အခန်း (၈၂)
Vol. 6 Ch. 82
လင်းပိုင်ဖန်၏ နိုင်ငံတော်အမည်ကို ပြောင်းလဲရန် ခမ်းနားထည်ဝါတဲ့ အခမ်းအနား ပြုလုပ်ခြင်းကို ကန့်ကွက်သူက အများအပြား မရှိခဲ့ချေ။
ရှ နိုင်ငံသည် မြေဧရိယာ၊ လူဦးရေ၊ စစ်ရေး အင်အားတို့အရ နိုင်ငံကြီးတစ်နိုင်ငံ ဟူသော အမည်နှင့် ထိုက်တန်နေပြီဖြစ်သည်။
လူတို့အား မနာလိုဖြစ်စေပြီး အားကျစေသည့် အချက်မှာ လင်းပိုင်ဖန် နန်းတက်ပြီး နောက်ပိုင်းတွင် မိုက်မဲသည့် ဆုံးဖြတ်ချက်ဟု ထင်ရသည်များကို တစ်ခုပြီးတစ်ခု၊ ချမှတ်ခဲ့သော်လည်း ထူးဆန်းစွာပင် နိုင်ငံက ပိုမို အင်အားကြီးမားလာခြင်းပင် ဖြစ်သည်။
အခြားဧကရာဇ် တစ်ဦးဦးသာ ဖြစ်ခဲ့ပါမူ ထိုနိုင်ငံသည် ယခုချိန်တွင် ပြိုလဲနေလောက်ပြီ ဖြစ်သည်။
ထိုနားမလည်နိုင်မှုနှင့် မနာလိုမှု အားလုံးကို "ခွေးချီးကံကောင်းခြင်း" ဟူသော စကားစုဖြင့် အကျဉ်းချုပ်နိုင်သည်။
အမည်မသိ တောင်ထိပ်တစ်ခုပေါ်တွင်
အလွန်လှပသော အမျိုးသမီးက သူမ၏ လက်အောက်ငယ်သားများ ပေးပို့လာသော သတင်းအချက်အလက်များကို အလွန်အံ့သြစွာ ကြည့်နေသည်။
"သူ တကယ်ပဲ လုပ်နိုင်ခဲ့ပြီ။ ရှ နိုင်ငံ ကို တစ်နှစ်တောင် မပြည့်ခင်မှာပဲ နိုင်ငံငယ်လေးကနေ မဟာ နိုင်ငံကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲ။ ဒါ့အပြင်ကိုမှ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းကို မျှတတယ်၊ ဘာအားနည်းချက်မှ မရှိဘူး။ ဒါဟာ အံ့ဖွယ်တစ်ခုပဲ"
သူမသည် သူမ၏ တပည့်မ ယောင်ယောင် မှတစ်ဆင့် လင်းပိုင်ဖန် နှင့် ရှ နိုင်ငံ အား အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့သည်။
ရှနိုင်ငံကို နိုင်ငံငယ်လေးကနေ အားလုံးက လေးစားရသော မဟာ နိုင်ငံကြီးအဖြစ်သို့ ကြီးထွားလာသည်ကို ကြည့်ပြီးနောက် လင်းပိုင်ဖန် ၏ စွမ်းဆောင်ရည်ကို သံသယဖြစ်စရာ မရှိတော့ပေ။
ပြင်ပလောကတွင် သူ့ကို မိုက်မဲသော ဧကရာဇ် ဟု ခေါ်ဆိုနေကြသော်လည်း၊ သူသည် ထုံးတမ်းစဉ်လာနှင့် မညီနေသည့်၊ ညဏ်အလင်း ရှိနေသော အုပ်ချုပ်သူတစ်ဦး ဖြစ်သည်။
သူ၏ နည်းလမ်းများသည်သာ ထုံးတမ်း အစဉ်အလာတွေနှင့် အလွန်ကွာခြားလွန်း၍ အခြားသူများ နားမလည်နိုင်ခြင်းပင် ဖြစ်သည်။
"နောက်ထပ် အဆက်အသွယ် ပြုလုပ်ဖို့ အချိန်တန်ပြီထင်တယ်" ဟု ထိုလှပသော အမျိုးသမီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ၏ မြင့်မြတ်သောဂိုဏ်းသည် ဂိုဏ်းအင်အားစု တစ်ခုဖြစ်ပြီး ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်တစ်ခု၏ ထောက်ပံ့မှုနှင့် ခွဲခြား၍မရပေ။
