အခန်း (၈၃၆)
Vol. 60 Ch. 836
" ဟင်.. ဘာလို့ အပြင်ပြန်ရောက်လာတာလဲ ။ ဒါလဲ မမှန်ပြန်ဘူးလား "
လောထျန်း ပြန်ထွက်လာပြီးနောက်.. သူ့ရှေ့မှ လူများကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော် တခဏအကြာတွင် သူ လက်ယမ်းကာ ပြော၏။
" အရင်တစ်ခုကို ထည့်မတွက်နဲ့နော် ။ ကျုပ် ထပ်လုပ်ကြည့်မယ် "
လောထျန်း ပြောကာ လမ်းကြောင်းသစ်တစ်ခု ထပ်ရွေးလိုက်သည်။
သို့သော် တခဏအကြာမှာပင်...
ဝီ...
အလင်းတန်း လက်သွားပြီး ... လောထျန်း ပြန်ထွက်
လာပါ၏။
" ဒါလဲ မမှန်ပြန်ဘူးလား... ကျုပ် ထပ်သွားကြည့်ဦးမယ် "
ဝီ...
" ထပ်လုပ်ကြည့်မယ်ဗျာ "
ဝီ ...
" နောက်တစ်ခေါက်... "
လောထျန်းပုံမှာ မကျေမနပ် ဖြစ်နေဟန်တူပြီး ... အားလုံး၏ မှင်သက်နေသော အကြည့်အောက်၌ ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲသို့ ဝင်သွားလိုက် ၊ ထွက်လာလိုက် ဖြင့် အဆက်မပြတ် လုပ်နေပါ၏။
အားလုံးမှာ သူ့ကို တားလိုက်ချင်သော်လည်း... သူက မြန်လွန်းနေ၍ သူတို့ တုန့်ပြန်ရန်ပင် အချိန်မရှိခဲ့ပါ ။
ဝီ...
မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း လောထျန်း ပြန်ပေါ်လာသည်။
ဤတစ်ကြိမ်တွင်မူ.. သူ လမ်းကြောင်းများအားလုံးကို စုံနေအောင် လျှောက်ပြီးသွားလေပြီ ။
" ခင်ဗျားတို့ရဲ့ အဲ့ဟာကြီးက ပျက်နေတာလား မသိဘူး ..... "
လောထျန်းပြောကာ သူ့နောက်ရှိ ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား လက်ညိုးထိုးပြလိုက်သည်။
အားလုံး : ........
ပျက်နေတာ တဲ့လား ...
အစောပိုင်းလေးတင် မုတ်ဆိတ်ရှည်အဘိုးအိုက ၎င်းကို စစ်ဆေးကြည့်ထားသေးပြီး မြေပုံတွင် ဘာပြဿနာမှ မရှိသည်ကို သေချာပြီးသား ဖြစ်
ပါသည်။
ထို့ထက်ပို အရေးကြီးသည်မှာ ၎င်းက မူလမသေမျိုးလက်နက် တစ်ခု ဖြစ်ခြင်းပင် ။
မူလမသေမျိုးလက်နက် တစ်ခုက ထိုသို့ အလွယ်တကူ ပျက်သွားသည်ကို မည်သူ ကြားဖူးပါသလဲ...
ထို့အပြင်... ၎င်းက အမှန်တကယ်သာ ပျက်နေသည်ဆိုပါက အဘယ့်ကြောင့် လောထျန်းတစ်ယောက်တည်း ထွက်လာပြီး ကျန်လူများ ထွက်မလာရပါသနည်း ။
သို့ဖြစ်ရာ.. ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိပါတော့သည်။
လောထျန်းက ကိုယ်ပိုင်အစွမ်းဖြင့် ယခုကဲ့သို့ ထွက်လာနိုင်ခြင်းပင် ...
" မယုံဘူး.. လုံးဝ မယုံဘူး ၊ တစ်ခုခု မရိုးသားတာ ရှိကိုရှိရမယ် "
ထိုစဥ် ကဲ့ချန်က ဒေါသတကြီး အော်ပြောလာသည်။
လက်ရှိတွင်.. သူ အမှန်တရားကို လုံးဝ လက်မခံနိုင် ဖြစ်နေပါ၏။
သခင်ကြီးဟောင် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" ကဲ့ချန်.. လျှောက်ပြောမနေနဲ့ ။ ကောင်းကင်သန့်စင် မသေမျိုးမြေပုံက မူလမသေမျိုးလက်နက် တစ်ခုဆိုတာ မင်းလဲသိတာပဲ ။ အဲ့ဒါကို ဘယ်သူက ဘာလုပ်ရဲမှာလဲ "
ကဲ့ချန်မှာ ပြန်မငြင်းနိုင်ဘဲ အံသာကြိတ်နေပါ၏။
သို့သော် ထိုစဥ်မှာပင်..
