← Chapters

အခန်း (၈၄၀)

Vol. 60 Ch. 840

အခန်း (၈၄၀)

Vol. 60 Ch. 840

ထိုစည်းမျဥ်းကို ကြားသောအခါ အားလုံး မျက်နှာထားများ တည်ကုန်ကြသည်။

အထူးသဖြင့် ဟွမ်ရှင်းဂိုဏ်းမှ ဂိုဏ်းသားများပင်...

" ဟိုကောင် လောထျန်းက အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကို ယူမှာသေချာတယ် "

" ဟမ့် အရေးမကြီးပါဘူးကွာ။ အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းက အစွမ်းထက်တယ်ဆိုပေမယ့် အချိန် အကန့်အသတ် ရှိတယ်လေ ။ သူ အဲ့ဒါကို အလွန်ဆုံး နှစ်ကြိမ်လောက်ပဲ သုံးလို့ရမှာ ။ အဲ့တော့ ငါတို့မှာသာ အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်းတွေ လုံလောက်အောင် ရှိထားရင် ယှဥ်ပြီးတိုက်လို့ရတယ် "

" အမှန်ပဲ... ။ နတ်ဘုရားသားတော်က အဆင့်နှစ် ရထားတာဆိုတော့.. သူက အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း တစ်ခုကို လဲလို့ရမယ် ။ ငါတို့ ကျန်တဲ့သူတွေက အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း

တွေ လဲလိုက်ကြမယ် ။ အဲ့ကျရင် ငါတို့ လောထျန်းကို မရှုံးနိုင်ဘူး "

သူတို့ ပြောနေရင်းပင် မည်သို့လုပ်ကြမည်ကို ဆုံးဖြတ်လိုက်ကြသည်။

ထိုစဥ်တွင် သခင်ကြီးလုံက ရုတ်တရက်ထရပ်၍ ပြော၏။

" ကဲ... စည်းမျဥ်းတွေအတိုင်းဆိုရင် အရင်ပြိုင်ပွဲနှစ်ဆင့်မှာ ပထမရထားတဲ့ လောထျန်းက အစီအမံပုံကြမ်းတွေကို အရင်ဆုံး ရွေးခွင့်ရမယ် ။ ဒါပေမယ့်... တရားမျှတသွားအောင်လို့... အစီအမံတွေကို တားမြစ်ထားတဲ့နေရာမှာပဲ ရွေးရမယ် ။ ဒါမှ နောက်လူတွေက သူ ဘယ်လိုအစီအမံပုံကြမ်းကို ရွေးသွားလဲဆိုတာ မသိရမှာ "

ထိုစကားကို ကြားသောအခါ ဟွမ်ရှင်းဂိုဏ်းသားများအားလုံး တိတ်နေကြပါသည်။

သူတို့ တွက်ချက်ထားသည့်အတိုင်း ဆိုလျှင်.. လောထျန်းက ဘာကိုရွေးရွေး ၊ နောက်ဆုံး၌ သူတို့ကသာ အသာစီးရသွားမည် မဟုတ်ပါလား ။

ဝီ ...

ထိုစဥ်မှာပင် အချုပ်အနှောင်အစီအမံတစ်ခု ပေါ်လာကာ သခင်ကြီးလုံနှင့် အစီအမံပုံကြမ်းများအား ခွဲထားလိုက်သည်။

" သခင်လေးလောထျန်း ၊ သွားလို့ရပြီ "

ဘေးတွင်ရပ်နေသော ယွဲ့လီက လောထျန်းအား ပြောလိုက်၏။

လောထျန်း ခေါင်းညိတ်ပြကာ အချုပ်အနှောင်ထဲ ဝင်သွားလိုက်သည်။

" လောထျန်း.. ဟုတ်တယ်နော် ။ အခု မင်းကြိုက်တဲ့ မသေမျိုးအစီအမံပုံကြမ်းကို ရွေးလို့ရပြီ "

သခင်ကြီးလုံက လောထျန်းရောက်လာသည်ကို တွေ့သည်နှင့် အပြုံးဖြင့်ဆိုသည်။

" ဒီကောင်လေးက အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကိုပဲ ရွေးမလား.. ။ ဒါမှမဟုတ်... အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း တစ်ခုနဲ့ တခြား အ

ဆင့်နိမ့် မသေမျိုးအစီအမံပုံကြမ်း နည်းနည်းကိုပဲ ရွေးမလား "

လောထျန်း ဘာရွေးမည်ကို သခင်ကြီးလုံ အလွန်သိချင်သွားသည်။

သို့သော်.. ထိုစဥ်တွင် လောထျန်းက မသေမျိုးအစီအမံပုံကြမ်းများကို တစ်ချက်ကြည့်ပြီးနောက် ပြောလာ၏။

