← Chapters

မီးပြတိုက်

Vol. 24 Ch. 354

မီးပြတိုက်

Vol. 24 Ch. 354

ကြီးမားသော ကြောက်ရွံ့မှုသည် လူတိုင်း၏ စိတ်ထဲတွင် ဖိစီးနေပြီး၊ အနုတ် ၆၀ ဒီဂရီ ဆီးနှင်းမုန်တိုင်းကြောင့် ပို၍ပင် ပြင်းထန်လာသည်။

အသက်ရှူကျပ်စေသော သေမင်း၏ လက်တံသည် စစ်မြေပြင်တစ်ခုလုံးအပေါ် ခြိမ်းခြောက်နေ၏။

ဘန်းးး

အကြီးစား စနိုက်ပါ ရိုင်ဖယ်တစ်လက်၏ အသံ မြည်ဟည်းသွားပြီး ဧရာမ ခြေလေးချောင်း မွန်းစတားတစ်ကောင်၏ ဦးခေါင်းခွံကို ဖျက်ဆီးပစ်လိုက်သည်။ ချန်ဆီရွှမ်သည် ပိုကြီးသော ခြိမ်းခြောက်မှုများကို တမင်တကာ ပစ်မှတ်ထားနေသော်လည်း၊ သူမ ပစ်ခတ်ပြီးသည်နှင့်—

ဝှစ်

အနက်ရောင်လှံရှည်တစ်လက် လေထဲတွင် ဖြတ်သွားကာ သူမနောက်မှ ခုန်အုပ်လာသော နှင်းတစ္ဆေ တစ်ကောင်ကို ထိုးဖောက်လိုက်သည်။

ချန်ဆီရွှမ် မျက်လုံးပြူးသွားကာ လှည့်ကြည့်လိုက်သည်။

သူမ၏ ဝတ်စုံမှ ကာကွယ်ရေးစနစ်သည် အဆက်မပြတ် အချက်ပေးနေသည်၊၊ မွန်းစတားများက ထိုးဖောက်လာနေဆဲပင်၊၊

လင်းရှန် သူမဆီသို့ ပြေးလာသည်။

“သတိထား…. ကိုယ့်ကိုယ်ကို အရင်ကာကွယ်”

“...ကောင်းပါပြီ”

ချန်ဆီရွှမ်သည် အံကြိတ်ကာ သူမ၏ ရိုင်ဖယ်ကို တစ်ဖန် မြှောက်လိုက်သည်။

အနားရှိ မြောင်လုသည် သူမဘေးနားသို့ ဆင်းသက်လာသည်။

သူတို့နှစ်ယောက်သည် ကျောချင်းကပ်၍ တစ်ပြိုင်နက်တည်း ပစ်ခတ်ကြသည်။

ဇီး...ဇီး...ဇတ်

Arc ကြိမ်နှုန်းပဲ့တင်ထပ်စက်သည် နောက်တစ်ကြိမ် အဖြူရောင်တောက်လာပြီး ပလာစမာပေါက်ကွဲမှုတစ်ခုကို ထပ်မံ ဖြစ်ပေါ်စေပြန်သည်။

ထိုနည်းဖြင့် ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ်စက်မှုကြီးတစ်ခု ဆက်လက်ဖြစ်ပွားနေခဲ့သည်။

မွန်းစတားဒီရေသည် ရထားပေါ်သို့ အကြိမ်ကြိမ် ရိုက်ခတ်နေပြီး လုံးဝ အလျှော့မပေးပေ။

ဤအဆုံးမဲ့တိုက်ပွဲသည် တိုက်ခိုက်ရေးသမားတိုင်းကို သူတို့၏ စွမ်းရည်များကို အဆုံးစွန်အထိ တွန်းပို့နေသည်။

သို့သော်လည်း အသက်ရှင်ရပ်တည်ရေးသည်သာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်၏။

“ညဉ့်တောင် အတော်လေး နက်လာပြီ”

ယာဉ်ထဲတွင် ထိုင်နေသော ယုဟန်သည် အပြင်ဘက် ဆီးနှင်းမုန်တိုင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေပြီး သူ၏ ဆက်သွယ်ရေး ကိရိယာကို ဆုပ်ကိုင်ထားသည်။

