အမှောင်ဖျော်ရည်
Vol. 24 Ch. 360
သေတ္တာအတွင်း၌ ပုလင်းငယ်ဆယ်လုံးအပြင် ဖီးနစ်၏ အမှတ်တံဆိပ်ပါသော သွေးနီရောင်စက်ဝိုင်းပုံတံဆိပ်တစ်ခုလည်း ရှိနေသည်။ သို့သော် လင်းရှန် သည် ချက်ချင်းပင် ပုံမှန်မဟုတ်သော အရာတစ်ခု ကို သတိပြုမိလိုက်သည်—၎င်း၏ မျက်နှာပြင်အောက်တွင် သူသည် တိကျသော ယန္တရားဖွဲ့စည်းပုံကို ခံစားလိုက်ရသည်။
“ဒါ ဘာလဲ… ဇီဝလက်နက်ဓာတ်ခွဲခန်းကနေ ထွက်လာတဲ့ အရာတစ်ခုလိုပဲ” ကီကီ စိတ်ဝင်တစား မေးလိုက်သည်။
အခြားသူများလည်း စိတ်ဝင်စားစွာဖြင့် အနီးကပ် ငုံ့ကြည့်လိုက်ကြသည်။
ကျိုးဝူသည် သတ္တုပုလင်းငယ်တစ်လုံးကို ကောက်ယူလိုက်ပြီး လင်းရှန်ကို ပြောသည်။
“ဒါကို အေးခဲအမှောင်ဆေးရည်လို့ နာမည်ပေးထားတယ်…ငါတို့အဖွဲ့ကတော့ အမှောင်ဖျော်ရည်လို့ ခေါ်ကြတယ်—ဒါကို အေးခဲအမှောင် အမှုန်များ ခွဲခြားခြင်းကိရိယာကို အသုံးပြုပြီး ထူးဆန်းသော သွေးအဆီအနှစ်တွေက ထုတ်ယူခြင်းနဲ့ ပြုလုပ်ထားတယ်။ ရလဒ်ကတော့ ငါတို့ အေးခဲအမှောင်စွမ်းအင်လို့ခေါ်တဲ့အရာကို သန့်စင်ထားတဲ့ ရေ နဲ့ ၀.၅% ရာခိုင်နှုန်း အချိုးအစားနဲ့ ဖျော်စပ် ထားတာပဲ။ ဒါကို သောက်ရင် စွမ်းအားရှင်တစ်ယောက်ရဲ့ ဝိညာဉ်လှိုင်းတန်ဖိုးစွမ်းအင် သိပ်သည်းဆကို တိုးစေတယ်—စွမ်းရည်တွေကို မြှင့်တင်ပေးတဲ့ ဆေးရည်လိုမျိုး စဥ်းစားနိုင်တယ်”
“...၀.၅% ပဲလား… ဒါက အလုပ်လုပ်ပါ့မလား” ရှုချင်း မျက်မှောင်ကြုတ်လိုက်သည်။
တင်းကျန်းရီက ဝင်ပြောသည်။
“စွမ်းအင် သိပ်သည်းဆ အရမ်းမြင့်မားနေလို့ပဲ ဖြစ်ရမယ်—လူ့ခန္ဓာကိုယ်က ကိုင်တွယ်နိုင်ဖို့အတွက် ဖျော်စပ်ဖို့ လိုအပ်တာပေါ့”
ကျိုးဝူ ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ မင်းက တကယ်ကို ဖက်ဒရေးရှင်းရဲ့ ဇီဝ-ဓာတ်ခွဲခန်း က ထိပ်တန်းသိပ္ပံပညာရှင်တစ်ယောက်ပဲ”
သူသည် ပုလင်းငယ်ကို ဖြည်းညှင်းစွာ လှုပ်လိုက်သည်။
“အဲဒါကို အထင်မသေးနဲ့—ဒီတစ်ခုစီမှာ အဆင့် ၁ အနီရောင်သွေးပဲစေ့ဆယ်လုံးက ထုတ်ယူထားတဲ့ စွမ်းအင်ပမာဏ ပါဝင်တယ်။ မင်းက ဒါကို ယာဉ်တစ်စီးနဲ့ လဲလှယ်နိုင်တယ်”
“အဆင့် ၁ သွေးပဲစေ့ ဆယ်လုံး လား”
“အိုး… မယုံနိုင်စရာပဲ... ဒါက အများကြီးပဲ...”
