← Chapters

ထူးဆန်းသောအိမ်မက်

Vol. 24 Ch. 350

ထူးဆန်းသောအိမ်မက်

Vol. 24 Ch. 350

“ရှင်ပြောတာ ဖီးနစ်ကြောင့်လား”

“မဟုတ်ဘူး။ အဲဒီလောက် အရွယ်အစားရှိတဲ့ စက်ရုပ်က တိုက်ခိုက်ရေးမှာပဲ အသုံးဝင်တယ်။ မဟုတ်ရင် ဟာကျုလီအဆင့် သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ သယ်ယူရမယ်၊၊ မီးနတ်ဘုရားစက်ရုပ်ထားလို့ရတဲ့ ရထားတွဲတောင် အဲဒီကောင်ကို ထည့်ဖို့ မလုံလောက်ဘူး...”

“ဟုတ်တယ်... ဒါပေမဲ့လည်း, အဲဒါက အတော်မိုက်တယ်” ကီကီ ရယ်မောလိုက်ပြီး နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။

“အစ်ကိုကြီး ရှင်က ဒီလောက်မိုက်တဲ့ စက်ရုပ်ကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား”

လင်းရှန်၏ မျက်လုံးများ တောက်ပလာပြီး တွင်းနက်ပိုးကောင်ကို သတ်ခဲ့ဖူးသည့် Unit 01 ၏ ကြိမ်နှုန်းမြင့် ကွင်းဆက်ဓားကို သတိရလိုက်သည်။ သူ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်လာခဲ့သည်၊၊

အင်ပါယာ စက်ရုပ်သည် သူ၏ ယန္တရားနှလုံးသားအတွက် အံဝင်ခွင်ကျ ဖြစ်နေပုံရပြီး ၎င်း၏ တိုးတက်မှု အလားအလာနှင့် လုံးဝ ကိုက်ညီနေသည်။

ပင်ပန်းနွမ်းနယ်နေသော လင်းရှန်သည် ဝင်ရိုးစွန်းယာဉ်၏ ပြတင်းပေါက်ကို မှီလိုက်ပြီး အဆုံးမရှိသော နှင်းဖုံးလွင်ပြင်တစ်လျှောက် တည်ငြိမ်စွာ ချီတတ်နေသော ယဉ်တန်းကို ကြည့်နေသည်။ နှင်းတစ္ဆေများသည် အပြင်ဘက်တွင် ဒေါသတကြီး ဖြစ်နေကြပြီး မီးတောက်များသည် အဝေးတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ ယဉ်တန်းထဲရှိ လူရာပေါင်းများစွာသည် အသက်ရှင်သန်ရေးအတွက် အသည်းအသန် တိုက်ခိုက်နေကြသည်။ ဤသည်မှာ လင်းရှန်အတွက် ပရမ်းပတာ ထွက်ပြေးရသည့် အတွေ့အကြုံမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

“ရထားတွေက ပိုလုံခြုံတယ်...”

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ ယာဉ်တစ်ရာကျော်ရှိရာ မှောက်သွားသော ကားတိုင်းသည် ထိခိုက်ဒဏ်ရာရမှု ပိုများလာသည်ဟု ဆိုလိုသည်။

ယဉ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ ဖိအားသည် ယာဉ်အုပ်စုတစ်ခုလုံးကို စီမံခန့်ခွဲသူများနှင့် နှိုင်းယှဉ်လျှင် အများကြီး ပိုမို ပေါ့ပါးနေသည်ဟု ခံစားရသည်။

ခဏတာမျှ လင်းရှန်သည် ရှုချင်း၏ ရုန်းကန်မှုများ—အဆုံးမရှိ ပြေးလွှားခြင်း၊ အခက်အခဲအားလုံးကို ကျော်လွှား၍ အသက်ရှင်သန်ခြင်းကို နားလည်သွားပုံရသည်။

ပင်ပန်းနွမ်းနယ်မှု... လုံးဝ ပင်ပန်းနွမ်းနယ်မှု။

အပြင်ဘက်တွင် သေနတ်သံများနှင့် သတ်ဖြတ်သံများ တဒုန်းဒုန်း မြည်ဟည်းနေသော်လည်း လင်းရှန်၏ စိတ်သည် လွင့်မျောသွားခဲ့သည်။ သူ၏ မျက်ခွံများ စင်းကျလာပြီး သူ သတိမထားမိပဲ အိပ်ပျော်သွားခဲ့သည်။

သူ၏ အိပ်မက်ထဲတွင် လင်းရှန်သည် ကျိအန်းမြို့ရှိ သူ၏ အပန်းဖြေနေရာအဖြစ် ပြောင်းလဲထားသော တိုက်ခန်းထဲသို့ ပြန်ရောက်သွားသည်။

ဘီပ့်... ဘီပ့်...

