← Chapters

နေလအဆင့် တပည့် ...

Vol. 15 Ch. 183

နေလအဆင့် တပည့် ...

Vol. 15 Ch. 183

တာအိုချင်းရှသည် ဤနှစ်များအတွင်း သူ့အတွေ့အကြုံများကို ပြန်ပြောင်းပြောပြပြီး ချင်းရွှမ်းတို့နှစ်ယောက်၏ အဖြစ်အပျက်ကို စတင်မေးမြန်းလာခဲ့သည်။

ချင်းရွမ်းက ဖြစ်ပျက်ခဲ့သမျှ အသေးစိတ် ပြန်ပြောပြလာသည်။ သူမ စကားဆုံးသည်နှင့် အမူအရာ ရုတ်တရက်ပြောင်းသွားကာ ချက်ချင်းထရပ်လိုက်ပြီး၊

“ မဖြစ်ဘူး ... အဲဒီနတ်ဆိုးက ... ငါတို့ခန္ဓာကိုယ်ထဲကို နတ်ဆိုးစွမ်းအင်တွေကို ခြေရာခံလိုက်လာလိမ့်မယ်။ ”

-ဟု သတိရသွားသည်။ တာအိုချင်းရှက၊

“ ဘာတွေစိုးရိမ်နေတာလဲ အခု စီနီယာအစ်မမှာ နတ်ဆိုးစွမ်းအင်တွေ မရှိတော့ ပါဘူး အကုန်ဖယ်ရှားပစ်လိုက်ပြီ။ ”

-ဟု နှစ်သိမ့်၏။ ချင်းရွှမ်း မျက်မှောင်ကြုတ်ကာ ခေါင်းရမ်းလိုက်သည်။

“ အဲဒီနတ်ဆိုးက ခရမ်းရောင်နေမင်း နယ်ပယ်မှာရှိတယ် မိုင်သုံးထောင် အကွာအဝေး အပေါ် နေ့တစ်ဝက်အတွင်း ရောက်နိုင်တယ်။ ”

“ နတ်ဆိုးတွေက ရိုင်းစိုင်းပေမယ့် အသိဉာဏ်ရှိတယ် မင်းတို့ကိုဓားကျောင်းရဲ့ တပည့်တွေမှန်းသိပြီး လိုက်မလာဝံ့ပါဘူး ...

... ပြီးတော့ ဒီဖြစ်စဉ်နောက်မှာ မင်းဂိုဏ်းရဲ့အကြီးအကဲ‌တွေ အများကြီးရှိတာ သူ သေချာပေါက် သိတယ်။ ”

ကူချန်မှ ဝင်ရောက်မှတ်ချက်ပေးသည်။ သို့မှသာ ချင်းရွှမ်း အနည်းငယ်တုံ့ဆိုင်းသွား၏။

“ ဖြစ်နိုင်တယ် ... ဒါပေမယ့် ငါတို့ အဲဒီနတ်ဆိုးနဲ့ တိုက်ခိုက်တဲ့အခါမှာ သူ့ဝိညာဉ် အားနည်းနေတာ ခံစားရတယ်။ ”

“ စိတ်ဝိညာဉ်အားနည်းနေတာလား ။ ”

ထိုစကားကြောင့် ကူချန်တစ်ယောက် အနည်းငယ်စဉ်းစားပြီး၊

“ ဒါဆို သူ့ဝိညာဉ်ကို ငရဲကိုးလွှာမိစ္ဆာ ပေါင်းစည်းခြင်း အစီရင်နဲ့ သန့်စင်ခံထားရတာ ဖြစ်ကောင်းဖြစ်နိုင်မယ် ...

