← Chapters

အခန်း (၇၁)

Vol. 6 Ch. 71

အခန်း (၇၁)

Vol. 6 Ch. 71

စစ်သည်က ရှစ်သိန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်က ငါးယောက်ရှိနေသည်။

ဒီစစ်အင်အားရဲ့ စုစုပေါင်းစွမ်းအားက မင်းဆက်တစ်ခုကိုပါ ခြိမ်းခြောက်နိုင်သည်။ ကြီးမားတဲ့ နိုင်ငံ တစ်နိုင်ငံကိုတောင် ဖျက်ဆီးပစ်နိုင်သည်။

အဲ့ဒါကို အရှင်မင်းကြီးက

တိုက်ရတာ လွယ်တယ်လို့ ပြောနေတာလား..။

“တကယ်ပဲ တိုက်ရတာက လွယ်ပါတယ်”

လင်းပိုင်ဖန်က- " ငါကိုယ်တော်နဲ့ သိတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် တစ်ယောက် ရှိတယ်။ အချိန်တန်ရင် သူ့ကို အကူအညီ တောင်းလို့ရတယ်"

"အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေးကို ပြောနေတာလား" စစ်သူကြီးက မေးလိုက်တယ်။

ဒီထဲမှာ ရှိတဲ့လူတိုင်း ယောင်ယောင် အကြောင်းကို သိကြသည်။ သူမဟာ အလွန် ငယ်ရွယ်ပေမယ့် သိုင်းပညာ မြင့်မားပြီး နောက်ခံကလည်း တောင့်တင်းသူတစ်ယောက် ဖြစ်သည်။

မူလက သူမဟာ လင်းပိုင်ဖန်ကို သတ်ဖို့ ရောက်လာတာ ဖြစ်ပေမယ့် သူ့ရဲ့ စကားတွေကြောင့် စိတ်ပြောင်းပြီး သူငယ်ချင်း ဖြစ်လာခဲ့သည်။

သူမဟာ လင်းပိုင်ဖန်နဲ့ ရှ နိုင်ငံ တို့ကို ခက်ခဲတဲ့ ပြဿနာများစွာကို ကူညီဖြေရှင်းပေးခဲ့သည်။

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- "သူမ မဟုတ်ပါဘူး။ သူမက မကြာသေးခင်ကမှ အလုပ်တွေများနေလို့ လာနိုင်မှာ မဟုတ်ဘူး။ ငါကိုယ်တော် ပြောနေတာက တခြားတစ်ယောက်ပဲ"

"မင်းနဲ့ သိတဲ့ နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် မိတ်ဆွေတွေ တကယ် ရှိသေးတာလား" လို့ ချိုင်ယွီရှင်းက အံ့သြကာ မေးလိုက်သည်။

လူတိုင်းဟာ မိန်းမစိုးလျှို ဆီသို့ မသိစိတ်ကနေ လှည့်ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုရင် မိန်းမစိုးလျှိုက လင်းပိုင်ဖန်ကို အမြဲတမ်း အနီးကပ် စောင့်ရှောက်ပေးနေသူမို့ သူ သိသင့်သည်။

မထင်မှတ်ထားဘဲ မိန်းမစိုးလျှိုက နေရခက်စွာနဲ့ ခေါင်းခါပြပြီး မသိကြောင်း ပြသလိုက်သည်။

သူသည်လည်း အံ့အားသင့်နေခဲ့သည်။ သူဟာ တစ်နေ့ကို ၁၂ နာရီနီးပါး အမြဲတမ်း အရှင်မင်းကြီး နဲ့အတူ ရှိနေတာ ဖြစ်သည်၊ ဘယ်အချိန်မှာ သူငယ်ချင်း အသစ်က ရသွားခဲ့တာလဲ။

"မင်းရဲ့ ချီဖွဲ့တည်ခြင်းအဆင့် မိတ်ဆွေက ဘယ်သူလဲ၊ နာမည်က ဘယ်လိုခေါ်လဲ" လို့ ချိုင်ယွီရှင်းက မေးလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- "သူ့ရဲ့ နောက်ခံနဲ့ အထောက်အထားက နက်နဲပြီး လျှို့ဝှက်ထားရတာမို့ ပြောပြလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် သူက လာကူညီပေးမယ်ဆိုရင် ရပြီ"

