အခန်း (၇၆)
Vol. 6 Ch. 76
လင်းပိုင်ဖန်၏ လက်ရှိ ခွန်အားသည် သာမန် အင်ပါယာချီအဆင့် တစ်ဦးထက် သိသိသာသာ သာလွန်နေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အဆင့်အမြင့်ဆုံးသော သိုင်းပညာ များစွာ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
မူလစွမ်းအင်သို့ သုံးပိုင်း ပြန်လည်ခြင်း နှင့်
ချီလင်လက်များ လည်း ပါဝင်နေသည်။
သူ၏ စွမ်းအားအားလုံးကို ပေါင်းလိုက်လျှင် ချီဖွဲ့တည်ခြင်းအဆင့်တွင် အတုမရှိ ပြိုင်ဘက်ကင်း ဟုပင် ခေါ်ဆိုနိုင်ပေသည်။
လင်းပိုင်ဖန်သည် အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းမြောက်နေခဲ့သည်- “ဒီလောက်အကြာကြီး ကြိုးစားခဲ့ရတာ အလဟသ မဖြစ်ခဲ့ဘူးပဲ။ အခုဆိုရင် ငါက ကောင်းကင်နယ်ပယ် အောက်မှာ ပြိုင်ဘက်ကင်း လို့ သတ်မှတ်လို့ ရနိုင်ပြီ။ ဟား….ဟား”
သုံးရက်ကြာပြီးနောက် ချိုက်ယွီရှင်း၊ အန်လုရှန် နှင့် အခြားသူများက စစ်တပ်ကြီးကို ဦးဆောင်ပြီး သူတို့၏ မစ်ရှင်ကို အစီရင်ခံရန် ပြန်လည်ရောက်ရှိလာကြသည်။
သူတို့သည် အစားအစာများ၊ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာမြောက်မြားစွာကို ယူဆောင်လာခဲ့ကြပြီး စုစုပေါင်းတန်ဖိုးမှာ ငွေတေး သန်း ၅၀ ကျော်ရှိနေကာ နိုင်ငံတော်၏ ဘဏ္ဍာတိုက်ကို ပြည့်စေခဲ့သည်။
စစ်ပွဲသည် တကယ်ပင် အကောင်းဆုံးသော စီးပွားရေးပင် ဖြစ်သည်။
ဧကရာဇ် လင်းပိုင်ဖန်သည် အလွန်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူ၏ မှူးမတ်များ၏ စွမ်းဆောင်ချက်များအလိုက် ဆုချီးမြှင့်ရန် စတင်ခဲ့သည်။ “ဝန်ကြီးနှစ်ဦးလုံး ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ မောင်မင်းတို့လို လူမျိုးတွေရှိတာဟာ နိုင်ငံအတွက် ကံကောင်းခြင်းပဲ။ ငါကိုယ်တော်က စစ်သူကြီး အန်လုရှန်ကို နယ်မြေကို ကာကွယ်သူ ဘွဲ့ဖြင့် နယ်စားဘွဲ့ကို ချီးမြှင့်ပြီး ငွေ တေး ၁၀,၀၀၀ကို ဆုချလိုက်သည်။
စစ်သူကြီး ချိုင်ယွီရှင်းကို ဖုန်းဝူနယ်စား ဘွဲ့ဖြင့် နယ်စားဘွဲ့ ကို ချီးမြှင့်ပြီး ငွေ တေး ၁၀,၀၀၀ကို ဆုချလိုက်သည်။
စစ်သူကြီး ရှီစစ်မင်ကလည်း ချီးကျူးထိုက်တဲ့ စွမ်းဆောင်မှုများစွာ လုပ်ဆောင်ခဲ့တာကြောင့် ရာထူးတစ်ဆင့်တိုးပြီး ငွေတေး ၅,၀၀၀ကို ဆုချလိုက်သည်။
ကျန်အရာရှိများအားလုံးကတော့ ရာထူး တစ်ဆင့်တိုးပြီး ငွေတေး ၁,၀၀၀ စီ ဆုချလိုက်သည်။
