သုံးကီလိုမီတာတိုက်ပွဲလိုင်း ၂
Vol. 24 Ch. 352
ဝုန်းး
နှစ်ကီလိုမီတာရှည်လျားသော ရထား၏ ညာဘက်ခြမ်းတွင် အဆုံးမရှိသော နှင်းတစ္ဆေ အစုအဝေးသည် တရိပ်ရိပ်တက်လာသည်—မရေမတွက်နိုင်သော ကျိုင်းကောင်များအလား ဝိုင်းအုံလာကြသည်။
ကြီးမားသော ရထားသည် ရုတ်တရက် ပြင်းထန်သောအင်အားအောက်တွင် စောင်းသွားသည်။
ဝူးးး
1130 CIWS နှင့် လက်နက်ကြီးများ အသံမြည်ကာ နိုးထလာသည်၊၊ သတ္တုမုန်တိုင်းသည် ရှေ့သို့ တက်လာသော မွန်းစတားဒီရေထဲသို့ တိုးဝင်သွားသည်၊၊
အထက်တွင် G3 လျှပ်စစ်သံလိုက်အမြောက်သည် ကောင်းကင်မှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ရေဒါကို ဖြန့်ကျက်လိုက်သည်—မုန်တိုင်းကို ဖြတ်၍ ပစ်လိုက်ရာ အရုပ်ဆိုးသော အတောင်ပံပါ ထိတ်လန့်ဖွယ်သတ္တဝါများကို ဖော်ထုတ်လိုက်သည်။
တိုက်ပွဲ စတင်ခဲ့လေပြီ။
“အကာကွယ်ကို ထိန်းထားကြ”
“ကပ္ပတိန်လင်းရဲ့အဖွဲ့ မပေါ်လာသေးဘူး”
ဆူနာမီကဲ့သို့သော မွန်းစတားဒီရေသည် အနန္တရထား တစ်ခါမျှမကြုံဖူးသော အရာမျိုး ဖြစ်သည်။ နီးလာသော ယဉ်တန်းကို ဘယ်မှာမှ မမြင်ရသေးသော်လည်း ရထားဖွဲ့စည်းပုံတစ်ခုလုံးသည် အပြင်းအထန် တိုက်ခိုက်နေပြီ ဖြစ်ပြီး အဆက်မပြတ် ပစ်အားကို ထုတ်လွှတ်နေသည်။
ဂျုံး ဂျုံး ဂျုံး—
ရထား၏ အမြန်နှုန်း တက်လာသည်—၅၀ ကီလိုမီတာ/နာရီ... ၆၀ ကီလိုမီတာ/နာရီ...
စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသော ချန်ဆီရွှမ်သည် တွဲ နံပါတ် ၂ သို့ လျင်မြန်စွာ သွားပြီး တိုက်ခိုက်ရေးဓာတ်လှေကားမှ ခေါင်မိုးသို့ တက်သွားသည်။ လင်းရှန်၏ ယဉ်တန်းသည် မီတာရာဂဏန်း အနည်းငယ်သာ ဝေးသည်ကို သူမ သိပြီး နဂါးတောင် ၁ က ဦးဆောင် တိုက်ခိုက်နေသဖြင့် သူမသည် တိုက်ပွဲစတင်ရန် လက်နှေးမနေတော့ချေ၊၊
ဝှစ်…
သူမ ခေါင်မိုးပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နှင်းတစ္ဆေတစ်ကောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကို ကပ်၍ ရှောင်တိမ်းလိုက်ပြီး နောက်ပြန်ခုန်လိုက်သည်။
ဘန်း
လေထဲတွင် သူမ၏ Meteor No.3 သံချပ်ကာဖောက်ကျည်များကို ပစ်ခတ်လိုက်ရာ ကျည်ဆန်သည် နှင်းတစ္ဆေနှင့် ၎င်း၏ နောက်က အခြား အကောင်များစွာကို ဖြတ်၍ ဖောက်သွားသည်။ ကြီးမားသော အကျိုးသက်ရောက်မှုဖြင့် ကာဗွန်အခြေခံသတ္တဝါများ၏ ခန္ဓာကိုယ်ကို သွေးသံရဲရဲများအဖြစ် ပေါက်ကွဲစေခဲ့သည်။
သူမ၏ ခြေထောက်များ မြေပြင်ကို ထိသည်နှင့် တစ်ပြိုင်နက် သူမသည် လျင်မြန်စွာ ဝပ်လိုက်ပြီး ကောင်းကင်သို့ ချိန်လိုက်သည်။ သူမ၏ သေနတ်ပြောင်းသည် G3 လျှပ်စစ်သံလိုက်အမြောက်နှင့်အတူ တစ်ပြိုင်နက် လှုပ်ရှားသွားသည်၊၊
