏။

" အောင်တယ် "

အစီအမံအား ချိုးဖျက်ရသည့် စာမေးပွဲစစ်သူကိုပင် သတ်မိမလို ဖြစ်သွားခဲ့ပေရာ.. ၎င်းကို အအောင်မပေးဘဲ မည်သို့ လုပ်ရပါမည်နည်း ။

သခင်ကြီးဟောင်မှာ ထိုစကားကို ကြားပြီး အလွန်ဝမ်းသာပျော်ရွှင်သွားသည်။

" ပထမအကြီးအကဲ ၊ လောထျန်းရဲ့ အဆင့်ကရော.. ဘယ်လိုလဲဗျ "

ပထမအကြီးအကဲက သူ့အား တစ်ချက်ကြည့်ပြီး အနည်းငယ် ကူကယ်ရာမဲ့နေသည့် မျက်နှာဖြင့် ပြော၏။

" လောထျန်း... ပြိုင်ပွဲပထမအဆင့်မှာ အဆင့်တစ်.. "

ထိုစကားကို ကြားချိန်တွင် လူများ၏ မျက်နှာပေါ်၌ မတူညီသော မျက်နှာထားပေါင်းစုံ ဖြစ်သွားကြသည်။

ယွဲ့လီနှင့် ချီလန့်ယွမ်တို့မှာကား ဝမ်းသာပျော်ရွှင်သွားကြပုံပေါ်၏။

ဟွမ်ရှင်းဂိုဏ်းမှ လူများအားလုံးမှာမူ မျက်မှောင်ကြုံ့နေကြပြီး လောထျန်းအား ရန်လိုစွာ ကြည့်နေကြသည်။

ထိုစဥ် ကဲ့ချန်က ရုတ်တရက် ပြော၏။

" ပထမအကြီးအကဲ .. ဒါ စည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူး မဟုတ်လားဗျ ။ စမ်းသပ်ပွဲရဲ့ စည်းကမ်းချက်က အစီအမံ ဘယ်လောက်ကြာကြာခံလဲဆိုတာကို အခြေခံထားတာလေ ။ ဒီကောင်လေးက အစီအမံကို သူ့ဟာသူ ဖျက်ဆီးခဲ့တယ်ဆိုပေမယ့်.. စက္ကန့်သုံးဆယ်မှ မကြာခဲ့တာ "

All Chapters