... ဒီလိုသာ ဉာဏ်ရည်ဆုံးရှုံးမှု ဖြစ်နေခဲ့တာဆိုရင် အဲဒီနတ်ဆိုးက ငါ့တို့ဆီကို ရူးမိုက်ပြီ လိုက်လာနိုင်မယ် ... ။ ”

-ဟု မှတ်ချက်ချလိုက်သည်။

“ ဒါဆို ငါတို့ဘာလုပ်ကြမလဲ ... ။ ”

ချူဟွာရီတစ်ယောက် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားသည်။ ချင်းရွှမ်းက အသက် ပြင်းပြင်းရှူပြီး၊

“ ဂိုဏ်းရဲ့အကြီးအကဲတွေကို ငါချက်ချင်း အကြောင်းကြားရမယ် ဒါမှမဟုတ် ဒီဝန်းကျင်မှာ အမာခံတပည့်တွေရှိကြည့်ရအောင်။ ”

-ဟု ဆုံးဖြတ်လိုက်၏။

နှင်းပန်းဓားကျောင်း၏ အမာခံတပည့် တစ်ယောက်သည် အခြေခံအားဖြင့် ခရမ်းရောင် နေမင်းနယ်ပယ်တွင် ရှိနေသည်။

ထို့ပြင် အမာခံတပည့်များအားလုံးသည် သက်ဆိုင်ရာတောင်ထိပ်များ၌ အသန်မာဆုံး ဖြစ်၏။ ထို့ကြောင့် ခရမ်းရောင် နေမင်းနယ်ပယ် နတ်ဆိုးများနှင့် တိုက်ခိုက်ရန် မခက်ခဲချေ။

တာအိုချင်းရှက ကူချန်ကို တစ်ချက်ကြည့်သည်။ ကူချန်မှ မတုန်မလှုပ် ငြိမ်သက်နေ၏။

ချင်းရွှမ်းက အဖြူရောင် ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်လိုက်ပြီး နှင်းပန်းဓားကျောင်း၏ အခြားတပည့်များနှင့် ဆက်သွယ်ရန် စတင်ကြိုးစားသည်။

ဤတံဆိပ်သည် နှင်းပန်းဓားကျောင်းရှိ အတွင်းတပည့်များသုံးရန် ထုတ်ပေးထားသော ဆက်သွယ်ရေးတံဆိပ်ဖြစ်သည်။ မိုင်ပေါင်း (၅၀၀၀)အတွင်း ဆက်သွယ်နိုင်၏။

ထိုအချင်းအရာကို တာအိုချင်းရှမှ ကူချန်ထံရှင်းပြသည်။ သတ္တမတန်း ဝင်္ကပါသခင် တစ်ဦးအနေဖြင့် ကူချန်မှ ၎င်းကိုသဘာဝကျကျ နားလည်၏။

သူသည်လည်း ဤသို့သော ဆက်သွယ်ရေးတံဆိပ်များကို သန့်စင်နိုင်မည်။ ဂိုဏ်းကြီးများရှိ တံဆိပ်တွင် အစီရင်ပုံစံကို တူညီသောဆုံချက်သို့သာ ပေးပို့၏။

မဟုတ်သော် အခြားသော ဂိုဏ်းကြီးများထံ ရောက်ရှိကာ ရှုပ်ထွေးသော လမ်းကြောင်းများ ဖြစ်လာနိုင်မည်။

များမကြာမီ ချင်းရွှမ်း၏ မျက်နှာပေါ်၌ အံ့သြမှုတစ်ခုပေါ်လာပြီး ချူဟွာရီထံကြည့်ကာ၊

“ ထျန်းတူတောင်ထိပ်က စီနီယာအစ်ကိုချန်ချွမ် အနီးနားမှာ ရှိနေတယ်။ ”

-ဟု အသိပေးလိုက်သည်။

“ စီနီယာအစ်ကို ချန်ချွမ်လား ... ။ ”

ချူဟွာရီမှ အနည်းငယ်အံ့သြသွားပြီး

“ နေလအဆင့် သတ်မှတ်ချက် စာရင်းက စီနီယာအစ်ကိုလား ။ ”

-ဟု ရေရွတ်လိုက်သည်။

တာအိုချင်းရှသည် ထိုအသုံးအနှုန်းကို ရှင်းပြန်ရန်ပြင်၏။ သို့သော် ကူချန်မှ ပြုံးလျက်၊

“ ဆရာတော် ... မင်းငါ့ကို ရှင်းပြနေစရာမလိုပါဘူး ငါနားလည်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

တာအိုချင်းရှခမျာ အံ့အားသင့်သွားပြီး မကျေမနပ်ဖြင့် ပါးစပ်ပိတ်သွား၏။ ကူချန်က သူ့ထံပြန်ကြည့်ကာ၊