ဝီ ...
ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှ အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းလာပြီး...
မြေပုံတစ်ခုလုံးဆီမှ ကြောက်မက်ဖွယ် ဖိအားကြီး
တစ်ခု ထုတ်လွှတ်လာ၏။
ဝုန်း ..
ထိုဖိအားကြီးကြောင့်... လောထျန်းတစ်ယောက်မှလွဲ၍ ခန်းမထဲ ရှိနေသူအားလုံး နောက်သို့ အသည်းအသန် ဆုတ်သွားကြရသည်။
" ဘာတွေ ဖြစ်နေတာလဲ.. ဒီဖိအားက.. ပုံမှန်မဟုတ်ဘူး "
" ကောင်းကင်သန့်စင် မသေမျိုးမြေပုံက.... အထိန်းအကွပ် မဲ့သွားတာလား... "
" ဟင်.... မူလမသေမျိုးလက်နက်တစ်ခုက အဲ့လိုဖြစ်သွားတာမျိုး.. ဖြစ်နိုင်လို့လား "
အားလုံး တုန်လှုပ်သွားကြသည်။
ထိုစဥ် ကဲ့ချန်က တစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် ရုတ်တရက် အော်ရယ်၏။
" ငါ နားလည်ပြီ ။ လောထျန်းက အဲ့ မသေမျိုးမြေပုံကို တစ်ခုခု လုပ်ထားတာပဲ ဖြစ်ရမယ် ။ အခု မြေပုံ
က စိတ်ဝိဥာဥ် ရှိသွားတော့.. သူ့ကို သတ်ပစ်တော့မယ်နဲ့တူတယ် "
ထိုစကားကို ကြားသောအခါ အားလုံး တုန်လှုပ်သွားကြပြန်ပါသည်။
သခင်ကြီးဟောင်မှာလည်း ပိုဒေါသထွက်သွား၏။
" မဖြစ်နိုင်တာတွေ ပြောမနေနဲ့ "
ကဲ့ချန်က သူ့ကိုလှည့်ကြည့်ကာ ကျေနပ်ပြုံး ပြုံး၍ ပြောသည်။
" ဘာလို့မဖြစ်နိုင်ရမှာလဲ ။ အချက်အလက်တွေက မင်းရှေ့မှာ ရှိနေတာလေ ။ မူလမသေမျိုးလက်နက်တွေက အံ့သြစရာ ကောင်းလောက်အောင်ကို အစွမ်းထက်တယ် ။ ပြီးတော့ ကောင်းကင်သန့်စင် မသေမျိုးမြေပုံက ထူးခြားတဲ့ မူလမသေမျိုးလက်နက်ပဲကွ ။ အဲ့လိုလက်နက်မျိုးကို သွားပြီး စော်ကားလို့မရဘူး ။ မင်းကောင်က အဲ့ဒါကို တစ်ခုခုသွားလုပ်ထားတော့... ကိုယ့်ကိုကိုယ် သေကြောင်းကြံတာနဲ့ ဘာကွာတော့မှာလဲ "
အခြားသူများမှာလည်း သူ့စကားကို နားထောင်ပြီး
ဖြစ်နိုင်သည်ဟု အတွေးဝင်သွားကြပါသည်။
အမှန်တွင်လည်း သမိုင်း မှတ်တမ်းတလျှောက်တွင် ကောင်းကင်သန့်စင် မသေမျိုးမြေပုံ ယခုလို တစ်ခါမှ မဖြစ်ခဲ့ဖူးပါချေ။
" ဒီ ကောင်းကင်သန့်စင် မသေမျိုးမြေပုံက လောထျန်းကို တကယ်ပြီး အပျောက်ရှင်းတော့မှာလား "
" ဖိအားကိုကြည့်ရတာ... အဲ့လိုဖြစ်မယ်နဲ့ တူတယ်ကွ "
အားလုံး တီးတိုးပြောလိုက်ကြသည်။
သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောရန် ပြင်လိုက်၏။
သို့သော်.. ထိုစဥ် .
ဝုန်း...
