← Chapters

အဆုံးမဲ့တိုက်ခိုက်မှု ၁

Vol. 24 Ch. 348

အဆုံးမဲ့တိုက်ခိုက်မှု ၁

Vol. 24 Ch. 348

ဧရာမ ပိုးကောင်သည် ၎င်း၏ တွင်းနက်သဖွယ် ပါးစပ်ကို ဖွင့်ဟလိုက်ရာ ကောင်းကင်ကို ဖုံးအုပ်လိုက်ပြီး ယဉ်တန်း၏ ရှေ့တွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ထိုထိတ်လန့်ဖွယ်ပုံရိပ်ကြီးသည် လူတိုင်းကို အေးခဲသွားစေခဲ့သည်။

“ယဉ်တန်းကို ခွဲလိုက်—ဘယ်ညာခွဲလိုက်”

ကပ်ဘေး ကျရောက်တော့မည်ကို မြင်လိုက်ရသောအခါ လင်းရှန်သည် ကီကီကို တုံ့ဆိုင်းခြင်းမရှိဘဲ အော်ပြောလိုက်သည်။

“ကွေ့လိုက်…. ဒါကြီးက ငါတို့ကို တိုက်တော့မယ်”

ကီကီ၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူမသည် ရှေ့သို့ ပျံထွက်သွားပြီး လက်နှစ်ဖက်စလုံးသည် စိတ်စွမ်းအင်များဖြင့် တောက်ပနေကာ ကြီးမားသော အင်အားနယ်ပယ်တစ်ခုကို ဖန်တီး၍ ယဉ်တန်းများကို ဘေးနှစ်ဖက်သို့ ကွဲသွားအောင် တွန်းထုတ်လိုက်သည်။

ကျွီး ကျွီး ကျွီး—

လူတိုင်း သူတို့၏ စတီယာရင်များကို ပြင်းထန်စွာ ဆွဲလှည့်နေကြသည်။ နဂါးတောင် ၁ သည် ဘယ်ဘက်သို့ ကွေ့သွားသည်။ လင်းရှန်၏ ဝင်ရိုးစွန်းသွားယာဉ်သည် ညာဘက်သို့ ကွေ့သွားသည်။ ကျန်ယာဉ်များက လိုက်ပါလာပြီး သံမဏိ ဧရာမယာဉ်ကြီးများသည် နှင်းများပေါ်တွင် ကြီးမားသော Y ပုံစံ ကွဲထွက်မှုကို ဖြစ်ပေါ်စေသည်။

နောက်ဘက်မှ အချိန်မီ မရှောင်နိုင်သူများသည် မမြင်နိုင်သောစိတ်စွမ်းအင် နံရံကို ဆောင့်ဝင်တိုက်မိကြသည်—ဘမ်း ဘမ်း ဘမ်း—ထို့နောက် ပြန်ကန်ထွက်ကာ ရူးသွပ်စွာ လွင့်စင်သွားပြီးမှ ဘေးဘက်များသို့ ကွေ့သွားကြသည်။

“အားးး”

နောက်ဘက်မှ လူနေယာဉ်များနှင့် နည်းပညာအဖွဲ့ယာဉ်များသည် ရှေ့မှ ဟင်းလင်းပွင့်နေသော ပါးစပ်ကြီးကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေကြပြီး ထိတ်လန့်တကြား အော်ဟစ်နေကြသည်။

အရှိန်ထိန်းမရသော ထရပ်ကားတစ်စီးသည် ကီကီ၏ စိတ်စွမ်းအင် နံရံကို တိုက်မိပြီး ထိန်းချုပ်မှု လွတ်ကာ ညာဘက်ရှိ နှင်းတောစီးယာဉ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်ရာ ဖွဲ့စည်းပုံတွင် ကြီးမားသော ကွက်လပ်ကြီးတစ်ခု ပွင့်သွားသည်။ ယာဉ်များစွာသည် ချောက်ကမ်းပါးအစွန်းမှ လိမ့်ကျသွားကြသည်။

ထိုအရာကို မြင်သောအခါ ကီကီသည် ထရပ်ကားကို ဖမ်းဆုပ်ရန် သူမ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ပြောင်းလိုက်သည်—သို့သော် ၎င်းက သူမ၏ စိတ်စွမ်းအင်နယ်ပယ်တွင် လစ်ဟာမှုကို ဖြစ်ပေါ်စေခဲ့သည်။ အလယ်ရှိ ယာဉ်နှစ်စီးသည် နှင်းများကြောင့် အမြင်အာရုံ လုံးဝပိတ်ဆို့နေသဖြင့် ပိုးကောင်၏ ပါးစပ်ထဲသို့ မမြင်ရပဲ အလျင်စလို ဝင်ရောက်သွားကြသည်။ အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။

