← Chapters

အခန်း (၇၅)

Vol. 6 Ch. 75

အခန်း (၇၅)

Vol. 6 Ch. 75

တစ်ခဏလေးအတွင်းမှာပဲ မောက်မာ ထောင်လွှားနေတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ငါးယောက်လုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

အလောင်း တစ်ခုမှ အကောင်းပကတိ မရှိကြပေ။

‘ F**k၊ သူတို့က စွမ်းအားကြီးမားလှတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ငါးယောက်တောင်လေ၊ ဒီလိုနဲ့ပဲ အဆုံးသတ်သွားတာလား…။

ဒီမြင်ကွင်းက….

စောစောက စစ်သား ၈၀၀,၀၀၀ ကို မျောပါသွားစေတဲ့ ရေစီးကြောင်းထက်တောင် ပိုပြီး ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေခဲ့သည်။

မဟာ စစ်သူကြီး ချိုင်ယူလန်ဟာ မယုံကြည်နိုင်စွာနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး- “ဒီလူက အရှင်မင်းကြီး ပြောတဲ့ ကျွမ်းကျင်သူ ဖြစ်နေမလား” လို့ ပြောလိုက်သည်။

“ဖြစ်ရမယ်၊ မဟုတ်ရင် ဘာလို့ သူတို့ကိုပဲ ပစ်မှတ်ထားရတာလဲ”

စစ်သူကြီးက ဆက်ပြီး အံ့သြစွာနဲ့-“ဒါက တကယ်ကို ကြမ်းတမ်းလွန်းတယ်။ သူက ကြယ်တာယာချီ အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ငါ့အမြင်မှာတော့ အနည်းဆုံး အင်ပါယာချီ အဆင့်ပဲ၊ တကယ်ကို ကြောက်စရာပဲ”

“တော်သေးတာပေါ့၊ ဒီလူက ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေလို့ပဲ” ဟု မိန်းမစိုးလျှူ က သူ့နဖူးက ချွေးစက်တွေကို သုတ်လိုက်ပြီး ပြောလိုက်သည်။

သူတို့သုံးယောက်လုံး ထိတ်လန့်သလို ဝမ်းလည်း ဝမ်းသာနေခဲ့ကြသည်။

အဲဒီနောက်၊ ပြောစရာပင် မလိုဘဲ တိုင်ပင်ထားသလိုမျိုး၊ သူတို့က ကောင်းကင်ဘုံရေကန် ဆီကို ဦးတည်သွားခဲ့ကြတယ်။

“အရှင်မင်းကြီး၊ သုံးနိုင်ငံရဲ့ စစ်သည် ၈ သိန်းပါတဲ့ တပ်ကို ရေစီးကြောင်းက ဖျက်ဆီးလိုက်ပါပြီ၊ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ငါးယောက်ကိုလည်း ဆရာသခင်တစ်ဦးက သုတ်သင်လိုက်ပါပြီ။ ကျွန်တော်တို့ ရှ နိုင်ငံက ကြီးမားတဲ့ အောင်ပွဲတစ်ခုကို ရရှိလိုက်ပါပြီ”

လင်းပိုင်ဖန် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး- “ငါကိုယ်တော် မြင်ပြီးသားပါ၊ မောင်မင်းတို့ အားလုံး ကောင်းကောင်း လုပ်ဆောင်ခဲ့ကြတယ်”

“အရှင်မင်းကြီးရဲ့ မိတ်ဆွေက ဘယ်မှာလဲ” ဟု ချိုင်ယူလန် က သတိထားရင်း မေးလိုက်သည်၊ သူ့ရဲ့ မျက်လုံးတွေကလည်း ပျော်ရွှင်စွာနဲ့ ဟိုဟိုဒီဒီ ကြည့်နေခဲ့သည်။

လင်းပိုင်ဖန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်-“သူ လုပ်စရာရှိတာ ပြီးသွားလို့ ထွက်သွားနှင့်ပြီ”