ကျန်တဲ့ စစ်သည်တွေအတွက် ငွေ တစ် တေး ဆုချလိုက်သည်။ ကျဆုံးသွားသူတွေရဲ့ မိသားစုတစ်စုချင်းစီကို ငွေတေး ငါးတေး စီ ပေးအပ်မည်။
ထူးချွန်စွာ လုပ်ဆောင်ခဲ့သူတွေ ရှိသေးရင် ငါကိုယ်တော့်ကို အစီရင်လာခံကြ၊ ငါကိုယ်တော်က ကြီးမားတဲ့ ဆုလာဘ်တွေကို ချီးမြှင့်ပေးမည်”
လူအများက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပြီး- “အရှင်မင်းကြီး၏ ကျေးဇူးတော် အတွက် ကျေးဇူးတင်ပါသည်”
အရပ်ဘက် အရာရှိများသည် စစ်တပ် ခေါင်းဆောင်များအဖွဲ့ကို မနာလို ဝန်တိုစိတ်များဖြင့် ကြည့်ရှုနေခဲ့ကြသည်။
တကယ်ပင်၊ စစ်ပွဲကို ဆင်နွှဲခြင်းသည် ရာထူးတိုးမြှင့်မှုနှင့် ကြွယ်ဝချမ်းသာမှုကို အမြန်ဆုံးရရှိစေသော နည်းလမ်းဖြစ်သည်။
ဒီစစ်သူကြီးများကိုသာ ကြည့်လိုက်ပါ၊ တိုက်ပွဲအနည်းငယ်အပြီးတွင် သူတို့အားလုံး ဘွဲ့အမည်များ ရရှိခဲ့ကြသည်။
ဟုတ်ပါတယ်၊ အမြတ်အစွန်း အများဆုံးရခဲ့သူကတော့ လင်းပိုင်ဖန်ပဲ ဖြစ်နေဆဲပါ။
မြင်သာထင်သာစွာဖြင့် တိုးလာသော စည်းစိမ်ဥစ္စာတွေသည် သန်းပေါင်းများစွာ ရှိနေပြီဖြစ်သည်။
လျှို့ဝှက်စွာ စုဆောင်းထားသော စည်းစိမ်ဥစ္စာတို့ကတော့ သန်းတစ်ရာကို ကျော်လွန်နေသည်မှာ ကြာပြီဖြစ်သည်။
ဆုလာဘ်များ ပေးအပ်ပြီးနောက် လင်းပိုင်ဖန်က ဆက်လက် ပြောကြားလိုက်သည်။ “ဒီတိုက်ပွဲအပြီးမှာ၊ ငါတို့ရဲ့ ရှ နိုင်ငံ ဟာ အရပ်လေးမျက်နှာလုံးမှာ ကြောက်ခမန်းလိလိဆိုတဲ့ အထင်အမြင်ကို ပေးနိုင်ခဲ့ပြီး၊ အတော်လေးကို ကြာရှည်တဲ့ ငြိမ်းချမ်းရေးကာလကို ရရှိခဲ့ပြီလို့ ဆိုနိုင်တယ်။ နောက်တစ်ခုကတော့ ထုတ်လုပ်ရေးကို အာရုံစိုက်ရမယ်၊ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်။ ဒါပေမယ့် ငါတို့နိုင်ငံရဲ့ နယ်မြေက အရမ်းသေးငယ်နေတာက ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ဟန့်တားနေတယ်။ စစ်သူကြီးအန်၊ မောင်မင်းကို ငါတို့ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ငါတို့နိုင်ငံရဲ့ နယ်နိမိတ်ကို မြောက်ဘက်ကို လီ နှစ်ရာထိ ချဲ့ထွင်စေချင်တယ်”
အန်လုရှန်က အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး- “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ မြောက်ဘက်ကို ချဲ့ထွင်မယ်ဆိုရင် အန်းနိုင်ငံ နဲ့ ရှန်နိုင်ငံ တို့ရဲ့ နယ်မြေတွေကို ကျူးကျော်ရာ ရောက်ပါလိမ့်မယ်”
