တစ်ယောက်ယောက် ရှိနေတယ် ...
Vol. 15 Ch. 186
ငရဲဓားနည်းစနစ်သည် အဝါရောင် နွေဦးဓားရည်ရွယ်ချက်ကို ရရှိစေကာ နတ်ဆိုး များစွာအပေါ် အကျိုးသက်ရောက်မှုရှိ၏။
“ သတ် ... ။ ”
“ ဝှစ် ... ။ ”
ချန်ချွမ်က စစ်မှန်သောချီဖြင့် ဓားကိုထိန်းချုပ်ကာ နတ်ဆိုးဝိညာဉ်အပေါ် အပေါက်များစွာ ဖန်တီး၏။
ဤဝိညာဉ်ရေးဓားသည် အဝါရောင်နွေဦးစမ်းရေတွင် စိမ်ထားသဖြင့် အလွန်ပြင်းထန်သော အဝါရောင်နွေဦး ရောင်ဝါကို ထုတ်လွှတ်နေသည်။
အဝါရောင် နွေဦးစမ်းရေသည် ထူးဆန်းသောရေတစ်မျိုးဖြစ်ပြီ စတုတ္ထတန်း ဝိညာဉ်အဆင့်ရှိသည်။
အရိုးများကို အရည်ပျော်စေခြင်း၊ ဝိညာဉ်များကိုသန့်စင်ခြင်း၊ မှတ်ဉာဏ်များကို မေ့လျော့စေခြင်း၊ ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း စသည့် အကျိုးသက်ရောက်မှုများရှိသည်။
ချန်ချွမ်၏ဓားအလင်းတွင် အစောပိုင်း ဓားရည်ရွယ်ချက်ပုံစံကို ယောင်ဝါးဝါးမြင်နိုင်၏။ များမကြာမီ အဝါရောင်နွေဦးဓားရည်ရွယ်ချက် အပေါ် နားလည်လာနိုင်မည်။
“ ငရဲဓားနည်းစနစ်ကို လေ့ကျင့်ဖို့အတွက် အဝါရောင်နွေဦးစမ်းရေအနှစ်သာရ လိုအပ်တယ် ဒီအနှစ်သာရက ဓားရေးကို ...
... စဉ်ဆက်မပြတ် နားလည် သဘောပေါက်ဖို့နဲ့ ဓားတာအိုကိုတက်လှမ်းဖို့ အသုံးပြုရမယ် ...
... နှင်းပန်းဓားကျောင်းက တကယ်ပဲ ဓားကျောင်းအဖြစ် ခေါ်ထိုက်လွန်းပါပေတယ် ... အရင်းအမြစ်နဲ့ နည်းစနစ် နှစ်ရပ်စလုံးမှာ မယုံနိုင်စရာပဲ ... ။ ”
ကူချန်တစ်ယောက် အတွေးများနှင့် စိတ်လှုပ်ရှားသွား၏။ နှင်းပန်ဓားကျောင်း၏ အတွင်းတံခါးတွင် တောင်ထိပ်(၃၆)ခြောက်ခု ရှိကြောင်း သိထားသည်။
ပြစ်ဒဏ်ခန်းမ၊ စည်းကမ်းထိန်းသိမ်းရေး ခန်းမ၊ ဝင်္ကပါခန်းမနှင့် လက်နက်သန့်စင်ခန်းမ အပါအဝင် တောင်ထိပ် (၁၂)ခုသည် ဂိုဏ်း၏ အထောက်အကူပြု တောင်ထိပ်များဖြစ်၏။
ကျန်တောင်ထိပ် (၂၄)ခုသည် ဓားတာအိုသင်ကြားပေးသော တောင်ထိပ်များ ဖြစ်လေသည်။
ထိုတောင်ထိပ်တိုင်းသည်သာ ငရဲဓားနည်းစနစ်ကဲ့သို့ အစွမ်းထက်နေသော် တကယ့်ကို ကြောက်စရာ ကောင်းပေမည်။
ငရဲဓားနည်းစနစ်ဖြင့် တိုက်ခိုက်ခံရသော နတ်ဆိုးသည် ဝိညာဉ်အသိအနည်းငယ်နည်းပါး နေပြီဖြစ်သည်။ မျက်နှာသည် အစိမ်းရောင် ဖြစ်ပြီ အစွယ်များပါရှိ၏။
