အခန်း (၈၃၅)
Vol. 60 Ch. 835
မုတ်ဆိတ်ရှည်အဘိုးအိုက ထိုသို့ ပြောပြီးသည်နှင့် လက်ထဲမှ စာရွက်လိပ်ကို ဖွင့်လိုက်သည်။
ဝီ ...
ချက်ချင်းမှာပင် မူလမသေမျိုးလက်နက်၏ ထူးခြားပြီး အားကောင်းလှသော ဖိအားကြီးတစ်ခု ထွက်လာ၏။
၎င်းမှ ကြောက်မက်ဖွယ် ရှေးဟောင်းအရောင်အဝါတစ်ခုလည်း တိုးထွက်လာသည်။
အားလုံး စာရွက်လိပ်အား မော့ကြည့်လိုက်ကြရာ ကောင်းကင်သန့်စင် မြေပုံမှ မှိန်ဖျော့ဖျော့ လမ်းကြောင်း ၇ ခု အပြင်ဘက်သို့ မျောလွင့်လာပြီး အားလုံးရှေ့ ကျလာသည်ကို မြင်လိုက်ရ၏။
" ဒီကောင်းကင်သန့်စင် မသေမျိုးမြေပုံမှာ အဝင်လမ်း အားလုံးပေါင်း ၇ ခုရှိတယ် ။ မင်းတို့က အဲ့ထဲ
က ကြိုက်တဲ့လမ်းကို ရွေးပြီးတော့ ဝင်လို့ရတယ် ။ အဲ့ မြေပုံထဲကနေ သုံးနာရီအတွင်း ပြန်ထွက်လာနိုင်တာနဲ့ စမ်းသပ်ပွဲကို အောင်ပြီ "
" ဒါပေမယ့်.. ဒီမြေပုံထဲမှာ ကြောက်စရာ အန္တရာယ်တွေလဲ စောင့်ကြိုနေတယ် ။ အဲ့တော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိဘူးဆိုရင် ခုတည်းက လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ် ။ အဲ့လိုမဟုတ်ဘဲ အထဲဝင်သွားပြီးမှ အဲ့မှာ သေသွားရင် ငါတို့က တာဝန်ယူမှာမဟုတ်ဘူး "
စကားဆုံးသောအခါ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
" ကဲ.. အခု မင်းတို့ ဆုံးဖြတ်ချက် ချလို့ရအောင် စက္ကန့်သုံးဆယ် အချိန်ပေးမယ် ။ မင်းတို့ ဒီအဆင့်မှာ ဆက်ပြိုင်ချင်သေးရင် ရှေ့ကို တိုးကြပါ "
မုတ်ဆိတ်ရှည်အဘိုးအိုက ပြောသည်။
ချီလန့်ယွမ်မှာ နေရာတွင် တောင့်တောင့်ကြီးရပ်၍ အတန်ငယ်ကြာ စဥ်းစားနေပြီးမှ သခင်ကြီးဟောင်ဘက် လှည့်ကြည့်ကာ ပြောလိုက်၏။
" သခင်ကြီးဟောင် ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် လက်လျှော့လိုက်ပြီ "
သူ့ စိတ်ဝိဥာဥ်အစွမ်းမှာ လက်ရှိတွင်ပင် အကန့်အသတ်ပမာဏသို့ ရောက်နေပြီကို သူ ကောင်းကောင်းကြီး သိပါသည်။
ထိုအခြေအနေမျိုးဖြင့်သာ ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲသို့ ဝင်သွားပါက သူ့ကိုယ်သူ သေကြောင်းကြံသလိုသာ ဖြစ်ပေလိမ့်မည်။
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" အင်း.. မင်း ကောင်းကောင်းကြီး လုပ်နိုင်ခဲ့ပါတယ်ကွာ "
ချီလန့်ယွမ် သက်ပြင်းချလိုက်ပြီးနောက် လောထျန်းနှင့် ယွဲ့လီတို့အား ဦးညွှတ်၍ ပြောလိုက်သည်။
" သခင်လေးတို့နှစ်ယောက်ကို အောင်မြင်မှုကြီးကြီးရဖို့ ကျုပ် ဆုတောင်းပေးပါတယ် "
လောထျန်း ခေါင်းညိတ်၍ ပြန်ပြောသည်။
" စိတ်မပူပါနဲ့ဗျာ "
ယွဲ့လီလည်း ခေါင်းအသာညိတ်ပြလိုက်၏။
ထိုစဥ်မှာပင်..