" ဟို... သခင်ကြီး "

" ဘာဖြစ်လို့လဲ.. မင်းနားမလည်တာ ရှိလို့လား "

သခင်ကြီးလုံ အပြုံးဖြင့် မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" ကျုပ် မေးချင်တာရှိလို့ ။ အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းကို အမှတ် ၁၅ မှတ်နဲ့ လဲလို့ရမယ်.. ပြီးရင် အမှတ်တွေ နည်းသွားမယ်.. သခင်ကြီး အဲ့လိုပြောခဲ့တာမလား "

" ဟုတ်တယ်လေ "

သခင်ကြီးလုံ အပြုံးဖြင့် ပြန်ဖြေသည်။

လောထျန်း သူ့ကိုကြည့်ကာ ထပ်မေး၏။

" ဒါဆိုရင်... ဒီတိုင်း အဆောင်ကျောက်ပြားအလွတ်ကို လဲဖို့ဆို အမှတ်ဘယ်နှမှတ် သုံးရမလဲ "

" ဟင်.. "

သခင်ကြီးလုံ နားမလည်နိုင် ဖြစ်သွားပါသည်။

သူ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကို စောင့်ကြပ်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ထိုသို့သော မေးခွန်းမျိုး မေးလာသူမှာ လောထျန်းက ပထမဆုံးပါပင် ။

ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ ဖွင့်သည့်အချိန်မှာလည်း အကန့်အသတ် ရှိပေရာ.. ပုံမှန်ဆိုလျှင် လူများက မသေမျိုးအစီအမံပုံကြမ်းများအား ကိုယ်တိုင်ရေးဆွဲရန် စိတ်ပင်မကူးကြပါချေ။

ထိုသို့ ရေးဆွဲနေမည့်အစား လေထဲ၌ ထွင်းစာများ ရေးလိုက်ခြင်းကပင် ရန်သူကို အနိုင်ယူရန် ပိုအသုံးဝင်နိုင်ပါသေး၏။

သို့ဖြစ်ရာ ဘာအစီအမံပုံကြမ်းမှ မပါသော အဆောင်

ကျောက်ပြားများမှာ အမှိုက်နှင့် မခြားပေ။

သခင်ကြီးလုံ မျက်မှောင်ကြုံ့သွားသည်။

" လောထျန်း... လျှို့ဝှက်ဒေသ ဖွင့်တဲ့အချိန်က အကန့်အသတ် ရှိတယ်နော် "

လောထျန်း ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" ကျုပ် သိပါတယ် ။ အဲ့တော့... အဆောင်ကျောက်ပြားအလွတ်အတွက်ဆို အမှတ်ဘယ်လောက်လိုလဲဗျ "

သခင်ကြီးလုံ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ပြန်ပြောသည်။

" စည်းမျဥ်းတွေအရ ဆိုရင်တော့ အမှတ်တစ်မှတ်ကို အဆောင်ကျောက်ပြား အခုရေ သုံးထောင် တန်တယ်ကွ ။ ဒါပေမယ့်... မင်းရဲ့အမှတ်တွေကို လဲလှယ်တဲ့နေရာမှာ မဖြုန်းပစ်ဖို့ ငါ အကြံပေးချင်တယ် "

လောထျန်း ချက်ချင်း ဦးညွှတ်လိုက်သည်။

" အကြံပေးတာ ကျေးဇူးတင်ပါတယ် သခင်ကြီး ၊ ကျုပ်အမှတ်တွေ အလကား မဖြစ်စေရပါဘူး "

သခင်ကြီးလုံ ကျေနပ်စွာပြုံးကာ လောထျန်းအား

ချီးမွမ်းစကားဆိုရန် ပြင်လိုက်သည်။

သို့သော် လောထျန်းက ဆက်ပြောလာ၏။

" ကျုပ်မှာ အမှတ်သုံးဆယ် ရှိတာမလား ။ ဒါဆိုရင်... အဆောင်ကျောက်ပြားအလွတ် ကိုးသောင်းနဲ့ လဲမယ်ဗျာ "

" မင်း.. ဘယ်လိုပြောလိုက်တာ "

သူ့စကားကြောင့် သခင်ကြီးလုံ လုံးဝမှင်သက်သွားရတော့သည် ။

လောထျန်းက အမှတ် တစ်မှတ်အတွက် အဆောင်ကျောက်ပြား သုံးထောင်နှင့် လဲခဲ့လျှင်ပင် ဒေါသထွက်စရာ ကောင်းနေခဲ့လေပြီ ။

ယခု... ဒီကောင်လေးက အမှတ်တွေအားလုံးကို အဆောင်ကျောက်ပြားအလွတ်နှင့် လဲမည်တဲ့လား ။

ဘာတွေဖြစ်နေပါသလဲ ...

