← Chapters

အခန်း (၈၃၇)

Vol. 60 Ch. 837

အခန်း (၈၃၇)

Vol. 60 Ch. 837

" ဒါ... ဒါ.... "

ထိုစဥ်တွင် ကဲ့ချန်မှာ အားလုံးထဲတွင် ကိုးယို့ကားယား အနိုင်ဆုံးဖြစ်နေပြီး ... လက်ညိုးတထိုးထိုးဖြင့် လောထျန်းကို စကားပြောရန် ကြိုးစားလိုက်၏။

သို့သော် တဖက်မှ လောထျန်းမှာ သူ့နားကပ်နေသော ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား မျက်မှောင်ကြုံ့၍ ကြည့်နေပါသည်။

ထို့နောက် သူ လက်ဖျောက်တစ်ချက် တီးလိုက်ရာ..

ဝှစ်..

မသေမျိုးမြေပုံက တမဟုတ်ချင်း အဝေးရောက်သွားသည်။

သို့သော်.. ချက်ချင်းဆိုသလိုပင်..

ဝှစ်..

ကောင်းကင်သန့်စင် မသေမျိုးမြေပုံက ပိုမြန်သည့်အရှိန်ဖြင့် ပျံသန်းလာကာ လောထျန်းကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်လာပါသည်။

" ဟင်... ဒီဟာက ဘာဖြစ်နေတာလဲ ။ တအားကြီး တွယ်ကပ်နေတာ.. "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဒါ... "

တဖက်မှ အကြီးအကဲချန် တစ်ယောက် ၎င်းကိုကြည့်ပြီး မှင်သက်ဆွံ့အလျက်...

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အကြီးအကဲတစ်ယောက်ဖြစ်သော သူ့တာဝန်မှာ မျိုးစုံသော မသေမျိုးလက်နက်များနှင့် ရတနာများကို စောင့်ကြပ်ရန် ဖြစ်ပါသည်။

ထို ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှာမူ သူတို့ အစီအမံညီလာခံရှိ မသေမျိုးလက်နက်များထဲမှ အစွမ်းအထက်ဆုံးနှင့် အသုံးပြုရန် အခက်ခဲဆုံးပင်..

ပုံမှန်ဆိုပါက... သူ ၎င်းကို ဒူးထောက်၍ပင် ခစားရပါ၏။

သို့တိုင်.. ၎င်းက သူ့အား မျက်နှာသာ မပေးခဲ့ပါ ။

ထိုသို့ အေးစက်ပြီး ခစားရန်ပင် ခက်လှသော အစွမ်းထက် မူလမသေမျိုးလက်နက် တစ်ခုက.. လောထျန်းရှေ့တွင် ယခုလို ဖိနပ်လျက်သည့် ခွေးတစ်ကောင် ဖြစ်သွားမည်ဟု ဘယ်သူက ထင်ပါမည်လဲ ။

ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော သခင်ကြီးဟောင်က ရုတ်တရက် အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။

" အဲ့လိုကိုး.. တကယ်တော့ ကောင်းကင်သန့်စင် မသေမျိုးမြေပုံက သူ့သခင်ကို အသိမှတ်ပြုနေတာပဲ ။ ခုနက အဲ့မြေပုံက သခင်လေးလောထျန်းကို သတ်ချင်နေတာလို့ ပြောခဲ့တာ ဘယ်သူပါလိမ့် "

သူ ပြောကာ ကဲ့ချန်အား လှည့်ကြည့်လိုက်သည်။

ထိုစဥ် ကဲ့ချန်မှာ မျက်နှာကြီးနီရဲနေကာ တစ်ကိုယ်

လုံး တုန်နေပါ၏။ သူ အကြိမ်အနည်းငယ် တုန်နေပြီးနောက်.. သွေးလည်း အန်သွားသည်။

သူသည် အစောပိုင်းတည်းက ကောင်းကင်သန့်စင် မသေမျိုးမြေပုံ၏ ဖိအားကြောင့် ဒဏ်ရာရထားခဲ့ပြီး ... ယခုတွင်မူ ဒေါသနှင့် တုန်လှုပ်မှုတို့ပါ ထပ်ပေါင်းလိုက်သဖြင့် ... မေ့လဲကျသွားတော့၏။