“ဖာ့ခ်” ကီကီ ဒေါသထွက်သွားသည်၊၊

ဝုန်း ဝုန်း

ဂယားးး

တွင်းနက်သဖွယ် ပါးစပ်ကြီး၏ အနက်ရှိုင်းဆုံး လည်ချောင်းအတွင်းပိုင်းမှ ငရဲမှ အော်ဟစ်သံတစ်ခုသည် ပဲ့တင်ထပ်လာသည်။ ပါးစပ်ပတ်လည်ရှိ အသားစိုင်များသည် လှိုင်းထကာ မီးလျှံများတောက်လာပြီး အပုပ်နံ့များ ပြည့်နေသော တိမ်တိုက်များကို ထုတ်လွှတ်လိုက်သည်။

ဘန်း

သို့သော် ထိုအချိန်တွင် လက်နက်ကိုင်ယာဉ်တစ်စီးက ဦးစွာပစ်ခတ်လိုက်သည်။ ၎င်း၏ ယာဉ်ပေါ်တွင် တပ်ဆင်ထားသော အော်တိုအမြောက်မှ ၇၅ မီလီမီတာ သတ္တုစပ် သံချပ်ကာဖောက် ကျည်ဆန်သည် မွန်းစတားကြီးဆီသို့ အော်ဟစ်လျက် ပြေးဝင်သွားသည်။

ချန်ဝေ…

သတ္တဝါ၏ ဟင်းလင်းပွင့်နေသော ပါးစပ်ကို စိုက်ကြည့်နေသော ချန်ဝေ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစိုးတစိမျှမရှိပေ။ တိုက်ပွဲဆာလောင်မှုသာ သူ၏ မျက်လုံးများတွင် လင်းလက်နေသည်။ ဤဧရာမသတ္တဝါသည် သူ၏ အာရုံစူးစိုက်မှုကို တစ်စက်ကလေးမျှ လှုပ်ခါနိုင်ခြင်း မရှိခဲ့ပေ။

“မင်းရဲ့ လည်ချောင်းထဲ တည့်တည့်ပဲ… မင်းတော့ သေပြီ မျိုးမစစ်ကောင်”

သူ၏ အသံသည် ဒေါသများဖြင့် ပြည့်နှက်နေလျက် ဆက်သွယ်ရေးစက်ထဲတွင် ဆူညံသွားသည်။

လင်းရှန်နှင့် ကီကီ နှစ်ဦးစလုံး အံ့အားသင့်သည့် အရိပ်အယောင်ဖြင့် ထိုသူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ချန်ဝေ၏ အော်ဟစ်သံသည် လူတိုင်းကို အသိစိတ် ပြန်ဝင်လာစေခဲ့သည်။ ထိုဧရာမပိုးကောင်၏ ပါးစပ်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း—၎င်းသည် အားအနည်းဆုံးနေရာလည်း ဖြစ်သည်၊၊

“အကုန်လုံး ပစ်ကြ… အဲဒီကောင်ကို ငရဲပြန်ပို့ပစ်ကြမယ်”

ရထားခေါင်မိုးပေါ်တွင် ရှီတိယွမ်သည် ရုတ်တရက် တောက်ပနေသော ၁၅၅ မီလီမီတာ လောင်ချာကို ဆွဲထုတ်လိုက်သည်—ထိုလက်နက်သည် မူလခလုတ်ပင် ပျက်စီးနေလောက်အောင် ဟောင်းနေပြီ ဖြစ်သည်။ သူ၏ လက်များမှာ သွေးကြောများ ထောင်ထလာသည်အထိ စွမ်းအားဖြင့် ဖောင်းထနေသည်။ မာန်သွင်းသံတစ်ခုဖြင့် သူသည် ၄၀-၅၀ ကီလိုဂရမ် အလေးချိန်ရှိသော လောင်ချာကို လက်တစ်ဖက်တည်းဖြင့် မြှောက်လိုက်ပြီး လှံပျံပစ်သကဲ့သို့ ပိုးကောင်၏ ပါးစပ်ထဲသို့ တည့်တည့် ပစ်ထည့်လိုက်သည်။

ဝှစ်

တရွှီရွှီမြည်သော အသံဖြင့် လောင်ချာသည် မီတာတစ်ရာကျော် ပျံသန်းသွားသည်။ နဂါးတောင် ၁ သည် အနီးဆုံး ဖြစ်သည်—ဗုံးသည် ပိုးကောင်ကြီး၏ ပါးစပ်ထဲသို့ တည့်တည့်ဝင်သွားသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်—

အုန်းးး

“မကြောက်ကြနဲ့—သတ်ကြ”

“စောက်ကောင် ငရဲကိုပြန်သွား”

“ရှိသမျှ အကုန်ထုတ်ပစ်ကြ”