ချိုင်ယူလန်က စိုးရိမ်တကြီး ဖြစ်သွားပြီး- “ဘာလို့ ထွက်သွားခွင့်ပေးလိုက်တာလဲ၊ သူ့ကို ဒီမှာ ဆက်ထားပြီး ကျေးဇူးတင်စကား ကောင်းကောင်း ပြောသင့်တာပေါ့”

လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး- “ထားလိုက်တော့၊ သူလည်း သွားပြီပဲ။ သူ့အတွက်ကတော့ ရိုးရှင်းတဲ့ လှုပ်ရှားမှုလေး တစ်ခုပဲလေ၊ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး”

လူတိုင်း တိတ်ဆိတ်သွားကြတယ်။ သူ့အတွက်ကတော့ ရိုးရှင်းတဲ့ လှုပ်ရှားမှုလေး တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ သူတို့တွေ အတွက်ကတော့ သူတို့ တိုင်းပြည်ကို ကယ်တင်ပေးလိုက်တဲ့ ကျေးဇူးကြီး တစ်ခုပင် ဖြစ်သည်။

ဒီလိုမျိုး အစွမ်းထက်လှတဲ့ ကျေးဇူးရှင်ကို ရိုသေပြီး ကိုးကွယ်ရင်တောင် များတယ်လို့ မဆိုနိုင်ပေ။

ဒါပေမဲ့၊ အရှင်မင်းကြီးက ဘာလို့များ ဒီလောက်တောင် မထူးမခြား ပြုမူနိုင်ရတာလဲ…။

“ကောင်းပြီ၊ ဒီကိစ္စကို ဆက်မပြောကြတော့နဲ့၊ စစ်ပွဲကြီးက ပြီးဆုံးသွားပြီ၊ အောက်ကို ဆင်းကြစို့”

လင်းပိုင်ဖန်က ချိုင်ယွီရှင်း ရဲ့ ဘေးကို ရောက်လာပြီး၊ သူ့လက်ကို သူမရဲ့ ခါးပေါ်ကို တင်လိုက်သည်။

ချိုင်ယွီရှင်းက လင်းပိုင်ဖန်ကို ကြည့်လိုက်ပြီး- “ သေချာ ကိုင်ထား”

အဲဒီနောက်၊ သူမက လင်းပိုင်ဖန်ကို ပွေ့ဖက်ပြီး တောင်ပေါ်ကနေ လျင်မြန်စွာ ခုန်ချလိုက်ကာ ရှ နိုင်ငံ စစ်တပ် ရှေ့ကို ရောက်ရှိလာခဲ့သည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

“တိုင်းပြည်အတွက် တိုက်ခိုက်ခဲ့ကြတဲ့ ဗိုလ်မှူးတွေနဲ့ စစ်သည်တွေ အားလုံး၊ ဒီလို တရားဝင် ဂါရဝပြုနေစရာ မလိုပါဘူး”

အန်လုရှန်က ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ သူ့၏ စစ်အောင်မြင်မှုတွေကို သတင်းပို့လိုက်သည်- “အရှင်မင်းကြီးကို သတင်းပို့ပါတယ်၊ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ အပြည့်အဝကို အောင်မြင်မှု ရရှိခဲ့ပါတယ်…”

လင်းပိုင်ဖန်က ပြုံးကာ နားထောင်ခဲ့ပြီး။ ပြီးနောက် ချီးကျူးလိုက်သည်- “မောင်မင်းတို့ အားလုံးက စစ်အောင်မြင်မှုတွေ ရခဲ့တဲ့အတွက် ပြန်ရောက်ရင် ကြီးမားတဲ့ ဆုလာဘ်တွေ သေချာပေါက် ရလိမ့်မယ်။ ဒါပေမဲ့၊ အခု အရေးတကြီး လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးတယ်”

