← Chapters

ငရဲဓားနှင့် အဝါရောင်နွေဦးရောင်ဝါ

Vol. 15 Ch. 185

ငရဲဓားနှင့် အဝါရောင်နွေဦးရောင်ဝါ

Vol. 15 Ch. 185

“ ငါ့နာမည် ချန်ရှန့်ပါ။ ”

ကူချန်က မတ်တပ်ထရပ်ကာ တာအိုအမည်ဖြင့် နှုတ်ဆက်လိုက်၏။ ချန်ချွမ်မှ ထိုအမည်ကြားသောအခါ ပြုံးလျက်၊

“ တာအိုမိတ်ဆွေနဲ့ ငါတို့က ကံကြမ္မာရှိနေပုံရတယ်။ ”

-ဟု မှတ်ချက်ပေးသည်။

ဆိုလိုသည်မှာ သူ့တာအိုအမည်သည် ချန်ချွမ်ဖြစ်ပြီး တစ်ဖက်လူ၏ တာအိုအမည်မှာ ချန်ရှန့်ဖြစ်နေသောကြောင့်ပေပင်။ သူတို့နှစ်ဦး အမည်တွင် နောက်ဆုံးတစ်လုံးသာ ခြားနား၏။

ကူချန်မှ ပြုံးရုံသာပြုံးသည်။ ဤကမ္ဘာကြီးတွင် ကျင့်ကြံသူများ မရေမတွက် နိုင်အောင်ရှိကာ တာအိုအမည်များ တူညီခြင်းသည် သာမန်ဖြစ်၏။

ချန်ချွမ်မှ လျှောက်လှမ်းလာပြီး စားပွဲပေါ်ရှိ ကျပန်းချထားပုံရသော သစ်သားချောင်းများကို အနီးကပ်ကြည့်လိုက်သည်။

“ တာအိုမိတ်ဆွေချန်ရှန့် ... မင်းရဲ့ ဝင်္ကပါအစီရင်ရေးဆွဲတဲ့ အရည်အချင်းတွေက မယုံနိုင်စရာပါပဲ မင်းဘယ်ဂိုဏ်းရဲ့တပည့်လဲ ငါသိလို့ရမလား။ ”

ဝင်္ကပါအရည်အချင်းဟူသည့် ရည်ညွှန်းစကားကြောင့် ချင်းရွှမ်းနှင့် ချူဟွာရီက မျက်ခုံးပင့်လျက် ကူချန်ကိုအံ့အားသင့်စွာ ပြန်ကြည့်လိုက်၏။ ဤလူငယ်သည် အစီရင်သခင်ပင်လော။

ကူချန်မှ ခပ်ဖျော့ဖျော့ပြုံးလျက်၊

“ ဒါဟာ ငါ့အတွေးတွေပါ ... ချီးကျူးဖို့အတွက် မထိုက်တန်သေးပါဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ကူချန်၏ တုန့်ပြန်စကားကြောင့် ချန်ချွမ်တစ်ယောက် ရယ်မောလိုက်သည်။ သူက လေတိုက်သံမျှော်စင်ထံ ညွှန်ပြပြီး၊

“ ဒီကိုရောက်လာတည်းက ... ငါ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ် မျှော်စင်မှာ တာအိုမိတ်ဆွေ ခင်းကျင်းထားတဲ့ အစီရင်က သတ္တမတန်းဖြစ်နေမှာ ငါစိုးရိမ်မိတယ် ...