ဘေးနားမှ လူများက သူ့အား သနားကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ထိုစဥ် တဖက်မှ လောထျန်းက လက်ဖျောက်တီး၍ ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား အဝေးရောက်သွားအောင် ထပ်လုပ်ကာ ပြောလာသည်။

" အကြီးအကဲ... ကျုပ် စမ်းသပ်ပွဲကို အောင်သွားပြီမဟုတ်လား "

သူ့မေးခွန်းကြောင့် အားလုံး ဆွံ့အသွားပြန်တော့၏။

အကြီးအကဲချန်က သုန်မှုန်နေသော မျက်နှာကြီးဖြင့် ခေါင်းညိတ်လိုက်သည်။

" အောင်တယ်... အောင်သွားပြီ "

ထိုစဥ် သူ့ရင်ထဲတွင်ကား ကြိတ်ပြီး ဆဲဆိုလိုက်မိပါတော့သည်။

ယခုလိုအခြေအနေပင် ဖြစ်နေမှတော့ မအောင်ပဲ နေပါမည်လား..

လောထျန်းမှာမူ ထိုစကားကိုကြားမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက်.. ဘေးတွင်ထိုင်ကာ နားနေလိုက်ပါ၏။

သို့သော် ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှာကား သူ့ဘေးတွင်ပင် လှည့်ပတ်၍ ဖားနေတုန်းပင်..

အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဘာပြောရမည်ပင် မသိကြတော့ပါ ။

လောထျန်းမှာ အံ့မခန်း လူတစ်ယောက်ပါပင်..

သူ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံသို့ ရောက်လာခဲ့ပြီး.. ပြိုင်ပွဲ အဆင့်နှစ်ခုကိုသာ ယှဥ်ပြိုင်ရသေးသော်လည်း အားလုံး၏ ကမ္ဘာကြီးအပေါ်

မြင်သောအမြင်က ပြိုကွဲသွားခဲ့ရလေပြီ ။

သူသည် ပြိုင်ပွဲပထမအဆင့်တွင် စာမေးပွဲစစ်သူကို အကြွင်းအကျန် စိတ်ဝိဥာဥ် ဖြစ်သွားအောင် လုပ်ခဲ့ပြီး....

ပြိုင်ပွဲဒုတိယအဆင့်တွင်လည်း အခြားသူများ စမ်းသပ်ပွဲလုပ်နေသည့် နေရာကို သန့်စင်ခဲ့ပါ၏။

နောက်လာမည့် ပြိုင်ပွဲအဆင့်များတွင်လည်း ဘယ်လိုထပ်ဖြစ်မည်ကို မည်သူမှ မပြောနိုင်ပါချေ။

သူနှင့် ယှဥ်လိုက်ပါက... ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက်မှာ စကားထဲထည့်ပြောရန်ပင် မတန်တော့ပါ ။

" အကြီးအကဲဟောင်.. ဒီ သခင်လေးလောထျန်းရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ "

ထိုစဥ် လူတစ်ယောက်က သခင်ကြီးဟောင်နားသို့ ရောက်လာကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

သခင်ကြီးဟောင်က မေးစေ့ကိုကိုင်ရင်း

ပြန်ပြော၏။

" သူက တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ပဲ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး မှင်သက်သွားပြန်ပါသည်။

" တိုင်လင်စင်မြင့်.. ဟုတ်လား ၊ ဟိုတုန်းက တိုင်လင်စင်မြင့် လား... "

" အဲ့ဒါ တကယ်ကြီးလားဗျ ။ တိုင်လင်စင်မြင့်က ရှိသေးတယ်ပေါ့ ။ ကျုပ်က သူတို့ လုံးဝကြီး ပျက်စီးသွားပြီလို့ ကြားထားတာ "