ဘန်း
ရန်သူကို မမြင်ရမီကပင် သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ ခလုတ်ကို ဆွဲလိုက်သည်။
ဝီး ဘွန်းး
တိကျသော အခိုက်အတန့်တွင် လျှပ်စစ်သံလိုက်အမြောက်သည်လည်း ပစ်ခတ်လိုက်သည်။
တောက်လောင်နေသော အပြာရောင်အလင်းတန်းသည် မုန်တိုင်းကို ဖြတ်၍ ပြေးသွားသည်။ အထက်မှ ထိုးဆင်းလာသော အတောင်ပံပါ မွန်းစတားတစ်ကောင်သည် သံချပ်ကာဖောက်ကျည်ဆန်ဖြင့် ဦးခေါင်းခွံကို လုံးဝဖောက်ထွင်းခံလိုက်ရပြီး ၁၀ စင်တီမီတာ အကျယ်ရှိသော သွေးများပန်းထွက်နေသော အပေါက်ကို ချန်ထားခဲ့သည်။ စက္ကန့်ဝက်မျှကြာပြီးနောက် ၎င်း၏ ရင်ဘတ်သည် လျှပ်စစ်သံလိုက်အမြောက်၏ ပေါက်ကွဲမှုကြောင့် ကြေမွသွားခဲ့သည်။
ဂါးးးး ခရစ် ဝုန်း
ရထားတွဲတစ်ခုလောက် အရွယ်အစားရှိသော မွန်းစတားသည် လေထဲမှ လိမ့်ကျသွားပြီး အောက်ဘက်ရှိ နှင်းဖုံးလွင်ပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။ ထိခိုက်မှုကြောင့် ကြီးမားသော နှင်းများ ပေါက်ကွဲထွက်လာသည်။
ဘန်းဘန်း ဘန်း
အဝေးမှ သေနတ်သံများ ထွက်ပေါ်လာသည်။ ချန်ဆီရွှမ်သည် သူမ၏ အနီအောက်ရောင်ခြည်သုံး မှန်ပြောင်းကို ချက်ချင်း အသုံးပြုစစ်ဆေးလိုက်ရာ နှင်းမုန်တိုင်းထဲမှ အနက်ရောင် သံမဏိယဉ်တန်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဒါ နဂါးတောင် ၁ နဲ့ လင်းရှန်ရဲ့ ဝင်ရိုးစွန်းယာဉ်ပဲ….
ရထားရဲ့ ပစ်ခတ်မှုကို ရှောင်ရှားရန် ယဉ်တန်းသည် ရထားရဲ့ နောက်-ညာဘက် ခြမ်းမှာ နေရာယူဖို့ လှည့်ပတ်နေကြသည်။ ယာဉ်စီးရေတစ်ရာကျော်သည် အနန္တရထားရဲ့ အမြီးဆီကို လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
“လုယောင်..ဆရာမချန်…. အမြန်နှုန်းကို ၈၀ အထိ တိုးလိုက်”
ယဉ်တန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းရှန်၏ အရေးတကြီး အသံသည် ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်။
“အကုန်လုံး လိုက်နိုင်ကြပါ့လား”
ကီကီသည် နှင်းတစ္ဆေ အစုအဝေးထဲသို့ တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲလိုက်စေပြီး လင်းရှန်ဘက်သို့ လှည့်လိုက်ကာ သူမ၏ အသံသည် အရေးတကြီး ဖြစ်နေသည်။
လင်းရှန်သည် သူတို့၏ နောက်မှ ကြီးမားသော သတ္တဝါများကို စောင်းကြည့်လိုက်သည်။ “အရှိန်အပြည့် မမောင်းဘဲ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး….မလိုက်နိုင်ရင် သေရလိမ့်မယ်”