“ ကောင်းကင်အဆင့်၊ မြေကြီးအဆင့်နဲ့ လျှို့ဝှက်နဂါးအဆင့်ဆိုတဲ့ အဆင့်မျိုးတွေက ကိုယ်ခံပညာလောကမှာ ... ပျံ့နှံ့နေတာ ဘယ်သူ မသိဘဲနေမလဲ။ ”

-ဟု ရှင်းပြလိုက်သည်။

“ ဒါကြောင့် နေလအဆင့်က လျှို့ဝှက်နဂါးအဆင့်နဲ့ အတူတူပဲဆိုတာ သိဖို့ သိပ်စဉ်းစားနေစရာ မလိုပါဘူး။ ”

ကူချန်သည်လည်း ဖူစုနိုင်ငံ၏ လျှို့ဝှက်နဂါးအဆင့်တွင် ပါဝင်သည်။ သို့သော် သူ့အထက်နှင့် သူ့အဆင့်သည် မည်မျှ ဖြစ်ကြောင်း စိတ်မဝင်စားခဲ့ချေ။

ချင်းရွှမ်းက ကူချန်ကိုကြည့်ပြီး ခေါင်းညိတ်၏။

“ မှန်ပါတယ် ... ဒီနေလအဆင့်က ငါတို့နှင်းပန်းဓားကျောင်းရဲ့ အမာခံတပည့်တွေ အပေါ် အဆင့်သတ်မှတ်ချက်တစ်ခုပါ ...

... အမာခံတပည့်တွေထဲက အသန်မာဆုံးအမာခံတပည့် (၁၀၀)ဖြစ်ပြီး သူတို့က နေလဆိုတဲ့အတိုင်း ...

... ကောင်းကင်မှာ ထွန်းလင်းတောက်ပပြီး ငါတို့ဂိုဏ်းရဲ့ကျက်သရေကို ဆောင်နိုင်ပါမယ် စီနီယာအစ်ကိုချန်ရွှမ်က အဲဒီအဆင့်မှာမှ အဆင့်မြင့်ပါရမီရှင်ပါ။ ”

“ နှင်းပန်းဓားကျောင်းမှာ အမာခံတပည့်ဘယ်လောက်ရှိလဲ။ ”

ချင်းရွှမ်းမှ ခဏတုံ့ဆိုင်းသွားပြီး ခေါင်းယမ်းကာ၊

“ မသိဘူး ... အမာခံတပည့် ဖြစ်လာနိုင်တဲ့သူတွေဟာ အခြေခံအားဖြင့် ခရမ်းရောင်နေမင်းနယ်ပယ်မှာ ရှိရမယ် ခရမ်းရောင် နေမင်းနယ်ပယ်ရဲ့ သက်တမ်းက နှစ်ပေါင်းငါးရာရှိတယ်မဟုတ်လား ...

... အမာခံတပည့်တစ်ယောက်က တံခါးပိတ်ကျင့်ကြံရင် ဆယ်နှစ် ဒါမှမဟုတ် နှစ်ပေါင်း ရာဂဏန်းကြာတယ် ...

... တချို့အမာခံတပည့်တွေကြတော့ အတွေ့အကြုံရယူဖို့ နှစ်‌ပေါင်းနှစ်ရာလောက် ဂိုဏ်းကနေ ထွက်သွားကြတယ်။ ”

ဤအရေအတွက်ကို အကြီးအကဲများနှင့် တောင်ထိပ်သခင်များသာသိနိုင်မည်။ ထို့နောက် ချင်းရွှမ်းမှ မှန်းဆဟန်ဖြင့်၊

“ ငါ့အထင်တော့ ထောင်ဂဏန်းလောက်ရှိမယ်ထင်တယ်။ ”

-ဟု ပြောကြားလာ၏။

“ ထောင်ဂဏန်းလား ... ။ ”

ဤနံပါတ်ကိုကြားလိုက်သောအခါ ကူချန်တစ်ယောက် သက်ပြင်းချလိုက်သည်။ နှင်းပန်းဓားကျောင်းသည် ဖြောင့်မတ်သော ဂိုဏ်းကြီး ဖြစ်ထိုက်ချေပြီ။