" ကျုပ်လဲ အဲ့လိုပဲ ကြားထားတာ ။ ဒါနဲ့ တိုင်လင်စင်မြင့်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တွေထဲက တစ်ခု မဟုတ်လား "

" တိုင်လင်စင်မြင့်မှာ ဘာတွေ ဖြစ်သွားခဲ့တာလဲကွာ.. "

အားလုံး တအံ့တသြ ရေရွတ်လိုက်ကြသည်။

သခင်ကြီးဟောင်က ခေါင်းယမ်းရင်း ပြန်ပြောလာ၏။

" ကျုပ်လဲ အသေးစိတ်ကိုတော့ မသိဘူး ။ ဒါပေမယ့်.. သေချာတာတစ်ခုကတော့ တိုင်လင်စင်မြင့်က ဒီနေ့ကစပြီး အရင်ထိပ်ဆုံးအခြေအနေကို ပြန်ရောက်လာတော့မှာ ဆိုတာပဲ "

အားလုံးကလည်း ထိုစကားကို သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်ဘုံ၏ ဆန္ဒကိုပင် ဆန့်ကျင်နိုင်သော လောထျန်းလို လူတစ်ယောက်နှင့်ဆိုပါက... တိုင်လင်စင်မြင့် ပြန်ထွန်းတောက်လာရန် ခက်မည်မဟုတ်ပေ။

ဝုန်း..

ထိုစဥ်တွင်.. တဖက်မှ လောထျန်းက ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား အဝေးသို့ ရိုက်ထုတ်လိုက်

ပြန်သည်။

အားလုံးမှာ ၎င်းကိုကြည့်ပြီး တုန်လှုပ်သွားပြန်တော့၏။

၎င်းမှာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အဖိုးအတန်ဆုံး ပစ္စည်းတစ်ခု ဖြစ်ပါသည်။

ယခုတွင်ကား. . ထိုသို့ အထင်မြင်သေး ဆက်ဆံခံနေရသတဲ့ ။

သို့သော် မည်သူမှလည်း ထိုစကားကို ထုတ်မပြောရဲကြပါ။

ဤသို့ဖြင့် ... တစ်နာရီခွဲ ကြာသွားပြီးနောက်တွင် ..

ဝီ ..

ကောင်းကင်သန့်စင် မသေမျိုးမြေပုံပေါ်၌ အလင်းတန်းတစ်ခု လက်သွားကာ ... ခြေတစ်ဖက် ထွက်လာသည်။

ထိုသူမှာ ယဲ့ဖူရှောက် ပင်..

သူ မြေပုံအပြင်သို့ ရောက်သည်နှင့် သူ့ကိုယ်မှ စိတ်ဝိဥာဥ်အစွမ်းတစ်ခု ရုတ်ချည်း ပေါက်ထွက်လာကာ အစွမ်းထက် ဖိအားတစ်ခုကိုလည်း ထုတ်လွှတ်လာသည်။ သူ့အသွင်မှာ သူ ထွက်လာသည်ကို အခြားသူများ မမြင်လိုက်မှာ စိုးသည့်အလား...

ထို့နောက်တွင်.. ယဲ့ဖူရှောက်က အနောက်ဘက်ရှိ ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား လှည့်ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြောသည်။

" ဒါ တကယ်လဲအစွမ်းထက်တဲ့ မူလမသေမျိုးလက်နက် တစ်ခုပဲ ။ ငါ့ကို အထဲမှာ တစ်နာရီကျော်ကြာအောင်တောင် ပိတ်လှောင်ထားနိုင်တာဆိုတော့.. တော်တော်လေး မဆိုးဘူး "

" စမ်းသပ်ပွဲအတွင်းမှာ မင်း ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ခံစားမိတယ်မဟုတ်လား ။ အဲ့တော့... မင်း ငါ့နောက်လိုက် လုပ်မလား "

