← Chapters

အခန်း (၈၃၈)

Vol. 60 Ch. 838

အခန်း (၈၃၈)

Vol. 60 Ch. 838

ယဲ့ဖူရှောက် စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။

သူ နားလည်မှုလွဲတာတဲ့လား..

လူတစ်ယောက်က ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲမှ ဆယ်စက္ကန့်ကျော် အချိန်လေးအတွင်း ပြန်ထွက်နိုင်ရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

သို့သော် အဘိုးအိုက ဆက်ပြောလာပါသည်။

" သူ... ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲက လမ်းတွေအားလုံးကို ဖြတ်လျှောက်ဖို့ အချိန် ဆယ်စက္ကန့်ကျော်ပဲ ကြာခဲ့တာ "

ယဲ့ဖူရှောက် ချက်ချင်း တိတ်သွားသည်။

လမ်းတွေအားလုံးကို ဖြတ်လျှောက်ဖို့ ဆယ်စက္ကန့်ကျော်ပဲ ကြာခဲ့တာ တဲ့လား..

ကောင်းကင်သန့်စင် မသေမျိုးမြေပုံက အဘယ့်

ကြောင့် သူ့အား အဝေးလွင့်သွားအောင် လုပ်ခဲ့ရသည်ကို သူ နောက်ဆုံး နားလည်လိုက်ရလေပြီ ။

သူ လမ်းတစ်လမ်းတည်းကို လျှောက်ရန်အတွက်ပင် တစ်နာရီကျော် ကြာခဲ့ပြီ...

ပြန်ထွက်လာချိန်တွင်လည်း အစွမ်းထက်ချင်ယောင်ဆောင်ကာ.. ကောင်းကင်သန့်စင် မသေမျိုးမြေပုံကိုပင် သူ့နောက်လိုက်လုပ်ရန် ကမ်းလှမ်းခဲ့ပါသေး၏။

ထိုအခြေအနေမျိုး၌ မသေမျိုးမြေပုံက သူ့ကို လွင့်ထွက်သွားအောင် မလုပ်ခဲ့လျှင်ပင် အံ့သြစရာ ကောင်းနေပါဦးမည်။

ထို့နောက်တွင်... သူ လောထျန်းကို ကြည့်သောအကြည့်မှာလည်း ပိုသုန်မှုန်လာပါ၏။

" သခင်ကြီးက သူ့ကိုသတ်ချင်နေတာ မဆန်းတော့ပါဘူး ။ ဒီကောင်က တကယ်လဲ လုပ်နိုင်စွမ်း ရှိနေတာကိုး ။ ဒါပေမယ့် အဲ့လိုဖြစ်လေလေ... သူ့ကို သတ်ဖို့က ပိုအရေးကြီးလေပဲ "

ယဲ့ဖူရှောက် ထိုသို့တွေးကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။

" ဒီကောင်က အစွမ်းထက်တာ မှန်ပေမယ့်.. ဒါနဲ့ဆိုရင်တော့ သူ့ကိုသတ်ဖို့ အဲ့လောက်ခက်မှာမဟုတ်ဘူး ။ ဘယ်လိုပဲဖြစ်ဖြစ်.. ငါ မတိုက်ခိုက်ခင်တော့ သခင်ကြီးခိုင်းထားတဲ့ကိစ္စကို ပြီးအောင်လုပ်ရမယ် "

သူ စိတ်ထဲမှ ထပ်တွေးမိလိုက်သည်။

ထို့နောက် သူ ကြမ်းပြင်တွင် တင်ပျင်ခွေထိုင်ကာ ဒဏ်ရာများကို ကုသပြီး စိတ်ဝိဥာဥ်အစွမ်းကိုလည်း ပြန်ပြည့်လာအောင် ကျင့်ကြံရင်း စမ်းသပ်ပွဲ နောက်တစ်ဆင့်တက်မည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

နောက်ထပ် တစ်နာရီခွဲ ကြာသွားပြီးနောက်..

ဝီ...