လက်ထဲတွင် အနက်ရောင် အသွားသုံးဘက်လှံကို ကိုင်ထားကာ အရပ်သည် နှစ်မီတာကျော်ရှည်ပြီး အလွန်ထွားကျိုင်း၏။ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ သန်မာသော ကြွက်သားများကို မြင်နိုင်သည်။
ထိုကြွက်သားများတွင် ငရဲဓားကြောင့် နွေဦးဓားရောင်ဝါအငွေ့အသက်များ စွန်းထင်း နေသည့် ပြတ်ရှရာများရှိနေ၏။
ဒဏ်ရာများတွင် သွေးမရှိချေ။ အဆီများကဲ့သို့ စေးကပ်ကပ် အနက်ရောင် အရည်များထွက်နေပြီး မမြင်နိုင်သော အပေါက်များသာရှိသည်။
ထိုအနက်ရောင် စေးကပ်ကပ် အရည်များသည် နတ်ဆိုးများ၏ သွေးဖြစ်ပုံ ပေပင်။ တစ်ဖက်တွင် ထိုဒဏ်ရာများသည် မြင်သာသော အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။
အနက်ရောင် စေးကပ်ကပ် အရည်များသည်သာ ခန္ဓာကိုယ်မှတဆင့် မြေပြင်ပေါ်သို့စီးကျလာ၏။
ထိုတိုက်ပွဲမြေပြင်အနှံ့ မြေဆီလွှာသည် အရောင်ပြောင်းလာကာ မြက်ပင်များအပါအဝင် သစ်ပင်ငယ်များအားလုံး ညှိုးနွမ်းကုန်သည်။
စိမ်းစိုနေသော စိုက်ခင်းများသည် အဝါရောင်ဧရိယာအဖြစ် ပြောင်းလဲသွားခဲ့သည်။ နတ်ဆိုးအများစုသည် ပုံမှန်အားဖြင့် ပုံသဏ္ဍာန် အတိအကျမရှိချေ။
အရိပ်နတ်ဆိုးကဲ့သို့ အရိပ်အသွင်၊ မီးနတ်ဆိုးကဲ့သို့ မီးတောက်အသွင် ကျောက်တုံး နတ်ဆိုးကဲ့သို့ ကျောက်တုံးအသွင်စသည့် ပုံသဏ္ဍာန်များသာရှိသည်။
သို့သော် နတ်ဆိုးများအားလုံး၏ ဘုံတူညီချက်တစ်ခုသာရှိ၏။ ဤအရာသည် မကောင်းဆိုးရွားစွမ်းအင်ဖြစ်သည်။
ထိုစွမ်းအင်များသည်သာ ပျံ့နှံ့သွားလျှင် သတ်မှတ်ထားသော ဧရိယာတစ်ခုအတွင်းရှိ သက်ရှိအားလုံး ထိခိုက်မည်ဖြစ်သည်။
“ အသက်ဝင် ... ။ ”
ချန်ချွမ်က ငရဲဓားနည်းစနစ်သည် ဤနတ်ဆိုးအပေါ် အကျိုးသက်ရောက်မှု မရှိဟု တွက်ဆနိုင်ပြီးနောက် အနီရောင်ဘူးသီးခြောက် တစ်လုံးထုတ်ယူလိုက်၏။
ယင်းသည် အလယ်အလတ်တန်းစား ဝိညာဉ်ရေးပစ္စည်းဖြစ်ပြီး ငရဲဓားနှင့်အဆင့်တူ ချေပြီ။
၎င်းမျက်နှာပြင်တွင် ဝိညာဉ်ရေး အစီရင်များစွာပါရှိပြီး တားမြစ်တံဆိပ်သုံးခုရှိ၏။ အတွင်း၌မည်မျှရှိမည်ကို မသိနိုင်ချေ။ သို့သော် နတ်ဆိုးများအတွက် တံဆိပ်တစ်ခုသည်ပင် လုံလောက်ချေပြီ။
အစီရင်များနှင့် လက်နက်သည် ခွဲခြားမရချေ။ ထို့ကြောင့် လက်နက်သခင်များ အနေဖြင့် အစီရင်ပညာကို ကောင်းစွာ နားလည်ထားရသည်။
