← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ခေါ်ယူရေး အစီအစဉ်ကို ချမှတ်ဖို့ လိုအပ်နေပြီ ထင်တယ်။

ထိုအချိန်တွင် ဟီရှန်း ထရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်- “ဝန်ကြီးလီ ပြောတာ မှန်ပါတယ်။ အရှင်မင်းကြီးဟာ စာပေနဲ့ စစ်ရေးရာ နှစ်ခုစလုံးမှာ ကျွမ်းကျင်ပြီး လအနည်းငယ်အတွင်းမှာပဲ နိုင်ငံတော်ကို ကြီးနားတဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့တာဟာ ရှေးရော၊ ယနေ့ခေတ်မှာပါ ရှားပါးလှပါတယ်။ ဘုန်းကံကြီးမားတဲ့ မင်းကောင်းမင်းမြတ်လို့ ခေါ်ဆိုရင်တောင် မမှားပါဘူး။ ဒါကြောင့် ဒီ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိရှိတဲ့ ဂုဏ်သတင်းကို မပျက်စီးရလေအောင် နိုင်ငံတော်အမည်ကို ပြောင်းလဲပေးဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်”

“အရှင်မင်းကြီး နိုင်ငံတော် အမည်ကို ပြောင်းလဲပေးဖို့ ကျွန်တော်မျိုးတို့ လေးလေးနက်နက် တောင်းဆိုပါတယ်” ဟု အရာရှိများက တစ်ညီတစ်ညာတည်း ပြောဆိုလိုက်ကြသည်။

လင်းပိုင်ဖန် က ဝမ်းမြောက်စွာ ရယ်မောလိုက်ပြီး- “ငါကိုယ်တော်ရဲ့ လေးစားရပါသော ဝန်ကြီးအပေါင်းတို့၊ ခင်ဗျားတို့ ပြောတာ အကျိုးအကြောင်း ဆီလျော်ပါတယ်။ ဒါပေမဲ့ ငါကိုယ်တော်တို့ အချိန် နည်းနည်း စောင့်သင့်တယ်လို့ ယုံကြည်တယ်။ ငါတို့ရဲ့ နိုင်ငံက ပိုပြီး အင်အားကြီးလာတဲ့အထိ စောင့်ဆိုင်းပြီးမှ နိုင်ငံတော်အမည် ပြောင်းလဲဖို့ စဉ်းစားကြတာပေါ့။ လက်ရှိ အရေးတကြီး ကိစ္စကတော့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ခေါ်ယူဖို့ပဲ”

“ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ခေါ်ယူမယ်လား” အရာရှိများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

မကြာခင်မှာပဲ နန်းတွင်းကနေ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“လာကြည့်ကြ၊ ဒါ ဘယ်လို သတင်းကောင်းလဲ”

“ဒါက အရှင်မင်းကြီးက ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ခေါ်ယူချင်တာကိုး။ ငါတို့တော့ အခွင့်အရေး မရှိလောက်ဘူး ထင်တယ်”

“အခွင့်အရေး မရှိရင်တောင် ကြည့်လို့ရတယ်လေ။ အရှင်မင်းကြီးက နိုင်ငံမှာ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေ အလွန်အမင်း နည်းပါးနေတယ်လို့ ခံစားရလို့ ခေါ်ယူတာဖြစ်ပြီး အရမ်းကို ရက်ရောတဲ့ ဆုလာဒ်တွေ ပေးထားတယ်။ ရာထူးလိုချင်ရင် ရမယ်၊ ပိုက်ဆံလိုချင်ရင်လည်း ပိုင်ဆိုင်ရမယ်။ တကယ်ကို အားကျစရာပဲ”

“ရက်ရောတဲ့ ဆုလာဒ်တွေအပြင်၊ အကြောင်းပြချက်တစ်ခု အတွင်းမှာရှိတဲ့ အခြေအနေတစ်ခုကိုလည်း ကတိပေးထားတယ်”

သာမန်အရပ်သားများကြားတွင် ဆွေးနွေးသံတွေက ဆူညံနေသည်။

တစ်ချိန်တည်းမှာပဲ၊ ထိုသတင်းက အခြားနိုင်ငံများသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း ပြည်ပ၏ တုံ့ပြန်မှုမှာ သိပ်ပြီး မပြင်းထန်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု ဖြစ်သောကြောင့်ပင်။ မည်သည့်နိုင်ငံက အင်အားကြီး သိုင်းပညာရှင်များကို မဆွဲဆောင်ချင်ဘဲ ရှိပါမည်နည်း။

နန်းတော်အတွင်း၌….

အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးငယ် တစ်ဦးသည် လင်းပိုင်ဖန် ဘေးတွင် ပေါ်လာခဲ့သည်။ သူမက သူမရှေ့က ပန်းသီးတစ်လုံးကို လှမ်းယူပြီး ပျော်ရွှင်စွာ ကိုက်စားတော့သည်။ စားနေရင်းနှင့် သူမက “ကျွန်မကြားတာ ရှင် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ခေါ်ယူချင်တယ်ဆို”

လင်းပိုင်ဖန် က အနည်းငယ် စကားမပြောနိုင် ဖြစ်သွားပြီး- “ယောင်ယောင်၊ နောက်တစ်ခါဆို တံခါးမကြီးကနေ လာပြီး အကြောင်းကြား ခံရတာကို စောင့်ပြီးမှ ဝင်လို့ မရဘူးလား။ မင်း ငါ့နန်းတော်ထဲကို တိုက်ရိုက် ဝင်လာတိုင်း လူကို ကြောက်လန့်စေတယ်”

“ရှုပ်ထွေးလိုက်တာ” ယောင်ယောင် က လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။

လင်းပိုင်ဖန် က သက်ပြင်းချလိုက်ပြီး- “ မင်း မိန်းကလေး ဖြစ်နေတာ ကံကောင်းတယ်။ မင်းသာ ယောက်ျားလေးဆိုရင်...”

“ကျွန်မ ယောက်ျားလေးဆိုရင် ရှင် ဘာလုပ်မှာလဲ”

“ငါ မင်းကို ရာထူးပေးမယ်၊ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်စေလိုက်မယ်” လင်းပိုင်ဖန် က ကြေညာလိုက်သည်။

ယောင်ယောင်ခင်ဗျာ အံ့သြသွားပြီး- “တကယ်လား၊ အဲ့လောက်တောင် ကောင်းတာလား”

“ဟုတ်တယ်၊ အားလုံး ကောင်းတယ်။ မင်းသာ ဓားနဲ့ ဖြတ်လိုက်ရင် ချက်ချင်း ရာထူးကို ရနိုင်ပြီ” လင်းပိုင်ဖန် က ရယ်မောလိုက်သည်။ ( မှတ်ချက်- သင်းကွပ်ခြင်းဖြစ်သည်)

ယောင်ယောင်- “….”

“ ရှင် ကျွန်မမေးခွန်းကို မဖြေရသေးဘူး။ ရှင် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ခေါ်ယူနေတယ်လို့ ကြားတယ်။ ဘာလို့ ရုတ်တရက် ဒီလို ဆုံးဖြတ်လိုက်တာလဲ” ဟု ယောင်ယောင် က မေးလိုက်သည်။

“ရှ နိုင်ငံက သိုင်းပညာရှင်တွေကို အလွန်အမင်း လိုအပ်နေလို့ပဲ၊ ဒါကြောင့် ခေါ်ယူဖို့ကို သဘာဝအတိုင်း စဉ်းစားမိတာပေါ့”

ထိုအချိန်တွင် လင်းပိုင်ဖန် တွေးမိလိုက်သည်။ သူ့ရှေ့က ပုဂ္ဂိုလ်ဟာ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ မဟုတ်ပေဘူးလား..။

သူမသည် စည်းရုံးပြောဆိုရ လွယ်ကူသူ တစ်ယောက် ဖြစ်သည်။

ဒါနဲ့ လင်းပိုင်ဖန်က- “ယောင်ယောင်၊ မင်း ငါ့နိုင်ငံကို မဝင်ချင်ဘူးလား”

“ကျွန်မလား၊ ရှင့်နိုင်ငံကို ဝင်ရမှာလား” ယောင်ယောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။

လင်းပိုင်ဖန် က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်ပြီး- “ဟုတ်တယ်၊ ရှ နိုင်ငံကို လာပြီး အရာရှိအဖြစ် အမှုထမ်းပါ။ ပုံမှန်ရက်တွေမှာ မင်းကို ဘယ်သူမှ စိတ်အနှောင့်အယှက် မပေးဘူး၊ အကယ်၍ ကိစ္စတစ်ခုခု ပေါ်လာရင် မင်း လုပ်ဆောင်မလား၊ မလုပ်ဆောင်ဘူးလား ဆုံးဖြတ်နိုင်တယ်။ ဒီအခြေအနေကို ဘယ်လိုမြင်လဲ”