ဒက် ဒက် ဒက် ဘန်း ဘန်း ဝုန်း ဝုန်း

ယဉ်တန်း၏ လက်နက်များ အသက်ဝင်လာပြီး တွင်းနက်ကြီးအလား ပါးစပ်ဟကာ စောင့်နေသော ပိုးကောင်ပေါ်သို့ ရက်စက်ကြမ်းကြုတ်သော ကျည်ဆန်မုန်တိုင်းကို လွှတ်ထုတ်လိုက်သည်။

ဝှီးးးး—

တစ်ချိန်တည်းမှာပင် စွမ်းအားရှင်တစ်ဒါဇင်ကျော်တို့သည်လည်း ပါဝင်လာကြပြီး ၎င်းတို့၏ စွမ်းအားများကို ပိုးကောင်ကြီးဆီကို လွှတ်ထုတ်လိုက်သည်။

လင်းရှန်သည် နောက်သို့ လှည့်ကြည့်လိုက်သည်—ယဉ်တန်းတစ်ခုလုံး၏ လက်နက်များသည် ပိုးကောင်ကို အာရုံစိုက်ထားပြီး ဖြစ်သည်။ အခွင့်အရေးကို ယူလျက် သူသည် ကောင်းကင်သို့ လှည့်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်ကာ မျက်လုံးများက အေးစက်နေသည်။

“ငါ့ကို အလင်းရောင်ပေးပါ”

“ဆွဲငင်အားမှန်ဘီလူး…စွမ်းအား အပြည့်အသက်သွင်း…”

ချက်ချင်းဆိုသလို လင်းရှန်သည် သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးသည် ဆည်ကျိုးသကဲ့သို့ စိမ့်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။

ကောင်းကင်၏ အထက်ပိုင်း မီတာရာပေါင်းများစွာအကွာတွင် ဟင်းလင်းပြင်အပိုင်းအစတစ်ခုသည် လျင်မြန်စွာ ပုံပျက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ပုံပျက်သွားသော အာကာသဟင်းလင်းပြင်သည် ချဲ့ထွင်လာပြီး တိမ်များကြားမှ အလင်းပြန်ကျနေသော နေရောင်ခြည်တန်းများကို ဝါးမျို၍ လိမ်ယှက်သွားကာ တောက်ပသော အလင်းစက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ထိုအခိုက်အတန့်တွင် မီတာရာပေါင်းများစွာ အထက်ရှိ ကောင်းကင်တွင် နေလုံးအတုတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေသည်။ မျက်စိကျိန်းစက်ဖွယ် တောက်ပမှုသည် ကြီးမားသော နေ့အလင်းရောင် မီးလုံးကြီးအလား လင်းလက်လာပြီး ချောက်ကမ်းပါးလမ်းတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေခဲ့သည်။ နှင်းမုန်တိုင်းထဲရှိ မြင်ကွင်းသည် ရုတ်တရက် သိသိသာသာ ပိုမို ကြည်လင်လာခဲ့သည်။

နှင်းမုန်တိုင်းသည် ခဏတာ ငြိမ်သက်သွားသဖြင့် ထိုမြင်ကွင်းသည် တောက်ပသော ဆောင်းရာသီ နေ့လယ်ခင်းနှင့် ခဏတာ ဆင်တူနေသည်။ အလင်းသည် မီးရှူးတိုင်ကဲ့သို့ လောင်ကျွမ်းနေပြီး နှင်းတစ္ဆေများနှင့် နှင်းမွန်းစတားများစွာ၏ ပုံသဏ္ဌာန်များကို ချက်ချင်း ပုံပျက်သွားစေသည်။ ၎င်းတို့၏ နာကျင်စွာ အော်ဟစ်သံများသည် လေထဲတွင် စူးရှစွာ ထွက်ပေါ်လာပြီး ထူးဆန်းသည့် သတ္တဝါများ၏ အရေပြားနှင့် အရိုးအဆစ်များမှ အနက်ရောင်မီးခိုးများ ယိုစိမ့်ထွက်လာသည်။ တစ်ချိန်က ကြမ်းတမ်းခဲ့သော သတ္တဝါဒီရေလှိုင်းသည် နှင်းများထဲသို့ ရူးသွပ်စွာ တိုးဝင်သွားကြသဖြင့် ယဉ်တန်း၏ ကာကွယ်ရေးဖိအားကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဉ်တန်း၏ လက်နက်စွမ်းအားသည် တွင်းနက်ပိုးကောင်ပေါ်တွင် အာရုံစိုက်ထားပြီး ပေါက်ကွဲမှုများနှင့် သတ္တုကျည်ဆန်များ မုန်တိုင်းကို လွှတ်ထုတ်လိုက်သည်။ မီးခိုးများနှင့် အပျက်အစီးများ အရပ်မျက်နှာ အားလုံးသို့ ပေါက်ကွဲထွက်လာပြီး အနက်ရောင် အသားစိုင်များနှင့် အစိမ်းရောင်သွေး အပိုင်းအစများသည် နှင်းများပေါ်သို့ စင်ထွက်သွားသည်။

