← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

သူမအပါအဝင် လင်းပိုင်ဖန် သည် ချီဖွဲ့တည်ခြင်းအဆင့် နှစ်ယောက်ကို စည်းရုံးနိုင်ခဲ့ပြီဖြစ်သော်လည်း တစ်ယောက်တော့ လိုနေသေးသည်။

သို့သော် တစ်ပတ်ကြာသည့်တိုင် မည်သူမျှ ရောက်မလာခဲ့ပေ။

လင်းပိုင်ဖန်မှာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်သောက ရောက်နေကာ- "ဒီလို လူပင်လယ်ကြီးထဲမှာ ငါ ဘယ်က တစ်ယောက်ကို သွားရှာရမလဲ"

ထိုစဉ်မှာပင် ရုတ်တရက် လူတစ်ယောက် ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး၊ 'ဘုန်း'ဆိုတဲ့ အသံကြီးနဲ့အတူ ကြီးမားတဲ့ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

လင်းပိုင်ဖန်- “….”

လင်းပိုင်ဖန်သည် ကျင်းထဲက လူကို ကြည့်ပြီး အတွေးနက်နေခဲ့သည်။

ပတ်ဝန်းကျင်မှ လူများသည်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကြပြီး ထိတ်လန့်တကြား အော်ဟစ်ကြလေတော့သည်။

"ကာကွယ်ကြ၊ အရှင်မင်းကြီးကို ကာကွယ်ကြ"

မိန်းမစိုးလျှူက လင်းပိုင်ဖန်ရှေ့သို့ ဝင်ရပ်လိုက်သည်။

ပုန်းကွယ်နေသည့် ပိုင်ဇူးပင်လျှင် ပေါ်လာပြီး လေးနက်သည့်အမူအရာဖြင့်- "သတိထား၊ ဒီလူက အလွန်အန္တရာယ်များတယ်"

ထိုအခိုက်အတန့်တွင် ကျင်းထဲမှလူသည် မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်နှာမှာ မည်းညစ်ညစ်ဖြစ်နေပြီး၊ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖုန်များပေကျံကာ အရက်နံ့များလည်း နံဟောင်နေသည်။

သူက သန်းဝေကာ လက်ကို ဆန့်ထုတ်လိုက်ပြီး အူကြောင်ကြောင်ဖြင့် လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်သည်- "ဒါဘယ်နေရာလဲ... နန်းတော်နဲ့တော့ နည်းနည်းဆင်သလိုပဲ။ အရက်သောက်တာ တကယ်ဒုက္ခပေးတာပဲ။ ငါသောက်လိုက်တာ ဘယ်နေရာကို ပျံမိမှန်းတောင် မသိတော့ဘူး! ဟား…ဟား"

ထို့နောက် သူသည် ခါးတွင်ချိတ်ထားသည့် ဘူးကြီး တစ်ခုကို ကိုင်လိုက်ပြီး ပတ်ဝန်းကျင်မှ လူများကို လုံးဝဂရုမစိုက်ဘဲ အားပါးတရ သောက်ချလိုက်သည်။

အရက်ကုန်သွားသည့်အခါ သူသည် လင်းပိုင်ဖန်ကို ပြုံးပြီး ကြည့်လိုက်ကာ- "မင်းက နာမည်ကြီးတဲ့ အရူးဧကရာဇ် ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

လင်းပိုင်ဖန်မှာ ဒေါသထွက်သွားပြီး- "မင်းက ငါ့ကို အရူးဧကရာဇ်လို့ ခေါ်ရဲတယ်။ အစောင့်တွေ၊ သူ့ကို ဖမ်းစမ်း"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" လူအုပ်ကြီးက ချက်ချင်း ဓားများကို ဆွဲထုတ်လိုက်ကြသည်။

ထိုအမူးသမားက အေးဆေးတည်ငြိမ်စွာ ရယ်မောလိုက်ပြီး- "မင်းက အရူးဖြစ်ပေမဲ့ ကြည့်လို့တော့ ချောသားပဲ"