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ယောင်ယောင် က သစ်သီးကို ဝါးစားရင်း ပြောလိုက်သည်- “ဒါပေမဲ့ ရှင် သေချာစဉ်းစားသင့်တယ်။ ကျွန်မရဲ့ နောက်ခံက တော်တော် ထူးခြားတယ်။ ကျွန်မ ရှင့်နိုင်ငံထဲ ဝင်လိုက်ရင် နောင်အနာဂတ်မှာ ရှင့်ကို ပြဿနာတွေ အများကြီး သယ်ဆောင်လာနိုင်တယ်”

“ကိစ္စမရှိဘူး၊ ငါ ဂရုမစိုက်ဘူး” လင်းပိုင်ဖန် က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

အခုချိန်မှာ သူဟာ နိုင်ငံကို ပိုပြီး အင်အားကြီးလာစေချင်သည်။ နိုင်ငံက ပိုပြီး အင်အားကြီးလာရင် သူလည်း ပိုပြီး အင်အားကြီးလာမှာပဲ။

သူကိုယ်တိုင်ကသာ အင်အား ကြီးမားနေသရွေ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

အခြားကိစ္စအားလုံးကို သူ စဉ်းစားမနေပေ။

“ကောင်းပြီ၊ ရှင် ဂရုမစိုက်ဘူးဆိုရင် ကျွန်မ ရှင့်နိုင်ငံထဲ ဝင်လိုက်မယ်” ယောင်ယောင် က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

လင်းပိုင်ဖန် ဝမ်းသာသွားပြီး- “ယောင်ယောင်၊ မင်းက အရမ်းကောင်းတာပဲ”

“ဒါပေမဲ့...”

ယောင်ယောင်က ရယ်လိုက်ပြီး- “အခု ကျွန်မက ရှင့်ရဲ့ ရှ နိုင်ငံက အရာရဗိ ဖြစ်လာပြီဆိုတော့၊ ရှင် ကျွန်မကို ကစားဖို့အတွက် ပိုက်ဆံနည်းနည်းလောက် မပေးသင့်ဘူးလား။ ကျွန်မ အများကြီး မတောင်းဆိုပါဘူး၊ သန်းအနည်းငယ် ဒါမှမဟုတ် သန်းရာချီလောက်ပါပဲ”

ဤသို့ ပြောပြီးနောက် သူမက လက်များကို ပွတ်သပ်ကာ လင်းပိုင်ဖန် ပိုက်ဆံပေးမည့် အချိန်အထိ စောင့်ဆိုင်းနေသည်။

“မင်းအတွက် ပိုက်ဆံတော့မရှိဘူး၊ ဒါပေမဲ့ ငါ မင်းကို တခြားတစ်ခု ပေးနိုင်တယ်” လင်းပိုင်ဖန် က လူယုတ်မာ တစ်ယောကိ၏ အပြုံးဖြင့် ပြောလိုက်သည်။

“ရှင် တကယ်ပဲ ကျွန်မကို အလကား အလုပ်လုပ်ခိုင်းတော့မှာလား” ယောင်ယောင် လုံးဝ ထိတ်လန့်သွားခဲ့သည်။

လင်းပိုင်ဖန်ကလည်း ပြန်ချေပသည်- “ဘယ်သူက ပြောလဲ၊ ငါ့ခန္ဓာကိုယ်ကို မင်းကို ပေးမယ်လို့ မပြောခဲ့ဘူးလာ?”

ယောင်ယောင်-“…..”

“မင်း လိုချင်တဲ့ အချိန်တိုင်း အဆင်ပြေတယ်။ တကယ်လို့ မင်းမှာ အထူးတောင်းဆိုချက်တွေ ရှိရင်လည်း တောင်းဆိုနိုင်တယ်။ ငါ သေချာပေါက် ကျေနပ်အောင် လုပ်ပေးမယ်”

ယောင်ယောင်-“….”

ခဏကြာပြီးနောက်….။

လင်းပိုင်ဖန်- “အား…၊ နာတယ်..”

