← Chapters

အခန်း (၇၄)

Vol. 6 Ch. 74

အခန်း (၇၄)

Vol. 6 Ch. 74

ဒီရေကန်ကို ကောင်းကင်ဘုံကန်လို့ လူသိများပြီး၊ အမြင့် ဇန်း ၆၆၀ အထိ တည်ရှိကာ ရေတွေဟာ ကောင်းကင်ယံမှာ တွဲလောင်းကျနေသကဲ့သို့ ဖြစ်နေသည်။ ( 1 Zhang = 3.333 Meters)

ဧရိယာက ကျယ်ဝန်းလှပြီး အနက်ကို မမြင်နိုင်သလို ရေပမာဏကလည်း ပေါများတာကြောင့် လင်းပိုင်ဖန်က အရန် ရေအရင်းအမြစ်အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်သည်။

ဒါကြောင့်မို့ ကောင်းကင်ဘုံကန်ရဲ့ ရေကာတာ ကျိုးသွားတဲ့အခါ အလွန်အမင်း ကြီးမားလှတဲ့ ရေထုက ကျဆင်းလာမှုကြောင့် ကြီးမားတဲ့ အရှိန်စွမ်းအင် ကို ဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ရေထုပမာဏက အောက်ကို စီးကျလာပြီး မြစ်ကြောင်းတစ်လျှောက် အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာကာ ထိန်းမနိုင်သိမ်းမရ လျှံကျလာခဲ့ေတာ့သည်။

ဒီလောက် ပြင်းထန်တဲ့ အရှိန်မျိုးနဲ့ဆိုရင် စစ်သည် ၈၀၀,၀၀၀ ကို အသာထား၊ ၁ သန်း ဆိုရင်တောင်မှ စီးမျောပါသွားနိုင်သည်။

မိုးကြိုးပစ်သံကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့လေသည်။

အသံတွေ ဟိန်းထွက်လာခဲ့ပြီး ကောင်းကင်နဲ့ မြေကြီးကိုပါ တုန်လှုပ် ချောက်ချား သွားစေခဲ့သည်။

ဒီလောက် ကြီးမားတဲ့ ဆူညံသံက စစ်တပ် နှစ်ခုလုံးရဲ့ အာရုံကို ဖမ်းစားလိုက်သည်။

"ဘာဖြစ်တာလဲ"

"ဒီအသံက ဘယ်ကလာတာလဲ"

"မိုးကြိုးသံလား? ဒါမှမဟုတ် မြေနဂါးက ထပ်လှည့်နေတာလား" ( ငလျှင်ကို ပြောခြင်း ဖြစ်သည်)

ဘယ်သူမှ အကြောင်းရင်းကို ကောင်းကောင်း မသိကြပေ။

မကြာခင်မှာပဲ စစ်သူကြီး ချိုင်ယုလန် နှင့် သူ့သမီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တဲ့အခါ သူတို့မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်တဲ့ အမူအရာ ပေါ်လာခဲ့သည်။

"သူတို့ အောင်မြင်သွားပြီ"

သူတို့ရဲ့ ပြိုင်ဘက်တွေဆီကနေ လွတ်မြောက်လာပြီး ရှနိုင်ငံ စစ်တပ်ဆီ ပြန်ရောက်လာကာ အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။ "အားလုံး ဆုတ်ခွာကြ၊ မြေမြင့်မြင့်ဆီ ဆုတ်ခွာကြ"

အန်လုရှန် ကတော့ နားမလည်ပေမယ့်လည်း နောက်ကနေ လိုက်ပြီး "ဆုတ်ခွာကြ" လို့ အော်လိုက်တယ်။

ရှ နိုင်ငံက စစ်သည် ၄၀၀,၀၀၀ဟာ ချက်ချင်းပဲ နောက်ဆုတ်ပြီး ကုန်းမြေ မြင့်တဲ့ နေရာဆီ ပြေးခဲ့ကြသည်။

သို့သော်လည်း သုံးနိုင်ငံ၏ မဟာမိတ် တပ်ဖွဲ့တွေကတော့ ဘာတွေဖြစ်ပျက်နေမှန်း မသိဘဲ အမိန့်ကိုသာ နာခံရင်း မြစ်ကို ဖြတ်ပြီး ရှေ့ဆက်တိုက်ပွဲဝင်ဖို့သာ ကြိုးစားနေခဲ့ကြတယ်။