ကောင်းကင်သန့်စင် မသေမျိုးမြေပုံပေါ်မှ မသေမျိုးအလင်းတန်းတစ်ခု လင်းလာသည်။

" ငါ ပထမဆုံး... ဟင် "

ဤတစ်ကြိမ် ထွက်လာသူမှာ ဖန်ကွေ့ ဖြစ်ပါ၏။

သူသည် ကောင်းကင်သန့်စင် မသေမျိုးမြေပုံနှင့် အကျွမ်းတဝင်မရှိဆုံး ဖြစ်သဖြင့် သူသည်သာ စမ်းသပ်ပွဲ၌ ပထမရလိမ့်မည်ဟု တွက်ထားခဲ့ပါသည်။

သို့သော်.. သူ ထွက်လာသည်နှင့် ပျင်းရိစွာ စောင့်ဆိုင်းနေသော လောထျန်းအား ဦးစွာ မြင်လိုက်ရပါ၏။

" ချီး.. ဒီကောင်က သာသွားပြန်ပြီ "

သူ ခေါင်းယမ်းလိုက်စဥ်မှာပင် မလှမ်းမကမ်း၌ ယဲ့ဖူရှောက်ကို ထပ်တွေ့လိုက်ရပြန်ပါသည်။

" ဒီနှစ်ယောက်လုံးက... ငါ့ထက်ပိုသာနေကြတာလား "

ဖန်ကွေ့တစ်ယောက် မျက်နှာကြီး ဖြူရော်သွားတော့သည်။

သူ အကျွမ်းကျင်ဆုံး အပိုင်းတွင်ပင် ထိုနှစ်ယောက်ထက် အဆင့်ပိုနိမ့်သွားခဲ့ပါသည်။

" ကောင်းကောင်းအနားယူပြီးတော့ ပြိုင်ပွဲ တတိယအဆင့်အတွက် ပြင်ဆင်ထားတော့ "

ထိုစဥ် ဘေးဘက်မှ အကြီးအကဲချန်က ပြောလာပါ၏။

ဖန်ကွေ့မှာ မည်သို့မှ ပြန်မပြောနိုင်တော့ဘဲ အကြီးအကဲ ပြောသည့်အတိုင်းသာ လုပ်လိုက်ရပါသည်။

ထို့နောက်တွက်မူ ဟွမ်ရှင်းဂိုဏ်းသား သုံးယောက် ထပ်ထွက်လာကြပါ၏။

ထိုသုံးယောက် အပြင်ရောက်ကြသည်နှင့် ယဲ့ဖူရှောက်အား တအံ့တသြ ကြည့်လိုက်ကြသည်။

" နတ်ဘုရားသားတော်လေး.. ဒီတစ်ကြိမ် ပထမရခဲ့တာမဟုတ်လား "

သုံးယောက်လုံး မေးလိုက်ကြသည်။

ယဲ့ဖူရှောက် နှုတ်ခမ်းမဲ့ကာ ခေါင်းယမ်းပြ၏။

" မဟုတ်ဘူး "

" ဘယ်လို... "

တဖက်လူ သုံးယောက်လုံး အံ့အားသင့်သွားကြပုံပင်..

ယဲ့ဖူရှောက်က ယခုအဆင့်ကိုပါ ရှုံးသွားမည်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။

ယဲ့ဖူရှောက်က သူတို့ကို ရှင်းပြနေရန် စိတ်မပါသည့်ပုံဖြင့် အေးစက်စက်သာ ပြောလိုက်သည်။

" ဘာမှလျှောက်ပြောမနေဘဲ မင်းတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကိုသာ မြန်မြန်အားပြည့်အောင် လုပ်ကြ "

" ဟုတ်ကဲ့ "

တဖက်လူသုံးယောက် သံပြိုင်ပြန်ပြောလိုက်ကြသည်။

သူတို့သုံးယောက်နောက်မှ ထပ်ထွက်လာသူမှာကား ယွဲ့လီ ဖြစ်ပါ၏။

ယွဲ့လီ အပြင်သို့ ပြန်ရောက်ချိန်တွင် သူမခေါင်းထက်ရှိ ဖီးနစ်ငှက်အရိပ်မှာ အလွန်မှိန်ဖျော့နေပြီး မမြင်ရသလောက်နီးပါးပင် ဖြစ်နေခဲ့လေပြီ ။