လင်းပိုင်ဖန်က ခန့်ညားထည်ဝါသော လေသံဖြင့် ကြေညာလိုက်သည်- “အတိအကျပဲ၊ ငါကိုယ်တော်က သူတို့နယ်မြေကို တစ်စိတ်တစ်ပိုင်း ယူဖို့ ရည်ရွယ်ထားတယ်။ သူတို့ လှုပ်ရှားရဲရင်၊ ငါကိုယ်တော်ကလည်း တိုက်ခိုက်ရဲတယ်”
ထိုအချိန်တွင် အန်လုရှန်သည် အနည်းငယ် ကြောက်ရွံ့သွားသဖြင့် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်- “အရှင်မင်းကြီး အမိန့်တော်အတိုင်းပါပဲ”
အရာရှိများကလည်း ထိုနည်းအတိုင်း ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လင်းပိုင်ဖန်သည် ထိုသို့ လုပ်ဆောင်နိုင်သူ ဖြစ်သောကြောင့် သူ၏ ဆုံးဖြတ်ချက်ကို သံသယမဝင်ကြပေ။
သူသည် ထိုသို့သော အရာများကို လုပ်ဆောင်ခဲ့သည်မှာ တစ်ကြိမ်တည်း၊ နှစ်ကြိမ်တည်း မဟုတ်ခဲ့ပေ။
“ဒီတိုက်ပွဲမှာ ငါတို့ရဲ့ တပ်ဖွဲ့တွေ အထိနာမှုတွေ ရှိခဲ့တယ်၊ ဒါကြောင့် စစ်သည်တွေ အစားထိုး ဖြည့်တင်းဖို့ လိုအပ်တယ်။ အခုဆိုရင် ငါတို့ရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ဟာ ပြည့်ဝနေပြီး စားနပ်ရိက္ခာတွေလည်း ပေါများနေတဲ့အတွက် ငါတို့ရဲ့ စစ်သည်အင်အားကို ၈ သိန်း အထိ တိုးမြှင့်ရမယ်။ ဒီတာဝန်ကို ...”
“အရှင်မင်းကြီး၊ ဒီတာဝန်ကို ကျွန်တော့်မျိုးကို လုပ်ဆောင်ခွင့်ပြုပါ။ ကျွန်တော်မျိုး အောင်အောင်မြင်မြင် ပြီးစီးအောင် လုပ်ဆောင်ပါ့မယ်လို့ အာမခံပါတယ်” ဟု အန်လုရှန်က အလျင်အမြန် ဖြတ်ပြောလိုက်သည်။
လင်းပိုင်ဖန်က အံ့အားသင့်သွားပြီး- “စစ်သူကြီးအန်၊ မောင်မင်းက မြောက်ဘက်မှာ တပ်စွဲရမှာ မဟုတ်လား...”
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးက စစ်သားတွေကို ဒေသခံတွေထဲကနေပဲ စုဆောင်းလို့ရပါတယ်” ဟု အန်လုရှန်က ပြောလိုက်သည်။
လင်းပိုင်ဖန်က တုံ့ဆိုင်းသွားပြီး- “ဒေသခံတွေထဲက စုဆောင်းရင် သစ္စာစောင့်သိမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနိုင်တယ်...”
“အရှင်မင်းကြီး၊ စိတ်မပူပါနဲ့၊ တပ်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ကျွန်တော်မျိုးမှာ နည်းလမ်းရှိပါတယ်။ သုံးလပဲ အချိန်ပေးပါ၊ ကျွန်တော်မျိုးဟာ သတ္တိရှိပြီး တိုက်ခိုက်ရာမှာ ကျွမ်းကျင်ရုံသာမက ပြင်းပြင်းထန်ထန် သစ္စာစောင့်သိတဲ့ စစ်တပ်ကို မွေးထုတ်ပေးပါ့မယ်” ဟု အန်းလူရှန်က ရင်ဘတ်ကို ထု၍ အာမခံ ပြောကြားလိုက်သည်။