သူမ၏ ပြိုင်ဘက်ဟောင်းများသည် အင်ပါယာတွေနှင့် မင်းဆက်များ၏ ထောက်ပံ့မှုကို ရရှိခဲ့သောကြောင့် ကြီးထွား လာခဲ့ကြပြီး၊ သူမ၏ မြင့်မြတ်သောဂိုဏ်း ကို ဖိနှိပ်ကာ ပြန်လည်နာလန်ထူစေရန် အလွန် ခက်ခဲစေခဲ့သည်။
"ခဏလောက်တော့ စောင့်ဦးမယ်၊ သူ့မှာ ထုတ်ဖော်ဖို့ အလားအလာ ဘယ်လောက်ထိ ရှိသေးလဲဆိုတာ ကြည့်ရဦးမယ်၊ ပန်းစီးမှာ ပန်းထပ်တင်တာထက် နှင်းကျနေတဲ့ ရာသီဥတုမှာ မီးသွေးပို့ပေးတာ က ပိုကောင်းတယ်" (မှတ်ချက်: သူမ ပြောလိုသည်မှာ သူ နိုင်ငံ တိုးတက်လာမှုကို ဂုဏ်ပြုနေချိန်တွင် ဆက်သွယ်ခြင်းထက် နောက်ပိုင်းသူ အခက်အခဲကြုံနေချိန်တွင် ဆက်သွယ်ခြင်းက ပိုကောင်းသည်ဟု ဆိုလိုသည်)
သူမသည် အခွင့်ကောင်း ပေါ်လာမည့် အချိန်ကို ဆက်လက်စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှသာ အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်သည်။
လင်းပိုင်ဖန် က နိုင်ငံတော်အမည်ကို ပြောင်းလဲရန် ရည်ရွယ်နေကြောင်းကို သိလိုက်ရတဲ့အခါ မျိုးနွယ်စု သုံးစု စလုံးသည် ဒေါသထွက်ပြီး မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် လင်းပိုင်ဖန် ၏ အောင်မြင်မှုများသည် ၎င်းတို့၏ ဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခများအပေါ်တွင် တည်ဆောက်ထားသောကြောင့်ပင် ဖြစ်သည်။
သူတို့သည် ဂုဏ်သရေရှိသော မျိုးနွယ်စုများ ဖြစ်ကြသည်။ သူတို့၏ ခေါင်းပေါ်သို့ အခြားသူများ တက်နင်းခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
နိုင်ငံတော်အမည် ပြောင်းလဲမယ့် ပွဲတော် ကို ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ စီစဉ်နေတာတဲ့လား။
ပြီးတော့ ကမ္ဘာတစ်ဝန်းလုံးကိုတောင် ကြေညာမယ်တဲ့လား…။
မင်းရဲ့ ခမ်းနားတဲ့ အခမ်းအနားကို လူရယ်စရာ ဖြစ်အောင် ငါတို့ လုပ်ပြမယ်။
ထိုအချိန်တွင် ပြင်ပလောကမှ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ လင်းပိုင်ဖန် သည် ခမ်းနားသော အခမ်းအနားကို အံ့မခန်းပွဲတော် တစ်ခုကဲ့သို့ ကျင်းပမည် ဖြစ်သည်။
ပွဲစီစဉ်မှုကို တာဝန်ယူထားသော လီလင်းဖူက အခမ်းအနားကို ခမ်းနားထည်ဝါစွာ ပြီးမြောက်စေရန်နှင့် လင်းပိုင်ဖန် ၏ စိတ်တိုင်းကျ ဖြစ်စေရန်အတွက် အလွန်ကို ကြိုးစားပမ်းစား လှုပ်ရှားသွားလာနေသည်။
အချိန်များ ကုန်လွန်သွားကာ အခမ်းအနားနေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့တွင် လူအုပ်ကြီးသည် ပခုံးချင်းယှဉ်၍ သွားလာနေကြကာ လူများပြည့်ကျပ်နေပြီး မျက်စိတစ်ဆုံး မြင်နေရသည်။
၎င်းတို့ထဲ အများစုမှာ တစ်နှစ်တောင် မပြည့်သေးဘဲ မကြာသေးမီကမှ ရောက်ရှိလာသူများ ဖြစ်သော်လည်း….