လင်းပိုင်ဖန် ပြောနေတဲ့သူက သူ့ကိုယ်သူပဲ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မပြတာဟာလည်း အသက်ရှင်သန်ရေးအတွက် နည်းလမ်း တစ်ခုပင် ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ဧကရာဇ်ဆိုတဲ့ ရာထူးက အလွန်မြင့်မားတဲ့ အန္တရာယ် ရှိနေတဲ့ ရာထူးတစ်ခု ဖြစ်လို့ပါပဲ။ လူများစွာက သူ့ကို ရာထူးကနေ ဖြုတ်ချချင်ကြပြီးတော့၊ ဘယ်အချိန်မဆို ခေါင်းပြတ်နိုင်တဲ့ အခြေအနေက ရှိနေသည်။

ဒါကြောင့် သူ့အနေဖြင့် လျှို့ဝှက်ထားရမည်။

သူ ပိုပြီး ဖုံးကွယ်လေ၊ ဝှက်ဖဲ ပိုများလေ ဖြစ်ပြီး၊ ပိုကြာကြာ အသက်ရှင်နိုင်လေ ဖြစ်သည်။

"ဒါပေမယ့်၊ ကျွန်တော်တို့မျိုးမှာ လေးယောက်ပဲ ရှိတယ်လေ။ သူတို့က ငါးယောက်ဆိုတော့ ကျွန်တော်မျိုးတို့က အင်အားနည်းနေတုန်းပဲ" လို့ ဝန်ကြီးချုပ် က သက်ပြင်းချလိုက်သည်။

လင်းပိုင်ဖန်က အလွန်တည်ငြိမ်နေပြီးတော့- "မစိုးရိမ်ပါနဲ့၊ ငါကိုယ်တော်ရဲ့ မိတ်ဆွေက ကြယ်တာယာချီအဆင့် ( အရင်က ကြယ်ချီလို့ ဘာသာပြန်ထားတာပါ၊ အခု ဖတ်လို့ကောင်းအောင် ပြန်ပြင်ထားတာပါ) တစ်ယောက်ပဲ။ သူတို့ ချီဖွဲ့တည်ခြင်းအဆင့် ဘယ်နှစ်ယောက် လွှတ်လွှတ်၊ သူတစ်ယောက်တည်းနဲ့ ပြီးတယ်"

ကြယ်တာယာချီအဆင့်တဲ့လား..။ လူအုပ်ခင်ဗျာ အံ့အားသင့်စွာဖြင့် အသက်ရှူ ရပ်သွားခဲ့ကြသည်။

ဒီလို ကြယ်တာယာချီအဆင့် တစ်ယောက်ဟာ ချီဖွဲ့တည်ခြင်းအဆင့်တွေ ကြားထဲမှာတောင် အင်အားကြီးမားသူ အဖြစ် သတ်မှတ်လို့ရသည်။

ဒီလောက် အင်အားကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကသာ အကူအညီပေးမယ်ဆိုရင် အခြေအနေတွေက အကောင်းဘက်မှာ ရှိတယ်လို့ ပြောလို့ရသည်။

အဲ့ဒီအချိန်မှာ လူတိုင်းက လင်းပိုင်ဖန်ကို လေးစားတဲ့ အကြည့်တွေဖြင့် စတင် ကြည့်ရှုလာခဲ့ကြသည်။

အရှင်မင်းကြီးက သိပ်ကို အထင်ကြီးစရာပါလား။ အမြဲတမ်း ပျင်းရိနေပြီး၊ အရည်အချင်းမရှိသူ ပုံစံမျိုးနဲ့ နေနေပေမယ့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် နဲ့တောင်မှ သူငယ်ချင်း ဖြစ်နေတာပါလား..။

ပြီးတော့ နောက်ခံက နက်နှိုင်းတဲ့ ယောင်ယောင် ဆိုတဲ့ မိန်းကလေးလည်း ရှိသေးတယ်။

အရှင်မင်းကြီးက လူမှုဆက်ဆံရေးနဲ့ ပတ်သတ်ပြီး နတ်ဘုရား တစ်ပါးလို ကျွမ်းကျင်နေတာပါလား…။

" ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်ကိုတော့ ဖြေရှင်းပြီးပြီ၊ ဒါပေမယ့် ရှစ်သိန်း ရှိတဲ့ စစ်တပ်ကို ဘယ်လိုလုပ်မလဲ" ဟု ချိုင်ယွီရှင်းက စိုးရိမ်စွာ မေးလိုက်သည်။