သူ မော့ကြည့်လိုက်သောအခါ လင်းပိုင်ဖန်၏ အကြည့်သည် နက်ရှိုင်းပြီး စူးရှကာ သူ၏ အတွေးများကို မြင်နေရသကဲ့သို့ ဖြစ်နေသဖြင့် သူသည် ခေါင်းကို အလျင်အမြန် ပြန်ငုံ့လိုက်သည်။
လင်းပိုင်ဖန်က အဓိပ္ပာယ်ပါသော အပြုံးကို ပြုံးလိုက်သည်။
“ကောင်းပြီ! ဒီကိစ္စကို စစ်သူကြီးအန်ကို ငါကိုယ်တော် ယုံကြည်စွာ အပ်နှံလိုက်မယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး!” အန်လုရှန်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ရှီစစ်မင်နှင့် ခိုးကြောင်ခိုးဝှက် အောင်နိုင်စွာနဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။
“စစ်သူကြီးအန်က မြောက်ဘက်မှာ စစ်သည် နှစ်သိန်း စုဆောင်းဖို့ စီစဉ်ထားတာဆိုတော့ စစ်သည် တစ်သိန်း ကိုပဲ ခေါ်သွားပါ။ ကျန်တဲ့ စစ်သည် ငါးသိန်း ကိုတော့ စစ်သူကြီးဖန်းဝူက ယာယီ ဦးဆောင်ပါလိမ့်မယ်”
“မှန်လှပါ အရှင်မင်းကြီး” ချိုင်ယွီရှင်းသည် အတိုင်းမသိ ပျော်ရွှင်နေသည်။
စစ်သည် ငါးသိန်း ကို အမိန့်ပေးရသည်မှာ သူမသည် သူမ၏ ဖခင်ထက်ပင် သာလွန်သော အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။
သူမသည် လင်းပိုင်ဖန်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး- “တော်တယ်၊ ဒီအစ်မက မင်းကို တကယ်ပဲ လေးစားနေပြီ!”
အန်လုရှန်ကတော့ အနည်းငယ် နောင်တရကာ ဝမ်းနည်းနေခဲ့သည်။
သို့သော် သူ ပြန်စဉ်းစားကြည့်လိုက်သည်၊ ထိုတပ်ဖွဲ့များသည် လင်းပိုင်ဖန်နှင့် ခိုင်ခိုင်မာမာ ချည်နှောင်ထားပြီးသား ဖြစ်နေသည်။ သူ လုံးဝ အမိန့်မပေးနိုင်ဘဲ လက်ထဲတွင် ရှိနေခြင်းသည် အသုံးမဝင်သောကြောင့် သူတို့ကို လွှတ်ပေးလိုက်ခြင်းက ပိုကောင်းပေသည်။
သူ မွေးထုတ်မည့် တပ်ဖွဲ့သစ်များသည် သူ့၏ သစ္စာရှိ နောက်လိုက်များ ဖြစ်လာပေလိမ့်မည်။
“ငါတို့ ရှ နိုင်ငံအတွက်လည်း ထိုနည်းတူပဲ။ ငါတို့ရဲ့ အာရုံစူးစိုက်မှုက ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးနဲ့ စီးပွားရေးမှာပဲ ဆက်ရှိနေသင့်တယ်”
လင်းပိုင်ဖန်က အမိန့်များကို ဆက်လက် ထုတ်ပြန်ခဲ့သည်- “ဝန်ကြီးတို့၊ ငါကိုယ်တော်တို့ နယ်မြေအသစ်တွေ ဖော်ထုတ်နိုင်ခဲ့ပြီ၊ ဒါကို အလဟသ မဖြစ်စေရဘူး။ လယ်သမားတွေကို စုစည်းပြီး မြေယာရှင်းလင်းကာ အမြန်ဆုံး သီးနှံတွေကို စိုက်ပျိုးစေ။ ငါတို့ ရှ နိုင်ငံရဲ့ မြေတစ်လက်မချင်းစီမှာ စပါးပင် တွေ စိုက်ပျိုးထားတာကို မြင်ချင်တယ်”
“အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး”
“ဒါ့အပြင်ကိုမှ တူးမြောင်းတွေ ကိုလည်း အပြီးသတ် ရှင်းလင်းရဦးမယ်။ တူမြောင်းတွေကို လယ်ယာမြေတွေအတွက် ရေသွင်းစိုက်ပျိုးရေးကို လွယ်ကူစေရန်နှင့် စီးပွားရေးမြှင့်တင်ရန်အတွက် ဆောင်းဦး ရိတ်သိမ်းချိန် မတိုင်မီအထိ ကျယ်ပြန့်တဲ့ ရေလမ်းကွန်ရက် ကို ထူထောင်နိုင်ဖို့အတွက် လူအင်အားများစွာကို စုစည်းပြီး ဆက်လက်တူးဖော်ကြ”
“အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး”
လင်းပိုင်ဖန်သည် အမိန့်များစွာကို ယုတ္တိကျကျ ထုတ်ပြန်ခဲ့ပြီး အမိန့်တစ်ခုစီတိုင်းသည် တိကျသော အချက်အလက် များပေါ်တွင် အခြေခံထားသည်။
ခဏတာလောက် နန်းတွင်းအရာရှိများသည် အနည်းငယ် တွေဝေ သွားကြသည်။
ဒါဟာ တကယ်ပဲ အရူးဧကရာဇ်လား။
ပြောပြီးနောက်တွင် လင်းပိုင်ဖန်သည် သူ၏ နှုတ်ခမ်းကို သပ်လိုက်ပြီး အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်- “ငါကိုယ်တော်ရဲ့ မှူးမတ်တို့၊ တခြား ပြောစရာမရှိဘူးဆိုရင် နန်းတော်က ထွက်လို့ရပြီ။ ငါကိုယ်တော်ရဲ့ ချစ်ရတဲ့ မိဖုရား ဆီ သွားရအုံးမယ်”
လူတိုင်း အတွေးအမှန်ဆီသို့ ပြန်ရောက်လာကြသည်။
ဧကရာဇ်သည် မပြောင်းလဲသေးပေ၊ သူသည် သူ၏ အင်ပါယာ ထက် အလှပဂေးများ ကို ပိုချစ်သော အရူးဧကရာဇ် အဖြစ် ရှိနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် လီလင်းဖူက ထရပ်ပြီး ဦးညွှတ်ကာ- “အရှင်မင်းကြီး၊ အရေးကြီးတဲ့ ကိစ္စတစ်ခု ကျန်ပါသေးတယ်”
လင်းပိုင်ဖန်က အံ့အားသင့်သွားကာ- “ဘာတွေ ကျန်သေးတာလဲ”
သူသည် သူဂရုစိုက်ရမည့် ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းခဲ့သည်ဟု သူ ယုံကြည်သည်။
“အရှင်မင်းကြီးက နေ့စဉ်နဲ့အမျှ ကိစ္စပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းရင်း နိုင်ငံတော်ရေးရာများ နဲ့ အလုပ်ရှုပ်နေတာကို ကျွန်တော်မျိုး နားလည်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အရေးတကြီးဖြစ်ပြီး ဆိုင်းငံ့ထားလို့ မရပါဘူး” ဟု လီလင်းဖူက ဦးညွှတ်ရင်း ပြောလိုက်သည်။
“ဝန်ကြီးလီ၊ ဘာကိစ္စများလဲ” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်တို့ နိုင်ငံတော်အမည် ကို ပြောင်းလဲဖို့ အချိန်ကျပါပြီ”
လင်းပိုင်ဖန်က အံ့အားသင့်သွားပြီး- “အရာအားလုံးက ကောင်းနေတာကို ဘာဖြစ်လို့ နိုင်ငံတော်အမည် ပြောင်းရမှာလဲ”