သူတို့သည် ဤနေရာတွင် အသက်ရှင် ရပ်တည်နိုင်ခဲ့ပြီး၊ အရသာရှိသော ထမင်းများကို စားရ၊ ပိုက်ဆံလည်း ရ၊ လှပပြီး ကြီးမားတဲ့ အိမ်များတွင် နေထိုင်ခဲ့ရသည်။ သူတို့၏ဘဝများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး၊ ရှ နိုင်ငံ အပေါ် ခင်တွယ်စိတ်များ တစ်စွန်းတစ်ဆ ရှိလာခဲ့ကြသည်။
သူတို့၏ နိုင်ငံသည် နိုင်ငံကြီးဖြစ်တော့မည်ကို မြင်တွေ့ရသောအခါ ဂုဏ်ယူဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။
“ ရှ နိုင်ငံ တိုးတက်ကောင်းမွန်ပြီး စည်ပင်ဝပြောပါစေ”
“သံသယဖြစ်စရာ မရှိဘူး၊ ရှ နိုင်ငံက ထာဝရ ကြီးပွားချမ်းသာနေတော့မှာ”
"ခင်ဗျား မှားနေပြီ။ အဲဒါ ရှ နိုင်ငံ မဟုတ်တော့ဘူး၊ ဒီနေ့ကစပြီး မဟာရှ နိုင်ငံလို့ ပြောင်းခေါ်ရတော့မှာ"
အချိန်တွေ ကုန်လွန်သွားခဲ့သည်။
လီလင်ဖူ က အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး လင်းပိုင်ဖန် အား "အရှင်မင်းကြီး၊ မင်္ဂလာ အခါတော်က ရောက်ရှိလာပါပြီ။ ပလ္လင်ပေါ်သို့ တက်တော်မူပါ" ဟု ရိုသေစွာ လျှောက်တင်လိုက်သည်။
"ကောင်းပြီ"
လင်းပိုင်ဖန် ခေါင်းညှိတ်လိုက်ပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဦးဆောင်ကာ ခေါင်းကိုမော့၊ ရင်ကို ကော့၍ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။
အစောင့်အရှောက်များကလည်း ဘေးနှစ်ဖက်မှ နီးကပ်စွာ လိုက်ပါလာပြီး အလွန်ခန့်ညားထည်ဝါသော ပုံပန်းသဏ္ဌာန် ရှိနေခဲ့သည်။
ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသော သာမန်ပြည်သူများကသည် တစ်ညီတစ်ညွတ်တည်း အရှင်မင်းကြီး အသက်ရှည်ပါစေ ဟု အော်ဟစ်ကာ ဒူးထောက်လိုက်ကြသည်။
လင်းပိုင်ဖန်သည် ဘေးဘက်သို့ လှည့်ကြည့်ခြင်းမရှိဘဲ ကောင်းကင်ပလ္လင်၏ လှေကားထစ်များကို မယိမ်းမယိုင် ဆက်လက်တက်လှမ်းသွားခဲ့သည်။
လီလင်းဖူ ၏ ကြီးကြပ်မှုအောက်တွင် လင်းပိုင်ဖန် သည် ကောင်းကင်နှင့် မြေကြီးကို ပူဇော်သော၊ ဘိုးဘေးများကို အရိုသေ ပေးသော ဓလေ့ထုံးတမ်း များကို ပြုလုပ်ခဲ့သည်။