လင်းပိုင်ဖန်က ချက်ချင်းပင် အော်လိုက်သည်- "အားလုံး၊ ရပ်နေ။ နောက်ဆုတ်ကြ"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" လူအုပ်ကြီးက ချက်ချင်း ဓားများကို ပြန်သိမ်း လိုက်ကြသည်။

"ဒါပေမဲ့ ရုပ်ချောတာက ဗိုက်မှ မဝစေတာ၊ အရည်အချင်းရှိဖို့လည်း လိုတယ်"

လင်းပိုင်ဖန်မှာ ဒေါသပြန်ထွက်လာပြီး- "ငါ့ကို အရူးလို့ စော်ကားဝံ့တယ်။ အစောင့်တွေ၊ သူ့ကို ဖမ်းပြီး မြင်းငါးကောင်နဲ့ ဆွဲပြီး သတ်ပြစ်လိုက်၊ ခေါင်းဖြတ်သတ်ပြီး အပိုင်းပိုင်းဖြတ်သတ်ပစ်"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" လူအုပ်ကြီးက ဓားများကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်ကြသည်။

ထိုအချိန်တွင် အရက်သမားက - "တကယ်တော့... ကျွန်တော်မျိုးက အရှင်မင်းကြီးဆီ သစ္စာခံဖို့ ရောက်လာတာပါ"

လင်းပိုင်ဖန်က - "အားလုံး၊ နောက်ဆုတ်ကြ။ သူရဲကောင်းကြီး၊ ဂုဏ်ထူးဆောင်နေရာမှာ ထိုင်လိုက်ပါ"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" လူအုပ်ကြီးက ဓားများကို နောက်တစ်ကြိမ် ပြန်သိမ်း လိုက်ကြပြန်သည်။

ထိုအရက်သမားကို ထည့်မပြောနှင့်၊ စိတ်တည်ငြိမ်ဆုံးသူပင်လျှင် လင်းပိုင်ဖန်၏ အပြောင်းအလဲမြန်သော အမိန့်များကြောင့် ကြောင်အသွားခဲ့ကြသည်။

သူတို့သည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ လင်းပိုင်ဖန်ကို ကြည့်သာ ကြည့်နေနိုင်ခဲ့ကြသည်။ "အရှင်မင်းကြီး... ဘာလုပ်ချင်တာလဲ"

ထိုအရက်သမားက အားပါးတရ ရယ်မောလိုက်ပြီး- "စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာပဲ။ ကျွန်တော်မျိုး ခရီးတွေတွေ အများကြီး သွားဖူးပေမယ့် အရှင်မင်းကြီးလောက် စိတ်ဝင်စားစရာ ကောင်းတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး"

လင်းပိုင်ဖန်က လက်ဟန်ပြလိုက်ပြီး- "သူရဲကောင်း၊ ဒီကိုကြွလာပြီး ထိုင်ပါ"

"ကောင်းတယ်။ တကယ်ကောင်းတယ်"

ထိုသူသည် လူအုပ်ကို ရှောင်ရှားဖို့ မကြိုးစားဘဲ၊ လူ့တံတိုင်း ကို ဖြတ်လျှောက်လာပြီး လင်းပိုင်ဖန်ရှေ့မှ ကျောက်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူသည် စားပွဲပေါ်မှ အရက်အိုး ကို ပေါ့ပေါ့ပါးပါး ကောက်ယူပြီး တိုက်ရိုက် မော့သောက်လိုက်သည်။

အရက်သောက်ရင်း သူက ချီးကျူးလိုက်သည်- "ကောင်းလိုက်တဲ့ အရက်၊ တကယ်ကို အကောင်းစားပဲ"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- " မောင်မင်းက ငါကိုယ်တော့်ဆီ စိတ်ရင်းမှန်နဲ့ ဝင်ရောက်အမှုထမ်းမယ်ဆိုရင် မောင်မင်း ကြိုက်သလောက် သောက်နိုင်တယ်"