“ဒီထဲမှာ ပုလင်းငယ် ဆယ်လုံး ရှိတယ်—ဒါဆို ဒီသေတ္တာထဲမှာ သွေးပဲစေ့ ၁၀၀ နဲ့ ညီမျှတဲ့ အရာ ပါဝင်နေတာလား” ကီကီက အံ့ဩစွာ မေးလိုက်သည်။
ဖုန်းဖုန်း ခေါင်းညိတ်လိုက်သည်။
“ဒါက အလွန် အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်း ဖြစ်တယ်။ ဖျော်စပ်ထားရင်တောင် အလွန်အကျွံ သောက်သုံးခြင်း က မသက်မသာဖြစ်စေနိုင်တယ်—ဒါကြောင့် တစ်ပြိုင်နက်တည်း အများကြီး မသုံးဖို့ ငါတို့ အကြံပြုတယ်”
“ဒါဆို ဒါကို သောက်သုံးခြင်းက စွမ်းရည်တွေကို ယာယီမြှင့်တင်ပေးနိုင်တယ်ဆိုတာ အတည်ပြုပြီးပြီလား”
ချန်ဆီရွှမ်က မေးသည်။
“အင်း...” ကျိုးဝူက သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ဒါက ငါတို့ရဲ့ ပထမဆုံးအသုတ် မဟုတ်ဘူး။ ညလမ်းလျှောက်သူတွေက စေတနာ့ဝန်ထမ်းတွေကို စမ်းသပ်ပြီးပြီ။ ဒါပေမဲ့ ဒါက အခုတော့ တရားဝင်ဗားရှင်းပဲ”
“စေတနာ့ဝန်ထမ်းတွေက ဘယ်သူတွေလဲ” ကီကီက မေးလိုက်သည်။
“ညလမ်းလျှောက်သူ အဖွဲ့အစည်းပဲပေါ့—ငါတို့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခဲ့တာ”
ကျိုးဝူ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်.... လက်ရှိ နည်းပညာနဲ့ အမှောင်ကျူးကျော်မှုရဲ့ စွမ်းအင်ကို လုံးဝ သန့်စင်နိုင်ခြင်း မရှိသေးဘူး။ ဆေးရည်အတွင်းမှာ စွမ်းအင်အချို့ ကျန်ရှိနေတုန်းပဲ—ဒါက မဖြေရှင်းနိုင်သေးတဲ့ အချက်တစ်ခုအဖြစ် ရှိနေတုန်းပဲ။ ဒါပေမယ့် အနီရောင်သွေးပဲစေ့တွေထဲမှာ အမှောင်ကျူးကျော်မှု စွမ်းအင်ရဲ့ ပါဝင်နှုန်းက အမှောင်ညမှာ ပေါ်ထွက်လာတာထက် အများကြီးနည်းတယ်။ ခွဲထုတ်ခြင်းနဲ့ ဖျော်စပ်ခြင်းကို သုံပြီးတော့ စွမ်းအားရှင်တွေအပေါ်မှာ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်။ ဒါတောင် ပေါ့ဆလို့မရဘူး”
သူ ပြုံးလိုက်သည်။ “ဥပမာ- ညလမ်းလျှောက်သူ အဖွဲ့အစည်းမှာ ငါတို့ စွမ်းရည်တွေကို မြှင့်တင်ဖို့ အမှော်ဖျော်ရည်ကို မကြာခဏ အသုံးပြုကြတယ်၊၊ ဒါပေမဲ့ အဲဒါကလည်း ငါတို့ကို စားသုံးမှု အန္တရာယ်နဲ့ ထိတွေ့စေတယ်။ ဒါကြောင့် ငါတို့ခန္ဓာကိုယ်တွေအတွင်းမှာ အမှောင်စွမ်းအင်ကို ပျက်ပြယ်စေဖို့ ဒါမှမဟုတ် ချိန်ညှိပေးဖို့ တန်ပြန်ကာကွယ်ရေးနည်းလမ်းတွေကို တီထွင်ခဲ့ရတယ်”
“ဘယ်လို တန်ပြန်ကာကွယ်ရေး နည်းလမ်းတွေလဲ”
ကျိုးဝူအာသည် သူ၏ ခါးမှ ချိတ်ပိတ်ထားသော သတ္တုပုလင်းတစ်လုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်ရာ ပိုက်တစ်ခုထွက်လာသည်။ သူသည် တစ်ငုံသောက်လိုက်ပြီး အရသာ အလွန်ဆိုးရွားသကဲ့သို့ မျက်နှာရှုံ့မဲ့သွားသည်။
“နေရောင်ခြည် ပိုရဖို့ပဲ။ ပြီးတော့...” သူ သက်ပြင်းချလိုက်ပြီး ပုလင်းကို လူတိုင်း မြင်နိုင်ရန် မြှောက်ပြလိုက်သည်။
“ဟင်းသီးဟင်းရွက် ဖျော်ရည်ကို ပိုသောက်ဖို့ပဲ”
“...ဟင်းသီးဟင်းရွက် ဖျော်ရည်လား”
အဖွဲ့တစ်ခုလုံး ထိတ်လန့်အံ့ဩမှုနဲ့ ပြန်လည်တုံ့ပြန်လိုက်ကြသည်။
ကျိုးဝူက သူတို့၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပုံရသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါ ကလေးဘဝတုန်းက ငါ့မိဘတွေက ဟင်းသီးဟင်းရွက်စားဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် နေရောင်ခြည်များများခံဖို့ အမြဲတမ်း ပြောခဲ့တယ်၊၊ ကမ္ဘာပျက်ကပ်ပြီးတော့ အဲဒီ အရာတွေက အမှောင်ကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ကူညီနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး...”