“အဘယ်ကြောင့်ဆိုသော် ကျွန်တော်မျိုးတို့၏ ရှ နိုင်ငံက မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်ပါ”
လီလင်းဖူ၏ မျက်လုံးများက ပြင်းပြစွာ တောက်လောင်နေပြီး- “အရှင်မင်းကြီး၏ ဉာဏ်ပညာရှိလှတဲ့ ခေါင်းဆောင်မှု အောက်မှာ လူဦးရေက နှစ်သန်း ကျော် တိုးလာခဲ့ပြီးတော့ ပြည်သူလူထုက ကောင်းစွာ ဝတ်စားဆင်ယင်ပြီးတော့ ကောင်းမွန်စွာ စားသောက် နေထိုင်နိုင်ကာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ နေထိုင်ကြရပါတယ်။ ကျွန်တော်မျိုးတို့၏ စစ်ရေးအင်အားကလည်း နှစ်ဆ တိုးလာခဲ့ပြီး အောင်ပွဲများစွာ ရရှိခဲ့ကာ ကျွန်တော်မျိုးတို့၏ စွမ်းအား ကို အဝေးဆုံး နိုင်ငံတွေအထိ သိရှိစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ကလည်း ပြည့်ဝနေပြီး စားနပ်ရိက္ခာတွေ ပေါများကာ ကျွန်တော်မျိုးတို့၏ နိုင်ငံတော် စွမ်းအားသည်လည်း များစွာ တိုးလာခဲ့ပါတယ်။ ဒါ့ကြောင့် ရှ နိုင်ငံက သေးငယ်သော နိုင်ငံတစ်ခု မဟုတ်တော့ပါ။ ကျွန်တော်မျိုးတို့သည် အမည်ကို မဟာရှ ၊ မဟာရှနိုင်ငံတော် အဖြစ် ပြောင်းလဲနိုင်ပါပြီ”
“သြော်။ နားလည်ပြီ” လင်းပိုင်ဖန် နားလည်သွားခဲ့သည်။
ဒီကမ္ဘာမှာ လူတိုင်းက နိုင်ငံတွေကို သူတို့ရဲ့ စွမ်းအားအရ အဆင့် လေးဆင့် ခွဲခြားထားတယ်- သေးငယ်သော နိုင်ငံများ၊ ကြီးမြတ်သော နိုင်ငံများ၊ မင်းဆက်များ နှင့် အင်ပါယာများ။
နိုင်ငံရဲ့ အဆင့်အတန်းအမျိုးမျိုးကြားမှာ သိပ်ပြီး ရှင်းလင်းတဲ့ ပိုင်းခြားထားမှု မရှိသလို မဖြစ်မနေ လိုအပ်ချက်လည်း မရှိပါဘူး။
မင်းရဲ့ နိုင်ငံက သေးငယ်တဲ့ နိုင်ငံ ဖြစ်နေရင်တောင် မင်းနိုင်ငံကိုမင်း အင်ပါယာလို့ ခေါ်နိုင်တယ်။
ဟုတ်ပါတယ်၊ ဧကရာဇ်အများစုက သူတို့ရဲ့ ပုံရိပ် ကို အတော်လေး စိုးရိမ်ကြသည်။
နိုင်ငံတစ်ခုကို သူ့ရဲ့ လက်ရှိအခြေအနေ နဲ့ ကိုက်ညီတဲ့ အဆင့်အတန်းမှာ ခွဲခြား သတ်မှတ်ထားလေ့ရှိတယ်။
ရှ နိုင်ငံရဲ့ လက်ရှိအခြေအနေအရ သေးငယ်သော နိုင်ငံများထဲမှာပဲ ဖြစ်ဖြစ် ကြီးမြတ်သော နိုင်ငံများထဲမှာပဲ ဖြစ်ဖြစ် ကြိုက်သလို အဆင့်သတ်မှတ်နိုင်ပါတယ်- ဒါက သူတို့ရဲ့ ကိုယ်ပိုင် အမြင် ပေါ်မှာပဲ အဓိကမူတည်နေတယ်။
လင်းပိုင်ဖန်က အင်ပါယာ မြေပုံ၏ အမြင်ကို ရည်ညွှန်းရန် ဆုံးဖြတ်ခဲ့သည်။
‘အင်ပါယာ မြေပုံ၊ ရှ နိုင်ငံကို အခု ကြီးမြတ်တဲ့ နိုင်ငံလို့ သတ်မှတ်လို့ရပြီလား?’