“သူတို့ကို အခုအရှိန်နဲ့ ချန်ထားခဲ့လို့ မရဘူးဆိုရင် အရှိန်ပိုတင်ဖို့ စွန့်စားရတော့မယ်”

ညကျရောက်သည်နှင့် မွန်းစတားဒီရေသည် ပို၍ပင် ကြမ်းတမ်းလာမည်ဖြစ်ပြီး အမျိုးအမည်မသိသော ကြောက်မက်ဖွယ် အမှောင်သတ္တဝါများ ထွက်ပေါ်လာပေလိမ့်မည်။

အဆုံးမဲ့ မွန်းစတားအုပ်ကြီး ရှေ့သို့ တိုးလာသည်နှင့်အမျှ စိတ်ပျက်အားငယ်မှုတစ်ခုသည် လူတိုင်း၏ နှလုံးသားများတွင် ကိန်းအောင်းလာသည်။ အလွန်အေးသော ရေခဲလေပွေအတွင်းမှ အမှောင်ကျုးကျော်မှုသည် သူတို့၏ စိတ်များကို မသက်မသာဖြစ်စေကာ အသက်ရှူကျပ်စေသော ဖိအားကို ပိုမို အရှိန်မြှင့်တင်နေသည်။

“လင်းရှန်”

ကီကီ၏ အလောတကြီးအော်သံက ဆက်သွယ်ရေးမှတစ်ဆင့် ရောက်လာသည်။

“နောက်ဘက်က ယာဉ်တွေ ထပ်ပြီး မခံနိုင်တော့ဘူး… ကားတွေကို စွန့်ခွာဖို့ ပြောသင့်လား”

“အကူအညီ မဖြစ်နိုင်ဘူး”

ချီလီ၏ အသံသည် ငြိမ်သက်နေဆဲပင်။

“သူတို့ရဲ့ အင်အားပြင်း လက်နက်တွေ မပါရင် သူတို့က သေတာနဲ့ မခြားဘူး၊၊ ဒီလောက်များတဲ့ လူတွေကို ငါတို့ မကာကွယ်နိုင်ဘူး”

“လင်း”

ရှီတိယွမ် သည် လင်းရှန် ကို ရှာဖွေရန် ပတ်ပတ်လည် ကြည့်လိုက်သော်လည်း—

“သူ ဘယ်ရောက်သွားတာလဲ”

“လင်းရှန်”

ချန်ဆီရွှမ်ကလည်း ဆက်သွယ်ရေးမှ တစ်ဆင့် ခေါ်လိုက်သည်။

“ငါ့ကို စောင့်နေ”

ရုတ်တရက် လင်းရှန်၏ အသံ ထွက်ပေါ်လာသည်။

ဒက် ဒက် ဘန်း ဘန်း ဝုန်း

အပေါ်ဘက်တွင် ရထားခေါင်မိုးပေါ်၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကျယ်လောင်စွာ မြည်ဟည်းနေသည်။

တစ်ချိန်တည်းမှာပင် လင်းရှန်သည် အနန္တ ရထား အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး နံပါတ် ၂ တွဲမှ ဓာတ်လှေကားကို သုံးကာ နံပါတ် ၃ တွဲဆီသို့ အပြေးအလွှား သွားနေသည်။

【ယန္တရား မဟုတ်သော စွမ်းအင်ကို အောင်မြင်စွာ ပြောင်းလဲသည်။ ယန္တရားရင်းမြစ်အမှတ် +1000။】

သူ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဟိုလိုဂရမ် ဖန်သားပြင်တစ်ခု လင်းလာသည်။

သွေးကပ်ဘေးပန်းသည် အမှောင်စွမ်းအင်ကို စုပ်ယူပြီး ယန္တရားရင်းမြစ်အမှတ်များအဖြစ် ပြောင်းလဲပေးကာ လင်းရှန်၏ ယန္တရားနှလုံးသားကို ပြန်လည် ဖြည့်တင်းပေးခဲ့သည်။