အခမ်းအနားများ အားလုံး ပြီးဆုံးသောအခါ သူသည် အားလုံးကြားနိုင်ရန် ကျယ်လောင်စွာ ကြေညာလိုက်သည်။
"ယနေ့မှစ၍ ရှ နိုင်ငံ ကို မဟာရှ ဟု အမည်ပြောင်းလဲ၍ မဟာရှ နိုင်ငံတော် ဟု ခေါ်ဆိုစေမည်"
လီလင်ဖူက ချက်ချင်းပင်- "အရှင်မင်းကြီး အသက် ရှည်ပါစေ၊ မဟာရှ နိုင်ငံ အသက် ရှည်ပါစေ" ဟု အော်ဟစ်လိုက်သည်။
အခြားသူများကလည်း တစ်ညီတစ်ညာတည်း အော်ဟစ်လိုက်ကြသည်။
"အရှင်မင်းကြီး အသက်ရှည်ပါစေ၊ မဟာရှ နိုင်ငံ အသက်ရှည်ပါစေ"
"အရှင်မင်းကြီး အသက်ရှည်ပါစေ၊ မဟာရှ နိုင်ငံ အသက်ရှည်ပါစေ"
ထိုအချိန်တွင် မနီးမဝေးမှ ရုတ်တရက် ရိုင်းစိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"နိုင်ငံတော်အမည်ကို ပြောင်းဖို့ စဉ်းစားနေတယ်လား၊ မင်း ငါ့ခွင့်ပြုချက်ကိုရော တောင်းခဲ့သေးလား"
"မင်းလို မိုက်မဲတဲ့ ဧကရာဇ်က၊ နိုင်ငံကြီး တစ်နိုင်ငံရဲ့ ဧကရာဇ် ဖြစ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"
"ဒီနေ့ မင်းရဲ့ ခမ်းနားတဲ့ အခမ်းအနားကို ဈာပနပွဲ အဖြစ် ငါ ပြောင်းပစ်မယ်"
"ဟား…ဟား…ဟား"
အသံဆုံးသည်နှင့် တပြိုင်နက် လူအုပ်ထဲမှ အင်အားကြီး ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ထဲတွင် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး ပါဝင်နေသည်။
သို့သော် ၎င်းတို့သည် လင်းပိုင်ဖန် ကို တိုက်ခိုက်ခြင်းမပြုဘဲ အပြစ်မဲ့သည့် အရပ်သားများဆီသို့ ပြေးသွားခဲ့ကြသည်။
"အား…" လူအုပ်ထဲတွင် အကြီးအကျယ် ဆူပူသံများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် အဝေးမှ ပေါ့ပါးပြီး လွတ်လပ်ကာ၊ ချုပ်ချယ်မှု မရှိသော ပုံရိပ်တစ်ခု တစ်ခု ပျံသန်းလာခဲ့သည်။
"လေနှင့်အတူ ဓားကိုစီးနင်းပြီး နတ်ဆိုးတွေကို ကောင်းကင်နဲ့ မြေကြီးကနေ နှိမ်နင်းဖို့ ငါ လာပြီ။ အရက်နဲ့ ဆိုရင် ပျော်ရွှင်လွတ်လပ်ပြီး၊ အရက်သာ မရှိရင် ငါဟာ အရူးတစ်ယောက်ပဲ၊ ဟား…ဟား.."