“ဒင်၊ မရသေးပါဘူး။ ဂိမ်းစည်းမျဉ်းတွေအရ၊ နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်း နိုင်ငံတော် စွမ်းအားဟာ ၁,၀၀၀ ကျော်မှသာ ကြီးမြတ်တဲ့ နိုင်ငံများရဲ့ အဆင့်ကို ရောက်ရှိမှာပါ”
‘ဒီလိုကိုး’ လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။
“ဒင်။ တစ်ချိန်တည်းမှာပဲ၊ အခြေခံ လိုအပ်ချက် အချို့ကိုလည်း ပြည့်မှီရပါမယ်”
‘ဘယ်လို အခြေခံ လိုအပ်ချက်တွေလဲ’ လင်းပိုင်ဖန်က အတွင်းစိတ်ကနေ မေးလိုက်သည်။
“နယ်မြေဧရိယာဟာ စတုရန်းကီလိုမီတာ ၆ သိန်း ကျော်ရမယ်
ပြည်တွင်းရဲ့ စီးပွားရေးအရင်းအမြစ်တွေက ငွေတေး ၁၂၀ သန်း ကျော်ရမယ်
လူဦးရေက ၆ သန်း ကျော်ရမယ်
စစ်ရေးအင်အားက ၆ သိန်း ကျော်ရမှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၆ ဦးထိ ပိုင်ဆိုင်ရပါမယ်
ဒီလိုအပ်ချက်တွေ အားလုံး ပြည့်မီရင်၊ နိုင်ငံကို ကြီးမြတ်တဲ့ နိုင်ငံအဖြစ် မြှင့်တင် ပေးပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အင်ပါယာ မြေပုံကိုလည်း အဆင့်မြှင့်တင်ပေးပြီး ဂိမ်းရဲ့ လုပ်ဆောင်ချက် အသစ်တွေကို ဖွင့်ပေးပါလိမ့်မယ်”
လင်းပိုင်ဖန်သည် အတွေးနက်ထဲ ကျရောက်သွားခဲ့သည်။
ဒီ အခြေခံ လိုအပ်ချက်တွေက တကယ်တော့ သူရဲ့ နိုင်ငံမှာ အားနည်းချက်တွေ မရှိစေဘဲ မျှတသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် သေချာစေဖို့ပင် ဖြစ်သည်။
နယ်မြေဧရိယာ စတုရန်းမိုင် ၆ သိန်းကို ကျော်လွန်အောင် လုပ်ဆောင်ရတာက သူ့အတွက် မခက်ခဲပေ။
အန်လုရှန်က အဲဒီနယ်မြေတွေကို သိမ်းယူပြီးနောက် နယ်မြေဧရိယာက အခြေခံအားဖြင့် စတုရန်းမိုင် ၆ သိန်းကို ရောက်နေပြီဖြစ်သည်။
လူဦးရေ ၆ သန်းကို ကျော်လွန်တာကလည်း မကြာခင် ဖြစ်လာတော့မှာဖြစ်သည်။ လက်ရှိမှာ သူ့တွင် လူဦးရေ ၅ သန်း ရှိနေပြီး ၁ သန်း လောက်ပဲ လိုတော့သည်၊ ဒါပေမယ့် ဒါကလည်း ပြဿနာ မဟုတ်ပေ။
နယ်မြေ ချဲ့ထွင်ပြီးနောက် ရှန်နိုင်ငံနဲ့ အန်းနိုင်ငံက လူတွေဟာ သူ့ရဲ့ ပြည်သူတွေ ဖြစ်လာမှာမို့လို့ပင် ဖြစ်သည်။
ပြည်တွင်းရဲ့ စီးပွားရေးအရင်းအမြစ် တေး ၁၂၀ သန်းကို ကျော်လွန်တာကလည်း ပြီးမြောက်ခဲ့ပြီးသားပင် ဖြစ်သည်။
စစ်ရေးအင်အား ၆ သိန်းကို ကျော်လွန်တာက လက်ရှိမှာ လူတွေ လိုနေသေးပေမယ့် မကြာခင် ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်။
ဒါကြောင့် သူ့အတွက် အကြီးဆုံးသော ပြဿနာကတော့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေပဲ ဖြစ်သည်။
ရှ နိုင်ငံမှာ လက်ရှိ ချီဖွဲ့တည်ခြင်းအဆင့်သည် သုံးဦးသာ ရှိပြီး သုံးဦး ထပ်လိုနေသေးသည်။
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များသည် လက်ရှိခေတ်၏ အင်အားကြီးသူများ ဖြစ်သောကြောင့် စွမ်းအား၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာနှင့် အာဏာတို့ လိုအပ်ချက်မရှိပေ။ သူတို့ကို လာဘ်ထိုး ဖို့ စဉ်းစားရတာက ပြောသလောက် မလွယ်ပေ။
ဒါ့အပြင် သူ့ရဲ့ နိုင်ငံဟာ အခုမှ သေးငယ်သော နိုင်ငံ တစ်ခုသာဖြစ်နေသေးတာမို့ သူတို့ကို ဆွဲဆောင်ဖို့ ပိုလို့တောင် ခက်ခဲစေသည်။