မွန်းစတားဒီရေသည် အဆက်မပြတ်သော ရေလွှမ်းမိုးမှုတစ်ခုအလားဖြစ်သည်—သူတို့ ဆက်မပြေးရင် နောက်ထပ် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
ဝုန်း ဝုန်း
မြေကြီးတုန်ခါမှုသည် ပို၍ ပြင်းထန်လာသည်။
နဂါးတောင် ၁ နှင့် အနန္တ ရထားတို့၏ နောက်တွင် ကြီးမားသောယဉ်တန်းသည် နှင်းများကို ဖြတ်၍ ကျယ်လောင်သောအင်ဂျင်သံများဖြင့် တရိပ်ရိပ်တက်လာသည်။ သုံးကီလိုမီတာ ရှည်လျားသောဖွဲ့စည်းပုံမှ ပစ်အားကို သတ္တဝါများသည် ရင်ဆိုင်နေရပြီး အတောင်ပံပါ အမှောင်သတ္တဝါများသည် အထက်မှ ထိုးဆင်းလာကာ အမည်မသိတွင်းနက်သတ္တဝါများသည် မြေအောက်မှ ချောင်းနေကြသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးသည် မွန်းစတားပင်လယ်ထဲမှ တစ်ခုတည်းသော ကျွန်းငယ်ကဲ့သို့ ခံစားနေကြရသည်။
ဝှူးးး
နဂါးတောင် ၁ သည် မြောက်ပိုင်း ရထားလမ်း သံလမ်းများပေါ်သို့ တိုက်ခိုက်ဝင်ရောက်လာသည်။
၎င်း၏ အောက်တွင် တြိဂံ လျှပ်စစ်သံလိုက် မြေပြင်သွားမောင်းနှင်မှု မော်ဂျူးသည် ၎င်းကိုယ်တိုင် ချိန်ညှိလိုက်ပြီး အားကောင်းသော သံလိုက်ကပ်တွယ်မှုဖြင့် ရထားလမ်းများကို သော့ခတ်လိုက်သည်။ ဆွဲငင်အားရထားခေါင်းသည် ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်ပြီး အနန္တရထား၏ Gemini နျူကလီးယား ရထားခေါင်းနှင့် ချိတ်ဆက်လိုက်ရာ မီးပွားများ ထွက်ပေါ်လာသည်။
“ညီလေးလင်း…ငါက မင်းယဉ်တန်းရဲ့ နောက်ကို ကာထားပေးမယ်” ရှီတိယွမ်က အော်ပြောလိုက်သည်။
“တိုက်ခိုက်ရေးသမား မဟုတ်တဲ့ ယာဉ်တွေ အားလုံး…ကာဗာယူဖို့ ရထားရဲ့ ဘယ်ဘက်ခြမ်းကို ရွှေ့ကြ”
လင်းရှန်နှင့် ကီကီတို့သည် ဝင်ရိုးစွန်းယာဉ်ကို ဖွဲ့စည်းပုံထဲမှ ထုတ်လိုက်ပြီး အင်ပါယာပရောဂျက် နည်းပညာအဖွဲ့၏ ယာဉ်များကို ရထားလမ်းများကို ဖြတ်၍ အနန္တရထား၏ ဘယ်ဘက်ခြမ်းသို့ လိုက်ပါ ပို့ဆောင်ပေးနေပြီး ညာဘက်မှ တိုက်ခိုက်လာသော နှင်းတစ္ဆေများကို ရှောင်တိမ်းနေကြသည်။
ထိုအတောအတွင်း အဓိကယဉ်တန်းသည် နဂါးတောင် ၁ ၏ နောက်သို့ ရောက်နေကာ ရှေ့သို့ ချီတတ်နေသည်၊၊
ဝီး ဒက် ဒက် ဒက် ဒက်
1130 CIWS သည် သတ္တုမုန်တိုင်းကို ထုတ်လွှတ်လိုက်ရာ ဝင်လာသော ဒီရေကို စုတ်ဖြဲပစ်လိုက်သည်။ နှင်းများ၊ အပျက်အစီးများနှင့် သတ္တဝါအပိုင်းအစများသည် သံချပ်ကာယာဉ်များ၏ လေကာမှန်များပေါ်သို့ ပေါက်ကွဲ ကျရောက်ကုန်သည်။
ဆယ်လီ၏ မီးလျှံပစ်စက်သည် နောက်က ယဉ်တန်းအတွက် ကာဗာပေးရန်အတွက် ကြီးမားသောနှင်းတစ္ဆေဧရိယာကို မီးရှို့လိုက်သည်။