" ကျုပ်က အမှတ်အားလုံးအတွက် အဆောင်ကျောက်ပြားအလွတ်တွေ လဲမယ်လို့ ပြောလိုက်တာ

ဗျ ။ စည်းမျဥ်းတွေက အဲ့လို ခွင့်မပြုထားဘူးလား "

လောထျန်းက အူကြောင်ကြောင် မျက်နှာလေးဖြင့် ပြန်မေးသည်။

သခင်ကြီးလုံ မျက်နှာမဲ့သွားကာ ပြော၏။

" အဲ့လိုစည်းကမ်းချက်မျိုးတော့ မရှိပါဘူးကွာ ။ ဒါပေမယ့်... "

လောထျန်းက သူ့စကားကို ဆုံးအောင်မစောင့်ဘဲ ဖြတ်ပြောပါသည်။

" ဒါဆိုရင် ကျေးဇူးပြုပြီး လဲပေးပါဦး သခင်ကြီး "

သခင်ကြီးလုံမှာ ကြားလိုက်ရသည့်စကားကြောင့် ဒေါသထွက်ကာ ဆွံ့အနေပြီးမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ကောင်းပြီလေ ၊ မင်း... နောင်တမရနဲ့နော် "

လောထျန်းက အပြုံးဖြင့်သာ ပြန်ပြောသည်။

" စိတ်မပူပါနဲ့ဗျာ .. ကျုပ် နောင်တမရပါဘူး "

သခင်ကြီးလုံက မျက်နှာသုန်မှုန်စွာဖြင့် ရတနာတိုက်ထဲမှ အဆောင်ကျောက်ပြားအလွတ်များကို ထုတ်

လာ၏။

ဝုန်း...

ထို အဆောင်ကျောက်ပြားအလွတ် ကိုးသောင်းကို စုပုံထားသော အမြင့်မှာ ဆယ်ပေကျော်ခန့်ပင် ရှိနေပါသည်။

" ဒါ မင်းကိုယ်တိုင် ရွေးချယ်ထားတာနော် ။ အခု.. စည်းမျဥ်းတွေအတိုင်း လျှို့ဝှက်ဒေသထဲကို ဝင်လို့ရပြီ "

သခင်ကြီးလုံက သုန်မှုန်နေသော မျက်နှာဖြင့်ပြောကာ လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။

ဝီ...

လေထု လှုပ်ရှားလာပြီး လောထျန်းတစ်ယောက် နေရာမှ ပျောက်ကွယ်သွား၏။

" နောက်တစ်ယောက် "

သခင်ကြီးလုံ မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် ယဲ့ဖူရှောက် အချုပ်အနှောင်ထဲ ဝင်လာသည်။

" မသေမျိုးအစီအမံပုံကြမ်း ကြိုက်တာရွေး "

သခင်ကြီးလုံက မျက်နှာကြီးစူပုတ်လျက်ပင် ပြော၏။

" ကျုပ်က.. အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း တစ်ခု ၊ အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း တစ်ခုနဲ့ အဆင့်နှစ် မသေမျိုးအစီအမံပုံကြမ်း တစ်ခုကို ရွေးပါတယ် "

ယဲ့ဖူရှောက် ပြောလိုက်သည်။

သခင်ကြီးလုံ၏ မျက်နှာထား အနည်းငယ်ပြေလျော့သွားကာ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။ ပြိုင်ပွဲအတွင်း အဆင့်နှစ် ရထားသူမှာ ပုံမှန်စိတ်မျိုး ရှိပုံပါပင် ...

ထိုသို့တွေးပြီး တဖက်လူ တောင်းဆိုသည့် မသေမျိုးအစီအမံပုံကြမ်းများအား သူ ထုတ်ပေးလိုက်၏။

ထို့နောက်တွင်.. ဖန်ကွေ့၏ အလှည့်...

သူသည် ပြိုင်ပွဲ ဒုတိယအဆင့်တွင် အမှတ်ကောင်းခဲ့ပြီး ဟွမ်ရှင်းဂိုဏ်းသားများကို ကျော်၍ အဆင့်သုံး ရထားခဲ့ပါသည်။

" ရှေ့နှစ်ယောက်က အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းတွေ အားလုံးကို ယူသွားလောက်ပြီ... "

ဖန်ကွေ့တစ်ယောက် စိတ်ထဲမှ တွက်ချက်ပြီး ပြောလိုက်၏။

" ကျုပ် အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း နှစ်ခုနဲ့ အဆင့်နှစ် မသေမျိုးအစီအမံပုံကြမ်း နှစ်ခု ယူပါမယ် "