ဆူညံသံက ပိုကျယ်လာခဲ့ပြီး မြေပြင်နဲ့ တောတောင်တွေ စတင်တုန်ခါလာသလို ငှက်နဲ့သားရဲတွေလည်း ထိတ်လန့်တကြား အလျင်အမြန် ပြေးလွှားကုန်ကြသည်။

လူတွေဟာ တရကြမ်း စီးဆင်းလာတဲ့ ရေစီးကြောင်းကြီးကို နောက်ဆုံးမှာတော့ တွေ့ရှိသွားခဲ့ကြသည်။

"မကောင်းတော့ဘူး၊ ရေစီးကြောင်းကြီး"

"ဒီလောက် ကြောက်စရာကောင်းတဲ့ ရေစီးကြောင်းကြီး၊ ကိုယ့်အသက်ကိုယ်သာ လွတ်အောင် ပြေးကြပေတော့"

စစ်တပ်နှစ်ခုလုံးဟာ ကြောက်ရွံ့တုန်လှုပ်ပြီး အသက်ဘေးကနေ လျင်မြန်စွာ ထွက်ပြေးကြပါတော့တယ်။

ရှ နိုင်ငံ စစ်တပ်ကတော့ မြစ်ကမ်းပါးကို အချိန်မှီ ရှောင်ရှားပြီး ပိုမိုမြင့်မားတဲ့ မြေပြင်ပေါ်ကို စောစောစီးစီး တက်ရောက်ခဲ့ပြီးဖြစ်လို့ အခြေအနေတွေက အကောင်းဘက်မှာ ရှိနေသည်။

စစ်သူကြီးနှစ်ဦးရဲ့ ဦးဆောင်မှုအောက်တွင် ပိုဝေးလံကာ ပိုမို မြင့်မားတဲ့နေရာတွေဆီ ဆုတ်ခွာခဲ့ကြတဲ့အတွက် သူတို့အတွက်ကတော့ ဘေးကင်းသည်။

သို့သော်လည်း သုံးနိုင်ငံ၏ မဟာမိတ် တပ်ဖွဲ့တွေအတွက်ကတော့ အကြီးအကျယ်ကို အထိနာခဲ့သည်။ သူတို့၏ စစ်သည် အများစုဟာ အနိမ့်ဆုံးနေရာဖြစ်တဲ့ မြစ်ထဲကို အခုမှ တိုက်ခိုက်ဖို့ ဝင်ရောက်လာခဲ့တာ ဖြစ်သည်။

ရေစီးကြောင်းဟာ သဘာဝ ဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး၊ ရှောင်ရှား ပုန်းအောင်းဖို့ နေရာဆိုတာက လုံးဝမရှိပေ။

သုံးနိုင်ငံ၏ စစ်သည်တွေ မရေမတွက် နိုင်အောင်ပင် မျောပါသွားခဲ့ကြသည်။

"ကယ်ကြပါအုံး၊ ငါ့ကို မြန်မြန်ကြပါ"

"ငါ မသေချင်သေးဘူး"

"ကယ်ကြပါ"

အကူအညီတောင်းသံတွေ၊ စိတ်ပျက် အားငယ်စွာ ငိုယိုသံတွေက ကောင်းကင်နဲ့ မြေပြင် အပြည့် ကြားနေရသည်။

သုံးနိုင်ငံရဲ့ စစ်ဗိုလ်ချုပ်တွေကတော့ ဒေါသတကြီးနဲ့ မျက်လုံးများ ပြူးပြီးသာ ကြည့်နေနိုင်ခဲ့ကြတယ်။ "ငါတို့ စစ်သားတွေ။ မြန်မြန်၊ စစ်သားတွေကို ကယ်ကြ။ မြန်မြန် တစ်ခုခု စဉ်းစားကြဟ..."