“အရှင်မင်းကြီး၊ အမိန့်ပေးပါ၊ ကျွန်တော်မျိုးတို့ မတွေဝေဘဲ အသက်စွန့်ဖို့ အသင့်ပါပဲ” လို့ အန်လုရှန်နဲ့ တခြားသူများက ကျယ်လောင်စွာ ကြေညာလိုက်တယ်။

“စစ်သူကြီး ရှီစစ်မင် ငါ့အမိန့်ကို နာခံလော့”

ရှီစစ်မင်က ရှေ့သို့ထွက်လာပြီး ကျယ်လောင်စွာဖြင့်- “ကျွန်တော့်မျိုး ရောက်ရှိလာကြောင်းပါ၊ အရှင်မင်းကြီး အလိုရှိတာများ မိန့်တော်မူပါ ”

“ငါကိုယ်တော် အမိန့်ပေးတယ်၊ မောင်မင်း စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး မြစ်ကြောင်းတစ်လျှောက် သွားကာ သုံးနိုင်ငံ ရဲ့ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တွေကို ဖမ်းဆီးရမယ်။ သူတို့ကို မြေရိုင်းတွေ ရှင်းလင်းဖို့နဲ့ တူးမြောင်းတွေ ဖောက်လုပ်ဖို့ ခေါ်ဆောင်လာရမယ်”

“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး” ရှီစစ်မင် နောက်ဆုတ်သွားခဲ့သည်။

“စစ်သူကြီး အန်လုရှန်၊ အမိန့်ကို နာခံလော့”

အန်လုရှန်က ရှေ့ထွက်လာပြီး- “အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီမှာပါ”

“ငါကိုယ်တော် အမိန့်၊ မောင်မင်းက စစ်သည် တစ်သိန်းခွဲကို ဦးဆောင်ပြီး ရှန်နိုင်ငံကို ကျူးကျော်ရမယ်၊ မြို့တွေကို သိမ်းပိုက်ရမယ်၊ နယ်မြေတွေကို သိမ်းယူရမယ်၊ ယူနိုင်သမျှ အားလုံးကို သိမ်းယူ ရမယ်”

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်” အန်လုရှန် နောက်ဆုတ်သွားခဲ့သည်။

“စစ်သူကြီး ချိုင်ယွီရှင်း၊ အမိန့်ကို နာခံလော့”

ချိုင်ယွီရှင်းက ရှေ့ထွက်လာပြီး- “အရှင်မင်းကြီး”

“ငါကိုယ်တော် အမိန့်ပေးတယ်၊ မောင်မင်းလည်း စစ်သည် တစ်သိန်းခွဲ ဦးဆောင်ပြီး အန်းနိုင်ငံ ကို ကျူးကျော်ရမယ်၊ သူတို့ရဲ့ မြေတွေကို သိမ်းပိုက်ရမယ်”

ချိုင်ယွီရှင်းရဲ့ မျက်နှာဟာ ပျော်ရွှင်မှုနဲ့ လင်းလက်သွားပြီး- “ မှန်လှပါ၊ အရှင်မင်းကြီး”

“ ဖန်နိုင်ငံ အတွက်ကတော့...”

လင်းပိုင်ဖန်ရဲ့ မျက်လုံးတွေက ထက်ရှလာပြီး- “သူတို့က အဝေးမှာ ရှိနေတဲ့ အတွက်၊ သူတို့နဲ့ နောက်မှပဲ အကြွေးရှင်းလို့ ရတော့မယ်။ ဒါပေမဲ့၊ အဲဒီနေ့က မကြာခင် ရောက်လာလိမ့်မယ်ဆိုတာ ငါကိုယ်တော် ယုံကြည်တယ်”

အမိန့်တွေ ထုတ်ပြန်ပြီးတဲ့နောက်မှာ လူတိုင်း စတင် လုပ်ရှားခဲ့ကြသည်။

ဒီတိုက်ပွဲရဲ့ ရလဒ်ဟာ မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့တယ်။

လူတိုင်းကတော့ အံ့အားသင့်နေခဲ့ကြသည်။

နိုင်ငံ သုံးနိုင်ရဲ့ စစ်သည် ၈ သိန်း ပေါင်းပြီး ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ကြီးက တကယ်ပဲ ရှုံးနိမ့်သွားခဲ့တာလား…။

