မွန်းစတားဒီရေ
Vol. 24 Ch. 353
ဇီး...ဇီး...ဇတ်
Arc ကြိမ်နှုန်းပဲ့တင်ထပ်စက်သည် ဒုတိယအကြိမ်မြောက် စွမ်းအင်သွင်းခြင်း ပြီးဆုံးသွားသည့်အခါ နားကွဲမတတ် ပြင်းထန်သော အသံနှင့်အတူ အပူချိန်မြင့် အဖြူရောင် ပလာစမာမီးပွားတစ်ခု ပေါက်ကွဲထွက်လာသည်။
ဇီး...ဇီး...ဇတ် ဇီး...ဇီး...ဇတ်
မဲမှောင်သော မီးခိုးလုံးများ လှိုင်းထသွားကာ လေထဲတွင်လည်း ဗို့အားမြင့် လျှပ်စစ်ဓာတ်ကြောင့် မွန်းစတားများ၏ မီးလောင်ကျွမ်းသည့် အနံ့ဆိုးများဖြင့် ပြည့်နှက်နေသည်။
ရွစ်
လေအမြောက် တစ်လက်မှ ထွက်ပေါ်လာသည့် အပြာရောင် ယန္တရား စွမ်းအင်အမြောက်သည် အင်ပါယာပရောဂျက်အဖွဲ့၏ သံချပ်ကာယာဉ်ဆီသို့ ခုန်အုပ်လာသော ခြေလေးချောင်း မွန်းစတားတစ်ကောင်ကို ထုတ်ချင်းပေါက် ဖောက်ထွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုမွန်းစတား၏ ဦးခေါင်းခွံထဲသို့ အနက်ရောင်လှံတလက်ကို တည့်မတ်စွာ ပစ်သွင်းလိုက်ရာ ၎င်း၏ အရှိန်ကို လုံဝ ရပ်တန့်သွားစေခဲ့သည်။
စက်သေနတ်ဖြင့် အဆက်မပြတ် ဖိအားပေး ပစ်ခတ်နေသည့် ချန်ဝေသည် ရထားပေါ်ရှိ လင်းရှန် ကို မော့ကြည့်လိုက်ပြီးနောက် ကျည်အိမ်အသစ်ကို ချက်ချင်း လဲလှယ်ကာ အရှိန်မလျော့ဘဲ ဆက်လက် ပစ်ခတ်နေတော့သည်။
“တောင့်ထားကြ”
“ဘယ်လိုဖြစ်တာလဲ….ဘာလို့ ဒီလောက်များနေရတာလဲ”
“ချီးပဲ၊ ငါ့ကျည်တွေ ကုန်တော့မယ်”
“စကားများမနေနဲ့၊ ပြေးဖို့ပဲလုပ်… ညတောင် မရောက်သေးဘူး၊၊ အကုန်သတ်နိုင်မှာ မဟုတ်ဘူး—နေရာရွေ့ကြ”
ထိုစဉ်၊ အခြားယာဉ်တန်းခေါင်းဆောင်များ၏ ထိတ်လန့်နေသော အသံများ ဆက်သွယ်ရေးစနစ်မှ တစ်ဆင့် ထွက်ပေါ်လာသည်။
ကြီးမားလွန်းသော ဖိအားတစ်ခုသည် လှိုင်းလုံးပမာ ယာဉ်တန်းတစ်ခုလုံးကို ရိုက်ခတ်လာသည်။ ဤအခြေအနေအောက်တွင် အသက်ရှင်ရပ်တည်ရေးမှာ တစ်ခုတည်းသာ အဓိပ္ပာယ်ရှိလေ၏၊ ၎င်းမှာ အသက်ဘေးမှ ထွက်ပြေးခြင်းပင် ဖြစ်သည်။ ဤ နှင်းတစ္ဆေများ၏ အဆုံးမဲ့စစ်တပ်ကို တိုက်ခိုက်ရာတွင်၊ ရန်သူ၏ အရေအတွက်ကို မီအောင် ပစ်ခတ်နိုင်မည့် ကျည်ဆံ လုံလောက်မှု ရှိ၊ မရှိ မသေချာနိုင်ပေ။ မုန်တိုင်းကြားမှ ထွက်ပေါ်လာသော ထိုမွန်းစတားများသည် မျက်စိတစ်ဆုံးအထိ ရောက်ရှိနေကြပြီး၊ ကြောက်မက်ဖွယ်ရာ မွန်းစတားပင်လယ်ကြီးနှင့် တူနေလေသည်။
ကြီးမားသော တိုက်ပွဲပေါင်းများစွာကို မြင်တွေ့ဖူးသူ ရှီတိယွမ် ပင်လျှင် ခက်ထန်သော မျက်နှာထားဖြင့် တင်းမာနေသည်၊၊
ဒုန်း
