အခန်း (၈၃)
Vol. 6 Ch. 83
တိုက်ပွဲသတင်းသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဘုရားရေ၊ အခမ်းအနားကို ဖျက်ဆီးရဲတဲ့သူက ရှိသေးတာလား”
“ ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက်နဲ့ ပထမတန်းစား ကျွမ်းကျင်သူ ဒါဇင်ကျော်လောက်က တကယ်ပဲ ကျရှုံးခဲ့တာလား”
“ ဘယ်သူကမှ ရှ နိုင်ငံက ဘာအသံမှမပေးဘဲ ချီဖွဲ့တည်ခြင်းအဆင့်နှစ်ယောက် ရလိုက်မယ်လို့ ထင်ခဲ့မိကြမှာလဲ။ သူတို့ထဲက တစ်ယောက်က လူသတ်သမား အရက်ဓားအင်မော်တယ် ဖြစ်ပြီး၊ နောက်တစ်ယောက်က ချီဖွဲ့တည်ခြင်းအဆင့် ထဲမှာမှ ကြောက်စရာကောင်းလှတဲ့ ချီဖွဲ့တည်ခြင်းအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်နေတယ်”
“ ဘယ်လိုတောင်လား၊ ရှ နိုင်ငံမှာ ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်တောင် ရှိနေပြီလား။ နောင်ဆို သူတို့ကို တကယ်ပဲ သွားမရှုပ်သင့်တော့ဘူး”
“ မဟာရှနိုင်ငံဟာ တကယ်ပဲ အင်အား ကြီးမားလာခဲ့ပြီ”
လူတိုင်းက အံ့ဩတကြီး သက်ပြင်းချလိုက်ကြသည်။
ရှနိုင်ငံရဲ့ အကြီးမားဆုံး အားနည်းချက်က ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေ မရှိတာပဲ ဖြစ်သည်။
အခုတော့ အဲဒီကွာဟချက်ကို လုံးဝ ဖြည့်ဆည်းပြီးသွားခဲ့ပြီ။ သူတို့မှာ မဟာနိုင်ငံကြီးတွေထဲမှာ ရပ်တည်ဖို့ လုံလောက်တဲ့ အရည်အချင်းတွေ ရှိနေခဲ့ပြီဖြစ်သည်။
အင်အားကြီး မျိုးနွယ်စု သုံးစုလည်း ဒီသတင်းကို ကြားတော့ လုံးဝ ကြောင်အသွားခဲ့ကြသည်။
သူတို့၏ အမှားအယွင်းမရှိသော အစီအစဉ်ဟာ တကယ်ပဲ ကျရှုံးလိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
ဒီအစီအစဉ်ဟာ အောင်မြင်သင့်သည်။ ဘာကြောင့်လဲဆိုတော့ ရှ နိုင်ငံတွင် ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက်ပဲ ရှိပြီး သူတို့ကလည်း သုံးယောက် လွှတ်လိုက်တာ ဖြစ်သည်။ သုံးယောက်-သုံးယောက် တိုက်ပွဲဟာ သူတို့ သုံးယောက်ကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့သူတွေကတော့ ဖျက်ဆီးမှုတွေကို လုပ်နိုင်သောကြောင့် သူတို့ကို သေချာပေါက် ထိခိုက်စေမှာ ဖြစ်သည်။
အခမ်းအနားကို ဆက်လုပ်လို့ မရတော့ဘူးဆိုတာနဲ့ သူတို့အတွက် အောင်မြင်မှုလို့ သတ်မှတ်နိုင်သည်။
ဒါပေမဲ့ ဘယ်သူကများ ရှ နိုင်ငံမှာ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ယောက် ထပ်ရှိမယ်လို့ ထင်ခဲ့မိမှာလဲ။ သူတို့ထဲက တစ်ယောက်က သူတို့ အရမ်းမုန်းပြီး သတ်ချင်နေခဲ့တဲ့ အရက်ဓားအင်မော်တယ် ဖြစ်နေခဲ့သည်။
ဒါကြောင့် အစီအစဉ်က ပျက်စီးသွားသည်။
ပထမတန်းစားကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ဆုံးရှုံးလိုက်ရတာက သူတို့အတွက် နာကျင်စရာကောင်းပေမယ့် လက်မခံနိုင်စရာတော့ မဟုတ်ပေ။
သူတို့ကို အမှန်တကယ် စိုးရိမ်စေတာက အဲဒီ ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက်ဖြစ်သည်။
“သူတို့ရဲ့သတင်း မကြားရသေးဘူးလား”
“လူကြီးမင်းခင်ဗျာ ဒီအချိန်အထိ ဘာသတင်းမှ မကြားရသေးပါဘူး”
“သူတို့ ထွက်ပြေးသွားတယ်လို့ မပြောဘူးလား။ ဘာလို့ အခုထိ သတင်းမရသေးတာလဲ”
“သူတို့ တကယ်တော့ ထွက်ပြေးသွားခဲ့ပါတယ်၊ ဒါပေမဲ့….”