မြစ်နားက စစ်ကူတွေနဲ့ ကယ်ဆယ်သူတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ခါးသီးစွာ ခေါင်းကိုသာ ခါယမ်းနေခဲ့ကြသည်။

သူတို့ ဘယ်လိုကယ်နိုင်မှာလဲ…။

လူက ဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုရင် သူတို့တွင် အဖြေရှာလို့ ရနိုင်သေးသည်။

ဒါပေမဲ့ သဘာဝဘေးအန္တရာယ်နဲ့ နှိုင်းယှဉ်လို့ရတဲ့ ရေစီးကြောင်းကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ ကယ်ဆယ်ဖို့ လုံးဝကို နည်းလမ်းမရှိခဲ့ပေ။

ကောင်းကင်နယ်ပယ်အဆင့် သိုင်းပညာရှင် ဆိုရင်တောင် တစ်ယောက်နှစ်ယောက်၊ ဒါမှမဟုတ် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ကို ကယ်နိုင်ပေမယ့် စစ်သည် ၈၀၀,၀၀၀ ကိုတော့ တကယ်ကယ်နိုင်ပါ့မလား။

သဘာဝတရားနဲ့ ရင်ဆိုင်ရတဲ့အခါ လူသားတွေဟာ အရမ်းကို သေးငယ်နေတုန်းပါပဲ။

"မင်းတို့ပဲ။ မင်းတို့ လုပ်တာပဲ ဖြစ်ရမယ်"

သူတို့ဟာ ရှ နိုင်ငံ စစ်တပ်ကို လက်နက်တွေနဲ့ ချိန်လိုက်ကြတယ်။

ဘာကြောင့်လဲဆိုတော့ မနေ့ကစပြီး သူတို့တွေဟာ မြစ်ကြောင်းရဲ့ တောင်ဘက်ကို ဆုတ်ခွာခဲ့ပြီး မြေမြင့်ပေါ်ကို တပ်ဆုပ်ခဲ့ကြသည်။ ရေစီးကြောင်း ရောက်လာပြီးနောက်မှာ ရှ နိုင်ငံ၏ စစ်တပ်က ပထမဆုံး တုံ့ပြန်ခဲ့ပြီး လုံခြုံတဲ့နေရာဆီ ဆုတ်ခွာသွားခဲ့သည်။

ဒါတွေအားလုံးဟာ ကြိုတင်ကြံစည်ထားတာ သိသာနေသည်။

ချိုင်ယွီရှင်း က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါတို့ပဲ။ မင်းတို့ကို စစ်သည် ၈၀၀,၀၀၀ နဲ့ ငါတို့ နယ်မြေကို ဘယ်သူက ကျူးကျော် ခိုင်းလို့လဲ။ အခု မင်းတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံစားနေရပြီ မဟုတ်လား။ ဟား….ဟား"

"ဒါဆို မင်းတို့ပဲပေါ့”

"ခွေးသူတောင်းစားတွေ။ မင်းတို့ အားလုံးကို ငါသတ်မယ်။ ငါ့လူတွေအတွက် လက်စားချေမယ်"

"သတ်ကြ"

ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးဟာ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့ ရှေ့ကို ပြေးလာခဲ့လိုက်သည်။

စစ်သူကြီး ချိုင်ယုလန်တို့အနေဖြင့် တိုက်ပွဲကို တစ်ဖန် ရင်ဆိုင်ခဲ့ရပြန်တယ်။

ကောင်းကင်ဘုံကန် အထက်မှာတော့ လင်းပိုင်ဖန် နဲ့ မိန်းမစိုးလျှူ တို့ဟာ အရာအားလုံးကို ကျေနပ်စွာနဲ့ စောင့်ကြည့်နေခဲ့ကြသည်။

"ကောင်းကင်ဘုံကန်ရဲ့ ရေတွေကို ဖောက်ချလိုက်ပြီး သဘာဝဘေးအန္တရာယ်ကို ဖန်တီးလိုက်တာက စစ်သည် ၈၀၀,၀၀၀ ကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ပေမယ့် အဲဒီ ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးကို အပြင်းအထန် ဒေါသထွက်စေခဲ့ပြီ။ မိန်းမစိုးလျှူ၊ ဦးလေးတို့ကို အမြန်သွားကူညီလိုက်ပါ"

"ဒါပေမဲ့ အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ဘေးကင်းရေးကရော..." မိန်းမစိုးလျှူ အနေဖြင့် တုံ့ဆိုင်းနေခဲ့သည်။