“ရှနိုင်ငံက ကောင်းကင်ဘုံရေကန် ရဲ့ ရေတွေကို ဖွင့်ချလိုက်တယ်လို့ ငါကြားတယ်။ ရေစီးကြောင်းကြီးက စစ်သည် ၈ သိန်းပါတဲ့ တပ်ကို တိုက်ရိုက် မျောပါသွားစေခဲ့တယ်တဲ့။ ဒီလုပ်ရပ်က ထူးချွန်ပေမယ့် လုံးဝကို ရက်စက် တယ်”

“ရက်စက်သည် ဖြစ်စေ၊ မရက်စက်သည် ဖြစ်စေ၊ စစ်ပွဲထဲမှာတော့ အားလုံး မျှတတယ် လို့ပဲ ပြောလို့ရမယ်။ အံ့သြစရာကောင်းတာက ရှနိုင်ငံက နက်နဲဆန်းကြယ်တဲ့ သိုင်းပညာရှင် တစ်ဦးရဲ့ အကူအညီကိုတောင် ရခဲ့ပြီးတော့ မဟာမိတ်တပ်ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ငါးယောက်လုံးကို သတ်ပစ်နိုင်ခဲ့တယ်တဲ့”

“ဒီတိုက်ပွဲမှာ၊ ရှနိုင်ငံက အကြီးအကျယ်ကို အောင်ပွဲရခဲ့ပြီး သုံးနိုင်ငံကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လိုက်ရတယ်”

“အဲဒီ မိုက်မဲတဲ့ ဧကရာဇ် ကို နောက်တစ်ကြိမ် ဘေးကနေ လွတ်မြောက်သွားစေခဲ့ပြန်ပြီ”

ရှန်နိုင်ငံ ရဲ့ ဧကရာဇ်က နဂါးပလ္လင်ပေါ်မှာ ထိုင်နေရင်း နောင်တများစွာနဲ့ - “ငါသိနေတယ်၊ အဲ့ဒီ စစ်တပ်ကို မစေလွှတ်သင့်ခဲ့ဘူး ဆိုတာကို။ စစ်သည် ၃ သိန်းက ပြောင်ပြီ၊ အနာဂတ်မှာ ငါ ဘာလုပ်ရတော့မလဲ”

ယခင်စစ်ပွဲမှာတုန်းကလည်း ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးယောက်နဲ့ စစ်သား တစ်သိန်းကျော်ကို ဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။ အခုလည်း စစ်သား ၃ သိန်း ထပ်ဆုံးရှုံးလိုက်တော့ သူ့ရဲ့ စစ်အင်အား ဟာ လုံးဝ နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

စစ်တပ်မရှိရင်၊ သူ ဘယ်လိုလုပ်ပြီး တိုင်းပြည်ကို ကာကွယ်မလဲ…?

သူ့ကိုယ်သူရော ဘယ်လိုလုပ်ပြီး ကာကွယ်မလဲ။

အဲ့ဒီအချိန်မှာပဲ စစ်သူကြီးတစ်ဦးက အလျင်အမြန် ပြေးဝင်လာပြီး သတင်းပို့လိုက်သည်- “အရှင်မင်းကြီး၊ ရှနိုင်ငံရဲ့ စစ်သူကြီး အန်လုရှန်က စစ်သည် တစ်သိန်းခွဲ နဲ့ ကျွန်တော်မျိုးတို့ နယ်မြေထဲကို ဦးဆောင်ပြီး ဝင်ရောက်လာပါပြီ”