လေနှင့် နှင်းများကြားမှ နန်ကျင်းသည် လေထဲတွင် ခုန်ပျံကျော်လွှားပြီး ခြေလေးချောင်း နှင်းမွန်းစတားတစ်ကောင်ကို လက်သီးဖြင့် ထိုးခွဲလိုက်သည်။ ထို့နောက် သူမသည် ရထားပေါ်သို့ ဆင်းသက်ပြီး လောင်ချာကို ဆက်လက် ပစ်လွှတ်နေသော ရှီတိယွမ် ဘက်သို့ လှည့်လိုက်သည်။
“ငါတို့ စီလန်မြို့ ကို ညသန်းခေါင်ကျော်မှ ရောက်မှာ…ညမရောက်ခင် မနည်းထိန်းထားရမယ်—ဘယ်လိုလုပ်ကြမလဲ”
ဖျတ် ဖျတ် ဖျတ်
ရွှေရောင်အရိပ်တစ်ခု စစ်မြေပြင်ကို ဖြတ်၍ ပြေးလွှားသွားသည်။ ချီလီ ာသည် သူချဉ်းကပ်လာစဉ် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။
“ဟေး ဟေး… ငါတို့ အရှိန်တင်ဖို့ လိုသေးတယ်ဟ… ရှေ့ကို အရှိန်ပြည့်သွားမှပဒ သူတို့ကို ချန်ထားခဲ့နိုင်မယ်။ ညရောက်ရင် အဲ့ထက်ဆိုးတဲ့ အကောင်တွေ ထွက်လာရင်တော့ သေပြီပဲ”
“အရှိန်ပိုတင်လို့ မရတော့ဘူး”
ဝှမ်းးး
စိတ်စွမ်းအင်လှိုင်းတစ်ခုသည် နှင်းတစ္ဆေ လှိုင်းလုံးကို ဖယ်ထုတ်ပစ်လိုက်ကာ လင်းရှန်နှင့် ကီကီတို့ ရထားဆီသို့ ဆုတ်ခွာလာကြသည်။ လင်းရှန်သည် လေထဲမှ ပြန်လာသော သူ၏ အနက်ရောင်လှံရှည်ကို ဖမ်းယူလိုက်ပြီး အော်ပြောလိုက်သည်-
“နှင်းတွေက အရမ်းထူနေတယ်။ ငါတို့က အမြင့်ဆုံး အရှိန်နဲ့ သွားနေပြီးသား။ နဂါးတောင် ၁ တောင်မှ သူ့ရဲ့ အလျားလိုက်ရွေးလျားစနစ်ကို သုံးနေရတယ်။ ဒါပေမဲ့ သတ္တဝါတွေ ဒီလောက်များများ ရထားလမ်းပေါ် တွယ်ကပ်နေရင် အရှိန်ပိုတင်လိုက်တာနဲ့ ရထားလမ်းချော်သွားလိမ့်မယ်”
ရှီတိယွမ် ကျိန်ဆဲလိုက်သည်။
“ဒီလောက်ကြာကြာ တောင့်ထားဖို့ ကျည်ဆန်တွေ အလုံအလောက်မရှိဘူး၊၊ ငါတို့က ခဲယမ်းတွေ ချွေတာဖို့ အလှည့်ကျ ပစ်ခတ်ဖို့ စီစဉ်ထားတာ…. ဒါပေမဲ့ ဒီကောင်တွေ အကုန် ဝိုင်းလာကြတယ်၊၊ ယာဇီကန် ပတ်ဝန်းကျင်က သတ္တဝါတွေအကုန် ငါတို့ဆီကို တန်းတန်းမတ်မတ် လာနေကြပုံပဲ—သူတို့က ငါတို့ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေကြတာပဲ”
နန်ကျင်း၏ မျက်နှာမည်းမှောင်သွားသည်။ နဂါးတောင် ၁ သည် မွန်းစတားဒီရေများကို ယခင်က ကိုင်တွယ်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်တွင်မူ မတူညီပေ။ ဤသတ္တဝါများသည် ပထမတွင် ဒရာကာမာ ရေခဲချိုင့်ဝှမ်းဘက်သို့ ဦးတည်သွားကြပြီး မြောက်ဘက်လမ်းကြောင်းကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဟာလာဟင်းလင်း ဖြစ်စေခဲ့သော်လည်း၊ အခုတော့ သူတို့ဆီကို အင်အားအပြည့်ဖြင့် ဝိုင်းအုံလာကြသည်။
ဤမွန်းစတားများသည် အင်ပါယာပရောဂျက်အဖွဲ့ကို တမင်တကာ လိုက်လံရှာဖွေနေခြင်းလား….