တစ်ဘက်လူက အရက်အိုးကို ချလိုက်ပြီး၊ သူ့အသံမှာ ရဲရင့်ပြတ်သားမှု အပြည့်ဖြင့်- "ကောင်းပြီ၊ အဲဒါက ကတိ ပဲ။ ကျွန်တော်မျိုးက ဝင်ရောက်မယ်ဆိုရင် အရက်က လွတ်လွတ်လပ်လပ် စီးဆင်းရမယ်။ ဒါပေမယ့် မေးစရာရှိတာက အရှင်မင်းကြီးက ကျွန်တော်မျိုးကို လက်ခံရဲလား"

"ဘာလို့ အဲဒီလိုပြောတာလဲ" လင်းပိုင်ဖန်က ပြုံးပြီး မေးလိုက်သည်။

"ဒီအခြေအနေရောက်မှတော့ အရှင်မင်းကြီးကို ဖုံးကွယ်ထားလို့ မရတော့ဘူး။ ကျွန်တော်မျိုး နာမည်ရင်းက မော့ကျန်းဟို ပါ။ ဒါပေမယ့် သိုင်းလောက မှာတော့ ကျွန်တော့်ကို အရက်ဓား အင်မော်တယ် လို့ လူသိများတယ်"

"ဒါဆို ခင်ဗျားက အရက်ဓားအင်မော်တယ် ပေါ့" ပိုင်ဇူက အံ့သြတကြီး အော်လိုက်သည်။

လင်းပိုင်ဖန်မှာ နားမလည်ဘဲ- "ဒီလူက နာမည်ကြီးလား"

လင်းပိုင်ဖန်၏ ရှုပ်ထွေးမှုကို မြင်သောအခါ ပိုင်ဇူက ရှင်းပြလိုက်သည်- "ဟုတ်တယ်။ သူက လျှူမိသားစု နဲ့ ကျောက်မိသားစု ဆိုတဲ့ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ပြစ်မှားခဲ့တဲ့အတွက် အရမ်းနာမည်ကြီးတယ်။ ဒါကြောင့် သူ့ခေါင်းကို ဆုငွေ ၃ သန်း ထုတ်ထားတယ်"

လင်းပိုင်ဖန်မှာ အံ့သြသွားပြီး- "ဟ... ဆုငွေက ငါ့ထက်တောင် များနေပါလား"

"မပြောပလောက်ပါဘူး၊ မပြောပလောက်ပါဘူး..."

အရက်ဓားအင်မော်တယ် က လက်အုပ်ချီပြီး ပြုံးကာ ပြောလိုက်သည်။ သို့သော် သူ၏ မှုန်မှိုင်းနေသော မျက်လုံးများထဲတွင် နက်ရှိုင်းစွာ မြုပ်နေသော မုန်းတီးမှုများ ရှိနေခဲ့သည်။

"ကံကြမ္မာတူ အဖော်တွေပဲ၊ မောင်မင်းအတွက် အကျွန်ုပ် တစ်ခွက် သောက်လိုက်ပါတယ်"

"ကောင်းပြီ! ဧကရာဇ်လေး၊ မင်းက ငါ့မျက်စိထဲ ပိုပိုပြီး နှစ်သက်စရာ ကောင်းလာပြီ"

ထို့နောက် ပိုင်ဇူက ဆက်လက်ရှင်းပြခဲ့သည်။

အရက်ဓားအင်မော်တယ် က လျှူမိသားစုနှင့် ကျောက်မိသားစုနှစ်ခုလုံးကို ရန်သူဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အချစ် ကြောင့်ပင် ဖြစ်သည်။

အရက်ဓားနတ်အင်မော်တယ် သည် ငယ်စဉ်က လျှူမိသားစု၏ အကိုင်းအခက်မိသားစုမှ အမျိုးသမီးတစ်ဦးကို ချစ်မိခဲ့သော်လည်း ထိုအမျိုးသမီးက ကျောက်မိသားစုမှ လူငယ်တစ်ဦးနှင့် လက်ထပ်ဖို့ ကတိပေးထားပြီးသား ဖြစ်နေသည်။ နောက်ဆုံးတွင် ချစ်သူနှစ်ဦးကို ရက်စက်စွာ ခွဲခွာစေခဲ့ပြီး၊ ထိုအမျိုးသမီးမှာ မိသားစုကို ပုန်ကန်သည့်အတွက် အသက်ခံလိုက်ရသည်။