ရှန်နိုင်ငံ၏ ဧကရာဇ်က အရမ်းကို ကြောက်လန့်သွားပြီး သူ့ရဲ့ ဝိညာဉ်ပါ ပြေးထွက်သွားတော့မတက် ဖြစ်သွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်- “ဘာ၊ ရှနိုင်ငံက ထပ်ပြီး တိုက်ခိုက်နေတာလား၊ မြို့တော်ကို ရှိရှိသမျှ အကုန်သုံးပြီး ကာကွယ်ကြ၊ သူတို့ကို နောက်တစ်ကြိမ် ထိုးဖောက်ဝင်ရောက်ခွင့် လုံးဝ မပေးနဲ့”

ဒီသတင်းကို ကြားတဲ့အခါ အန်းနိုင်ငံရဲ့ ဧကရာဇ်လည်း လုံးဝ ကြက်သေ သေ သွားခဲ့သည်။

သုံးနိုင်ငံ ပူးပေါင်းပြီး စစ်သည် ၈ သိန်း နဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ငါးယောက်ပါတဲ့ မဟာမိတ်တပ်ကြီးက ရှနိုင်ငံကို အောင်နိုင်ပြီး သူ မတွေးနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ ရသင့်တာ ဖြစ်သည်။

ဒါပေမဲ့ ဘယ်သူကများ ရှ နိုင်ငံ က ဒီလောက် ပရိယာယ်ဘကြွယ်ဝပြီး လှည့်ဖြားလိမ့်မယ်လို့ မျှော်လင့်ထားမှာလဲ၊ ရေကာတာကို ဖွင့်ချပြီး တပ်ကြီးကို မျောပါသွားစေခဲ့ လိမ့်မယ်လို့လည်း ဘယ်သူက တွေးထင်ထားမှာလဲ..။

သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင် တစ်ဦးကိုတောင် အကူအညီတောင်းနိုင်ခဲ့ပြီး မဟာမိတ်တပ်မှ ချီဖွဲ့တည်ခြင်းအဆင့် အားလုံးကို သုတ်သင်ပစ်ခဲ့သည်။

စစ်သည် ၃ သိန်း နဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ သူ့အတွက် မရေမတွက်နိုင်တဲ့ ထိုးနှက်ချက်ပင် ဖြစ်သည်။

နိုင်ငံကပါ ဒီလို ဆုံးရှုံးလိုက်မှုကြောင့် မတည်မငြိမ် ဖြစ်လာနိုင်သည်။

အဲဒီအချိန်မှာ၊ အဆင့်မြင့် အရာရှိတစ်ဦးက အလျင်အမြန် သတင်းပို့လိုက်သည်။

“အရှင်မင်းကြီး၊ ရှနိုင်ငံရဲ့ စစ်သူကြီး ချိုင်ယွီရှင်းက စစ်သည် တစ်သိန်းခွဲကို ဦးဆောင်ပြီး ကျွန်တော်မျိုးတို့ နယ်မြေထဲကို ဝင်ရောက်လာပါပြီ”

အန်းနိုင်င၏ ဧကရာဇ်က ထိတ်လန့်တကြား မျက်နှာပျက်သွားပြီး- “ဘာ၊ ရှ နိုင်ငံက တိုက်ခိုက်မှုကို စတင်လိုက်ပြီလား၊ ဒါက မဖြစ်နိုင်တာ၊ ငါ့ရဲ့ တပ်တွေကို ချက်ချင်း စုလိုက်စမ်း…”

“အရှင်မင်းကြီး၊ ရှနိုင်ငံရဲ့တပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ရမလား”

“ငါ့ဖင်ကြီးကို တိုက်။ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ အကုန်လုံးကို မြို့တော်ရဲ့ ကာကွယ်ရေးအတွက် ပြန်ခေါ်လိုက်ကြ”