ယဲ့ဖူရှောက်က အလေးနက်လေသံဖြင့ ပြောလိုက်သည်။

အမှန်တွင်မူ.. သူ ထိုသို့ ပြောလိုက်သော်လည်း ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား သူ့နောက်လိုက်လုပ်ရန် အမှန်တကယ် မရည်ရွယ်ပါချေ။

မူလမသေမျိုးလက်နက် တစ်ခုက သခင်ကို အသိအမှတ်ပြုရန် မည်မျှခက်ခဲကြောင်း သူ သိပါ၏။

သူ့ပုံရိပ် ကောင်းစေရန်အတွက်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။

ယနေ့ဖြစ်သမျှ အကြောင်းရာများက အပြင်ကမ္ဘာသို့ သတင်းပြန့်သွားမည်ဖြစ်ကြောင်း သူ သိထားသည် မဟုတ်ပါလား ။

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်ဖြစ်သော သူက ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲမှ ဦးစွာထွက်လာပြီး ၎င်းမြေပုံအား နောက်လိုက်လုပ်ရန် ဖိတ်ခေါ်ခဲ့သည်ဟုသာ.. သတင်းပြန့်သွားခဲ့လျှင်...

၎င်းမြေပုံက သူ့နောက်လိုက် လုပ်သည်ဖြစ်စေ ၊ မ

လုပ်သည်ဖြစ်စေ .. ဇာတ်လမ်းကောင်းတစ်ပုဒ် မဟုတ်ပါလား ။

သို့သော်...

ဝီ ...

သူ့စကားကို ကြားသောအခါ ကောင်းကင်သန့်စင် မသေမျိုးမြေပုံမှ အလင်းတန်းတစ်ခု လက်သွားသည်။

ထို့နောက်...

ဝုန်း...

ယဲ့ဖူရှောက် နောက်သို့ လွင့်ထွက်သွားတော့၏။

အွတ်...

သူ သွေးလည်း အန်သွားကာ... ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား တုန်လှုပ်စွာ လှည့်ကြည့်လိုက်သည်။

" မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ ငါက အခုပြိုင်ပွဲအဆင့်မှာ အမြင့်ဆုံးအမှတ် ရထားတဲ့သူကွ "

ယဲ့ဖူရှောက် ဒေါသတကြီး အော်လိုက်သည်။

သို့သော်... သူ ထိုသို့ပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင် အခြေအနေက ပုံမှန်မဟုတ်သလို ခံစားလိုက်ရပါ၏။

" ဟင်.. ခင်ဗျားတို့က ကျုပ်ကို ဘာလို့ကြည့်နေကြတာလဲ "

ယဲ့ဖူရှောက် မျက်မှောင်ကြုံ့သွားကာ အားလုံးကို လှည့်ကြည့်လိုက်သည်။

နောက်ဆုံးတွင်မူ လူတစ်ယောက်က သက်ပြင်းချ၍ ယဲ့ဖူရှောက်အား ပြော၏။.

" ဟိုကို ကြည့်လိုက်ဦး... "

ယဲ့ဖူရှောက် အံ့အားသင့်သွားပြီး တဖက်လူ ညွှန်ပြသည့်ဘက် လှည့်ကြည့်လိုက်သည်။

သူကိုယ်တိုင်လည်း အံ့သြမှင်သက်သွားရတော့၏။

ထိုစဥ်မှလည်း... ကောင်းကင်သန့်စင် မသေမျိုးမြေပုံ၏ အောက်နားလေး၌ လောထျန်းက မြေပုံအား အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ခြင်းပင် ။

" ဘယ်လိုဖြစ်ပြီးတော့... "

ယဲ့ဖူရှောက် အမှန်တကယ်ပင် အံ့သြမှင်သက်သွားရပါသည်။

သူသည် ယခုပြိုင်ပွဲ ဒုတိယအဆင့်တွင် အကောင်းဆုံး လုပ်နိုင်ခဲ့သည်ဟု ယုံပြီး အဆင့်တစ် သေချာပေါက်ရလိမ့်မည်ဟုသာ တွေးထားခဲ့ပါ၏။

သို့သော်.. မျှော်လင့်မထားစွာပင် လောထျန်းက သူ့ထက် ခြေတစ်လှမ်း သာနေခဲ့သတဲ့လား..