ထို့ကြောင့် အရက်ဓားအင်မော်တယ် သည် ဝမ်းနည်းမှုကြောင့် ရူးသွပ်သွားပြီး လျှူနှင့် ကျောက်မိသားစုဝင် အများအပြားကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူ့ခေါင်းပေါ်တွင် ဆုငွေ ချိတ်ထားခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့်၊ အရက်ဓားအင်မော်တယ် သည် နောက်ပိုင်းတွင် ကံကောင်းခြင်းများနှင့် ကြုံတွေ့ခဲ့ရပြီး ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်လာခဲ့ကာ တိုက်ပွဲတိုင်းတွင် ပိုမိုအားကောင်းလာပြီး သူ့ကို အသေသတ်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် သူတို့အကြား မုန်းတီးမှုကတော့ ပိုမိုနက်ရှိုင်းလာခဲ့သည်။

လင်းပိုင်ဖန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး- "ဒီအချစ်ဆိုတဲ့အရာက ဘာလဲ။ လူတွေကို သူတို့ရဲ့ အသက်ကိုတောင် ပေးဆပ်ဖို့ တွန်းအားပေးနေတာက"

"ပြောတာ ကောင်းတယ်။ အားရပါးရ မော့ကြရအောင်" အရက်ဓားအင်မော်တယ်က လင်းပိုင်ဖန်ကို အရက်ငှဲ့ပေးပြီးနောက် သူ့အရက်အိုးကို အားရပါးရ စတင်သောက်တော့သည်။

သူ၏ စိတ်အနက်ပိုင်းတွင်မူ သူသည် ငယ်စဉ်က နှစ်ဟောင်းများ အကြောင်းကို ပြန်လည်အမှတ်ရနေခဲ့သည်။

ဤအချိန်တွင် လင်းပိုင်ဖန်သည် အရက်ဓားအင်မော်တယ် လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သွားခဲ့သည်။

လျှူမိသားစု နှင့် ကျောက်မိသားစု တို့သည် လင်းပိုင်ဖန်၏ ရန်သူများ ဖြစ်ကြသည်။ သူတို့သည် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး လင်းပိုင်ဖန်က အမြဲတမ်း အောင်ပွဲ ရခဲ့သည်။

ထို့ကြောင့် အရက်ဓားအင်မော်တယ် သည် ထိုဂုဏ်သရေရှိမျိုးနွယ်နှစ်ခုကို ပေါင်းပြီး တိုက်ခိုက်နိုင်ရန် သူ့ထံ ခိုလှုံရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

"အကျွန်ုပ်၏ ရန်သူ၏ ရန်သူသည် အကျွန်ုပ်၏ မိတ်ဆွေဖြစ်သည်"

သူ၏ အရက်အိုးကို ကိုင်ရင်း အရက်ဓားအင်မော်တယ်က တစ်ဝက်မူးပြီး တစ်ဝက်သတိရှိနေသော လေယူလေသိမ်း ဖြင့် ပြောလိုက်သည်- "အခု အရှင်မင်းကြီးက ကျွန်တော့်ကို လက်ခံရဲပြီလား၊ ကျွန်တော့်ကို လက်ခံရင် အရှင်မင်းကြီးဟာ လျှူနဲ့ ကျောက်မိသားစုကို သေချာပေါက် ဆန့်ကျင်ရလိမ့်မယ်။ သူတို့က အရှင်မင်းကြီး ထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်"

"ဒါ့အပြင် ကျွန်တော်က ဒီနှစ်တွေအတွင်းမှာ လူပေါင်းများစွာကို သတ်ခဲ့ပြီးပြီ၊ ချီဖွဲ့တည်ခြင်းအဆင့် ဆယ်ဂဏန်း ကျော်လည်း ပါဝင်တယ်။ ကျွန်တော့်မှာ ကမ္ဘာအနှံ့ ရန်သူတွေ ရှိနေတယ်။ ကျွန်တော့်ကို လက်ခံတာက တစ်ကမ္ဘာလုံးကို ရန်သူလုပ်လိုက် တာပဲ။ အရှင်မင်းကြီး သေချာစဉ်းစားပြီးပြီလား"