“ဂရုမစိုက်ဘူး၊ အခု ချက်ချင်း သွားရှာလိုက်။ သူတို့ကို အရှင်လိုချင်တယ်။ ဒါမှမဟုတ် သေရင်လည်း သူတို့ရဲ့ အလောင်းကို မြင်ချင်တယ်”
သုံးရက်ကြာပြီးနောက် ထွက်ပြေးသွားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက်ကို လူသူမဲ့ တောနက်ထဲမှာ နောက်ဆုံးတော့ ရှာတွေ့ခဲ့သည်။
သူတို့တွေ သေဆုံးနေခဲ့ကြပြီ။ သူတို့ရဲ့ ခေါင်းတွေသာ ထိခိုက်မှုမရှိဘဲ ကျန်ခဲ့တာကလွဲရင် ကျန်တဲ့ ခန္ဓာကိုယ်တွေကို သားရဲတိရစ္ဆာန်တွေက စားသောက်ထားလို့ အရိုးတောင်မှ မကျန်ခဲ့ပေ။ သူတို့ရဲ့ သေဆုံးမှုဟာ အလွန် ကြေကွဲဖွယ် ဖြစ်ခဲ့သည်။
ဒီသတင်းကို ကြားတော့ အဓိက မျိုးနွယ်စု သုံးစုဟာ အရမ်းကို ဒေါသထွက်လွန်းလို့ မူးမေ့လဲတော့မလို့တောင် ဖြစ်ခဲ့ကြသည်။
ဒီအချိန်မှာတော့ မဟာအခမ်းအနားဟာ ပြီးဆုံးသွားပြီး လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာ အလုပ်တွေဆီ ပြန်သွားခဲ့ကြသည်။
တူးမြောင်းက ပြီးစီးသွားပြီဖြစ်လို့ လုပ်သားတွေ မလိုတော့တဲ့အတွက် တူးမြောင်းတူးနေသည့် အလုပ်သမားတချို့ဟာ စိုက်ပျိုးဖို့ မြေအသစ်တွေ ရှင်းလင်းဖို့ ထွက်သွားကြပြီး တချို့ကတော့ လင်းပိုင်ဖန်ကို နန်းတော်အသစ် ဆောက်လုပ်ရာမှာ ကူညီဖို့ ပြန်လာခဲ့ကြသည်။
ဒီနန်းတော်ကို မင်းဆက်တစ်ခု အနေအထားနှင့် ကိုက်ညီတဲ့ အတိုင်းအတာနှင့် ဆောက်လုပ်နေတာ ဖြစ်သည်။ ထို့ကြောင့် အလွန်ကြီးမားတဲ့ လုပ်ငန်း ဖြစ်သည်။
လုပ်သား သိန်းနဲ့ချီတဲ့အပြင် ဘိလပ်မြေရဲ့ အံ့ဖွယ် ဆောက်လုပ်ရေး အကူအညီနဲ့တောင်မှ ပြီးစီးဖို့ နှစ်နှစ်ကနေ သုံးနှစ်လောက် ကြာနိုင်သည်။
ပါဝင်မည့် အရင်းအမြစ်ပမာဏက ငွေတေး ဆယ်သန်းကို ကျော်လွန်သွားနိုင်ပြီး ဒါဟာ မင်းဆက်တစ်ခုရဲ့ ဘဏ္ဍာတိုက်ကတောင် မထောက်ပံ့နိုင်တဲ့ ပမာဏ ဖြစ်သည်။
ဒါဟာ ပြည်သူတွေကို ပင်ပန်းစေပြီး ဘဏ္ဍာရေးကို ခန်းခြောက်စေနိုင်တဲ့ စီမံကိန်း ဖြစ်ပေမယ့်လည်း လင်းပိုင်ဖန်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်သည်။
ကန့်ကွက်တဲ့ အသံတွေ ဘယ်လောက်ပဲ ရှိရှိ၊ သူတို့အားလုံးကို ဖိနှိပ်ခဲ့လိုက်သည်။
အရူးဧကရာဇ် ဆိုတဲ့ နာမည်ကိုလည်း အဆက်မပြတ် ကြားနေခဲ့ရသည်။
တခြားသူတွေက သူ့ကို ပိုပြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲလေ၊ လင်းပိုင်ဖန်က ပိုပြီးတော့ အားတက်လေ ဖြစ်လာခဲ့သည်။