အဲ့ဒီအချိန်တွင် ဖန်နိုင်ငံ၏ ဧကရာဇ်သည်လည်း နောင်တ များနဲ့ ပြည့်နှက်နေခဲ့သည်။

ရှနိုင်ငံက အဝေးမှာ ရှိနေတဲ့အတွက် မူလက ရန်စစရာ မလိုခဲ့ပေ။ ဒါပေမဲ့ မျိုးနွယ်စုတွေရဲ့ ကမ်းလှမ်းချက်က အရမ်း စွဲဆောင်မှု ကောင်းလွန်းနေမယ်လို့ ဘယ်သူက သိမှာလဲ။ ခဏတာ စိတ်ယိမ်းယိုင်သွားပြီး စစ်သည် ၂ သိန်း နဲ့ ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို စေလွှတ်ခဲ့ရာ တစ်ယောက်မှ မပြန်လာနိုင်ခဲ့ပေ။

သူတို့ကို အသေခံဖို့ မစ်ရှင်တစ်ခု ပေးလိုက်သလိုပင်။

“ရှနိုင်ငံက အရမ်းကို အင်အားကြီးနေပြီ၊ အနာဂတ်မှာ သူတို့ကို ပေါ့ပေါ့တန်တန် နှောင့်ယှက်လို့ မရတော့ဘူး။

နောက်ကွယ်ကနေ အရင်းအမြစ်တွေ ထောက်ပံ့ပြီး အားပေးအားမြောက် လုပ်ခဲ့တဲ့ မျိုးနွယ်စု သုံးစု အတွက်ကတော့ အခုဆိုရင် ဒုက္ခ ကြီးကြီးနဲ့ ရင်ဆိုင်နေရပြီဖြစ်သည်။

သူတို့ရဲ့ ကြီးမားလှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလဟဿ ဖြစ်သွားရုံသာမကဘဲ၊ တစ်ဦးချင်းစီကလည်း ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် တစ်ယောက်စီ ဆုံးရှုံးလိုက်ရသည်။

“မိုက်မဲတဲ့ ဧကရာဇ်၊ သိပ်လည်း မောက်မာ မနေနဲ့အုံး၊ ငါတို့ရဲ့ အကြွေးတွေကို ဖြည်းဖြည်းချင်းပဲ ရှင်းကြတာပေါ့”

အခြား အိမ်နီးချင်းနိုင်ငံတွေကလည်း အလွန်ကို အံအားသင့်သွားခဲ့ကြသည်။

သူတို့ဟာ ရှနိုင်ငံ ကို မဖြစ်မနေ ပြန်လည် အကဲဖြတ်ရတော့မည်။

ဧကရာဇ်က အရည်အချင်း မပြည့်ဝပေမယ့် ရှနိုင်ငံကတော့ တကယ်ကို အစွမ်းထက်သည်။ သူတို့က စစ်ပွဲတွေ အများကြီးကို အနိုင်ရခဲ့ပြီး၊ အခုဆိုရင် သုံးနိုင်ငံရဲ့ စစ်သည် ၈ သိန်း ပါတဲ့ မဟာမိတ်တပ်ကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်၊ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၅ ဦးလုံး လည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည်။

ရှနိုင်ငံဟာ မမှတ်မိလောက်အောင်ပင် ပြောင်းလဲသွားပြီဖြစ်လို့ ပေါ့ပေါ့တန်တန် ရန်မစသင့်တော့ပေ။

တစ်ပတ်ခန့် ကြာပြီးနောက် ရှီစစ်မင်ဟာ မြစ်ကြောင်းတစ်လျှောက် လိုက်ပြီး သုံးနိုင်ငံ ရဲ့ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။

၈ သိန်းရှိတဲ့ စစ်တပ်မှာ အခုတော့ တစ်သိန်းခန့်သာ ကျန်တော့ပြီး၊ အားလုံးကို ဖမ်းဆီးကာ မြေရိုင်းတွေ ပြန်လည် ဖော်ထုတ်ဖို့နဲ့ မြစ်တွေ တူးဖို့ ခေါ်ဆောင်လာခဲ့သည်။