... သတ္တမတန်း အစီရင်ကိုမှ ... အစီရင်သခင်လို့ မခေါ်နိုင်ရင် ... ဒီကမ္ဘာကြီးမှာ ဘယ်သူက အစီရင်သခင်ဖြစ်မှာလဲ။ ”

“ သတ္တမတန်း ... အစီရင်သခင်။ ”

တစ်ဖက်တွင် ချင်းရွှမ်းနှင့် ချူဟွာရီသည် မျက်လုံးများပြူးကျယ်သွား၏။ အဘယ့်ကြောင့် ဆိုသော် ဤလူငယ်သည် အသက်(၂၅)နှစ် မျှသာ ရှိသေးသည်။

ချန်ချွမ်သည် ချင်းရွှမ်းနှင့် ချူဟွာရီထံ လှည့်ကြည့်ကာ၊

“ တာအိုချန်ရှန့်နဲ့ဆိုရင် ... ဒီမှာ မင်းတို့တွေအရမ်းလုံခြုံပါတယ် အားနည်းနေတဲ့ နတ်ဆိုးတစ်ကောင်အတွက်နဲ့ ... ဘာလို့ ငါ့ကို ဒီလာခိုင်းရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ချင်းရွှမ်းက ထိုမေးခွန်းကို မဖြေအားဘဲ ကူချန်၏အချက်အလက်များ ပြန်ပြောင်းဝေမျှ လိုက်၏။ ချန်ချွမ်မျက်နှာပေါ်ရှိ အပြုံးသည် လျင်မြန်စွာန်ဖျော့သွားပြီး ထိတ်လန့်မှုအသွင်သို့ ပြောင်းလဲသွားသည်။

အဆုံး၌ အနားတွင် ရပ်နေသော ကူချန်ထံ ပြန်လှည့်ကြည့်လိုက်၏။ အသက်(၂၅) အရွယ် ယွမ်ဖူနယ်ပယ်ပင်လော။

ထိုအောင်မြင်မှုသည် သူ့ကို များစွာ အံ့အားသင့်စရာမပေးချေ။ အသက်(၂၅)နှစ်ဖြင့် သတ္တမတန်း အစီရင်သခင်သည်သာ သူ့ကို တုန်လှုပ်စေ၏။

ကျင့်ကြံခြင်းလောက၌ ယွမ်ဖူနယ်ပယ် အသက်(၂၅)နှစ်အရွယ် လူငယ်တစ်ယောက်ကို ရှာတွေ့ရန်ဖြစ်နိုင်သည်။

နှင်းပန်းဓားကျောင်းရှိ နေလအဆင့် အမာခံတပည့် သုံးပုံတစ်ပုံပင် အသက်(၃၀) မတိုင်မီ ယွမ်ဖူနယ်ပယ်ရောက်ရှိထားသူများ ဖြစ်၏။

သို့သော် အသက်နှစ်ဆယ်ကျော်ဖြင့် သတ္တမတန်းအစီရင်သခင် တစ်ယောက်ကိုမူ ဤကမ္ဘာကြီး၌ မရှိနိုင်ချေ။ ရုတ်တရက် အတွေးတစ်ခုရလာသည်။

ယင်းသည် ဂိုဏ်းအတွက် ကြီးစွာသော အကျိုး‌ဆောင်မှုဖြစ်နိုင်၏။ ချန်ချွမ်တစ်ယောက် ဖော်ရွေသောအမူအရာဖြင့် ပြန်ကြည့်ပြီး၊

“ တာအိုချန်ရှန့်၊ မင်းအစီရင်ပညာရပ်တွေကို စိတ်ဝင်စားလား။”

-ဟု မေးမြန်းလိုက်သည်။

“ သဘာဝပါပဲ ... ။ ”

ကူချန်က တစ်ဖက်လူ၏ အမူအရာ ပြောင်းလဲမှုကို သတိပြုမိပြီး စိတ်ဝင်စားလာ၏။ အစီရင်ဟူသည် အမြဲတမ်း ပြောင်းလဲနေပြီး သန်မာသော သူများကို အနိုင်ယူနိုင်မည်။

ထို့ကြောင့် ဤအရာကို သဘာဝကျကျ အလေးထားပြီး လုံ့လစိုက်ကာလေ့ကျင့်ခဲ့သည်။ ချန်ချွမ်မှ မည်သည့် အတွေးများရှိမည်ကို သိချင်လာတော့၏။

“ နှင်းပန်းဓားကျောင်းမှာ ထူးခြားတဲ့ အင်္ဂါရပ်သုံးခုရှိတယ် ... အဲဒါတွေက ဓားပညာ၊ ဝင်္ကပါပညာရပ်နဲ့ လက်နက်ပညာရပ်တွေပဲ ...