သူသည် စိတ်မကောင်းသည့်အမူယာဖြင့် သက်ပြင်းချကာ “ကံမကောင်းစွာပဲ.... ဒီခြောက်သွေ့တဲ့ကမ္ဘာမှာ မြေဆီလွှာတောင်မှ ပျက်စီးသွားတာ... လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက အနီရောင်သွေးပဲစေ့တွေထက်တောင် ပိုပြီး ရှားပါးနေတယ်။ ပိုစားချင်ရင်တောင် မစားနိုင်ဘူး။ ဖီးနစ်မှာ အထူးပြု ကမ္ဘာပျက်ကပ် စိုက်ပျိုးရေး စက်ရုံတွေရှိပြီး အသေးစား ထုတ်လုပ်မှုကို ထိန်းသိမ်းထားတယ်၊၊ ဒါပေမဲ့ မလုံလောက်သေးဘူး”
“ပြီးတော့ စဥ်းစားကြည့်—ငါက ခါးတဲ့ ဖရဲသီးကို မုန်းခဲ့ဖူးတယ်” ကျိုးဝူက သူ၏ ပုလင်းကို သနားစရာကောင်းစွာ လှုပ်ခါလိုက်သည်။
“အခု ညလမ်းလျှောက်သူ အဖွဲ့အစည်းမှာ ငါတို့ကို တစ်ပတ်ကို ခါးတူးနေတဲ့ ဖရဲသီးဖျော်ရည် တစ်ပုလင်းပဲ ခွဲတမ်းချတယ်—ပြီးတော့ အဲ့ဒါက တစ်ခါမှ မလောက်ဘူး”
တိတ်ဆိတ်ခြင်း။
သို့သော်—လူတိုင်း၏ မျက်လုံးများသည် လင်းရှန် ဆီသို့ ဖြည်းညှင်းစွာ လှည့်သွားသည်။
အထူးသဖြင့် တင်းကျန်းရီ... အမြဲတမ်း လေးနက်သော သိပ္ပံပညာရှင်—သူမသည် စိတ်ခံစားမှု မပြတတ်သူသည် ယခုအခါ ဖုံးကွယ်မထားနိုင်သော အံ့ဩမှုဖြင့် လင်းရှန်ကို စိုက်ကြည့်နေသည်။
သူမသည် ရထားပေါ်တွင် အသီးနှံများစိုက်ပျိုးရန် လင်းရှန်၏ အစီအစဉ်သည် ထက်မြက်သော ကြိုတင်ပြင်ဆင်မှု ဖြစ်သည်ဟု ယူဆပြီးသားဖြစ်သည်...
သို့သော် ယခု—ဒါက အခြေအနေကို လုံးဝ ပြောင်းလဲပစ်လိုက်လေပြီ။
ဟင်းသီးဟင်းရွက်များက အမှောင်ကျူးကျော်မှုစွမ်းအင်ကို တန်ပြန်နိုင်တာလား....