ယောင်ယောင် က လင်းပိုင်ဖန် ကို သွေးလှည့်ပတ်မှု ကောင်းမွန်အောင် နှိပ်နှယ်ပေးပြီး ဒဏ်ရာများကို ပျောက်ကင်းအောင် ကူညီပေးနေစဉ်မှာ မကျေမချမ်းဖြင့် ပြောလိုက်သည်- “ ရှင်က မိုက်မဲတဲ့ ဧကရာဇ်ပဲ။ ရှင်က သူများကို လွယ်လွယ်ကူကူ အမိန့်ပေးချင်တယ်၊ ဒါပေမဲ့ ပိုက်ဆံပေးဖို့ကျတော့ တစ်ပြားမှ မပေးချင်ဘူး။ ရှင့်လို ကပ်စေးနဲ့တဲ့သူမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”

“ယောင်ယောင်၊ တကယ်တော့ ငါ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မင်းကို ငါ့ကို အမြဲတမ်း အမှတ်ရစေချင်လို့ပဲ” လင်းပိုင်ဖန် က စိတ်ခံစားမှု အပြည့်ဖြင့် ပြောလိုက်သည်။

“တကယ်လား” ယောင်ယောင် ရဲ့ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာခဲ့သည်။

“ဟုတ်တယ်”

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး- “ဘာလို့လဲဆိုတော့ ဒီအေးစက်ပြီး အကြင်နာ တရား ကင်းမဲ့တဲ့ ခေတ်မှာ၊ တစ်စုံတစ်ယောက်ကို မင်းကို ဘယ်တော့မှ မမေ့အောင် လုပ်တဲ့ အကောင်းဆုံး နည်းလမ်းက သူတို့ကို ပိုက်ဆံ အကြွေးတင်ပြီး ပြန်မဆပ်ဖို့ပဲ။ မင်း ပိုပြီး အကြွေးတင်လေလေ၊ သူတို့ရဲ့ နင့်အပေါ် အမှတ်ရမှုက ပိုလေးနက်လေလေပဲ။ ငါ့ရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ကို မင်း နားလည်ပြီလား”

ယောင်ယောင် ရယ်မောလိုက်ပြီး- “အဓိပ္ပာယ်မရှိတာတွေ၊ ကျွန်မ ရှင်နဲ့ စကား မပြောတော့ဘူး”

ခဏတာ စကားပြောပြီးနောက် ယောင်ယောင် ထွက်ခွာသွားခဲ့သည်။

လင်းပိုင်ဖန် က အင်ပါယာ မြေပုံ ကို ဆွဲထုတ်လိုက်ပြီး နိုင်ငံတော်ရဲ့ အင်အား သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။

“ငါတို့ နောက်ထပ် နှစ်ယောက် လိုနေသေးတယ်။ တော်လှန်ရေးက မအောင်မြင်သေးဘူး၊ ငါ့ရဲ့ ရဲဘော်တွေ ဆက်ပြီး ကြိုးစားရအုံးမယ်”

ထိုအချိန်တွင်၊ ရိုးရိုးရှင်းရှင်း အဖြူရောင် ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးသည် နန်းတွင်းက ကြေညာချက်ရှေ့တွင် ရပ်နေသည်။

သူမသည် ဝတ်ရုံကို ခြုံထားပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသော်လည်း သူမ၏ မျက်လုံးများနှင့် ခန္ဓာကိုယ် ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် သူမသည် နတ်သမီးကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိနိုင်သည်။

သူမ၏ အကြည့်သည် နန်းတွင်းက ကြေညာချက်ကို စူးစိုက်ကြည့်နေပြီး “မိမိ တောင်းဆိုနိုင်သည့် အခြေအနေများ” ဟူသော အပိုင်းတွင် အချိန်အကြာကြီး ရပ်တန့်နေပြီးနောက် သူမ လှည့်ထွက်သွားခဲ့သည်။

ထိုညနေခင်း၌ လင်းပိုင်ဖန် နန်းတွင်း စာချွန်လွှာများကို သုံးသပ်နေစဉ် စာကြည့်တိုက်အတွင်းတွင် ဖယောင်းတိုင်က ရုတ်တရက် ငြိမ်းသွားခဲ့သည်။

အလင်းရောင် ပြန်ရလာသောအခါ၊ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် လင်းပိုင်ဖန် ဘေးတွင် ရပ်နေပြီး သူမ၏ ချွန်ထက်သော ဓားက သူ့လည်ပင်းကို ချိန်ရွယ်ထားသည်။

မိန်းမစိုးလျှူက ထိတ်လန့်သွားပြီး အလျှင်အမြန် ပြောလိုက်သည်- “ဓားကို ချထားလိုက်၊ အရှင်မင်းကြီးကို မထိခိုက်နဲ့”

ထိုအမျိုးသမီးသည် မိန်းမစိုးလျှူ ကို အာရုံမစိုက်ဘဲ လင်းပိုင်ဖန် ကိုသာ ကြည့်ပြီး- “မလှုပ်နဲ့။ တစ်ချက် လှုပ်ရင် ခေါင်းက မြေပေါ်ရောက်သွားလိမ့်မယ်”