“ငါကိုယ်တော်ရဲ့ အမိန့်ကို ကြေညာလိုက်၊ တစ်ပြည်လုံးက အကောင်းဆုံးဝိုင်နဲ့ အရသာရှိဆုံး စားသောက်ဖွယ်ရာတွေကို စုဆောင်းရမယ်”
“ငါကိုယ်တော် မမြည်းစမ်းဖူးတဲ့ အရက်မှန်သမျှကို ငွေတေး တစ်ရာ ဆုချမယ်။ အရက်ချက်နည်းကို တင်ပြနိုင်ရင် ငွေတေး တစ်ထောင် ဆုချမယ်။ ငါကိုယ်တော်အတွက် အရက်ချက်ပေးဖို့ ဆန္ဒရှိတဲ့သူကို ရာထူးတွေနဲ့ ကြွယ်ဝတဲ့ ဆုလာဘ်တွေ ပေးမယ်။ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေအတွက်လည်း အတူတူပဲ”
“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး” တစ်စုံတစ်ယောက်က အမိန့်ကို လက်ခံလိုက်သည်။
သူ့ဘေးနားက အရက်ဓားအင်မော်တယ်က သူ့ပေါင်ကို ပုတ်လိုက်ပြီး- “ဒါ ကောင်းတဲ့ အကြံပဲ။ ကျွန်တော်က အရက်ကောင်းတွေကို အချစ်ဆုံးပဲ။ အရက်ကောင်းကောင်းရှိရင် ကျွန်တော့်ကိုလည်း တစ်ဝက် ခွဲဝေပေးဖို့ မမေ့နဲ့နော်”
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး “ဟုတ်တာပေါ့၊ နယ်မြေအသီးသီးက အရက်မျိုးစုံကို မသောက်ဖူးရင် ဘယ်လိုလုပ်ပြီး အရက်ဓားအင်မော်တယ်လို့ ခေါ်နိုင်မှာလဲ”
“အမှန်ပဲ။ ကျွန်တော် အရှင်မင်းကြီးကို ပိုပိုပြီး သဘောကျလာပြီ၊ လူငယ်ဧကရာဇ်လေး”
အရက်ဓားအင်မော်တယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လင်းပိုင်ဖန်နဲ့ မိဖုရားကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး- “ ကျွန်တော်မျိုး ပြန်ပြီး အရက်ပဲ ပြန်သောက်တော့မယ်။ အရှင်မင်းကြီးတို့နှစ်ယောက်ကို အနှောင့်အယှက် မပေးတော့ပါဘူး”
ဒီလိုပြောပြီး စားပွဲပေါ်က အရက်ကောင်း တစ်ပုလင်းကို ကောက်ယူပြီး ထွက်သွားခဲ့သည်။
အရက်ဓားအင်မော်တယ် ထွက်သွားပြီးနောက် ပိုင်ဇူက ပေါ်လာပြီး ဒေါသတချို့နဲ့- “အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက ပြည်သူလူထုကို ပင်ပန်းစေပြီး ဘဏ္ဍာတော်ကို ခန်းခြောက်စေနိုင်ပါတယ်။ မကြာခင်မှာပဲ နိုင်ငံဟာ အရှင်ကြောင့် ပျက်စီးရပါလိမ့်မယ်”
သူမရဲ့ လက်စားချေလိုတဲ့ မျှော်လင့်ချက်တွေကို လင်းပိုင်ဖန်အပေါ်မှာ ထားထားတာဖြစ်သည်။