ရှန်နိုင်ငံ နှင့် အန်းနိုင်ငံ တို့ကမူ ခုခံမှုနိုင်မှု မရှိတော့တဲ့အတွက် အန်လုရှန် နှင့် ချိုင်ယုရှင်း တို့ဟာ ချောမွေ့စွာနဲ့ ရှေ့ဆက်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ အောင်ပွဲကို အရှိန်မြှင့်လိုက်ပြီး မြို့တော်ရဲ့ အပြင်ဘက်က နယ်မြေအားလုံးကို အခြေခံအားဖြင့် သိမ်းပိုက်ခဲ့ကြသည်။

လင်းပိုင်ဖန်က အင်ပါယာ မြေပုံ ကို ဖွင့်ကြည့်လိုက်တဲ့အခါ ကောင်းကင်ပင် တုန်လှုပ်စေလောက်တဲ့ ပြောင်းလဲမှုတွေ ရှိနေတာကို တွေ့လိုက်သည်။

အင်ပါယာ မြေပုံ ( စတင်ခြင်း အဆင့် )

နယ်မြေဧရိယာ: စတုရန်းမိုင် ၈၈၀,၀၀၀ (စိုက်ပျိုးနိုင်သောမြေ စတုရန်းမိုင် ၄၈၀,၀၀၀)

ပြည်တွင်းအရင်းအမြစ်: ငွေတေး ၁၅၂ သန်း (သံသတ္တုတွင်း ၃ ခု၊ ကျောက်မီးသွေးတွင်း ၃ ခု၊ ကြေးနီတွင်း ၂ ခု)

လူဦးရေ: ၅.၀၆ သန်း (လူချမ်းသာ ၂%၊ သာမန်လူ ၄၁%၊ ဆင်းရဲသား ၅၇%)

စစ်အင်အား: ၅၆၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၃ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့် ၂၇၀ ဦး)

နိုင်ငံတော်ရဲ့ စုစုပေါင်းအင်အား: ၉၆၀ (နိုင်ငံငယ်အဆင့်)

ယခင်တစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် နိုင်ငံတော်ရဲ့ စုစုပေါင်းအင်အားက ၁၈၀ တိုးလာပြီး သိသာထင်ရှားတဲ့ တိုးတက်မှုဟု မှတ်ယူနိုင်သည်။

အဆိုပါ တိုးတက်မှုသည် အဓိကအားဖြင့် ပိုင်နက် နယ်မြေဧရိယာနှင့် ပြည်တွင်း အရင်းအမြစ်တို့မှ ရရှိခြင်းဖြစ်သည်။

ထိုနိုင်ငံနှစ်ခုကို သိမ်းပိုက်ပြီးနောက် ပိုင်နက်နယ်မြေဧရိယာသည် စတုရန်းမိုင် ၈၈၀,၀၀၀ သို့ ရောက်ရှိကာ အရွယ်အစား နှစ်ဆနီးပါး တိုးလာခဲ့သည်။

၎င်းတို့အနက် စိုက်ပျိုးနိုင်တဲ့မြေက စတုရန်းမိုင် ၄၈၀,၀၀၀ သို့ ရောက်ရှိလာပြီး မူလက နိုင်ငံရဲ့ ပိုင်နက်ထက် (စတုရန်းမိုင် ၃၂၀,၀၀၀) ကို များစွာ ကျော်လွန်သွားခဲ့သည်။

"ငါတို့ရဲ့ နယ်မြေကို ချဲ့ထွင်ရမယ် ထင်တယ်၊ မဟုတ်ရင် ဒီလောက်များပြားတဲ့ လယ်မြေတွေအတွက် နေရာလုံလောက်မှာ မဟုတ်ဘူး" လင်းပိုင်ဖန်က ချမ်းသာ ကြွယ်ဝခြင်းနဲ့ ပတ်သတ်သည့် ပျော်ရွှင်စရာ ပြဿနာများနှင့် ပြည့်နှက်နေသည်။

ပြည်တွင်းအရင်းအမြစ်က ငွေတေး သန်း ၄၀ နီးပါး တိုးလာခဲ့ပြီး ထိုနိုင်ငံနှစ်ခုရဲ့ ကောင်းမွန်တဲ့ အရာတွေကို လုံးဝနီးပါး လုယူခဲ့ခြင်းဖြစ်သည်။