လက်နက်တစ်ခု သွန်းလုပ်ရာတွင် အစီရင်ထည့်သွင်းခြင်းသည် အခြေခံအုတ်မြစ် ဖြစ်သည်။
မဟုတ်သော် ဝိညာဉ်လက်နက်၏ သန္ဓေသားလောင်းအဆင့်ကို မရောက်နိုင်ချေ။ ဘူးသီးခြောက်သည် အနီရောင်မီးလျှံများ တောက်လောင်လာသည်။
“ ရွှီး ... ။ ”
များမကြာခင် အလင်းတန်းများ တိုးထွက်လာပြီး မြေပြင်ရှိ နတ်ဆိုးကို စုပ်ယူ ပိတ်လှောင်တော့၏။
ဤလှုပ်ရှားမှုသည် ရိုးရှင်းချေပြီ။ ချန်ချွမ်၏စစ်မှန်သောချီသည် ထူးခြားသဖြင့် နတ်ဆိုးကို ကောင်းစွာ ထိန်းချုပ်သွားခြင်း ဖြစ်သည်။
ထိုမြင်ကွင်းအရ တစ်ဖက်လူသည် ခရမ်းရောင်နေမင်းနယ်ပယ် နှောင်းပိုင်းအဆင့် ရောက်ရှိနေမှန်း မြင်သာ၏။
ထို့အပြင် ချန်ချွမ်သည် အထက်တန်းစားအဆင့် ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူဖြစ်သည်။ နေမင်း (၇)စင်း မှသည် (၉)စင်အတွင်း ဖန်တီးထားနိုင်ပုံပေပင်။
“ ပိတ်ဆို့ ... ။ ”
“ ပလွတ် ... ။ ”
နတ်ဆိုးကို စုပ်ယူပြီးသည်နှင့် အနီရောင်မီးတောက်နေသော ဘူးသီးခြောက် အဖုံးကို ပိတ်ကာ တံဆိပ်ခတ်လိုက်၏။
“ နှင်းပန်းဓားကျောင်းရဲ့ အမာခံတပည့်တစ်ယောက်က မျှော်လင့်ထား သလိုပါပဲ တကယ့်ကို အံ့သြစရာပါ။ ”
ကူချန်မှ ချီးကျူးလိုက်၏။
“ တာအိုမိတ်ဆွေ ... မင်းငါ့အပေါ် လှောင်ပြောင်မှာကို စိုးရိမ်မိတယ် တကယ်တော့ ဒီနတ်ဆိုးက သူ့ဝိညာဉ်ကို ထိခိုက်ထားတာမို့ လမ်းလျှောက်နေတဲ့ အလောင်းကောင်ထက် ဘာမှမပိုပါဘူး ...
... သူ့လို နတ်ဆိုးတွေအတွက် ငါသာရုန်းကန်နေရရင် အကြီးအကဲတွေက ငါ့ကို ဂိုဏ်းကနေ နှင်ထုတ်လိမ့်မယ်။ ”
ထိုစကားကြောင့် ကူချန်တစ်ယောက် ပြုံးပြလိုက်ပြီး၊
“ နတ်ဆိုးကို နှိမ်နင်းပြီးပြီမို့ ငါနဲ့အတူလိုက်ခဲ့ပါ ...ငါ့ဆရာတော်က မင်းတို့ အတွက် အစားအသောက်တွေ ပြင်ဆင်ပြီး ဧည်ခံဖို့စောင့်နေတယ်။ ”
-ဟု ဖိတ်ကြားလိုက်သည်။
ချန်ချွမ်၏ မျက်လုံးများတွင် ခဏမျှတုံ့ဆိုင်းမှုအရိပ်အမြွက် ပေါ်လာသည်။ သူတို့ဘေးရှိ ချင်းရွှမ်းသည်သာ ပြုံးရွှင်သွားပြီး တာအိုချင်းရှအကြောင်း ပြောပြလိုက်၏။ ချန်ချွမ်ခမျာ တုန်လှုပ်လျက်၊
“ အဲဒီအချိန်တုန်းက ဒီနေရာကို ရွှေ့ပြောင်းခံရတဲ့ ဂိုဏ်းတူညီအစ်ကိုအချင်းချင်း ပြန်တွေ့ရလိမ့်လို့ ... မမျှော်လင့်ထားမိဘူး ...