" ကဲ.. အချိန်စေ့ပြီ ၊ ပြိုင်ပွဲဝင်မယ့်သူတွေက ရှေ့ကို တိုးခဲ့ကြပါ "
လောထျန်းနှင့် ယွဲ့လီတို့ တွန့်ဆုတ်မနေဘဲ ရှေ့သိူ့ လျှောက်သွားကြသည်။
အခြားပြိုင်ပွဲဝင် အများစုမှာလည်း ရှေ့တိုးသွားကြပြီး... ချီလန့်ယွမ်လို ပြိုင်ပွဲမှထွက်ရန် ရွေးချယ်ခဲ့သူ အနည်းငယ်လည်း ရှိပါ၏။
" ဟွမ်ရှင်းဂိုဏ်းက လူတွေအားလုံး ဝင်ပြိုင်ကြမှာလား "
" ဒါပေါ့ကွ.. သူတို့အားလုံးက ဒီလောက် ကြောက်စရာကောင်းတာကို "
" ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ ရလဒ်က ဘယ်လိုတွေလာမ
လဲ မသိပါဘူးကွာ "
" ကြည့်ရတာ.. လောထျန်းကပဲ အသာစီးရမယ်နဲ့တူတယ် "
" လောထျန်းလား ၊ သူက အစွမ်းထက်တာ မှန်ပေမယ့်... အစီအမံပညာတွေကို နားလည်မှုပဲ အားကောင်းတာလေ ။ အခု ကောင်းကင်သန့်စင် မသေမျိုးမြေပုံက စိတ်ဝိဥာဥ်အစွမ်းကို စမ်းသပ်တာဆိုတော့ သူ ကောင်းချင်မှကောင်းမှာကွ "
" အင်း.. ငါလဲ အဲ့လိုပဲထင်တယ် ။ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ယဲ့ဖူရှောက်လောက် မကောင်းနိုင်ဘူး "
" ဟုတ်တယ်ကွ ။ အထူးသဖြင့် ယဲ့ဖူရှောက်က ပထမအဆင့်မှာ လောထျန်းရဲ့ အနိုင်ယူတာကို ခံခဲ့ရတာဆိုတော့ ဒီတစ်ခေါက် အစွမ်းကုန်သုံးပြီး ကြိုးစားမှာပဲ ။ သူတို့နှစ်ယောက် ကြားမှာ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ခက်တယ် "
" အဲ့နှစ်ယောက်ကတော့ ချင်းယွမ်ဒေသရဲ့ အစီအမံပညာရပ်ပိုင်းကို ခေတ်တစ်ခေတ်စာလုံး အုပ်စိုးကြ
မှာ သေချာပါတယ်ကွာ "
လူများ ထင်ရာပြောလိုက်ကြသည်။
အားလုံးက ထိုသို့ ဆွေးနွေးနေကြစဥ်မှာပင် သခင်ကြီးဟောင်က လောထျန်းနှင့် ယွဲ့လီနောက်သို့ ရောက်လာသည်။
" မင်းတို့နှစ်ယောက်လုံး သေချာနားထောင်ကြ ။ မြေပုံထဲကို ဝင်သွားပြီးတာနဲ့ မင်းတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို အစွမ်းကုန်သာ ထုတ်သုံးကြနော် ။ အဲ့ထဲမှာ စိတ်ဝိဥာဥ်အစွမ်းက အားကောင်းလေ ၊ ခရီးကလဲ တိုလေပဲ ။ အဲ့ကျရင် မင်းတို့ အမြန်ဆုံး ပြန်ထွက်လာနိုင်လိမ့်မယ် "