လင်းပိုင်ဖန်ကမူ ရယ်မောလိုက်ပြီး သူမ၏ ဓားကို ဖယ်ရှားလိုက်ပြီး- “နောက်နေတာတွေ ရပ်လိုက်ပါ။ မင်းဓားမှာ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ မရှိဘူး။ မင်း တကယ်ပဲ ငါ့ကို မသတ်ချင်ပါဘူး။ မိန်းမလှလေး ညနက်သန်းခေါင်မှာ မင်း ဒီကို ဘာလာလုပ်တာလဲ”

ထိုအမျိုးသမီး အနည်းငယ် အံ့အားသင့်သွားပြီး- “အပြင်က လူတွေက ရှင်က မိုက်မဲတဲ့ ဧကရာဇ်လို့ ပြောကြတယ်။ အဲ့ဒါက လုံးဝ မမှန်နေဘူးပဲ”

“အဲ့ဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်း လာရတဲ့ ရည်ရွယ်ချက်ပဲ” လင်းပိုင်ဖန် က အပြုံးဖြင့် ပြောလိုက်သည်။

ထိုအမျိုးသမီးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် “ ကျွန်မ နန်းတွင်းက ကြေညာချက်အတွက် လာခဲ့တာ” ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- “အဲ့လိုကိုး၊ မင်း လာတွေ့တဲ့ နည်းလမ်းက တကယ်ကို ထူးခြားတာပဲ”

ထိုအမျိုးသမီးက “ဒါက ကျွန်မ ဘာလုပ်နိုင်လဲဆိုတာ ရှင့်ကို သိစေချင်တာပဲ”

“ မိန်းမစိုးလျှူတောင် သတိမထားမိဘဲ ဒီလောက်ထိ နီးနီးကပ်ကပ် ရောက်လာနိုင်တဲ့ မင်းရဲ့ ကျွမ်းကျင်မှုတွေက အထင်ကြီးစရာ ကောင်းပါတယ်။ မင်းက လုပ်ကြံ သတ်ဖြတ်သူတစ်ဦး ဖြစ်ပြီး မင်းရဲ့ စွမ်းရည်တွေကို အလွန် အထင်ကြီးစရာ ကောင်းတယ်။ ငါ မင်းလိုမျိုး စွမ်းရည်ရှိသူတွေကို လိုအပ်တယ်။ ထိုင်ပါဦး၊ အခု ငါတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရအောင်”

လင်းပိုင်ဖန် က သူမကို ထိုင်ဖို့ ဖိတ်ခေါ်ပြီး လက်ဖက်ရည် ယူလာပေးဖို့ အမိန့်ပေးလိုက်သည်- “မင်းရဲ့ နာမည်က ဘာလဲ၊ နောက်ခံကရော ဘာလဲ၊ မင်း တောင်းဆိုချင်တဲ့ အခြေအနေတွေက ဘာတွေလဲ၊ ဒါမှမဟုတ်၊ မင်း ငါ့ကို ဘာကူညီစေချင်တာလဲ”

ထိုအမျိုးသမီးသည် သတိအနေအထားဖြင့် လင်းပိုင်ဖန် ပေးသော လက်ဖက်ရည်ကို မသောက်ခဲ့ပေ။

သူမသည် အလွန်အမင်း လေးနက်စွာဖြင့် ပြောလိုက်သည်- “ကျွန်မ နာမည်က ပိုင်ဇူ၊ ကျွန်မရဲ့ နောက်ခံက အခုချိန်မှာ ထုတ်ဖော်ဖို့ အဆင်မပြေသေးဘူး၊ ကျွန်မတောင်းဆိုချင်တဲ့ အခြေအနေကတော့ ရှင် ကျွန်မအတွက် မဟာရွှယ်နိုင်ငံကို ဖျက်ဆီးဖို့နဲ့ မဟာရွှဲ့နိုင်ငံရဲ့ အုပ်ချုပ်သူကို သတ်ပစ်ဖို့ ကူညီစေချင်တာပဲ။ ကိစ္စပြီးသွားရင် ကျွန်မ တစ်သက်လုံး ရှင့်ကို သစ္စာရှိစွာနဲ့ အမှုထမ်းဖို့ ဆန္ဒရှိတယ်”

လင်းပိုင်ဖန်ခင်ဗျာ တုန်လှုပ်သွားခဲ့သည်။

သူမ ပြောလိုက်သည်နှင့် သူမ၏ အခြေအနေသည် “ငရဲအဆင့် အခက်အခဲ” ပင် ဖြစ်နေသည်။

All Chapters