သခင်ကြီးလုံ သက်ပြင်းချကာ တွေးမိသည်။

" ဒါ ဘယ်လောက် ပုံမှန် ဖြစ်လိုက်လဲ ။ ဟို လောထျန်းဆိုတဲ့ကောင်က ဘာဖြစ်လို့ .. "

ဖန်ကွေ့ ပြီးနောက်တွင်မူ ဟွမ်ရှင်းဂိုဏ်းသားများ၏အလှည့် ရောက်လာသည်။

သူတို့အားလုံးမှာ အပြင်မှာကတည်းကပင် ဘာကိုယူ

မည်ကို သေချာတွက်ချက်ထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် အချုပ်အနှောင်ထဲ ရောက်သည်နှင့် သူတို့ စိတ်ထဲရွေးထားသော အစီအမံပုံကြမ်းကို ပြောကာ မြန်မြန်ဆန်ဆန်ပင် ထွက်သွားကြသည်။

ဟွမ်ရှင်းဂိုဏ်းသားများအားလုံး ပြီးသွားသည့်နောက်တွင်ကား... အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခု ကျန်နေသေးသည်ကို သခင်ကြီးလုံ သတိထားမိလိုက်သည်။

ရှေ့လူများက လောထျန်းတစ်ယောက် အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကို ယူသွားသည်ဟု ထင်နေကြသည်မှာ သိသာပါသည်။

စည်းမျဥ်းအရလည်း သူ့ဘက်မှစပြီး အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းများ ကျန်နေသေးကြောင်း ပြော၍မရပါ ။

ထိုတခဏ၌ သခင်ကြီးလုံ၏ မျက်နှာကြီး ပုတ်သိုးသွားတော့သည်။

" အဲ့ဒါတွေအားလုံး ဟိုခွေးကောင်လေးလောထျန်းကြောင့် ။ တကယ်လို့ သူသာ ဒီအဆင့်ကိုး အစီအမံပုံကြမ်းတွေကို မချန်ခဲ့ဘူးဆိုရင် ခုလို ဖြစ်နေမှာမဟုတ်ဘူး "

သူ ဆက်ပြောစရာပင် စကားမရှိတော့ပါချေ။

ထိုစဥ်မှာပင် ယွဲ့လီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝင်လာသည်။

" မင်းက ဘာနဲ့လဲချင်လဲ "

သခင်ကြီးလုံ မျက်နှာမသာမယာဖြင့် မေးလိုက်သည်။

ယွဲ့လီမှာ ၎င်းကိုမြင်ပြီး တဖက်လူက သူမအား စိတ်ဆိုးနေသည်ဟု အထင်ရောက်သွားပါ၏။

ထို့ကြောင့် သူမ ချက်ချင်း ခေါင်းလေးငုံ့သွားပြီး ပြောလိုက်သည်။

" ကျွန်မ.. ကျွန်မလဲ မသိပါဘူးရှင် ။ အဆင့်အမြင့်ဆုံး အစီအမံပုံကြမ်းကိုသာ အဆင်ပြေသလို လဲပေးပါ "

သခင်ကြီးလုံ ခေတ္တမျှ မှင်သက်သွားပုံပေါ်ပြီးမှ ခေါင်းညိတ်လိုက်၏။

" ကောင်းတယ်.. သိပ်ကောင်းတယ် "

သူ ပြောပြီး အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကို ပေးလိုက်သည်။

" ဟင်... "

ယွဲ့လီမှာလည်း ထို အဆင့်ကိုး အစီအမံပုံကြမ်း နှစ်ခုကိုမြင်သည်နှင့် အံ့သြမှင်သက်သွားရှာသည်။

ဘာတွေဖြစ်နေသည်ကို သူမ နားမလည်နိုင်တော့ပါ ။

သူမ၏ အဆင့်နှင့် အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း နှစ်ခုကို ရခဲ့တယ်တဲ့လား...

ဝီ...

သို့သော် သူမ နားမလည်နိုင်ခင်မှာပင် ဘေးပတ်လည်လေထု လှုပ်ရှားသွားကာ သူမ ကောင်းကင်ဘုံကိုးဆ

င့် လျှို့ဝှက်ဒေသထဲသို့ တည်နေရာရွှေ့ပြောင်းသွားသည်။

ထိုစဥ်.. လျှို့ဝှက်ဒေသ ၊ တစ်နေရာ၌ ...

လောထျန်း၏ မျက်နှာကြီး စူပုတ်နေပါ၏။

"ဒီတခါတော့ ခဝေးဖြစ်ပြီ။ ငါ တွက်ချက်တာ မှားသွားပြီ "

သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

All Chapters