သခင်ကြီးဟောင် ရှင်းပြလိုက်သည်။
" ကျုပ် သဘောပေါက်ပါပြီ "
လောထျန်းက သူ နားလည်ကြောင်း ပြရန်အတွက် ခေါင်းအသာညိတ်၏။
ဤသို့ဖြင့် မကြာခင်မှာပင် သူတို့နှစ်ဦး မြေပုံစာရွက်လိပ်ရှေ့ ရောက်သွားကာ လမ်းကြောင်းတစ်ခု ရွေးလိုက်ကြသည်။
" ကဲ... ပြိုင်ပွဲဒုတိယအဆင့် စပါပြီ "
မုတ်ဆိတ်ရှည်အဘိုးအို၏ စကားဆုံးသည်နှင့် လောထျန်းအပါအဝင် အခြားသူများအားလုံး လမ်းများပေါ်သို့ တစ်ပြိုင်နက်တည်း ခြေချလိုက်ကြသည်။
ဝီ ...
ထို့နောက်တွင်ကား.. သူတို့အားလုံး၏ ပုံရိပ်များက တစ်ခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားပါ၏။
ထိုမြင်ကွင်းကို ကြည့်နေသော အကြီးအကဲတစ်ယောက်က သခင်ကြီးဟောင်ဆီသို့ လျှောက်လာကာ အပြုံးဖြင့်ဆိုသည်။
" သခင်ကြီးဟောင် ၊ အခု ပြိုင်ပွဲဒုတိယအဆင့်မှာ ဘယ်သူ အနိုင်ရမယ်လို့ ထင်လဲ "
သခင်ကြီးဟောင် တဖက်လူအား တစ်ချက်ကြည့်ရုံဖြင့် ထိုလူက သူ့အား လာစမ်းသပ်နေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သို့သော် သူ အပြုံးဖြင့်သာ ပြန်ပြောလိုက်ပါ၏။
" မေးနေးရာ လိုသေးလို့လားဗျာ ၊ လောထျန်းပဲ ဖြစ်မှာပေါ့ "
သူ့စကား ဆုံးချိန်မှာပင် ကဲ့ချန်က လှောင်ပြုံးဖြင့် ပြောလာသည်။
" အကြီးအကဲဟောင်က တကယ်ကို မောက်တာတာပဲ ။ လောထျန်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို တကယ်ကြီး ပြိုင်ဘက်ကင်းလို့ ထင်နေတာလား မသိပါဘူး "
သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွားကာ ကဲ့ချန်အား ပြန်ကြည့်လိုက်သည်။
" မင်းက ဘာပြောချင်တာလဲ "
ကဲ့ချန်က အပြုံးဖြင့် ပြန်ပြော၏။
" ဘာမှမဟုတ်ပါဘူး... ငါ တစ်ခုကို သတိရသွားလို့ပါ "
သူ ပြောပြောဆိုဆိုပင် ဘေးဘီသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ပြုံး၍ ဆက်ပြောသည်။
" ဖန်ကွေ့က ဒီ ကောင်းကင်သန့်စင် မသေမျိုးမြေပုံနဲ့ ဆင်တူ အပွားတစ်ခုထဲမှာ ကျင့်ကြံနေခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီလေ "
" ဟင်.... "
သူ့းကားကြောင့် အားလုံး ထိတ်လန့်သွားကြပုံ ပေါ်ပါ၏။
" ကောင်းကင်သန့်စင် မသေမျိုးမြေပုံနဲ့ ဆင်တူ.. ဟုတ်လား ၊ အဲ့ ထိပ်တန်းအဆင့် မူလမသေမျိုးလက်နက်နဲ့လေ... "
တစ်ယောက်က အံ့သြတကြီး မေးသည်။
ကဲ့ချန်က အပြုံးဖြင့် ခေါင်းညိတ်ပြ၏။
" ဟုတ်တယ် ... အဲ့ပုံစံတူ လုပ်ထားတဲ့ဟာက မူလမသေမျိုးလက်နက် အဆင့် မဟုတ်သေးပေမယ့် အဲ့လောက်နီးနီးပဲ ။ ဖန်ကွေ့က အဲ့မြေပုံထဲကနေ ပြန်ထွက်လာဖို့ နာရီဝက်ပဲ ကြာတာ "
" ဒါ... "
တဖက် အဘိုးအို၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
" ဒါဆို... မူလမသေမျိုးလက်နက်ရဲ့ အစွမ်းကို အ
ခြေခံပြီးတွက်လိုက်ရင် ဖန်ကွေ့အတွက် မြေပုံထဲကနေ ပြန်ထွက်လာဖို့ နှစ်နာရီလောက်ပဲ အချိန်ကြာနိုင်တာပေါ့ "
အဘိုးအို ပြောလိုက်သည်။
" နှစ်နာရီ .. .. ဒီမှာရှိကြတဲ့ အကြီးအကဲတွေတောင် အဲ့လို မလုပ်နိုင်လောက်ဘူး မဟုတ်လား "
" လောထျန်းနဲ့ ယဲ့ဖူရှောက်တို့ နှစ်ယောက်လုံးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြတာတော့ မှန်ပါတယ် ။ ဒါပေမယ့်.. ဖန်ကွေ့က အတွေ့အကြုံတွေ အများကြီးပိုရှိတာ ဆိုတော့... သူ ဟိုနှစ်ယောက်ကို မရှုံးလောက်ဘူး "
" ဒီတိုင်းဆိုရင် ပြိုင်ပွဲဒုတိယအဆင့်က မျှော်လင့်မထားတာတွေ အများကြီး ပြည့်နေမယ့်ပုံပဲ "
အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
မုတ်ဆိတ်ရှည်အဘိုးအိုက ထိုသူများ၏ စကားကို နားထောင်နေရင်း အပြုံးဖြင့် ပြောလာ၏။
" အားလုံး... အများကြီးတွေ လျှောက်စဥ်းစားနေလို့
ရော ဘာထူးမှာလဲဗျာ ။ နောက် နှစ်နာရီလောက်နေရင်ပဲ ရလဒ်ကို ရှင်းရှင်းကြီး တွေ့ကြရမှာပါ "
အားလုံးကလည်း သူ့စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သို့သော်... အားလုံး ထိုသို့ ပြောဆိုနေကြစဥ်မှာပင်..
ဝီ...
ကောင်းကင်သန့်စင် မသေမျိုးမြေပုံပေါ်၌ အလင်းတန်းတစ်ခု လက်လာပြီး...