သူ၏ ပင်ပန်းနွမ်းနယ်မှု အနည်းငယ် လျော့ပါးသွားသည်။

သူ၏ စိတ်လောနေခြင်းကို ဖိနှိပ်ထားရင်း… သွေးကပ်ဘေးပန်း၏ တောက်ပသော အနီရောင်ဖြင့် လင်းနေသည့် နံပါတ် ၃ တွဲထဲသို့ သူ ဝင်ရောက်သွားသည်။

“အဆင့် ၄ အမှောင် အမှတ်အသား”

တင်းကျန်းရီသည် လင်းရှန်၏ ရည်ရွယ်ချက်ကို ကြိုတင်သိရှိထားသည့်အတိုင်း ချက်ချင်း ပြောလိုက်သည်။

“ကျွန်မတို့ တွက်ချက်မှု မှားယွင်းခဲ့တယ်။ အမှောင် အမှတ်အသားကို စုစည်းခြင်းက အလိုအလျောက် အဆင့် ၅ သို့ မရောက်သွားဘူး”

လင်းရှန်၏ မျက်လုံးများ ထက်ရှလာသည်။

“ဆိုလိုတာက S-Class အဆင့် ထူးဆန်းသတ္တဝါတစ်ကောင်ကပဲ အဆင့် ၅ အမှတ်အသားကို ထုတ်နိုင်တယ်လား”

အနန္တရထားက အဆင့် ၅ အမှတ်အသား နှင့် ကြုံတွေ့ခဲ့ဖူးသော တစ်ခုတည်းသော အချိန်မှာ ကျန်းကျိုးတွင် ဖြစ်ပြီး၊ ၎င်းသည် ယူပေအာကာသဆိပ်ကမ်းမှ စတင်ခဲ့ခြင်း ဖြစ်နိုင်ကာ S-Class နှင့် ထူးဆန်းသည့် ထိတ်လန့်ဖွယ်သတ္တဝါများစွာ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

လင်းရှန်သည် နောက်ပြန်လှည့်ကာ တွဲမှ ပြေးထွက်သွားသည်။

တင်းကျန်းရီ အံ့အားသင့်သွားသည်။

သူမသည် သူ၌ အခြား အစီအစဉ်များ ရှိလိမ့်မည်ဟု ယူဆခဲ့သော်လည်း သူသည် အဖြေတစ်ခုအတွက်သာ လာခဲ့ပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ဝူး...ဝေါ ဝေါ ဂယား

ရေခဲပြင်ကို ဖြတ်၍ နှင်းတစ္ဆေ လှိုင်းလုံးများသည် အဆုံးမရှိ လှိုင်းထန်နေသည်။

ပိုကြီးမားသော ထိတ်လန့်ဖွယ်သတ္တဝါများ ထွက်ပေါ်လာသည်၊၊ ရာနှင့်ချီသော လေကြောင်းရန်ကာကွယ်ရေးကျည်ဆန်များသည် ကောင်းကင်သို့ ပစ်လွှတ်ကာ အပေါ်ဘက်တွင် ပျံဝဲနေသော အတောင်ပံပါ ထိတ်လန့်ဖွယ်သတ္တဝါများကို ကို ဖိနှိပ်နေကြသည်။

နဂါးတောင် ၁ နှင့် အနန္တ ရထား၏ ညာဘက်ခြမ်းတွင်၊ သံချပ်ကာပြားများသည် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရသည်—သံမဏိပြားအချို့ ဆုတ်ဖြဲခံရပြီး ဇကာကွက်သံချပ်ကာများပင် ပြုတ်ကျလာခဲ့သည်။

“ငါတို့ ဒီထက် ပိုမထိန်းနိုင်တော့ဘူး”

“အရမ်းများလွန်းတယ်”

“ကျည်ဆံ ကုန်တော့မယ်”

“မီးသေနတ်တွေ၊ အဆင်သင့်လုပ်ထားကြ”

ဟူး...မ်...မ်...မ်!