လင်းပိုင်ဖန် က ပြုံးလိုက်ပြီး- "စိတ်မပူပါနဲ့၊ အကူအညီတောင်းထားတဲ့ ပညာရှင်က ရောက်နေပြီ၊ သူက ငါကိုယ်တော်ကို လျှို့ဝှက် ကာကွယ်ပေးလိမ့်မယ်"

"ကောင်းပါပြီ"

မိန်းမစိုးလျှူက ကောင်းကင်ကို ဦးညွှတ်လိုက်ပြီး- " ကြီးမြတ်သူခင်ဗျာ၊ ဒီတာဝန်ကို ခင်ဗျားဆီ အပ်နှင်းလိုက်ပါတယ်" လို့ ပြောလိုက်တယ်။

ပြောပြီးတာနဲ့ သူဟာ အောက်ကို ခုန်ဆင်းသွားပြီး သူ့ရဲ့ ကိုယ်ဖော့စွမ်းရည်ကို အသုံးပြုကာ မြစ်ကြောင်းတစ်လျှောက် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

ထို့ကြောင့် ၃ ယောက်နဲ့ ၅ ယောက် ယှဥ်တိုက်ခိုက်ရာ အားနည်းချက်က ရှိနေပေမယ့်လည်း အချိန်အတော်ကြာ ဆက်လက်ထိန်းထားဖို့ လုံလောက်ပေသည်။

မိန်းမစိုးလျှူ ထွက်ခွာသွားပြီးနောက် လင်းပိုင်ဖန်က စိတ်ထဲတွင် အင်ပါယာ မြေပုံ ကို ပုံဖော်လိုက်ပြီး ခနဲ့စွာဖြင့်….

"ဒီတိုက်ပွဲမှာ၊ မင်းတို့ နိုင်ငံတွေရဲ့ ကံကြမ္မာကို ငါဖျက်ဆီးမယ်၊ မင်းတို့ရဲ့ ကျောရိုးကို ချိုးပစ်မယ်၊ မင်းတို့ရဲ့ ပြင်းပြနေတဲ့သွေးကို ငြှိမ်းသတ်ပစ်မယ်၊ ငါ့နာမည်ကို ကြားရုံနဲ့ မင်းတို့တွေ တုန်လှုပ်စေရမယ်"

သူသည် တစ်နိုင်ငံလုံးက မြေအောက် ရေတွေကို ကောင်းကင်ဘုံကန် ဆီသို့ ပြောင်းရွှေ့လိုက်သည်။

အနည်းငယ် လျော့နည်းသွားတဲ့ ကောင်းကင်ဘုံကန် ရဲ့ ရေမျက်နှာပြင်ဟာ လျင်မြန်စွာ ပြန်လည် မြင့်တက်လာပြီး အက်ကြောင်းတွေကနေ ဆက်လက် စီးကျလာကာ ပြင်းထန်ပြီး အဖျက်အဆီး ကြီးမားတဲ့ အရှိန်အဟုန်ဖြင့် မြစ်ကြောင်းတစ်လျှောက် လှိမ့်ဆင်းလာခဲ့သည်။

ရေစီးနှုန်းက အရမ်းကို ပြင်းထန်လွန်းတာကြောင့် မြစ်ကမ်းဘေးက သစ်ပင်အများအပြားကိုပါ ရေစီးထဲ မျောပါသွားစေခဲ့သည်။

အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ စစ်သည်တွေလည်း မခံနိုင်ခဲ့ပေ။

ပထမဆုံး ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီလို့ ထင်နေသူ အများအပြားကတော့ တစ်ဖန် ပြန်လည်ကာ မျောပါသွားခဲ့ကြပြန်သည်။

သုံးနိုင်ငံရဲ့ ဗိုလ်ချုပ်တွေဟာ ကြီးမားလှတဲ့ ရေစီးကြောင်းကို ကြည့်လိုက်ပြီး သူတို့ရဲ့ မျက်နှာတွေဟာ ဖြူဖျော့သွားကာ ဒေါသကြောင့် မူးမေ့လဲကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။