လောထျန်း ထွက်လာပါ၏။
" ဟင်... ဘာလို့ အပြင်ရောက်လာတာလဲ "
လောထျန်းက ဘေးဘီသို့ လှည့်ကြည့်ကာ တအံ့တသြ မေးလိုက်သည်။
" ဟင်... "
ခန်းမထဲ ရှိနေသူအားလုံး တုန်လှုပ်သွားကုန်ကြ၏။
သူတို့ ဦးနှောက်များ ပျက်သွားပြီလားဟုလည်း
အားလုံး တွေးမိလိုက်ကြသည်။
" ဒါ.... ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲကနေ အစောဆုံး ပြန်ထွက်လာနိုင်တဲ့ မှတ်တမ်းကို ဘယ်သူ မှတ်မိသေးလဲ "
တစ်ယောက်က မေးလိုက်သည်။
" တစ်နာရီ... "
အခြားတစ်ယောက်က ပြန်ဖြေ၏။
" အခု... ပြိုင်ပွဲစတဲ့ အချိန်ကနေ ခုထိဆိုရင်.. စက္ကန့်တစ်ရာတောင် မပြည့်သေးဘူးမဟုတ်လား "
" ကောင်းကင်သန့်စင် မသေမျိုးမြေပုံက အမှားယွင်းတစ်ခုခု ရှိနေလို့များလား "
အားလုံး မုတ်ဆိတ်ရှည် အဘိုးအိုအား လှမ်းကြည့်လိုက်ကြသည်။
မုတ်ဆိတ်ရှည်အဘိုးအို မှာလည်း အူကြောင်ကြောင် ဖြစ်နေရှာပါ၏။
အားလုံးက သူ့အား ကြည့်နေသည်ကို မြင်မှ.. သူ ကောင်းကင်သန့်စင် မသေမျိုးမြေပုံဆီ ချက်ချင်းသွားပြီး ၎င်းကို သေချာစစ်ဆေးကြည့်လိုက်သည်။
" မြေပုံမှာ... ဘာပြဿနာမှ မရှိဘူး "
" ဘယ်လို... "
အားလုံး အံ့သြတကြီး ဖြစ်ကုန်ကြသည်။
" သခင်လေးလောထျန်း ... ဘယ်လိုလုပ်ပြီး ထွက်လာနိုင်ခဲ့တာလဲ "
သခင်ကြီးဟောင်က လောထျန်းအား မေးလိုက်၏။
လောထျန်းက တအံ့တသြ ပြန်ဖြေသည်။
" ကျုပ်က သခင်ကြီးပြောတဲ့အတိုင်း လုပ်ခဲ့တာပဲလေ ။ ကျုပ် အထဲကို ရောက်တာနဲ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လိုက်တာ ။ နောက်တော့ တံခါးပေါက် ဆယ့်နှစ်ခု ပေါ်လာတာပဲ ။ ကျုပ်လဲ အချိန်အကြာကြီး တွန့်ဆုတ်နေပြီးမှ ကျပန်းတစ်ခုရွေးပြီး လာခဲ့တာ "
လောထျန်း ထိုသို့ပြောနေရင်း ရုတ်တရက်.. စကားရပ်ကာ အံ့သြတကြီး ပြောသည်။
" ကျုပ်ရွေးတာ မှားသွားလို့များလား ။ နေဦး..
ကျုပ် ထပ်စမ်းကြည့်လိုက်ဦးမယ် "
သူ ပြောပြောဆိုဆိုပင် လမ်းတစ်ခုကိုရွေးပြီး ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲ ပြန်ဝင်သွားသည်။
" ခဏနေပါဦး... "
သခင်ကြီးဟောင် သူ့ကိုတားရန် ကြိုးစားလိုက်သေးသော်လည်း နောက်ကျသွားပါ၏။
သို့သော် ထိုအချိန်မှာပင်..
ဝီ ...
အလင်းတန်းတစ်ခု လက်လာကာ လောထျန်း မြေပုံထဲမှ ပြန်ထွက်လာသည်။
" ဒီတစ်ခေါက်ရော.. မှန်သွားပြီလား "
လောထျန်း မေးလိုက်သည်။
အားလုံးမှာကား သူ့ကိုကြည့်ပြီး ဆွံ့အမှင်သက်လျက် ....
ဘာတွေ ဖြစ်နေပါသလဲ...
ဒုတိယတစ်ကြိမ် ဝင်တာက ပထမအကြိမ်ထက်ပင် ပိုမြန်ပြီး တစ်စက္ကန့်လောက်သာ ကြာခဲ့ပါ၏။
ထိုကောင်လေးက ကောင်းကင်သန့်စင် မသေမျိုးမြေပုံ၏ စိတ်ဝိဥာဥ်အစွမ်းအပေါ် ဖိနှိပ်ခြင်းကို လုံးဝ လျစ်လျူရှုထားနိုင်ပါသလား....