သူမ စမ်းသပ်ပွဲအတွင်း စိတ်ဝိဥာဥ်အစွမ်းများစွာ ကုန်ခမ်းသွားခဲ့သည်မှာ အသိသာပါပင် ။

သို့သော် ကံကောင်းစွာပင် သူမ ရလဒ်ကောင်းကောင်း ရခဲ့ပါသည်။

ထို့နောက်တွင်မူ.. ဟွမ်ရှင်းဂိုဏ်းမှ လူလေးယောက် ထပ်ထွက်လာကြ၏။

မထူးဆန်းစွာပင် ဟွမ်ရှင်းဂိုဏ်းမှ လူရှစ်ယောက်လုံး စမ်းသပ်ပွဲကို အောင်သွားခဲ့ကြပါသည်။

သူတို့ပြီးနောက်တွင်ကား အချိန်အတန်ကြာသည်အထိ မည်သူမှ ထွက်မလာနိုင်ခဲ့ကြပါ ။

သို့သော် ပြိုင်ပွဲပြီးခါနီး ဆယ့်ငါးမိနစ်ခန့် အလိုတွင်မူ ဖရိုဖရဲ ဖြစ်နေသော လူသုံးယောက် ထွက်လာခဲ့ကြ၏။

" ပြိုင်ပွဲ ဒုတိယအဆင့်မှာ လူ ဆယ့်ငါးယောက် အောင်သွားခဲ့ပါတယ် ။ နောက်ထပ် နာရီဝက်နေရင် ပြိုင်ပွဲ တတိယအဆင့်စပါမယ် ။ အားလုံး ...... "

အကြီးအကဲချန်က အားလျော့နေသည့် ပုံစံဖြင့် ပြိုင်ပွဲရလဒ်များကို ကြေငြာသည်။

ထိုသို့ ပြောနေစဥ်တွင်လည်း သူ့ မျက်လုံးများက ကောင်းကင်သန့်စင် မသေမျိုးမြေပုံဆီသာ ရောက်နေပါ၏။

ကောင်းကင်သန့်စင် မသေမျိုးမြေပုံကမူ လောထျန်းဘေးတွင်သာ လှည့်ပတ်နေမြဲ .....

ပြိုင်ပွဲရလဒ်များကို ကြေငြာပြီးနောက်တွင်မူ.. အကြီးအကဲချန် လောထျန်းဆီသို့ တန်းသွားလိုက်သည်။

" ဟို... သခင်လေးလောထျန်း ၊ ဒီ ကောင်းကင်သန့်စင် မသေမျိုးမြေပုံက... ကျုပ်တို့ဟာပါ "

သူ အပြစ်မကင်းသည့် မျက်နှာဖြင့် ပြော၏။

လောထျန်းက ထို မသေမျိုးမြေပုံအား တန်းပြီး ယူသွားလိုက်မည်ကို သူ စိုးရိမ်နေပါသည်။

ထိုစကားကို ကြားသောအခါ လောထျန်းက သူ့အား ပြန်ကြည့်၏။

" ကျုပ် သိတယ် ။ ကျေးဇူးပြုပြီးတော့ အဲ့ဟာကို ပြန်ယူသွားပါဗျာ "

" သခင်လေးက ကျုပ်တို့ကို တကယ်ကြီး ပြန်ပေးမှာလား... ဒါ မူလမသေမျိုးလက်နက် တစ်ခုနော်... "

အကြီးအကဲချန် အံ့အားသင့်သွားရပါသည်။

အစပိုင်းတွင်... လောထျန်းက ထိုမြေပုံအား ပြန်ပေးမည်ဆိုလျှင်ပင် တောင်းဆိုမည့် အချက်အလက်အချို့ ရှိနိုင်သည်ဟုသာ သူ ထင်ထားခဲ့ပါ၏။

ယခု မျှော်လင့်မထားစွာပင် လောထျန်းက ၎င်းကို လိုလိုလားလား ပြန်ပေးမည်ဟု ပြောနေပါသည်။

" မူလမသေမျိုးလက်နက်က အဲ့လောက်ရှားလို့လား ။ ခင်ဗျားလိုချင်ရင် ကျုပ် အဲ့လိုလက်နက်တွေ အများကြီးကို မိနစ်ပိုင်းလေးအတွင်း လုပ်ပေးနိုင်

တယ် "