လင်းရှန် ကိုယ်တိုင်ပင် အံ့ဩတုန်လှုပ်သွားသည်။ ဟင်းသီးဟင်းရွက် စားခြင်းနဲ့ နေရောင်ခြည်ရယူခြင်းလိုမျိုး ရိုးရှင်းတဲ့ အရာတစ်ခုက တကယ်ပဲ အမှောင်ကျူးကျော်မှုရဲ့ ပျက်စီးမှုကို ခုခံပြီး ချိန်ညှိပေးနိုင်လိမ့်မယ်လို့ သူ တစ်ခါမှ မမျှော်လင့်ခဲ့ပေ။
အခြားသူတစ်ဦးဦးက သူ့ကို ဒါကို ပြောခဲ့ရင် သူသည် ဟာသတစ်ခုအဖြစ် ရယ်မောပစ်လိုက်မည်သာ ဖြစ်သည်။
သို့သော် ကျိုးဝူသည် အလွန်အမင်း လေးနက်နေသည်—သူ၏ ဟင်းသီးဟင်းရွက် ဖျော်ရည်ကို အဖိုးတန်သော ဘဏ္ဍာတစ်ခုကဲ့သို့ သဘောထားသည်။
ဒါက တကယ်ပဲ ဖြစ်ရမယ်။
ကျိုးဝူလည်း ထူးဆန်းသောလေထုကို သတိပြုမိသဖြင့် သူ၏ ပုလင်းကို ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်ပြီး တွန့်ဆုတ်စွာ မေးလိုက်သည်၊၊
“အမ်... ငါ တစ်ခုခုများ ဆန်းဆန်းပြားပြား ပြောမိသွားတာလား”
“...ဒါဆို ဖီးနစ်က ဟင်းသီးဟင်းရွက် ဖျော်ရည် ကို အမှောင်ကျူးကျော်မှုအတွက် တန်ပြန်ဆေးအဖြစ် သတ်မှတ်ထားတာလား”
တင်းကျန်းရီ ၏ လေသံသည် ပြတ်သားပြီး ခွဲခြမ်းစိတ်ဖြာနေပုံရသည်၊၊
ကျိုးဝူအာ ခေါင်းညိတ်လိုက်သည်။
“ဒါက ချက်ချင်း ထိရောက်မှုရှိတာတော့ မဟုတ်ပါဘူး… ဒါပေါ့ သက်ရောက်မှုတွေက အချိန်ယူရပြီး ခန္ဓာကိုယ်ကိုယ်တိုင်က ဟန်ချက်ညီအောင် ထိန်းညှိဖို့ လိုအပ်တယ်။ ငါတို့ ခိုင်မာတဲ့ သိပ္ပံနည်းကျသက်သေကို မတွေ့သေးဘူး၊၊ ဒါကြောင့် ငါတို့ တရားဝင် မကြေညာသေးဘူး။ အဓိပ္ပါယ်လွဲမှားမှု နဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်ကို ရှောင်ရှားဖို့အတွက် ဖီးနစ်က ဒါကို ယေဘုယျ ကျန်းမာရေးအကြံပြုချက်အဖြစ်ပဲ မြှင့်တင်ထားတယ်။ ဒါတောင် သတင်းတွေက အသက်ရှင်ကျန်ရစ်သူတွေကြားမှာ ပျံ့နှံ့နေပြီ”
တင်းကျန်းရီ၏ စိတ်ထဲတွင် အတွေးများလှည့်ပတ်နေသည်။
နေရောင်ခြည်နှင့် ဟင်းသီးဟင်းရွက်များ။
လင်းရှန်သည် နှစ်ခုလုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်—သူ ဘာမှ မသိရသေးခင်တည်းကပင်….။
သူ၏ ရထားတွင် စိုက်ပျိုးရေးအတွဲများ သီးသန့်ထားရှိသည်။
သူသည် စွမ်းအင်ထိတွေ့မှုနဲ့ ပတ်သက်ပြီး စမ်းသပ်မှုများစတင်ခဲ့ပြီး ဖြစ်သည်။
တင်းကျန်းရီသည် စွမ်းအားရှင်များ၏ နေရောင်ခြည်အပေါ် တုံ့ပြန်မှု ကွဲပြားခြားနားပုံနှင့် သွေးကပ်ဘေးပန်း၏ စွမ်းရည်များကို လေ့လာနေခဲ့သည်။
သူမသည် လင်းရှန်ကို ပုံမှန်မဟုတ်ဘဲ ထိုးဖောက်တွေးနိုင်သည့်လူဟုသာ ယူဆခဲ့သည်။
ယခုအခါ—သူမသည် သူ့ထံတွင် ထို့ထက် ပိုသောအရာ ရှိသည်ဟု စတင်ယုံကြည်လာသည်။
ဒီလူက တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တယ်...
တင်းကျန်းရီ၏ မျက်နှာအမူအရာသည် ပုံမှန်အတိုင်းရှိနေသော်လည်း စိတ်အတွင်း၌—သူမ၏ သိပ္ပံပညာအပေါ် စူးစမ်းလိုစိတ်သည် ပို၍ ပြင်းပျလာခဲ့သည်။