မူလက သူတို့ရဲ့ စစ်သည် ၄၀၀,၀၀၀ နီးပါးလောက် အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် အခုဆိုရင် ၁၀၀,၀၀၀ အောက်သာ ကျန်တော့မယ်လို့ ထင်ရသည်။

အမုန်းတရားက သူတို့ရဲ့ စိတ်တွေကို တိုက်စားသွားခဲ့သည်။

"မင်းတို့ ရှ လူမျိုးတွေ... မင်းတို့က အရမ်းကို ရက်စက်ကြမ်းကြုတ်တာပဲ"

"နှစ်ဦးနှစ်ဖက် အတူတူပဲ။ မင်းတို့ သုံးနိုင်ငံလည်း မထူးပါဘူး" ချိုင်ယွီရှင်း က ပြန်လည် လက်တုံ့ပြန်ကာ ပြောင်လှောင် ပြောဆိုလိုက်သည်။

"ငါတို့ စစ်သားတွေ အသက်မရှင်နိုင်ဘူးဆိုရင် မင်းတို့လည်း နေရမယ်လို့ မမျှော်လင့်လိုက်နဲ့"

ရုတ်တရက်၊ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးဟာ ချိုင်ယွီရှင်း နဲ့ အခြားသူတွေဆီကနေ ခွဲထွက်ပြီး အောက်ဘက်က ရှနိုင်ငံ စစ်တပ်ဆီ ေပြးဝင်သွားခဲ့လိုက်သည်။

ချိုင်ယွီရှင်း နဲ့ အခြားသူတွေရဲ့ မျက်နှာတွေ ပြောင်းသွားပြီး- "မကောင်းတော့ဘူး။ သူတို့ကို မြန်မြန်တား"

"မင်းတို့ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး၊ ဒီနေ့ ငါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်တော့မယ်"

ကောင်းကင်ဘုံကန် အထက်ရှိ လင်းပိုင်ဖန် ရဲ့ မျက်နှာထား တည်ကြည်သွားပြီး- "ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"

သူဟာ ရှေ့ကို လက်ဆန့်ထုတ်လိုက်ပြီး " ဓားတစ်သောင်း ပြန်လာခြင်း"

ဓားချီ ထောင်ပေါင်းများစွာဟာ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နဲ့မြေကြီးကို လွှမ်းခြုံသွားခဲ့သည်။

ကလန်၊ ကလန်၊ ကလန်...

ကောင်းကင်နဲ့ မြေပြင်ကြားရှိ လေထုတစ်ခုလုံး ဓားတွေ တိုက်မိတဲ့အသံတွေနဲ့ ပြည့်နေသလိုပါပဲ…။

လူအုပ်ရဲ့ မျက်နှာတွေဟာ တစ်ဖန် အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

"အဲဒါ ဘာသံလဲ"

"ဓားတွေ ညဥ်းတွားနေတဲ့ အသံလိုပဲ"

"ငါ မကောင်းတာ တစ်ခုခု ခံစားနေရတယ်"

ကလန်… ကလန်.. ကလန်...

အသံက ပိုနီးလာပြီး ပိုကျယ်လာတဲ့အထိ လူတိုင်းဟာ နောက်ဆုံးမှာတော့ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ကြသည်။

ဒါဟာ တကယ်ကို ဓားချီနဲ့ ဖွဲ့စည်းထားသည့် ဓားထောင်ပေါင်းများစွာ ဖြစ်နေခဲ့သည်။

ပြင်းထန်ပြီး အတုမရှိတဲ့ ဖျက်စီးခြင်း စွမ်းအားဖြစ်သည် ဓားဆန္ဒ တို့နဲ့အတူ ကောင်းကင်ကနေ ကျဆင်းလာခဲ့သည်။

ထို ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးကို ထိုးစိုက်သွားခဲ့လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးဟာ တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပဲ ဓားချီတွေဖြင့် အပိုင်းပိုင်း အစစ ပိုင်းဖြတ်ခံရပြီး ကောင်းကင်ယံတွင် သွေးမိုးတွေအဖြစ် ပြန့်ကျဲသွားခဲ့တော့သည်။

ဒီမြင်ကွင်းက နှလုံးသားကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။

လူတိုင်းက အံ့အားသင့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြသည်။

All Chapters