ရင်းနှီးသော ညကျရောက်ခြင်း သတိပေးသံ ပဲ့တင်ထပ်လာသည်။ ပုံမှန်အတိုင်း သူသည် သူ၏ ယန္တရားစွမ်းရည်ဖြင့် ဖန်တီးထားသော သတ္တုစပ်သံတံခါးကို ဆွဲချလိုက်၊ လှေကားနှင့် ဝင်ပေါက်တွင် အနံ့ပျောက်ဆေးကို ဖျန်းလိုက်၊ မီးများကို ပိတ်လိုက်ပြီး မှောင်မည်းနေသော အခန်းထဲတွင် ကွေးနေသည်။ သူသည် အထက်နှင့် အောက်ထပ်မှ လှုပ်ရှားနေသော ဆူညံသံများနှင့် အပြင်ဘက် လမ်းများမှ ပဲ့တင်ထပ်နေသော ထူးဆန်းသည့် ရေရွတ်သံများနှင့် ဟိန်းဟောက်သံများကို နားစွင့်နေသည်။

လှည့်လည်နေသော ဖုတ်ကောင်များသည် မီးလောင်ထားသော ကားများကို ဖြတ်၍ ၎င်းတို့၏ ဆွေးမြေ့နေသော လေပြွန်များက ပြင်းထန်သောအသံများ၊ လည်ချောင်းသံများကို ထုတ်လွှတ်နေသည်။

လင်းရှန်သည် သူ၏ အိပ်ခန်းထောင့်တွင် ထိုင်နေပြီး သူ၏ ဓားတိုသည် အနီးတွင် ရှိသည်။ သူ စောင့်ဆိုင်းနေသည်... ည ပိုမိုနက်ရှိုင်းလာရန်... အာရုဏ်ဦးအချိန် ရောက်ရှိလာရန်။

ဝှစ်—

ဧည့်ခန်းမှ လေတစ်ချက် တိုက်ခတ်လာသည်။

လင်းရှန်၏ ပြတင်းပေါက်များကို အစောကြီးကတည်းက တင်းကျပ်စွာ ပိတ်ထားသည်—လေပြေတစ်ချက် ဝင်လာရန်ပင် လုံးဝ မဖြစ်နိုင်ပေ။ သူ၏ မျက်လုံးများသည် အမှောင်ထုကို စကင်ဖတ်လိုက်ပြီး ထိုအချိန်တွင် သူ သတိပြုမိသည်...

သူ၏ ဧည့်ခန်းမှ မှန်ပြတင်းပေါက်ရှေ့တွင် အရိပ်မည်းကြီးတစ်ခု ရပ်နေသည်။

လင်းရှန်သည် သူ၏ ဓားကို ဆွဲယူကာ ပြေးထွက်သွားသော်လည်း ဧည့်ခန်းသည် လွတ်နေသည်။

လသာဆောင်၏ မှန်လျှောတံခါးသည် အပြည့်အဝ ပွင့်နေသည်။ ညလေသည် တဟူးဟူးတိုက်ခတ်နေပြီး ကန့်လန့်ကာများကို လှိုင်းထကာ ကခုန်နေစေသည်။

လင်းရှန်သည် သတိထား၍ လသာဆောင်ပေါ်သို့ တက်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ—သူ၏ အမြင်အာရုံသည် ကြီးမားသော ပျံဝဲနေသည့် အလောင်း၊ ကျိအန်းမြို့တစ်ခုလုံးကို လွှမ်းခြုံထားသော အိပ်မက်ဆိုးသဖွယ် ဘီလူးတစ်ကောင်ဖြင့် လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။

၎င်း၏ တိုက်ကြီးအရွယ် ခန္ဓာကိုယ်သည် ကောင်းကင်ယံတစ်လျှောက် ဖြည်းညင်းစွာ လွင့်မျောနေပြီး လရောင်ကို ပိတ်ဆို့ကာ မြို့ကို အရိပ်ထဲသို့ နှစ်မြှုပ်ထားသည်။ ကျိအန်းမြို့သည် ၎င်း၏ တည်ရှိမှုအောက်တွင် အရိပ်တစ်ခုမျှသာ ဖြစ်နေပုံရသည်။