"အရေအတွက်က အရမ်းကိုများတယ်။ ငါတို့ရဲ့ စစ်အင်အားကလည်း နည်းတယ်။ နှစ်ဖက်သာ ထိပ်တိုက်တိုက်ခိုက်လိုက်ရင် ဆုံးရှုံးမှုတွေက ကြီးမားသွားနိုင်တယ်"

"ဒါကလည်း ကိုင်တွယ်ရတာ လွယ်ပါတယ်"

လင်းပိုင်ဖန်က အနည်းငယ် ပြုံးလိုက်သည်။ "အကျွန်ုပ်တို့ နိုင်ငံရဲ့ တူးမြောင်းကြီးက မကြာခင် ပြီးတော့မှာမလား။ နယ်စပ်ကို ဖြတ်သွားတဲ့ တူးမြောင်းတစ်ခုလည်း ရှိနေတယ်မလား။ အဲဒီအချိန်ကျရင် ဟဲ..ဟဲ..."

လင်းပိုင်ဖန်ရဲ့ အစီအစဉ်ကို ကြားပြီးနောက် လူတိုင်းက သူ့ကို လေးစားမှုအပြည့်နဲ့ ကြည့်လာကြသည်။

"အရှင်မင်းကြီးရဲ့ နည်းလမ်းက တကယ်ကို ကောင်းတာပဲ ၊ ကျွန်တော်မျိုး ဘာလို့ မတွေးမိရတာလဲ။ ဒီနည်းဗျူဟာက နည်းနည်း ရက်စက်တယ်ဆိုပေမယ့် တကယ် အလုပ်ဖြစ်ရင် စစ်သည် ၈သိန်း ကို မျက်စိတစ်မှိတ်အတွင်း ရှင်းပစ်လို့ရတယ်" လို့ စစ်သူကြီးက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

"အမှန်ပဲ၊ တကယ် အလုပ်ဖြစ်မယ်ဆိုရင် သူတို့အတွက် ပြန်လမ်းမရှိတော့အောင်ကို လုပ်လို့ရတယ်။ အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်" လို့ ဝန်ကြီးချုပ်က ဦးညွှတ်ရင်း ပြောလိုက်သည်။

"ပုံမှန်ဆိုရင် တစ်ချိန်လုံး တွေဝေထိုင်းမှိုင်း နေပေမယ့် ဒီလိုအချိန်မှာတော့ မင်းက တော်တော်လေးကို ထက်မြက်နေတာပဲ! ဒီနေ့ကစပြီး ဘယ်သူကများ မင်းကို အရူးဧကရာဇ် လို့ ခေါ်ရဲမလဲ၊ ငါ သူတို့ မျက်နှာကို လက်ဝါးနဲ့ သွားရိုက်ပစ်လိုက်မယ်" ဟု ချိုင်ယွီရှင်းက ကြေညာလိုက်သည်။

လင်းပိုင်ဖန်ကလည်း အောင်ပွဲခံသလို ရယ်မောလိုက်သည်။ "ဟား…ဟား"

ရယ်ပြီးနောက် လင်းပိုင်ဖန်က တိုးတိုးလေး ပြောလိုက်သည်။ "ဒီကိစ္စကို လျှို့ဝှက်ထားပါ။ ငါကိုယ်တော်တို့ အနည်းငယ်ပဲ သိရင် လုံလောက်ပြီ"

လူတိုင်းက အလေးအနက် ခေါင်းညိတ်လိုက်ကြသည်။

အဲ့ဒီအချိန်မှာတော့ သုံးနိုင်ငံ ရဲ့ စစ်တပ်တွေဟာ ရှ နိုင်ငံ နယ်စပ်ကို ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ သူတို့ရဲ့ အလံတွေက လေထဲတွင် လွင့်နေပြီး၊ လက်နက်တွေရဲ့ အေးစက်တဲ့ အလင်းရောင်က စိတ်ကို ချောက်ချားစေနိုင်လောက်သည်၊ ပင်လယ်ပြင်ပမာ ဖြစ်နေသည့် လူအုပ်ကြီးက ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ဒါပေမယ့် သူတို့က နယ်စပ်ကို မဖြတ်ဘဲ အနားယူဖို့ ရပ်နားလိုက်ကြသည်။

ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်က တန်းစီ ရပ်နေကြပြီး၊ သူတို့နဲ့ သိပ်မဝေးတဲ့ ရှနိုင်ငံရဲ့ စစ်တပ်ကို ကြည့်နေခဲ့ကြသည်။ သူတို့ရဲ့ မျက်နှာတွေမှာတော့ သက်သောင့်သက်သာ နဲ့ ပေါ့ပေါ့ပါးပါး အမူအရာတွေ ရှိနေခဲ့သည်။

"ဘယ်အချိန်မှာ စစ်ဆင်ရေးကို စမလဲ"

"မစိုးရိမ်ပါနဲ့၊ ဖြည်းဖြည်းပေါ့။ ငါတို့က ရှုံးမှာမှ မဟုတ်တာ"

"ဟုတ်တယ်၊ ဒီတိုက်ပွဲက အနိုင်ရဖို့က အသေအချာပဲ။ ငါတို့ရဲ့ စစ်သားတွေက ခရီးဝေးက လာခဲ့ရတာမို့ အခု အနားယူဖို့ လိုတယ်။ လုံလောက်အောင် အနားယူပြီးမှ သူတို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်ကြတာပေါ့"

"ဒါ့အပြင်၊ သူတို့အပေါ် ဖိအားပေးပြီး သူတို့ကို စိတ်ပျက်အားငယ်မှုက ဘာလိုလဲဆိုတာ သိအောင် လုပ်ဖို့ အခုက အကောင်းဆုံး အခွင့်အရေးပဲ"

"ခင်ဗျား ပြောတာ လုံးဝမှန်တယ်၊ ဟား…ဟား"

အခြားတစ်ဖက်မှာတော့ အန်လုရှန်ဟာ မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့သည်။

စစ်သည် ၈ သိန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်... ဒါကို ဘယ်လို တိုက်လို့ နိုင်မှာလဲ။

ဒါကို လုံးဝ မတိုက်နိုင်ပေ။

တိုက်ပွဲ စတာနဲ့တင် ပြိုင်ဘက်ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်ဟာ သူ့ရဲ့ စစ်သည် လေးသိန်းကို ပြိုကွဲသွားအောင် လုပ်နိုင်ပြီး လုံးဝ ရှုံးနိမ့်သွားစေနိုင်သည်။

ပြီးတော့ စစ်သည် ရှစ်သိန်းကသာ အင်အားအပြည့်နဲ့ ဖိအားပေးလာခဲ့ရင်၊ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။

သူတို့ဘက်မှာလည်း ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက် ရှိပေမယ့်၊ နှစ်ယောက် လိုနေသေးသည်။

ချီဖွဲ့တည်ခြင်းအဆင့် နှစ်ယောက် လိုနေတာက သူတို့ရဲ့ စစ်တပ်ကို ကြီးမားတဲ့ ထိုးနှက်ချက် ပေးဖို့ လုံလောက်နေပြီးတော့၊ သူ.. စစ်သူကြီး က ပထမဆုံး ကျဆုံးမယ့်သူ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် အတွေးတစ်ခုက အန်လုရှန်ရဲ့ စိတ်ထဲ ရုတ်တရက် ပေါ်လာခဲ့တယ်- လက်နက်ချဖို့ အချိန်ရောက်လာပြီလား။

သူ့၏ သစ္စာခံခြင်းက လင်းပိုင်ဖန်အပေါ် သစ္စာစောင့်သိလို့ မဟုတ်ဘဲ၊ အာဏာ နှင့် စည်းစိမ်ဥစ္စာ အတွက်သာ ဖြစ်သည်။

ဒါပေမယ့် ဒီအတွေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် သူ ဖျောက်ဖျက်ပစ်လိုက်သည်။

ဘယ်သူကမှ စစ်ရှုံးလာတဲ့ စစ်သူကြီး ကို မလိုလားကြပေ။

သူ အသက်ရှင်ခဲ့ရင်တောင်၊ သူ့ရဲ့ အနာဂတ်ကတော့ ပျက်စီးသွားမည်ဖြစ်သည်။

သူ့ရဲ့ လက်ရှိ အာဏာနဲ့ အဆင့်အတန်းကို အလွယ်တကူ ရခဲ့တာ မဟုတ်ပေ၊ ဒါကို သူ ပေါ့ပေါ့တန်တန် စွန့်လွှတ်လို့ မရနိုင်ပေ။

All Chapters