မျက်စိတစ်မှိတ်အတွင်း သူသည် ကောင်းကင်ပလ္လင် သို့ ရောက်ရှိလာပြီး လမ်းတစ်လျှောက်တွင် ပြဿနာလာရှာတဲ့ ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးကို တိုက်ခိုက်လိုက်သည်။
ထို ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး သည် အံ့အားသင့်သွားကြပြီး ဒေါသတွေ ထွက်လာကာ- "မင်းက အရက်ဓားအင်မော်တယ် မလား"
"ဟုတ်တယ်၊ မင်းတို့ အဘိုး ငါပဲ"
အရက်ဓားအင်မော်တယ် က အရက်ကို သောက်ရင်း လှောင်ပြောင်လိုက်သည်- "မင်းတို့ မျိုးနွယ်စုတွေက ပုန်းလျှိုးကွယ်လျှိုး လုပ်ကြံဖို့ပဲ တက်တယ်၊ အားနည်းသူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်တဲ့ အောက်တန်းစားတွေပဲ။ ဒါကို ငါ့ဘဝမှာ အမုန်းဆုံးပဲ။ မင်းတို့ အားလုံး ရောက်လာပြီ ဆိုမှတော့ ပြန်သွားဖို့ကို မစဉ်းစားတော့နဲ့။ ဒီမှာ ငါ့အတွက် နေခဲ့ကြ"
ထိုသို့ပြောပြီးနောက် သူသည် သူ၏ အရက်ဘူး ကို ပြန်ချလိုက်ပြီး သူ၏ ကျောပေါ်ရှိ ဓား သည် “ချလန်” ဟူသော အသံဖြင့် ပျံထွက်လာကာ ၎င်းကို သူ လက်ထဲတွင် ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ပြင်းထန်သော ဓားချီ ဖြင့် သူသည် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ထံသို့ တိုက်ခိုက်လိုက်သည်။
"ဘယ်လောက်တောင် မောက်မာတဲ့ စောက်ရူးလဲ"
"အရက်ဓားအင်မော်တယ်၊ မင်းကို ငါတို့ ကြောက်မယ်လို့ မထင်လိုက်နဲ့။ ဒီနေ့ ငါ လျှူမိသားစုဝင်တွေအတွက် မင်းကို လက်စားချေမယ်"
"ဒီနေ့ပြီးရင် ဒီလောကမှာ အရက်ဓားအင်မော်တယ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး သည် ဝိုင်ဓားနတ်ဘုရား ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
"အရှင်မင်းကြီး၊ အရက်ဓားအင်မော်တယ်က သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရပါတယ်၊ သူ အနိုင်ရဖို့ မစွမ်းဆောင်နိုင်မှာ စိုးရိမ်ရပါတယ်။ ကျွန်တော်မျိုးတို့ သွားရောက် ကူညီလိုက်ပါ့မယ်" ဗိုလ်ချုပ်ကြီး ချိုင်ယူလန်က ဦးညွှတ်ပြီးနောက် အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့သည်။
"ကျွန်မလည်း သွားရောက် ကူညီပါ့မယ်။ သူတို့က အခမ်းအနားကို ဖျက်ဆီးဖို့ လာရဲသေးတယ်၊ အသက်မရှင်ချင်ကြတော့ဘူး ထင်တယ်" ချိုင်ယွီရှင်း က နောက်မှ ကပ်လိုက်သွားသည်။
မိန်းမစိုးလျှူကတော့ အလောတကြီး မပြုမူဘဲ လင်းပိုင်ဖန် ဘေးတွင်သာ နေ၍ အကာအကွယ် ပေးနေခဲ့သည်။
ထိုစဉ် ဖျက်ဆီးရန် လာရောက်သော ကျူးကျော်သူများစွာ၏ ခေါင်းတို့သည် မြေပေါ်သို့ ပြုတ်ကျကုန်ကြပြီး ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ သေဆုံးသွားခဲ့ကြသည်။
လင်းပိုင်ဖန် လှုပ်ရှားလိုက်ခြင်း မဟုတ်ဘဲ ပိုင်ဇူက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သူမက အလွန်မြန်ဆန်စွာ လှုပ်ရှားခဲ့ပြီး အဖြူရောင် အရိပ် တစ်ခု လျှပ်တစ်ပြက် ဖြတ်သွားသည်ကိုသာ မြင်လိုက်ရသည်။