သို့သော်လည်း မကြာသေးမီ ရက်တွေမှာ လင်းပိုင်ဖန်က ကြီးမားတဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပိုက်ဆံကို မနှမြောဘဲ နန်းတော်အသစ် ဆောက်လုပ်တာတွေ၊ သူ့ရဲ့ ပျော်ရွှင်မှုအတွက် တစ်ကမ္ဘာလုံးက ကောင်းမွန်တဲ့ အရက်တွေနဲ့ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ စုဆောင်းတာတွေ၊ သာယာမှုတွေမှာ နစ်မြုပ်နေတာကို ကြည့်ပြီး သူဟာ အရူးဧကရာဇ် တစ်ဦးလို ဖြစ်နေတဲ့အတွက် သူမ နည်းနည်းတော့ စိတ်ပျက်ခဲ့မိလိုက်သည်။
ဒါကြောင့် သူမ မနေနိုင်ဘဲ လင်းပိုင်ဖန်ကို အကြံပေးဖို့ ထွက်လာခဲ့တာဖြစ်သည်။
လင်းပိုင်ဖန်က သူ့လက်တွေကို ဖြန့်လိုက်ပြီး ရယ်မောကာ -“ငါက နိုင်ငံကို ဖျက်ဆီးနေတယ်လို့ မင်းပြောနေတာလား၊ ဒါပေမဲ့ ငါ ရာဇပလ္လင်ကို တက်ပြီးကတည်းက အမြဲတမ်း ဒီလိုလုပ်ခဲ့တာပဲ။ ငါ့ရဲ့ မဟာရှနိုင်ငံ ပျက်စီးသွားတာကို မင်း မြင်ဖူးလား”
ပိုင်ဇူခင်ဗျာ ကြောင်အသွားပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။
တကယ်ကို ဒီ အရူးဧကရာဇ်ဟာ နိုင်ငံကို ပျက်စီးစေမယ့် အရာတွေကို အမြဲတမ်း လုပ်ဆောင်နေခဲ့တာ ဖြစ်သည်။
အမှန်အတိုင်း ပြောရရင် နိုင်ငံက အခုချိန်မှာ ပျက်စီးသွားသင့်သည်။
ဘာလို့ အခုချိန်အထိ နိုင်ငံတော် အာဏာဟာ အားမနည်းလာဘဲ ပိုပိုပြီး အားကောင်းလာရတာလဲ။
အဲဒီအချိန်မှာ ဝမ်ရှန်ကျန်းလို့ခေါ်တဲ့ မိဖုရားက အနည်းငယ် ပြုံးလိုက်ပြီး- “ညီမပိုင်၊ ထိုင်ပါဦး။ တကယ်တော့ ညီမက အရှင်မင်းကြီးကို နားလည်မှု လွဲနေတာပါ။ သူ လုပ်ဆောင်သမျှ အရာအားလုံးက တိုင်းပြည်နဲ့ ပြည်သူ အတွက်ပါပဲ”
ပိုင်ဇူက ပိုပြီးတောင် ရှုပ်ထွေးသွားခဲ့သည်- “တိုင်းပြည်နဲ့ ပြည်သူအတွက်လား”
ဒီစကားစုကို သူမရဲ့ စိတ်ထဲက အရူးဧကရာဇ်နဲ့ သူမ တကယ်ပဲ မတွဲစပ်နိုင်ခဲ့ပေ။
“ညီမပိုင်၊ ထိုင်ပါဦး။ အစ်မ ရှင်းပြပါရစေ” ဟု မိဖုရားက ဆိုလိုက်သည်။
ပိုင်ဇူက ခဏလောက် တွေဝေပြီးနောက် မိဖုရားဝမ်ဘေးမှာ ထိုင်လိုက်သည်။
လင်းပိုင်ဖန်ကတော့ သူ့ရဲ့ မိဖုရား ဘယ်လို ရှင်းပြမလဲဆိုတာ သိချင်စိတ်နဲ့ ကြည့်နေခဲ့သည်။
“အရှင်မင်းကြီးက ဘာလို့ နန်းတော်ကို ဆောက်ချင်တာလဲဆိုတာ ညီမလေး သိလား” ဟု ဝမ်ရှန်ကျန်းက မေးလိုက်သည်။
“ပျော်ပါးဖို့အတွက် မဟုတ်ဘူးလား” ဟု ပိုင်ဇူက မေးလိုက်သည်။
“ဟုတ်လည်း ဟုတ်သလို၊ မဟုတ်လည်း မဟုတ်ဘူး”
ဝမ်ရှန်ကျန်းက ရယ်လိုက်ပြီး- “အရှင်မင်းကြီးမှာ ဒီလို ရည်ရွယ်ချက် ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက သာမန်ပြည်သူတွေကို ချမ်းသာစေဖို့ပဲ။ ညီမပိုင်၊ အစ်မ အရင် မေးခွန်းတစ်ခု မေးပါရစေ။ သာမန်ပြည်သူတွေအတွက် အရေးအကြီးဆုံးက ဘာလဲဆိုတာ ညီမလေး သိလား”