... ငါတို့ရဲ့ ဝင်္ကပါတောင်ထိပ်သခင်က စတုတ္ထတန်းဝင်္ကပါသခင်ဖြစ်ပြီး တတိယတန်း ဝင်္ကပါအစီရင်သခင်ဖြစ်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ် တာအိုချန်ရှန့် မင်းစိတ်ဝင်စား မလားလို့ တွေးမိပါတယ်။ ”

ကူချန်တစ်ယောက် အံ့အားသင့် သွားပြီးနောက် ပြုံးလိုက်သည်။ ချန်ချွမ်သည် နှင်းပန်းဓားကျောင်း၏ ဝင်္ကပါတောင်ထိပ် အတွက် တပည့်စုဆောင်းနေခြင်းပေပင်။

“ စိတ်မကောင်းပါဘူး တာအိုချန်ချွမ် မင်းရဲ့နှင်းပန်းဓားကျောင်းက သဘောကျစရာ ကောင်းပေမယ့် ...

... ငါ့မှာ လောကီရေးရာတွေနဲ့ ရှုပ်ထွေးနေတုန်းပါပဲ မင်းကိုနှိမ့်ချသွားမိမှာကို ကြောက်မိပါတယ်။ ”

ကူချန်၏ ငြင်းပယ်စကားကြောင့် ချန်ချွမ်တစ်ယောက် ငြိမ်သက်သွား၏။ သူက ခဏမျှစဉ်းစားပြီး၊

“ ငါအရမ်း အလျင်လိုသွားတယ် ... မင်းမှာရှားပါးတဲ့ အရည်အချင်းတွေရှိနေတော့ လမ်းပြမယ်ဆရာကောင်းတစ်ယောက် ရှိလာရင် အနာဂတ်မှာ ဝင်္ကပါသခင် ဖြစ်နိုင်တယ်။ ”

“ ချွင် ... ချွင် ... ။ ”

နှစ်ယောက်သား အချင်းချင်း ချီးကျူးစကားဆိုနေစဉ် ခေါင်းလောင်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ချူဟွာရီက၊

“ ဒါ ဘာသံလဲ ... ဒီခေါင်းလောင်သံက စိတ်ဝိညာဉ်ကို တုန်လှုပ်စေတဲ့ အစွမ်းရှိတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ။ ”

-ဟု ရေရွတ်လိုက်၏။

“ ဒါနတ်ဆိုးဖမ်းယူခြင်းအစီရင်ရဲ့ ခေါင်းလောင်းအသံပါ ... ဒီလိုအစီရင်မျိုးတွေက သတ်မှတ်ထားတဲ့ ဧရိယာအတွင်းဝင်လာတဲ့ နတ်ဆိုးတွေရဲ့ အရိပ်အယောင်ကို ...

... ဖမ်းယူနိုင်တယ် သတိပေးသံအဖြစ် ခေါင်းလောင်းမြည်ပြီး စိတ်ဝိညာဉ်အတွင်းထိကို ပဲ့တင်ထပ်စေတယ် ... တာအိုချန်ရှန့်၊ ငါတို့ ဘာလို့မကြည့်သေးတာလဲ။ ”

“ ကောင်းပြီ ... ။ ”

ထို့နောက် လေးယောက်သား လေတိုက်သံမျှော်စင်သို့ ပျံတက်သွားကြသည်။ မျှော်စင်၏မြောက်ဘက်ထောင့်ရှိ ခေါင်းလောင်း မြည်နေခြင်းပေပင်။

“ မြောက်ဘက်ကနေ ဝင်လာတာ ဒါချင်းရွှမ်နဲ့ချူဟွာရီကို လိုက်ဖမ်းတဲ့နတ်ဆိုး ဖြစ်ဖို့များတယ် ... မင်းရောဘယ်လိုထင်လဲ တာအိုချန်ချွမ်။ ”