အခမ်းအနားအတွင်း သွေးထွက်သံယို သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။
လင်းပိုင်ဖန်ကတော့ ဤအရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
တစ်ခါတစ်ရံ နိုင်ငံကြီး တစ်နိုင်ငံဟု ခေါ်ဆိုနိုင်သည့် အင်အားအပြည့်အဝကို သူ့၏ ရှ နိုင်ငံတွင် ရှိကြောင်းကို အခြားသူများအား သိရှိစေရန်အတွက် ပြင်ပကမ္ဘာသို့ သူ၏ အင်အားကို ထုတ်ပြရန် လိုအပ်သည်။
ကဏ္ဍအမျိုးမျိုးတွင် သန်မာရုံသာမက ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေလည်း မချို့တဲ့ကြောင်းကို ပြသရန် လိုအပ်သည်။
ပြဿနာ လာရှာရဲလျှင် သေဖို့ပါ အသင့် ပြင်ထားရမည်ဖြစ်သည်။
ထိုအချိန်တွင် နိုင်ငံအသီးသီးမှ သူလျှိုများသည်လည်း အလွန်ကို အံ့အားသင့်သွားခဲ့ကြသည်။
ရှနိုင်ငံ သည် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦး ကို တိတ်တဆိတ် ရရှိခဲ့ရုံသာမက ၎င်းတို့၏ ခွန်အားမှာလည်း အလွန် ကြောက်မက်ဖွယ်ကောင်းပုံ ရသည်။
သတင်းအချက်အလက် မှားယွင်းခဲ့ပြီဖြစ်သည်။
သူတို့၏ ကျန်ရှိနေသေးသော မရိုးသားသည့် အတွေးများသည် ယခုအခါ ပျောက်ကွယ်သွားပြီး၊ သူတို့သည် ရိုးရှင်းသော ပွဲကြည့်ပရိသတ်များ အဖြစ်သို့သာ လက်လျှော့ခဲ့လိုက်ကြသည်။
ခဏအကြာတွင် ဖျက်ဆီးရန် လာရောက်ခဲ့သော အခြားပြဿနာရှာသူများ အားလုံး အသတ်ခံလိုက်ရပြီး ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး သာ ကျန်တော့သည်။
နီးကပ်လာသော သေခြင်းတရားကို ခံစားမိသောအခါ ထို ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးသည် သူတို့၏ အသက်ကို ကယ်ဆယ်ရန် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးခဲ့ကြသည်။
"ဒီ အကြွေးကို နောက်တစ်ချိန်ကျမှ ရှင်းမယ်"
"ငါ လက်စားချေဖို့အတွက် ပြန်လာခဲ့မယ်" ( နေတိုးအသံဖြင့်)
"မင်းတို့ အားလုံး ငါ့ကို စောင့်နေကြ"
ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးက အမှန်တကယ် ထွက်ပြေးလိုပါက တူညီတဲ့အဆင့်မှာ ရှိနေသူ တစ်ဦးအတွက် ဖမ်းမိရန် အလွန်ခက်ခဲပေသည်။
ချိုင်ယူလန် နှင့် သူ၏ သမီး၊ အရက်ဓားအင်မော်တယ် နှင့် အခြားသူများကလည်း လင်းပိုင်ဖန် ကို ကာကွယ်ရမည်ဖြစ်သောကြောင့် ထိုလူသုံးဦး ထွက်ပြေးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။
"ကျူးကျော်သူတွေကို သတ်ဖြတ်ရန် ကျွန်တော်မျိုးတို့ ပျက်ကွက်ခဲ့ပါတယ်၊ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ"
လင်းပိုင်ဖန် က လက်ကာပြလိုက်ပြီး- "ကိစ္စမရှိဘူး၊ သူတို့တွေ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ပြီးနောက် သူသည် ကြောက်မက်ဖွယ်ကောင်းသော ဓားချီ သုံးခုကို အင်ပါယာ မြေပုံ ဆီသို့ အလျှန်အမြန် ခုတ်ပိုင်းချလိုက်သည်။