အရင်းအမြစ်တွေက အလွန်ကိုပေါများသဖြင့် ထုတ်ဖော်လိုက်ပါက အခြား မင်းဆက်တွေနဲ့ ဧကရာဇ် တိုင်းပြည်ကြီးများပင်ဖြစ်စေ သွေးဆောင်မှုကို တွန်းလှန်နိုင်မည်မဟုတ်ပေ။

လူဦးရေ ကွာခြားချက်မှာ သိသာထင်ရှားခြင်း မရှိသော်လည်း စစ်အင်အားတွင် အချို့သော ဆုံးရှုံးမှုများ ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံက စစ်သည် ၈၀၀,၀၀၀ ရှိသော နိုင်ငံသုံးနိုင်ငံ၏ စစ်တပ်များကို ရင်ဆိုင်ခဲ့ရပြီး၊ ထို့နောက် ၎င်းတို့၏ နယ်မြေအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ မြို့များနှင့် နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိလာသည်မှာ ရှောင်လွှဲ၍မရပေ။

"အောင်ပွဲခံပြီး ပြန်လာရင် စစ်သားတွေ ထပ်စုဆောင်းပြီးတော့ မြင်းတွေဝယ်ယူပြီး ငါတို့ရဲ့ တပ်ဖွဲ့တွေကို ထပ်ပြီး အင်အားဖြည့်တင်းရမယ်" ဟု လင်းပိုင်ဖန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဒင်၊ ကစားသမား၏ နိုင်ငံတော်အင်အား တိုးလာသဖြင့် သင်၏ ခွန်အားသည်လည်း တစ်ပြိုင်နက်တည်း တိုးတက်လာခဲ့သည်။ သင့်အား ချီဖွဲ့တည်ခြင်းအဆင့်ရဲ့ အင်ပါယာချီ အဆင့်ကို ဆုချလိုက်သည်”

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတွေသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လွှမ်းခြုံ ဝင်ရောက်လာခဲ့သည်။

လင်းပိုင်ဖန်က သူ၏ ခွန်အားတွေ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

တားဆီး၍မရနိုင်သော အင်အားတစ်ခု ကဲ့သို့ပင် သူ၏ စွမ်းအားသည် နောက်ဆုံးတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိကာ အင်ပါယာချီ အဆင့်ကို ရောက်ရှိသွားခဲ့သည်။

ချီဖွဲ့တည်ခြင်းအဆင့်ရဲ့ အင်ပါယာချီ အဆင့်သည် အစွမ်းထက်သော ကျွမ်းကျင်သူများ၏ အထွတ်အထိပ်တွင် ပါဝင်နေသည်။

ထိုအဆင့်တွင် သိုင်းပညာရှင်၏ ချီစွမ်းအားသည် ပိုမိုနက်နဲလာပြီး တိုင်းတာ၍မရနိုင်တဲ့ ကျယ်ပြောလှသည့် သမုဒ္ဒရာကဲ့သို့ ဖြစ်နေသည်။

အစစ်အမှန် ချီ ကို လိုသလို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး ၎င်းကို ကြယ်တာယာချီလို အကာအကွယ် ဒါမဟုတ် ဓား၊ လှံ၊ တုတ် အစရှိသည့် လက်နက်များအဖြစ်သို့ ပြောင်းလဲနိုင်ပြီး နတ်ဘုရားလက်နက်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ထိုသို့သော သိုင်းပညာရှင်သည် မည်သည့် နေရာတွင်မဆို အလွန် အလေးထား ခံရမည်ဖြစ်ပြီး ကောင်းကင်နယ်ပယ် အဆင့်အောက်တွင် မည်သူမျှ မယှဉ်နိုင်သောသူ ဖြစ်လာမည်ဖြစ်သည်။

All Chapters