“အခု ဘာလုပ်ကြမလဲ” ချီလီ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ယာဉ်တန်းသည် အရေးပါသော ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး ကျည်မရှိတော့သဖြင့် ၎င်းတို့၏ ထောက်ပံ့ရေး၊ ပို့ဆောင်ရေးနှင့် နည်းပညာယာဉ်တန်းများ—အနည်းဆုံး ယာဉ်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်သည် ဘေးကင်းစေရန် ရထား၏ ဘယ်ဘက်ခြမ်းသို့ တွန်းပို့ထားရသည်။ သို့သော် နောက်ဘက်ရှိ သံချပ်ကာယာဉ် ခုနစ်ဆယ်မှ ရှစ်ဆယ်ခန့်မှာမူ တစ်စီးပြီးတစ်စီး ဖျက်ဆီးခံနေရဆဲ ဖြစ်သည်။ ဤအတိုင်း ဆက်သွားပါက သူတို့ အားလုံး သုတ်သင်ခံရပေလိမ့်မည်။
“သံချပ်ကာယာဉ်တွေကို အသုံးပြုပြီး တောင့်ခံထား”
လင်းရှန်က ပြတ်သားသော ဆုံးဖြတ်ချက် ချလိုက်သည်။
“အခုတော့ တခြားရွေးစရာ မရှိဘူး။ စွမ်းအားရှင် တွေနဲ့ ခွန်အားမြှင့် တိုက်ခိုက်ရေးသမား အားလုံး—ရထားပေါ် တက်ပြီး သူတို့ကို ထိန်းထားကြ… အင်အားပြင်း လက်နက်စနစ်သုံးယာဉ်တွေကလွဲပြီး ကျန်တဲ့ ယာဉ်အားလုံးကို ဘယ်ဘက်ခြမ်းကို ရွှေ့ပြီး ဘယ်ဘက်ကာကွယ်ရေးအတွက် ကျည်ဆံအချို့ ချွေတာထား—အသေအပျောက်ကို အနည်းဆုံးဖြစ်အောင် အရင်လုပ်ကြမယ်”
“ဒါ ကောင်းတဲ့ အစီအစဉ်ပဲ” ရှီတိယွမ် သည် ယာဉ်တန်းကို နောက်ပြန်လှည့်ကြည့်လိုက်သည်။
“ဒီလို မလုပ်ရင် အမှောင်သတ္တဝါတွေ ထွက်ပေါ်လာတာနဲ့ နောက်က လူတွေ အသက်ရှင်ဖို့ မလွယ်တော့ဘူး”
“ဒါဆိုရင် ငါတို့ရဲ့ ပစ်အားလျော့သွားလိမ့်မယ်” စွန်းကိုင်က သူ၏ တိုက်ခိုက်ရေးယာဉ် အတွင်းမှ ပြန်ဖြေသည်။
“ပစ်အားက ပြဿနာမဟုတ်ဘူး” ကီကီက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ပြတ်သားစွာ ပြောလိုက်သည်။
“ကျွန်မတို့ သူတို့ အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး—ယာဉ်တန်း စုစည်းထားရင် ထောက်ပံ့ရေး ဖိအားကို လျှော့ချနိုင်တယ်။ သူတို့ရဲ့ ယာဉ်တွေက ကျွန်မတို့ ရထားလောက်တော့ ဒဏ်ခံနိုင်မှာ မဟုတ်ဘူး”
“သူမ ပြောတာ မှန်တယ်” ချီလီ ခေါင်းညိတ်လိုက်သည်။