ကောင်းကင်သန့်စင် မသေမျိုးမြေပုံ၏ ဖိအားက
နောက်တစ်ဆင့်သို့ တက်သွားပြန်ပါသည်။
ခန်းမထဲ ရှိနေသူအားလုံး တုန်လှုပ်သွားပြန်ကာ နောက်သို့ ထပ်ဆုတ်လိုက်ရ၏။
၎င်းကို ကြည့်နေသော ကဲ့ချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" ဟား ဟား.. မင်း အခုတော့ ဘာပြောစရာ ရှိသေးလဲ "
သူ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သခင်ကြီးဟောင်၏ မျက်နှာ ဖြူရော်သွားသည်။
သူ ဝန်မခံချင်သော်လည်း ယခု ဖိအားကို ခံစားရပြီးနောက်တွင် စိတ်မသက်မသာ ဖြစ်လာပါတော့သည်။
အမှန်တွင်မူ လောထျန်းက မည်သို့သော လှည့်ကွက်မျိုးကိုမှ သုံးခဲ့သည်ဟု သူ မထင်ပါ ။
သို့သော်... ကောင်းကင်သန့်စင် မသေမျိုးမြေပုံက ဒေါသထွက်နေသည်မှာ ငြင်းမရသော အချက်ပင် ။
" အကြီးအကဲ ချန် ၊ ကောင်းကင်သန့်စင် မသေမျိုးမြေပုံကို ကျေးဇူးပြုပြီး တားပါဦးဗျာ "
သခင်ကြီးဟောင် မုတ်ဆိတ်ရှည်အဘိုးအိုဘက် လှည့်ကြည့်ကာ မတောင်းပန်ရုံတမယ် ပြောလိုက်သည်။
သို့သော် အကြီးအကဲချန်မှာလည်း မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေကာ ပြန်ပြော၏။
" ကျုပ် ကြိုးစားကြည့်ပြီးပြီ... ဒါပေမယ့်.. လက်ရှိ ကောင်းကင်သန့်စင် မသေမျိုးမြေပုံကို ထိန်းချုပ်လို့ မရဘူး "
" ဘယ်လို... "
သခင်ကြီးဟောင် မှင်သက်သွားရပါတော့သည်။
အကြီးအကဲချန်က အံကြိတ်ကာ ဆက်ပြော၏။
" ကျုပ်က ဒီမြေပုံရဲ့ ပိုင်ရှင်မဟုတ်ဘူး ။ အဲ့တော့.. ဒီဟာကြီးသာ အထိန်းအကွပ်မဲ့ ဖြစ်သွားရင် ကျုပ် မထိန်းချုပ်နိုင်ဘူးဗျ "
" ဒါ.... "
သခင်ကြီးဟောင် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
ဝီ...
ထိုစဥ်မှာပင် မြေပုံမှ အလင်းတန်းတစ်ခု လက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
၎င်းမှ ထွက်နေသည့် ဖိအားမှာလည်း ကြောက်မက်ဖွယ် အတိုင်းအတာထိ ရောက်သွား၏။
" ဟမ့်... မြေပုံက လူသတ်အကွက်ကို သုံးတော့မယ်နဲ့တူတယ် "
ကဲ့ချန်၏ မျက်လုံးများ အရောင်လက်သွားပြီး လောထျန်းတစ်ယောက် အသေဆိုးနှင့် သေရမည်ကို စောင့်ကြည့်နေလိုက်သည်။
ကျန်လူများလည်း သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။
ထိုအထဲတွင် အချို့လူများက လောထျန်းအတွက် စိတ်မကောင်းဖြစ်နေကြသလို... ရင်ထဲမှ ကြိတ်ပျော်နေသူများလည်း ရှိကြပါသည်။
လောထျန်းသာ ဤနေရာတွင် သေသွားခဲ့ပါက
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံတွင် ဝင်ပြိုင်ကြသော အခြားပြိုင်ပွဲဝင်များအတွက် ကောင်းသွားမည် မဟုတ်ပါလား ။
ဤသို့ဖြင့် ကောင်းကင်ယံသို့ ထိုးတက်သွားသော အလင်းတန်းက အဆုံးမဲ့ဖိအားကြီးဖြင့် အောက်ပြန်ကျလာသည်ကို အားလုံး အတွေးကိုယ်စီဖြင့် ကြည့်နေလိုက်ကြသည်။
ဝုန်း....
ထိုတခဏ၌ ကမ္ဘာမြေကြီးတစ်ခုလုံး စတင်တုန်ခါလာ၏။
အားလုံးရင်ထဲ ကြောက်စိတ်များ ဝင်လာကြ၏။
အကယ်၍ ထိုဖိအားကြီးသာ သူတို့ပေါ် ကျလာပါက.. သူတို့ ၎င်းကို ခံနိုင်စရာအကြောင်း လုံးဝမရှိနိုင်ပါ ။
၎င်းမှာ မူလမသေမျိုးလက်နက်၏ အစွမ်းပါပင်...