ဂယား…. ဝူးးး

မြေပြင်အထက် မီတာဒါဇင်ပေါင်းများစွာ မြင့်တက်နေသော ထိုပိုးကောင်၏ ဟင်းလင်းပွင့်နေသော ပါးစပ်မှ ကြီးမားသောစုပ်ယူမှု အင်အားတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ခေတ္တမျှ ပေါ်လာပြီးနောက် နောက်ဆုတ်သွားခြင်း မဟုတ်ပေ။ ထိုအစား ၎င်း၏ ပါးစပ်ကို ကြမ်းတမ်းစွာ လိမ်ယှက်လိုက်ပြီး ထွက်ပြေးနေသော ယဉ်တန်းကို ဒေါသတကြီး တိုက်ခိုက်မှုဖြင့် ဘေးမှ ဖြတ်တိုက်ရန် ကြိုးစားလိုက်သည်။

သို့သော် ၎င်း၏ ဒေါသတကြီး တိုက်ခိုက်မှုသည် အကျိုးသက်ရောက်မှု မရှိပေ။ တစ်ချိန်က ထိုးဖောက်၍မရနိုင်သော တွင်းနက်ပိုးကောင်၏ အရေခွံနက်ကြီးသည် လျင်မြန်စွာ အရည်ပျော်ကာ ပုံပျက်သွားပြီး နေရာလွဲသွားသည်။ သံချပ်ကာဖောက်ကျည်ဆန်များသည် ယခုအခါ သိသိသာသာ ပိုမိုများပြားသော ထိခိုက်မှုများကို ဖြစ်ပေါ်စေပြီး ၎င်း၏ အရေပြားကို ထိုးဖောက်ကာ ကြီးမားသော အသားစိုင်များကို မြေပြင်သို့ ပြုတ်ကျစေသည်။

ဘန်း ဘန်း ဘန်း ဝုန်း ဝုန်း

ရုတ်တရက် ပေါက်ကွဲမှု လှိုင်းဂယက်တစ်ခုသည် နှင်းများနှင့် ကွဲအက်နေသော ကျောက်တုံးများကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ကျည်ဆန်ကို ဆုပ်ကိုင်ထားသော ရှီတိယွမ်သည် သူ၏ ကြွက်သားများ တင်းမာနေလျက် ပြင်းထန်စွာ စိုက်ကြည့်နေသည်။ နဂါးတောင် ၁ သည် ဘေးသို့ ကွေ့သွားနှင့်ပြီ ဖြစ်ပြီး သူသည် လက်နှစ်ဖက်ဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် ထိုပိုးကောင်သည် မြေအောက်သို့ ရူးသွပ်စွာ ဆုတ်ခွာသွားသည်ကို သတိပြုမိလိုက်သည်။

“ပြေးချင်တာလား” သူ ဟိန်းဟောက်လိုက်သည်။

နေ့အလင်းရောင်သည် ဤအမှောင်ဒီရေ သတ္တဝါများ၏ အားသာချက်မဟုတ်ခဲ့ပေ။ မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သော သတ္တဝါတစ်ကောင်ကို ဆိုးရွားစွာ ထိခိုက်စေရန် ဤအခိုက်အတန့်သည် အကောင်းဆုံး အခွင့်အရေးဟု ပြောနေလေသည်၊၊ ရှီတိယွမ်နှင့် အခြားသူများသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ယဉ်တန်းတစ်ခုလုံးသည် ဒေါသတကြီး သေနတ်ပစ်ခတ်မှုများကို လွှတ်ထုတ်လိုက်ပြီး ၎င်းတို့၏ သေနတ်ပြောင်းများကိုပင် ကျည်ဆန်များနှင့်အတူ ပစ်ထုတ်လိုသကဲ့သို့ ဖြစ်နေသည်။ ပုံမှန်အားဖြင့် တိုက်ခိုက်ရေးသမားများ မဟုတ်သော နည်းပညာအဖွဲ့ဝင်များပင်လျှင် အော်တိုရိုင်ဖယ်များနှင့် ပစ္စတိုများကို ကောက်ယူကာ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြသည်။

ရှီးးးး

တွင်းနက်ပိုးကောင်သည် အံ့သြဖွယ် အရှိန်ဖြင့် မြေကြီးထဲသို့ တူးဝင်နေသည်။ ချွေးအေးများ ရွှဲရွှဲစိုနေသော လင်းရှန်သည် သွားများကို စေ့ထားပြီး သူ၏ နောက်ဆုံး စွမ်းအားဖြင့် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်—ပြင်းထန်စွာ…

All Chapters