“ယာဉ်တန်းက ဖွဲ့စည်းပုံမရှိတော့ဘူး၊၊ မွန်းစတားဒီရေကြောင့် တစ်ယောက်ချင်းစီ အသတ်မခံရအောင် အင်အားစုတွေကို စုစည်းတာ ပိုကောင်းတယ်”
“ကောင်းပြီ၊ အခု ပုံစံပြောင်းမယ်” အတွေ့အကြုံရှိသော တပ်မှူး စွန်းကိုင်သည် ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
ဝူးး...ဝူးး...ဝေါ
မကြာမီတွင် အင်အားကြီးမားသော ဝင်ရိုးစွန်းယာဉ်တစ်ဒါဇင်မှလွဲ၍ ကျန်ယာဉ်အားလုံးသည် ရထား၏ ဘယ်ဘက်ခြမ်းသို့ အပြေးအလွှား ရောက်လာကာ ထောက်ပံ့ရေးနှင့် နည်းပညာယာဉ်တန်းများပတ်လည်တွင် အကာအကွယ်အတားအဆီးတစ်ခု ဖွဲ့စည်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊ စွမ်းအားရှင်များ၊ ခွန်အားမြင့်တိုက်ခိုက်ရေးသမားများနှင့် အင်အားကြီးလက်နက်ကိုင် စစ်သည်တိုင်းသည် လင်းရှန် ခုနလေးတင် ဆောက်လုပ်ပြီးစီးထားသော ချိတ်ဆွဲလှေကားများကို အသုံးပြု၍ ရထား၏ ဘယ်ဘက်ခြမ်းကို တက်ရောက်ကြသည်။
ရထား၏ ခေါင်မိုးပေါ်တွင် လင်းရှန်သည် ကွေးညွှတ်နေသော သံမဏိဆူး နံရံတစ်ခုကိုလည်း သံဂဟေ ဆက်ထားပြီး၊ ၎င်းသည် အပေါ်မှ ခုန်ချရန် သို့မဟုတ် တက်ရောက်ရန် ကြိုးစားသော နှင်းတစ္ဆေ များကို တားဆီးရန် ရည်ရွယ်သည်။
ထိုအချိန်တွင် မုန်တိုင်းကျသော စစ်မြေပြင်သည် ရွေ့လျားနေသော တိုက်ခိုက်ရေးဇုန်တစ်ခု ဖြစ်လာသည်။ ရထား၏ လက်နက်ပစ်စင်များ၊ စက်သေနတ်များ၊ လေကြောင်းရန်ကာကွယ်ရေး အမြောက်များ၊ အနီးကပ် ကာကွယ်ရေး အမြောက်များနှင့် သံလိုက်အမြောက်များအားလုံးသည် လှိမ့်တက်လာသော မွန်းစတားဒီရေကို ငရဲမီးများပန်းထွက်လာသည့်အလား ပစ်ခတ်တိုက်ခိုက်ကြသည်။
တိုက်ပွဲသည် အနန္တရထား နှင့် နဂါးတောင် ၁ တို့အကြား အရှိန်မြင့် လိုက်လံတိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီး လူနှစ်ထောင်သည် မကြုံစဖူး အသက်ရှင်ရပ်တည်ရေး တိုက်ပွဲတစ်ခုတွင် ပိတ်မိနေကြသည်။
အနန္တ ရထား ၏ နံပါတ် ၃ တွဲအတွင်းတွင် သွေးကပ်ဘေးပန်းသည် ကြောက်မက်ဖွယ် အနီရောင်ဖြင့် တဖျတ်ဖျတ် လင်းနေသည်။ ထူးဆန်းသည့် ကုဗတုံးသည်လည်း အဆက်မပြတ် သတိပေးအချက်ပြသံများဖြင့် အော်ဟစ်နေသည်။
အမှောင်ကျုးကျော်မှုသည် လှိုင်းလုံးများအဖြစ် တက်လာနေသည်။