1130 CIWS နှင့် မီးနတ်ဘုရားစက်ရုပ်တို့၏ ပေါင်းစပ်လက်နက်စွမ်းအားသည် အဆက်မပြတ် ဖျက်ဆီးခြင်းနံရံတစ်ခု ဖြစ်နေကာ တိုးဝင်လာသမျှ သတ္တဝါအားလုံးကို ပျက်စီးစေလေသည်၊၊ ကီကီသည် လင်းရှန်ကို ဆွဲယူပြီး အနန္တရထား၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။
ဝှူးးး
စူးရှသော အတောင်ပံ ရိုက်ခတ်သံတစ်ခုသည် နှင်းမုန်တိုင်းထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။
ကီကီ စိတ်စွမ်းအင် အတားအဆီးကို ထုတ်ရန် အချိန်မရမီ ကြီးမားသော အတောင်ပံပါ သတ္တဝါတစ်ကောင်က တိုးဝင်လာသည်၊၊
“ငါ့ကို ပစ်ပေးဦး”
“ကီကီ”
ရှားရှားသည် ထိုသားရဲ၏ အရိပ်က သူတို့နှစ်ဦးကို လွှမ်းခြုံသွားသည်ကို မြင်သောအခါ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ ထိုသတ္တဝါသည် သွားတန်းများဖြင့် ပြည့်နေသော ဟင်းလင်းပွင့်နေသောပါးစပ်ကို ဟလိုက်သော်လည်း ကီကီ၏ အတားအဆီးကြောင့် ၎င်း၏ ကိုက်ဖြတ်ခြင်းက ရပ်တန့်သွားခဲ့သည်။
ရှားရှားသည် တုံ့ဆိုင်းခြင်းမရှိဘဲ မီးနတ်ဘုရား စက်ရုပ်၏ အဓိက စက်အမြောက်ကို မြှောက်လိုက်ပြီး ၎င်း၏ လည်ချောင်းထဲသို့ တိုက်ရိုက်ပစ်ခတ်လိုက်သည်။
ဘန်း
ပြီးပြည့်စုံသော ထိမှန်မှု—သံချပ်ကာဖောက်ကျည်ဆန်သည် ၎င်း၏ လည်ချောင်းကို ဖောက်ထွင်းသွားပြီး အတွင်းတွင် ပေါက်ကွဲသွားခဲ့သည်။ သွေးနှင့် အသားစိုင်များ မိုးရွာသည်နှယ် ပေါက်ကွဲထွက်လာသည်။
စူးရှစွာ အော်ဟစ်လိုက်ပြီး ကီကီသည် ရုန်းကန်နေသော မွန်းစတားကို ဖမ်းဆုပ်ကာ အောက်ဘက်ရှိ နှင်းတစ္ဆေ အစုအဝေးထဲသို့ ပစ်ချလိုက်သည်။ ၎င်း၏ ကြီးမားသော ကိုယ်ထည်သည် ၎င်း၏ အောက်ရှိ သတ္တဝါဒါဇင်ပေါင်းများစွာကို ကြေမွသွားစေခဲ့သည်။
ပရမ်းပတာအခြေနေကို အခွင့်ကောင်းယူကာ လင်းရှန်သည် နဂါးတောင် ၁ ၏ နောက်သို့ အလျင်အမြန် ပြေးသွားရာ နန်ကျင်း၊ ရှောင်ချင်းနှင့် အားဖေးတို့သည် ရထားပေါ်တွင် ဆက်လက် တိုက်ခိုက်နေကြသည်။
နှင်းတစ္ဆေ ဒီရေလှိုင်းသည် ယဉ်တန်းကို ဝိုင်းအုံနေပြီး တိုက်ခိုက်ရေးလိုင်းများကို အဆက်မပြတ် ဖိအားပေးနေသည်။
ပေါင်းစည်းထားသော ရထားဖွဲ့စည်းပုံသည် ပြင်းထန်စွာ အရှိန်မြင့်လာသော်လည်း မွန်းစတားအုပ်ကြီးသည် ရထားနှင့် ယဉ်တန်းကို လုံးဝ ဝိုင်းမိသွားခဲ့သည်။
အင်ပါယာပရောဂျက် အဖွဲ့၏ ကျန်ရှိသော ပစ်အားသည် လျော့ကျလာနေသည်။ ချီလီနှင့် အခြား အဖွဲ့ငယ် ငါးဖွဲ့သာလျှင် ၎င်းတို့၏ နေရာကို ထိန်းထားနိုင်ဆဲဖြစ်သည်။ သူတို့ ပြန်လည်စုစည်းသည်နှင့် တစ်ပြိုင်နက် ယာဉ်များစွာ ထပ်မံ မှောက်သွားပြီး ဝါးမျိုခံလိုက်ရသည်—ထိခိုက်သေဆုံးမှုများ တိုးလာနေသည်။