ကူချန်မှ တစ်ဖက်လူကို မေးမြန်းသည်။ ချန်ချွမ်သည် အဖြူရောင်၀တ်စုံ ၀တ်ဆင်လျက် လေထဲပျံသန်းတော့မည့် နတ်ဘုရားကဲ့သို့ မြောက်အရပ်ထံ မျှော်ကြည့်၏။

“ နတ်ဆိုးဆိုတာ မြန်မြန်ဖယ်ရှားနိုင်လေ ကောင်းလေပါပဲ။ ”

ချန်ချွမ်းမှ ကူချန်ထံ လှည့်ကြည့်ပြီး၊

“ တာအိုချန်ရှန့် ... မင်းရော ဘဘ်လိုမြင်လဲ။ ”

-ဟု ပြ၍မေးမြန်းလိုက်၏။ ကူချန်မှ ပြုံးလျက်၊

“ နှင်းပန်းဓားကျောင်း အမာခံတပည့်တစ်ယောက်ရဲ့ စွမ်းအားကို ငါမြင်ချင်တယ်။ ”

-ဟု ပွင့်ပွင့်လင်းလင်း ဖြေကြားသည်။

“ ဟားဟားဟား ... ဒါဆို ငါထိန်းမထားတော့ဘူး။ ”

***

ဖူစုနိုင်ငံ ရှကျိူးလမ်းတွင် မြေပြင်သည် အဝါရောင်သဲများဖုံးလွှမ်းနေပြီး ဂေါ်ဖီစိုက်ခင်း အနည်းငယ်သည်သာ စိမ်းစိုနေ၏။

အနက်ရောင် အရိပ်တစ်ခုသည် ထိုစိုက်ခင်းအတွင်း ဖြတ်သန်းသွားစဉ် ချက်ချင်း ညှိုးနွမ်းသွား၏။ ၎င်းသည် မီးတာတစ်ရာအထိ သက်ရောက်ချေပြီ။

ကောင်းကင်တွင် လူရိပ်လေးယောက် ရပ်နေပြီး ထိုမြင်ကွင်းထံ စိုက်ကြည့်နေသည်။ ချူဟွာရီမှ အံကြိတ်လျက်၊

“ ဟုတ်တယ် ... အဲဒါ သူပဲ။ ”

-ဟု အတည်ပြု၏။

ချန်ချွမ်သည် နတ်ဆိုးကြောင့် ညှိုးနွမ်းကုန်သော ပတ်ဝန်းကျင်ဧရိယာအပေါ် ငုံ့ကြည့်လျက်၊

“ ဒီနတ်ဆိုးမှာ ပြဿနာရှိနေတယ် သူ့ရဲ့အနှစ်သာရက ပေါက်ကြားနေတုန်းပဲ။ ”

-ဟု မှတ်ချက်ပေး၏။

နတ်ဆိုး အနှစ်သာရ၏ သဘာဝသည် ရက်စက်ကြမ်းကြုတ်သည်။ ဘေးဥပဒ်နှင့် သေခြင်းတရားကို ကိုယ်စားပြု၏။

ထို့ကြောင့်ပင် ဤနတ်ဆိုးဖြတ်သွားစဉ် လမ်းကြောင်းပေါ်ရှိ သက်ရှိအရာများအားလုံးကို ညှိုးနွမ်းစေခြင်းဖြစ်သည်။ မြက်ပင်များပင် မကျန်ချေ။

“ ထွက်လာ ... ။ ”

“ ချွင် ... ။ ”

ချန်ချွမ်က အမိန့်ပေးလိုက်စဉ် ကျောပြင်ပေါ်ရှိ ဓားအိမ်မှအလင်းရောင်အချို့ လင်းလက်လာပြီး ဓားတစ်လက်ထွက်လာ၏။ ဤသည်မှာ ငရဲဓား ဖြစ်သည်။