လင်းပိုင်ဖန်က အသံကျယ်ကျယ်ဖြင့်- "ဘာကို ကြောက်စရာရှိလဲ။ မောင်မင်းက လာရဲရင်၊ ငါကိုယ်တော်က လက်ခံရဲတယ်"

မိန်းမစိုးလျှူ နှင့် ပိုင်ဇူ တို့မှာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။

"အရှင်မင်းကြီး၊ စဥ်းစားတော်မူပါအုံး"

မိန်းမစိုးလျှူ မှာ အလွန်အမင်း စိုးရိမ်နေခဲ့သည်။ ပိုင်ဇူကို လက်ခံလိုက်တာက သူတို့ကို မဟာ ရွှယ်နိုင်ငံ ရဲ့ ရန်သူဖြစ်စေခဲ့ပြီ ဖြစ်သည်။

အခု အရက်ဓားအင်မော်တယ် ကိုပါ လက်ခံရင် ဂုဏ်သရေရှိမျိုးနွယ်ကြီးနှစ်ခု အပြင် တစ်ကမ္ဘာလုံးကိုပါ ရန်သူလုပ်ရတော့မည်...

နိုင်ငံတော်က ဘယ်လိုဆက်ပြီး တိုးတက်လာနိုင်တော့မှာလဲ…။

ဖျက်ဆီးမခံရရင်ပဲ တော်လှပြီဖြစ်သည်။

ပိုင်ဇူ လည်း အလွန်စိုးရိမ်နေသည်။ အရက်ဓားအင်မော်တယ်သည် သူမထက်ပင် ပိုပြီး ပြဿနာ များသည်။

သူ့ပြဿနာတွေက သူမ၏ လက်စားချေမယ့် မဟာမစ်ရှင် ကို ထိခိုက်လာရင် ဘယ်လိုလုပ်မလဲ။

ဒီအရူးဧကရာဇ်က တကယ်ကို ဖရိုဖရဲတွေ ဖြစ်အောင် လုပ်တတ်တာပဲ။

သူမ ထင်ထားတာထက်တောင် ပိုပြီး ပေါ့ဆ နေသည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- " မောင်မင်းတို့ စိတ်ပူစရာမလိုပါဘူး၊ ငါကိုယ်တော်က အရာရာကို ထိန်းချုပ်ထားတယ်။ ဒီ အရက်ဓားအင်မော်တယ် ကို ငါကိုယ်တော် လက်အောက်ကို ခေါ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ"

"တကယ်ကို ရဲရင့်တာပဲ၊ အရှင်မင်းကြီးရဲ့ သတ္တိကိုတော့ ကျွန်တော် လေးစားတယ်"

အရက်ဓားအင်မော်တယ် က လက်မထောင် ပြလိုက်ပြီး- "ဒါပေမယ့်၊ ကျွန်တော်ရဲ့ အခြေခံ လိုအပ်ချက် အချို့ ကို အရင်ရှင်းပြပါရစေ။ ကျွန်တော်ဟာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့ပေမယ့် ကျွန်တော့်မှာ ကိုယ်ပိုင် အခြေခံ ခံယူချက်တွေ ရှိနေပါသေးတယ်”

"မောင်မင်းမှာ ဘယ်လို ခံယူချက်တွေ ရှိလဲ၊ ပြောပြပါဦး"

"ကျွန်တော့်ရဲ့ ခံယူချက်တွေက ဒီလိုပါ- ကျွန်တော် လုယက်မှု မလုပ်ဘူး၊ ဖြောင့်မတ်ပြီး သစ္စာရှိတဲ့သူတွေကို မသတ်ဘူး၊ ပြီးတော့ အရေးမကြီးရင် ကျွန်တော့်ကို အနှောင့်အယှက် မပေးပါနဲ့၊ ဘာလို့လဲဆိုတော့ ကျွန်တော် အရက်သောက်ဖို့ အာရုံစိုက်ဖို့ လိုတယ်"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- "ဒါတွေ ဘာတစ်ခုမှ ပြဿနာ မရှိဘူး၊ ငါကိုယ်တော် သဘောတူတယ်"

All Chapters