လောထျန်း စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

အကြီးအကဲချန် ခေတ္တမျှ မှင်သက်သွားပြီးမှ ရယ်လိုက်၏။

" သခင်လေးလောထျန်းက ဘယ်လို စနောက်ရမယ်ဆိုတာ သိတာပဲဗျာ "

လောထျန်းက အမှန်တကယ်လည်း ထိုအစွမ်းမျိုး ရှိသည်ကို သူ မည်သို့သိပါမည်နည်း ။

အကြီးအကဲချန်က ထိုသို့ပြောပြီး ကောင်းကင်သန့်စင် မသေမျိုးမြေပုံကို ယူရန် လက်လှမ်းလိုက်သည်။

သို့သော်...

ဝုန်း...

သူ့လက်က မသေမျိုးမြေပုံကို ထိသည်နှင့်... သူ အဝေးသို့ လွင့်ထွက်သွား၏။

အွတ်...

သခင်ကြီးချန်တစ်ယောက် လေထဲတွင်ပင် သွေးအန်သွားသည်။

" ဒါ.... "

မြေပြင်သို့ ပြန်ဆင်းသက်လိုက်ချိန်တွင်မူ.. သခင်ကြီးချန် မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေကာ သူ့မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုတို့ အပြည့် ။

သူ ထို မူလမသေမျိုးလက်နက်အား မည်သို့ ကိုင်တွယ်ရမှန်း မသိတော့သဖြင့် ကူကယ်ရာမဲ့စွာဖြင့်သာ လောထျန်းကို ပြောလိုက်ရသည်။

" သခင်လေးလောထျန်း ... ကျုပ်တို့... ဘာလုပ်ရမလဲဗျာ.. "

လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်၏။

" ထားပါ.. ကျုပ်ပဲ လုပ်လိုက်မယ် "

သူ ပြောပြီး ကောင်းကင်သန့်စင် မသေမျိုးမြေပုံအား လှမ်းယူလိုက်သည်။

ဝီ...

အချုပ်အနှောင်တစ်ခုက ထိုမသေမျိုးမြေပုံကို ရုတ်ချည်း လွှမ်းခြုံလာ၏။

ထို့နောက်..

ဝုန်း...

ကောင်းကင်သန့်စင် မသေမျိုးမြေပုံ ကြမ်းပြင်သို့ ကျသွားကာ ထပ်မလှုပ်လာတော့ချေ။

" ဒါ... တကယ်ကြီး ချုပ်နှောင်လိုက်တာလား "

အကြီးအကဲချန်နှင့်တကွ အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

မူလမသေမျိုးလက်နက် တစ်ခုကို လက်တစ်ဖက်တည်းဖြင့် ချုပ်နှောင်ခဲ့သတဲ့လား...

ထိုသို့သော အရာမျိုးကို ဆယ်ဘွဲ့ရ မသေမျိုးဘုရင်များကသာ လုပ်နိုင်သည် မဟုတ်ဘူးလား...

ထိုတခဏ၌ အားလုံး၏ လောထျန်းကိုကြည့်သော အကြည့်များ ထပ်ပြောင်းသွားတော့သည်။

" ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း "

အကြီးအကဲချန်က မြေပုံကိုသိမ်းကာ လောထျန်းအား တလေးတစား ပြောလိုက်သည်။

လောထျန်းက ဘာမှပြန်မပြောဘဲ လက်သာယမ်းပြ၏။

" ဒီ သခင်လေးလောထျန်းက တကယ်ကြီးကို.... "

ဘေးတွင် ရပ်နေသော ယွဲ့လီမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြတုန်လှုပ်နေပါတော့သည်။

လောထျန်း၏ အစွမ်းက ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ ။

ထိုစဥ် သူမခေါင်းထဲသို့ အကြံတစ်ခု ရုတ်တရက်ပေါ်လာသည်။

ဤသို့ဖြင့် အချိန်က လျင်မြန်စွာပင် ကုန်သွားခဲ့ပြီး ...