ခရမ်းရောင်နေမင်းနယ်ပယ်ရှိ တပည့်ပေါင်းထောင်ဂဏန်းအထိ ပိုင်ဆိုင်ထား သည်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။

အတွင်းတပည့်များဖြစ်ကြသော ယွမ်ဖူနယ်ပယ် အရေအတွက်သည် ၎င်းထက် ပိုမည်မှာသေချာချေပြီ။

ဂိုဏ်းလက်အောက်တွင် ဝိညာဉ်ကုန်းမြေကြီးငါးခုကို အုပ်စိုးထားသည်။ ထိုကုန်းမြေကြီးများ၌ လူဦးရေ ထရီလျှံနှင့် ချီသော သေမျိုးနိုင်ငံများရှိ၏။

ယင်းသည် နှင်းပန်းဓားကျောင်းအတွက် မပြတ်တောက်နိုင်သော မျိုးဆက်သစ်များကို ပေးစွမ်းနေခြင်းဖြစ်သည်။

ထိုထရီလျှံဟူသောပမဏဖြင့် ယှဉ်သော် အမာခံတပည့် ထောင်ဂဏန်းသည် နည်းလွန်း နေသေး၏။

သာမာန်သေမျိုး နိုင်ငံများအတွက် အိပ်မက်ပင် မမက်နိုင်သော အုတ်မြစ်မျိုးပေပင်။ ထာဝရမင်းဆက်ကို တည်ထောင်လိုသော ချင်းယွမ်နိုင်ငံသာလျှင် ယှဉ်နိုင်ပေမည်။

သို့သော် စိတ်မကောင်းစရာမှာ ချင်းယွမ်နိုင်ငံဘိုးဘေးသည် ဒဏ်ရာပြင်းထန် ချေ၏။ သတင်မကြားရတော့ချေ။

ထိုသူသည် စိတ်ဝိညာဉ် နန်းတော် သခင်နယ်ပယ်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုပေတော့သည်။

***

လေပြည်လေညှင်းများက သာယာစွာ တိုက်ခတ်နေ၏။ ကောင်းကင်တခွင် ကြည်လင် နေကာ လေထုသည် လတ်ဆတ်ချေပြီ။

တာအိုချင်းရှက ချင်းရွှမ်း၊ ချူဟွာရီကို မင်ယွဲ့နှင့်အတူ ဘုံကျောင်းအတွင်း လှည့်ပတ် စေခဲ့သည်။

ထို့နောက် သူနှင့် ကူချန်သည်သာ ကျောက်စားပွဲတွင် ထိုင်လျက်ကျန်နေခဲ့သည်။ မိန်းကလေးသုံးယောက်ပုံရိပ် အဝေးရောက်ချိန် အထိ သည်းခံနေပြီးနောက် ရေနွေးကြမ်း လောင်းငှဲ့ကာ ကူချန်ရှေ့ချပေးလိုက်၏။

တစ်ဆက်တည်းမှာပင် စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ကူချန်ထံမော့ကြည့်ကာ၊

“ အဲဒါက ... ဝိညာဉ်အားနည်းနေတဲ့ နတ်ဆိုးတစ်ကောင်ပဲ မင်း ဒါကိုထိန်းနိုင်တယ် မဟုတ်လား။ ”

-ဟု မေးမြန်းတော့သည်။

ဤသည်မှာ သူ အသိချင်ဆုံးသော မေးခွန်းပေပင်။ ကူချန်က ရေနွေးကြမ်းခွက်ကို ကောက်ယူကာ တစ်ငုံသောက်လျက် ပြုံးပြလာတော့၏။

“ ဆရာ ... နှင်းပန်းဓားကျောင်းရဲ့ အမာခံတပည့်တွေ ဒီမှာရှိနေတယ် ဒါဆိုဘာလို့ ငါဝင်ပါရဦးမှာလဲ ...

... ပြီးတော့ မင်းရဲ့ နှင်းပန်းဓားကျောင်း ဘယ်လောက်တောင် တန်ခိုးကြီးလဲ ... သူတို့ရဲ့ အမာခံတပည့်တစ်ယောက် ခွန်အားကို ငါမြင်ပါရစေ။ ”

***

All Chapters