၂၅၀၀၀၀ ကီလိုဝပ်ရှိသော ပူးတွဲစက်ခေါင်းအင်ဂျင်များသည် ဒေါသတကြီး အော်ဟစ်နေပြီး ယာဉ်တန်းကို ဆီးနှင်းမုန်တိုင်းကြားမှ ရှေ့သို့ တွန်းပို့နေကာ အဆုံးမဲ့ မွန်းစတားဒီရေလှိုင်းကြီးမှာလည်း အော်ဟစ်ကာ လိုက်လံနေသည်။

ရထား၏ ခေါင်မိုးပေါ်တွင်၊ နှင်းတစ္ဆေ ရာနှင့်ချီ၍ ဝိုင်းအုံတက်ရောက်လာကြသည်။

လို့ဟွာ၊ ချန်ဆီရွှမ်၊ လုချန်၊ မြောင်လုနှင့် ရှုချင်းတို့သည် အင်အားကြီးသော တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာခဲ့ရသည်။

လို့ရှားရှား ၏ “ဆယ်လီ” စက်ရုပ်သည်လည်း ကျည်ကုန်သွားခဲ့သည်။

သူမ ခုန်ထွက်လာပြီး သူမ၏ မိုးကြိုးမုန်တိုင်း A1ဗုံးပစ်လောင်ချာကို ဆွဲယူကာ သူမ၏ ရဲဘော်များ နောက်သို့ အဆက်မပြတ် ပစ်ခတ်လိုက်သည်။

အနောက်ဘက်တွင်၊ လုရှင်းချန်နှင့် ကီကီတို့သည် သူတို့၏ စွမ်းအား အားလုံးဖြင့် တိုက်ခိုက်နေသော်လည်း သူတို့၏ အင်အားကြီးမားသော စွမ်းအားသည်ပင် မရပ်မနား တိုက်ခတ်နေသော ဆီးနှင်းမုန်တိုင်းနှင့် အဆုံးမဲ့မွန်းစတားအုပ်ကြီးကို ဆန့်ကျင်ရန် အားနည်းနေသည်ဟု ခံစားရသည်။

“လင်းရှန်...ကျွန်မတို့...မတတ်နိုင်တော့ဘူး...”

ကီကီသည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်၊၊ သူမ၏ လက်များသည် စိတ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲထားရသောကြောင့် တုန်ယင်နေ၏။

သူမ၏ နှာခေါင်းမှ သွေးများ စီးကျနေသည်ကို သူမ အလျင်အမြန် သုတ်လိုက်ပြီး၊ စိတ်စွမ်းအင်လှိုင်းလုံးတစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်ကာ ခုန်အုပ်လာသော ခြေလေးချောင်း မွန်းစတားအုပ်ကို ဖယ်ရှားပစ်လိုက်သည်။

ဆက်သွယ်ရေးစနစ်သည် တိတ်ဆိတ်နေဆဲပင်။

ထို့နောက်—

အလင်းရောင်...။

မျက်စိကျိန်းစက်သော အလင်းရောင်တစ်ခုသည် ကောင်းကင်၌ တောက်ပလာပြီး နေရောင်ခြည်ကဲ့သို့ပင် ဆီးနှင်းမုန်တိုင်းကို ထုတ်ချင်းပေါက် ထိုးဖောက်လိုက်သည်။

၎င်းသည် ပို၍ပင် တောက်ပလာသည်—မုန်တိုင်းတိမ်တိုက်များကို ဖြတ်၍ ဓားဖြင့် ခွဲလိုက်သကဲ့သို့ ကောင်းကင်မှ အပေါက်ကြီးတစ်ခု ဖန်တီးလိုက်သည်။

ထိုတောက်ပသော စက်လုံးသဏ္ဌာန်အလင်းသည် ပုံပျက်သွားကာ နေဝင်ချိန်၏ နောက်ဆုံး အလင်းများကို စုဆောင်းလိုက်ပြီး နောက်တစ်စက္ကန့်တွင်—

၎င်း ပေါက်ကွဲထွက်သွားသည်။

ကောင်းကင်ဘုံမှ မီးရှူးတိုင်။

မုန်တိုင်းကြားမှ မီးပြတိုက်တစ်ခုအလား...။

All Chapters