သူ ထိုသို့ တုန်လှုပ်၍ မပြီးသေးခင်မှာပင်...

" ငါ့ကို မနှောင့်ယှက်နဲ့ကွာ "

ဝုန်း...

လောထျန်း၏ ရိုက်ချက်ကြောင့် ကောင်းကင်သန့်စင် မသေမျိုးမြေပုံ အဝေးသို့ လွင့်ထွက်သွားသည်။

" ဒါ... သူက ကောင်းကင်သန့်စင် မသေမျိုးမြေပုံကို တကယ်ကြီး တိုက်ခိုက်ခဲ့တာလား ။ ဒီကောင် သေချင်နေတာလား မသိဘူး "

ယဲ့ဖူရှောက် အံ့အားသင့်သွားပါ၏။

သူသည် ထို ကောင်းကင်သန့်စင် မသေမျိုးမြေပုံကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး.. လက်ရှိလည်း နာကျင်နေဆဲ ဖြစ်ပါသည်။

သို့သော်... ထိုစဥ်တွင်..

ဝှစ် ..

ကောင်းကင်သန့်စင် မသေမျိုးမြေပုံက လောထျန်းနား ပြန်ရောက်လာကာ ခွေးတစ်ကောင်ကဲ့သို့ လောထျန်းအား ပွတ်သပ်နေရှာပါ၏။

ထိုမြင်ကွင်းကို ကြည့်နေသော ယဲ့ဖူရှောက်၏

မျက်လုံးများ မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်တော့မလိုပင် ဖြစ်သွားသည်။

" ဒါ.. မဖြစ်နိုင်ဘူး ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

သူ လုံးဝ မယုံနိုင်ဘဲ ရုတ်တရက် ထရပ်လိုက်သည်။

ကောင်းကင်သန့်စင် မသေမျိုးမြေပုံက သူ့အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ပြီး.. လောထျန်းကို အဘယ့်ကြောင့် ဤမျှ ကောင်းနေရပါသလဲ...

" ကောင်လေး... လက်တွေ့အဖြစ်တွေကို လက်ခံနော်... "

ထိုစဥ် အဘိုးအိုတစ်ယောက်က သူ့နားသို့ ရောက်လာပြီး ပြောသည်။

ယဲ့ဖူရှောက် ထိုအဘိုးအိုဘက် လှည့်ကြည့်ကာ မေးလိုက်၏။

" လောထျန်းက ကျုပ်ထက် ဘယ်လောက်ပိုမြန်တာလဲ ။ ဆယ့်ငါးမိနစ် လား... "

အဘိုးအို ခေါင်းယမ်းပြလိုက်သည်။

ယဲ့ဖူရှောက် အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" နာရီဝက်လား.... "

အဘိုးအိုက ခေါင်းဆက်ယမ်းပြသည်။

" ဒါဆိုရင်.. တစ်နာရီလား "

အဘိုးအို ခေါင်းဆက်ယမ်းနေဆဲ...

" ဒါဆို.. ဘယ်လောက်လဲ "

ယဲ့ဖူရှောက် တုန်လှုပ်စွာ မေးလိုက်သည်။

အဘိုးအိုက သက်ပြင်းချ၍ ပြန်ပြော၏။

" သူက ဆယ်စက္ကန့်ကျော်လောက်လေးပဲ ကြာခဲ့တာ ... "

ယဲ့ဖူရှောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" သူက ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲကနေ ဆယ်စက္ကန့်ကျော်လောက်နဲ့ ထွက်လာနိုင်ခဲ့တာလား ။ သူက တကယ်ကြီး အဲ့လောက်အစွမ်းထက်တာလား... "

သူ့ဘေးမှ အဘိုးအို သက်ပြင်းချလိုက်၏။

" မဟုတ်ဘူးကွ... မင်း နားလည်မှုလွဲနေပြီ "

All Chapters