“ဇီဝဗေဒဆိုင်ရာ သတ္တဝါ နံပါတ် ၂... လှုပ်ရှားနေတယ်.. လှုပ်ရှားနေတယ်…ဦးတည်ချက်: အရှေ့အရပ်… ဦးတည်ချက်: အရှေ့အရပ်”

ရုတ်တရက် အလောတကြီးအသံတစ်ခုကို သူ၏ နားထဲတွင် ကြားလိုက်ရသည်—ဆက်သွယ်ရေးစက်မှ တစ်စုံတစ်ယောက် အော်ဟစ်သကဲ့သို့ ဖြစ်သည်။

လင်းရှန်သည် လှည့်၍ စကားပြောသူကို ရှာဖွေသော်လည်း မည်သူမျှ မရှိပေ။

“မင်း ဘယ်သူလဲ”

ရုတ်တရက် ထိုအသံက ပြန်အော်ဟစ်လာသည်၊၊ဤတစ်ကြိမ်တွင် သူ့ကို တည့်တည့် ဦးတည်နေသည်။

လင်းရှန်သည် အေးခဲသွားသည်—ချွေးအေးများ သူ၏ ကျောရိုးတစ်လျှောက် စီးကျလာသည်။

သူ လျင်မြန်စွာ လှည့်လိုက်ရာ ထောင့်တစ်နေရာတွင် အနက်ရောင် ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်... သူ့ကို စောင့်ကြည့်နေသည်။

“လင်းရှန်…လင်းရှန်”

နွေးထွေးမှု လှိုင်းတစ်ခုသည် သူ့ကို ရုတ်တရက် ဖုံးအုပ်လိုက်ပြီး သူ့ကို သတိပြန်ဝင်လာစေခဲ့သည်။ လင်းရှန်၏ ခန္ဓာကိုယ်သည် လှုပ်ရှားလာပြီး စွမ်းအားများ တဖြည်းဖြည်း ပြန်ရလာသည်၊၊ သူ မျက်တောင်ခတ်လိုက်ရာ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး အသက်ရှူနှုန်း မမှန်ဖြစ်နေသည်။

[အသက်လက္ခဏာများ: ကိုယ်အပူချိန် အလွန်ကျဆင်းခြင်း။ ကိုယ်အပူချိန် အလွန်ကျဆင်းခြင်း။]

သူ၏ စွမ်းအားမြှင့်ဝတ်စုံမှ သတိပေးချက်သည် သူ၏ နားထဲတွင် ဖျော့တော့စွာ ပဲ့တင်ထပ်နေသည်။

ရှီးး

လင်းရှန်သည် လျင်မြန်စွာ နိုးထလာသည်။ သူ၏ နာရီကို စစ်ဆေးလိုက်ရာ—၁၇:၄၀—သူ ဆယ်မိနစ်ကြာ အိပ်ပျော်နေခဲ့သည်။

အဲဒါ အိပ်မက်လား။

ဤသည်မှာ ထို ပျံဝဲနေသော ဧရာမ အလောင်းကို သူ မြင်တွေ့ရသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ ကျန်ရှိနေသေးသော ကြောက်ရွံ့မှုသည် သူ၏ စိတ်ထဲတွင် လှိုင်းထနေဆဲ ဖြစ်သည်။

ဘန်း ဘန်း ဘန်း ဒက် ဒက် ဒက်

အပြင်ဘက်တွင် သေနတ်သံများနှင့် ပေါက်ကွဲသံများ ပိုမို ပြင်းထန်လာသည်။ စတီယာရင်ကို တင်းတင်းဆုပ်ထားသော ကီကီသည် လင်းရှန်ကို သူမ၏ စိတ်စွမ်းအင်ဖြင့် လှုပ်ယမ်းလိုက်ပြီး သူမ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေသည်။

“ဘာဖြစ်တာလဲ….ကျွန်မ ရှင့်ကို လှုပ်နိုးနေတာ အကြာကြီးပဲ”

လင်းရှန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ နားထင်များကို နှိပ်လိုက်သည်။ “အားကုန်ပြီး… အိပ်ပျော်သွားတာ... အခု ပိုကောင်းလာပြီ”

ကီကီသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

“ရှင့်ရဲ့ အဲဒီလှုပ်ရှားမှုက တော်တော် အားကုန်စေတာပဲ... ဒါပေမဲ့…ဖာ့ခ် အဲဒါက တကယ်ကို အစွမ်းထက်တယ်။ အဲဒီပိုးကောင်ကြီးတောင် မခံနိုင်ဘူး”

လင်းရှန် ခေါင်းညိတ်လိုက်သည်။ ဆွဲငင်အားမှန်ဘီလူးသည် သူ၏ အစွမ်းအထက်ဆုံး စွမ်းရည်ဖြစ်သော်လည်း ၎င်း၏ ပြင်းထန်သော စွမ်းအင်လိုအပ်မှုကြောင့် မကြာခဏ အသုံးပြုရန် ခက်ခဲစေသည်—အထူးသဖြင့် နေ့အလင်းရောင်တွင် ဖြစ်သည်။ ရေခဲလေပွေက ထိုထူးဆန်းသည့် သတ္တဝါများကို နေ့ခင်းဘက်တွင် တိုက်ခိုက်ရန် တွန်းအားပေးခြင်း မရှိခဲ့ပါက သူ့တွင် အသုံးပြုရန် အခွင့်အရေး ရရှိမည် မဟုတ်ပေ။

“ငါ သတိထားမိတယ်... အဲဒီသတ္တဝါတွေက အလင်းကို တကယ်တမ်းကျ ကြောက်ပုံမရဘူး” လင်းရှန် အတွေးနက်သွားကာ ပြောလိုက်သည်။

ကီကီ ခဏတာ စဉ်းစားလိုက်သည်။ “ဟုတ်တယ်... ပထမတော့ နေရောင် ဒါမှမဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကြောက်တယ်လို့ ထင်ခဲ့တာ…ဒါပေမဲ့ သူတို့က တခြား တစ်ခုခုကြောင့် စုတ်ဖြဲခံရသလို ဖြစ်နေတာပဲ”

လင်းရှန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “နေ့အလင်းရောင်က ငါတို့ရဲ့ တစ်ခုတည်းသော အားသာချက်ပဲ။ အမှောင်ဒီရေတွေက အရာအားလုံးကို ဝင်ရိုးစွန်းညထဲကို နှစ်မြှုပ်ချင်ကြတာ… ဘာလို့လဲဆိုတော့ အာရုဏ်ဦးက လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နေလို့ပဲ”

“ငါတို့ မြောက်ပိုင်း ရထားလမ်းနား ရောက်နေပြီ ဖြစ်ရမယ်” နန်ကျင်း၏ အသံကို ဆက်သွယ်ရေးစက်မှ ကြားလိုက်ရသည်။

“ငါတို့ အများကြီး လိုသေးတယ်” လင်းရှန်က အကွာအဝေးကို တွက်ချက်ရင်း ပြန်ဖြေလိုက်သည်။

“ဒီမုန်တိုင်းထဲမှာ ဘာမှသေချာမမြင်ရဘူး။ ရထားတွေကို အချိန်ကိုက် စတင်ဖို့... လုံးဝ မဖြစ်နိုင်သလောက်ပဲ” နန်ကျင်း၏ အသံသည် စိုးရိမ်ပူပန်နေသည်။

လင်းရှန် အံကြိတ်လိုက်သည်။ “ငါတို့ ဆက်လက် လှုပ်ရှားနေဖို့ပဲ လိုတယ်... ပြီးတော့ ရထားကို အချိန်မီ ရှာတွေ့ဖို့ လိုတယ်”

ရွှစ်

လေထဲမှ ရှီတိယွမ်သည် နှင်းတစ္ဆေ နှစ်ကောင်၏ ဦးခေါင်းများကို ဖြတ်တောက်လိုက်ပြီးနောက် ရထားတွဲခေါင်မိုးပေါ်သို့ လေးလံစွာ ဆင်းသက်လိုက်သည်။ သူ၏ အမူအရာသည် လေးနက်နေပြီး

“နှစ်ကီလိုမီတာ အတွင်းမှာ ရထားရဲ့ အချက်ပြကို ငါတို့ ဖမ်းယူနိုင်လိမ့်မယ်။ ငါတို့ရဲ့ ဦးတည်ချက် မှန်နေသရွေ့ ငါတို့ အဲဒါကို မပျောက်စေရဘူး”

All Chapters