... အဲဒီတုန်းက ငါလည်း အပါအဝင် ပြောင်းရွေ့ခြင်းခံလိုက်ရတယ် ဒါပေမယ့် ငါက ကံကောင်းပြီး ဂိုဏ်းကိုပြန်လာနိုင်ခဲ့တယ်။ ”
-ဟု ပြောကြားလိုက်၏။
နတ်ဆိုးနှိမ်နင်းရေး မျှော်စင်သည် နှင်းပန်းဓားကျောင်း၏ တားမြစ်မြေဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးနှိမ်နင်းရေးမျှော်စင် ဖျက်ဆီး ခံရသောအခါ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။
ပြင်ပတပည့်များ မဆိုထားနှင့် ကျင့်ကြံခြင်းနိမ့်ပါးသော အတွင်းတပည့်များပင် ရွေ့ပြောင်းခံခဲ့ရသည်။
ကပ်ဘေးကြီး ပြီးနောက်မှသာ အတွင်းတပည့်များ အားလုံးပြန်လာနိုင်ဝံ့ကြ၏။ သို့သော် ပြင်ပတပည့်များအတွက်မူ ပြန်လာရန် အလွန်ခက်ခဲသွားခဲ့သည်။
နှင်းပန်းဓားကျောင်း အနေဖြင့်လည်း နတ်ဆိုးများမှအမဲလိုက် လက်စားချေခံရမည်ကို စိုးရိမ်ကာ တပည့်များကို နေရာအနှံ့ဖြန့်ကာ ပို့ဆောင်ခဲ့သည်။
ထို့ကြောင့် ကပ်ဘေးပြီးသော်မှ ဂိုဏ်းအကြီးအကဲများသည် ပြင်ပတပည့်များကို ပြန်ခေါ်ရန် နည်းလမ်း မရှိတော့ချေ။
ချန်ချွမ်မှ ခဏမျှဆက်နေရန် သဘောတူလိုက်သည်။ ကူချန်က ပြုံးလိုက်၏။ သူသည် တာအိုချင်းရှအတွက် ဤအရာကို ဖန်တီးပေးခြင်းဖြစ်သည်။
တာအိုချင်းရှအတွက် ဤလူများသည် ဆယ်စုနှစ်များစွာ လွမ်းဆွတ်နေသော မိသားစု ဝင်များဖြစ်၏။
“ ဟမ့် ... ။ ”
လူတိုင်း လှည့်ပြန်တော့မည့် အချိန်၌ ကူချန်က တောင်တန်းတစ်ခုထံသို့ ရုတ်တရက် လှည့်ကြည့်ကာ ခဏမျှတုန့်ဆိုင်းသွားသည်။
ချန်ချွမ်မှ ထိုအရာကိုမြင်ပြီး၊
“ တာအိုချန်ရှန့် ဘာဖြစ်လို့လဲ။ ”
-ဟု မေးမြန်းလာသည်။
“ တစ်ယောက်ယောက် ငါတို့ကို ကြည့်နေတယ်။ ”
ကူချန်မှ မျက်ဝန်းများ မှေးစင်းလျက် မြင့်မားသော တောင်တန်းများထံ ပြန်ကြည့်ကာ မသေချာမရေရာဖြစ်လာ၏။
သူ့ဝိညာဉ်အသိသည် မကောင်းသော ရောင်ဝါတစ်ခုကို ခံစားနေရသည်။ ချန်ချွမ်မှ မျက်ခုံးပင့်လိုက်၏။
“ တစ်ယောက်ယောက် ရှိနေတာလား။ ”
ထို့နောက် သတိကြီးစွာဖြင့် တောင်တန်းများထံသို့ နေရာမလပ်အောင် စစ်ဆေးတော့သည်။ သူ့ဝိညာဉ်အသိအတွင်း သံသယဖြစ်စရာမရှိချေ။
“ တာအိုချန်ရှန့် ... မင်းတစ်ခုခု အထင်မှားနေတာများလား ... မေ့လိုက်ပါ ငါတို့ သွားကြည့်ရအောင် ... ။ ”
***