“ကျည်ဆန်ကုန်ရင် ရထားရဲ့ ဘယ်ဘက်ခြမ်းကို ရွှေ့ပြီး ရထားလမ်းအတိုင်း လိုက်လာကြ” လင်းရှန်င ဆက်သွယ်ရေးစနစ်မှ အော်ပြောလိုက်သည်။
သူသည် အဆုံးမရှိသော မွန်းစတားပင်လယ်ကို စူးစမ်းနေစဉ် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရထားကို ခံတပ်အဖြစ် အသုံးပြုရန် ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
ကြီးမားသော ဝင်ရိုးစွန်းယာဉ်များမှ လွဲ၍ ယာဉ်အများစုသည် နောက်ကျကျန်ခဲ့လျှင် ကြာကြာခံမည် မဟုတ်ပေ။
မွန်းစတားဒီရေသည် လွှမ်းမိုးနေပြီး အနန္တရထားနှင့် နဂါးတောင် ၁ တို့သည်ပင် နှင်းတစ္ဆေများဖြင့် ဖုံးလွှမ်းနေသည်။
ရုတ်တရက် ပေါင်းစည်းထားသော ရထားဖွဲ့စည်းပုံ၏ Arc ကြိမ်နှုန်းမြင့် ပဲ့တင်ထပ်စက်သည် စွမ်းအားကို ရယူလိုက်သည်။
ဇစ်ဇစ်ဇစ်ဇစ်ဇစ်ဇစ်
မျက်စိကျိန်းစေသော အဖြူရောင် ပလာစမာ ထုတ်လွှတ်မှုသည် ရထား၏ သံချပ်ကာတစ်လျှောက် လှိုင်းထလာသည်။
ဗို့အားမြင့်မားသော လျှပ်စစ်ထုတ်လွှတ်မှု နယ်ပယ်သည် သတ္တဝါများကို စုတ်ဖြဲပစ်ပြီး နားကွဲမတတ် လျှပ်စစ် ကွဲအက်သံကို ထုတ်လွှတ်နေသည်။ ရထား၏ ဘေးခြမ်းများပေါ်ရှိ နှင်းတစ္ဆေများသည် မီးလောင်ထားသော အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားပြီး ၎င်းတို့၏ မည်းနက်နေသော အကြွင်းအကျန်များသည် အောက်ဘက်ရှိ နှင်းထဲသို့ လိမ့်ကျသွားသည်။
အနန္တရထား၏ အပြင်သံချပ်ကာကို လျှပ်စစ်ဓာတ်စီးနေသဖြင့် သတ္တဝါများ တွားတက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ရထားအတွင်းမှ တိုက်ပွဲထဲတွင် သန်မာသော အဖွဲ့ဝင်များသည်ပင် မိုးခြိမ်းသံအလား အိုင်းယွန်ထုတ်လွှတ်မှုကြောင့် တုန်လှုပ်သွားကြသည်။
နှင်းတစ္ဆေများ ပြုတ်ကျသွားသည်နှင့် အဖွဲ့ဝင်များသည် ပစ်ခတ်မှုများကို ပြန်လည် စတင်ခဲ့ကြပြီး ၎င်းတို့၏ သေနတ်ပြောင်းများသည် နီရဲနေသည်။
“ပဲ့တင်ထပ်စက် အေးဖို့ အချိန်: ၄၀ စက္ကန့်… အားလုံး နောက်ထပ် လျှပ်စစ်ထုတ်လွှတ်မှုကို ရှောင်ကြ”
လုယောင်၏ အသံသည် ဆက်သွယ်ရေးစနစ်မှ ပဲ့တင်ထပ်လာသည်။
ထိုအတောအတွင်း နဂါးတောင် ၁ ပေါ်တွင် ကြီးမားသော အနီရောင်မွန်းစတားများနှင့် တောင်ပံပါ ထိတ်လန့်ဖွယ်သတ္တဝါများသည် သံချပ်ကာရထားကို ဆောင့်ဝင်တိုက်နေကြပြီး စုတ်ဖြဲရန် ကြိုးစားနေကြသည်။
၆၈ တွဲပါ ရထားကြီးသည် မုန်တိုင်းကို ဖြတ်၍ ဟိန်းဟောက်နေပြီး ၎င်း၏ အရှေ့ရှိ အရာအားလုံးကို ကြေမွသွားစေခဲ့သည်။
တိုက်ပွဲသည် မပြီးဆုံးသေးပေ။
ည ကျရောက်ခါနီးလေပြီ… သုံးကီလိုမီတာ တိုက်ပွဲလိုင်းသည် တွင်းနက်ထဲမှ လိုက်လံဖမ်းဆီးခြင်းကို စတင်နေခြင်းမျှသာ ရှိသေးသည်။