ဤသို့ဖြင့်.. အားလုံး ကြည့်နေစဥ်မှာပင် အလင်းတန်း ဆက်ကျလာကာ လောထျန်း၏ ခေါင်းပေါ်နားလေးသို့ ရောက်လာသည်။
လောထျန်းတစ်ယောက် အပိုင်းပိုင်းဖြစ်သွားအောင် ဖိခြေခံရတော့မည်ဟု အားလုံး တွေးလိုက်ကြ၏။
သို့သော်.. ထိုစဥ် လောထျန်းက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါသည်။
ဝုန်း...
အလင်းတန်းက လောထျန်းလက်ထဲသို့ ငြင်သာစွာ ကျသွား၏။
လောထျန်းမှာ ဘာမှ ထိခိုက်မှုမရှိဘဲ အကောင်းအတိုင်း ....
" ဟင်... "
ထိုမြင်ကွင်းကြောင့် အားလုံး တုန်လှုပ်သွားကြပြန်တော့သည်။
ဘာတွေဖြစ်နေပါသလဲ...
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက လောထျန်းကို ဘာမှ မဖြစ်စေခဲ့ဘူးလား...
သို့သော် ထိုစဥ်မှာပင်..
ဝီ ...
လောထျန်းလက်ထဲမှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု အရောင်လက်လာသည်။
" အခုမှ စမှာလား မသိဘူး "
အားလုံး လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။
သို့သော် လောထျန်းမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး မည်သို့သော နာကျင်မှုကိုမှ ခံစားနေရဟန် မတူပါ ။
ထိုအချိန်မှာပင်.. စိတ်စွမ်းအင်အလင်းတန်းက ရုတ်တရက် နူးညံ့သွားပြီး...
ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှ အဆုံးမဲ့သော အစွမ်းများ လောထျန်းကိုယ်ထဲသို့ စီးဝင်လာကြသည်။
၎င်းကို ကြည့်နေသော လူများအားလုံး မှင်သက်သွားကြတော့၏။
အချိန်အတန်ကြာသွားပြီးမှ လူတစ်ယောက်က အံ့သြတကြီး ပြောလာသည်။
" ကောင်းကင်သန့်စင် မသေမျိုးမြေပုံက.. သခင်ကို အသိအမှတ် ပြုနေတာလား "
" ဘာပြောလိုက်တယ်... မဖြစ်နိုင်တာ... "
" ဘာကို မဖြစ်နိုင်ရမှာလဲကွ ။ အဲ့မှာကြည့်လိုက်ဦး.. သခင်ကို အသိအမှတ်ပြုနေတာနဲ့ မတူဘူးလား "
" မင်းပြောလိုက်မှ... တကယ်လဲ အဲ့လိုဖြစ်နေတာပဲကွ ။ အဲ့ဒါတင်မကသေးဘူး.. မြေပုံက သူ့အလိုလို သန့်စင်နေတယ်နဲ့တူတယ် "
" ဟင်. .. တကယ်ကြီး ကိုယ့်ကိုကိုယ် သန့်စင်နေတာပဲ ။ အမြန်နှုန်းကလဲ အံ့သြစရာကြီး "
လူအုပ်၏ အံ့သြတကြီး ရေရွတ်သံများကြားတွင်ပင်... ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှ အစွမ်းထက်သော မသေမျိုးအလင်းတန်းတစ်ခု တိုးထွက်လာသည်။
တခဏအကြာတွင်မူ.. ထိုအလင်းတန်းက ပြန်ပျောက်ကွယ်သွားပြီး ...
အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ဝီ...
ထိုစဥ်မှာပင်.. ကောင်းကင်သန့်စင် မသေမျိုးမြေပုံ ပျံသန်းလာကာ လောထျန်းအား လှည့်ပတ်၍ စိတ်ကျေနပ်အောင် လုပ်ပေးချင်နေပုံ ရှိနေပါ၏။
" ဒါ.... "
အားလုံး ဆွံ့အကုန်ကြတော့သည်။
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အဖိုးအတန်ဆုံး ရတနာများထဲမှ တစ်ခုဖြစ်သော ကောင်းကင်သန့်စင် မသေမျိုးမြေပုံ....
မည်သူကမှ မသန့်စင်နိုင်ခဲ့သော မူလမသေမျိုးလက်နက် တစ်ခု ....
ပြိုင်ပွဲတွင် စမ်းသပ်မှုတစ်ခုအနေဖြင့်သာ သုံးနိုင်ခဲ့သော.. ထိုပစ္စည်းက သခင်ကို အသိအမှတ် ပြုလိုက်ပြီတဲ့လား.. ။