ကူချန်မှ တစ်ချက် လှည့်ကြည့်သည်။ ဤသည်မှာ အလယ်အလတ်တန်းစား ဝိညာဉ် လက်နက်ဖြစ်၏။ သူ့ဓားများပင် အဆင့်နိမ့် လက်သာဖြစ်သည်။

ထိုစဉ်က သူ၏လက်နက်သန့်စင်မှု စွမ်းရည်များသည် အလယ်အလတ်ဝိညာဉ်ရေး လက်နက်များကို သန့်စင်နိုင်သည့် အဆင့်မရောက်သေးချေ။

အရေးအကြီးဆုံးမှာ ဝိညာဉ်ရေး လက်နက်များကို သန့်စင်ရန်အတွက် အဖိုးတန် သတ္တုရှားပါးခြင်းပေပင်။

ချန်ချွမ်သည် မလှုပ်မယှက် လေထုအလယ်ရပ်ကာ ညာဖက်လက်ညိုးနှင့် လက်ခလယ်ကို ပူးကပ်ထားပြီး ဓားကို ထိန်းချုပ်နေခဲ့သည်။

“ ဝှစ် ... ။ ”

ငရဲဓားက မြေပြင်သို့ ပြေးထွက်လာ၏။ အနက်ရောင်နှင့်အဝါရောင် ရောယှက်နေသော မြစ်တစ်စင်း လိုက်ပါသွားသည်။

ရုတ်တရက် နတ်ဆိုးသည် အေးစက်သော ခံစားချက်ကြောင့် ကောင်းကင်ပေါ်မော့ကြည့် လိုက်တော့၏။

“ ဝူး ... ။ ”

ဒေါသတကြီးဖြင့် အော်ဟစ်လျက် ငရဲဓားအလင်းနှင့် လွတ်ရာသို့ ဦးတည်ပြေးလွှား တော့သည်။ သို့တိုင် မအောင်မြင်ချေ။

ငရဲဓားနည်းစနစ်သည် နတ်ဆိုး ခန္ဓာကိုယ်အပေါ်သို့ တိုက်ရိုက်ထိုးဖောက်ကာ အနက်နှင့်အဝါများ ရောယှက်နေသောမြစ်ကြီး အဖြစ် စီးဝင်သွားတော့၏။

ထိုမြင်ကွင်းကို ရွှေရောက်ဖျော့ဖျော့ မျက်ဝန်းများဖြင့် ကုချန်မှ စိုက်ကြည့်နေသည်။ အနက်နှင့်အဝါရောင် စီးဆင်းနေသောမြစ်၏ သန့်စင်မှုအောက်၌ နတ်ဆိုးအနှစ်သာရသည် လျင်မြန်စွာ ပျောက်ကွယ်နေခဲ့သည်။

တစ်ဖက်တွင် ချင်းချွမ်းမှ ထိုမြင်ကွင်းကို ဂုဏ်ယူသောအသွင်ဖြင့်ကြည့်ကာ ကူချန်အပေါ် ခပ်တိုးတိုးရှင်းပြလိုက်၏။

“ ငါတို့ဂိုဏ်းမှာ နတ်ဆိုးတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် အစွမ်းအထက်ဆုံး တောင်ထိပ်(၃)ခုရှိတယ် ... နေမင်းတောင်ထိပ်၊ မိုးကြိုးတောင်ထိပ်နဲ့ ... ငရဲတောင်ထိပ်တွေပဲ ...

... အဲဒီတောင်ထိပ်(၃)ခု ထဲမှာမှ ငရဲတောင်ထိပ်ဝင်တွေက ငရဲဓားနည်းစနစ်ကို လေ့ကျင့်ကြတယ် ... ငရဲဓားနည်းစနစ်က အဝါရောင်နွေးဦးရောင်ဝါကို ရရှိစေတယ် ...

... ဒါက နတ်ဆိုးတွေနဲ့ မကောင်းဆိုးရွား ကျင့်ကြံသူများအပေါ် ပြင်းစွာသက်ရောက်မှုမျိုး ပေးစွမ်းပါတယ် ... ။ ”

***

All Chapters