ခေါင်းလောင်းသံ တစ်သံနှင့်အတူ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ အကြီးအကဲတစ်ယောက် လူအုပ်ရှေ့သို့ ထွက်လာ၏။

" စမ်းသပ်ပွဲနှစ်ဆင့်ကို အောင်မြင်ခဲ့တဲ့အတွက် အားလုံးကို ဂုဏ်ယူပါတယ် ။ အခု... ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ရောက်ပြီ ။ ဒီတစ်ခေါက် ယှဥ်ပြိုင်ရမယ့်ဟာကတော့ အစီအမံတိုက်ပွဲပဲ ... "

အကြီးအကဲ ပြောသည်။

" အစီအမံ တိုက်ပွဲ.. ဟုတ်လား "

လောထျန်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားသော်လည်း ဘာမှ မမေးပါ ။

အကြီးအကဲက စကားဆက်သည်။

" ဒီ အစီအမံတိုက်ပွဲ ကျင်းပမယ့်နေရာကတော့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသမှာပါ "

သူ့စကားဆုံးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါ၏။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ တဲ့... တကယ်ကြီးလား... "

" အဲ့မှာက အန္တရာယ် မများလွန်းဘူးလား "

အကြီးအကဲများ မျက်မှောင်ကြုံ့သွားကြသည်။

သို့သော် ဟွမ်ရှင်းဂိုဏ်းမှ ရှစ်ယောက်ကမူ ထိုစကားကို ကြားသည်နှင့် မျက်လုံးများ အရောင်လက်သွားကြပါ၏။

" နတ်ဘုရားသားတော်... "

ယဲ့ဖူရှောက် နှင့် အနီးဆုံးတွင် ရှိနေသော ကျင့်ထုံမှာ စိတ်လှုပ်ရှားလွန်း၍ အသံများပင် တုန်နေပါသည်။

သို့သော်.. ထိုစဥ် ယဲ့ဖူရှောက်က သူ့အား စူးစူးရဲရဲ စိုက်ကြည့်လာသဖြင့် သူ ကြောက်ပြီး ချက်ချင်းပါးစပ်ပိတ်သွား၏။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ဘယ်လိုနေရာမျိုးလဲ ။ သူတို့တွေက ဘာလို့ အဲ့လိုတွေဖြစ်နေကြတာလဲ "

လောထျန်း နားမလည်နိုင်စွာဖြင့် ယွဲ့လီဘက် လှည့်ကြည့်၍ မေးလိုက်သည်။

ယွဲ့လီက ချက်ချင်းရှင်းပြရှာ၏။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသဆိုတာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ ပထမဆုံး လျှို့ဝှက်ဒေသပဲရှင့် ။ အဲ့နေရာကို မူလအဆင့် မသေမျိုးအစီအမံပညာရှင် ကိုးယောက်က ဖန်တီးခဲ့ကြတာ ။ အဲ့ထဲမှာ သခင်လေးလောထျန်းတို့ တိုင်လင်စင်မြင့်ရဲ့ တည်ထောင်သူလဲ ပါခဲ့တယ် "

" အဲ့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ ရတနာတွေရော ၊ ထူးခြားတဲ့ အခွင့်ကောင်းတွေရော မရေမတွက်နိုင်အောင်ကို ရှိတယ်ရှင့် ။ အဲ့ထဲမှာ အဖိုးအတန်ဆုံးကတော့ မူလအဆင့် မသေမျိုးအစီအမံပညာရှင် ကိုးယောက်ရဲ့ အမွေအနှစ်တွေပေါ့ ။ လျှို့ဝှက်ဒေသရဲ့ နာမည်ကိုတောင် အဲ့အမွေအနှစ်ကိုးခုကို အခြေခံပြီး ပေးထားခဲ့တာ ။ ဒါပေမယ့်... "

သူမ ပြောနေရင်း ခေတ္တမျှ ရပ်လိုက်ပြီးမှ စကားဆက်သည်။

" အဲ့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသမှာ

အဖိုးတန်အခွင့်ကောင်းတွေ အများကြီးရှိတယ်ဆိုပေမယ့်... အဲ့နေရာက အင်မတန်လဲ အန္တရာယ်များတယ်ရှင့် ။ အစွမ်းထက်တဲ့ မသေမျိုးဘုရင်တစ်ယောက် ဝင်ရင်တောင် အထဲမှာ အချိန်မရွေး သေသွားနိုင်တယ် "

All Chapters