“သာမန်ပြည်သူတွေအတွက် အရေးအကြီးဆုံးက ဘာလဲ” ပိုင်ဇူက စဉ်းစားခန်း ဝင်သွားခဲ့သည်။
“တကယ်တော့ သာမန်ပြည်သူတွေအတွက် အရေးအကြီးဆုံးက သုံးခုရှိတယ်။ ပထမတစ်ခုက စားစရာရှိဖို့၊ ဒုတိယတစ်ခုက သုံးစွဲဖို့ ပိုက်ဆံရှိဖို့၊ တတိယတစ်ခုက နေစရာအိမ်ရှိဖို့ပဲ။ ဒါတွေသာရှိရင် သူတို့ဟာ စားရေးဝတ်ရေးကို စိတ်မပူဘဲ နေနိုင်ပြီး လူထုကလည်း ငြိမ်းချမ်းစွာ နေထိုင်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်နိုင်လိမ့်မယ်”
“သာမန်ပြည်သူတွေသာ ဒီအချက်သုံးချက်ကို ရရှိနိုင်သရွေ့၊ သူကို့ ခေတ်အဆက်ဆက်ရဲ့ ပညာရှိ အုပ်ချုပ်သူလို့တောင် ခေါ်နိုင်တယ်”
“မှန်ပါတယ်၊ အစ်မ ပြောတာ မှန်ပါတယ်” ပိုင်ဇူက လုံးဝ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီလောက်ထိ ရိုးရှင်းတဲ့ လိုအပ်ချက်တွေကို နှစ်ထောင်ပေါင်းများစွာအတွင်း ဘယ်ဧကရာဇ်ကများ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဖူးလဲ။ ငါတို့ နိုင်ငံရဲ့ အရှင်သခင် တစ်ပါးတည်းကသာ လုပ်ဆောင်နိုင်ခဲ့တယ်”
“သူလား” ပိုင်ဇူက ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။
“အရှင်မင်းကြီးက လုပ်သား သိန်းနဲ့ချီကို စုစည်းပြီး နန်းတော် ဆောက်ခိုင်းလိုက်တယ်။ ဒီဖြစ်စဉ်အတွင်းမှာ အစားအစာလည်း ထောက်ပံ့ပေးတယ်။ ဒါက စားစရာနဲ့ ပတ်သတ်တဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်တာဘဲ မဟုတ်ဘူးလား”
“ဒါ့အပြင် အရှင်မင်းကြီးက လုပ်ခလစာလည်း ပေးသေးတယ်။ သာမန်ပြည်သူတွေ ပိုက်ဆံရတဲ့အခါ သုံးစွဲဖို့ ပိုက်ဆံရှိလာမယ်”
“ပိုက်ဆံရှိလာရင် သာမန်ပြည်သူတွေအတွက် အိမ်တွေ ဝယ်နိုင်လာမယ်။ အရှင်မင်းကြီးက စျေးသက်သာပြီး အရည်အသွေးမြင့်တဲ့ ဘိလပ်မြေအိမ်တွေကို ရောင်းချပေးနေတယ်။ အရစ်ကျပေးချေဖို့တောင် ခွင့်ပြုထားတယ်။ ဒါကြောင့် သာမန်ပြည်သူတွေ အများစုက ကောင်းမွန်တဲ့အိမ်တွေ ဝယ်နိုင်ခဲ့တယ်”
“ဒီလိုနည်းနဲ့ လူထုမှာ စားစရာရှိတယ်၊ သုံးစွဲဖို့ ပိုက်ဆံလည်း ရှိတယ်၊ ကောင်းမွန်တဲ့ အိမ်တွေလည်း ဝယ်နိုင်တယ်လေ”
“အခု ညီမလေး ပြောပါဦး။ အရှင်မင်းကြီးက အပျော်မက်တဲ့ အရူးဧကရာဇ်လား၊ ဒါမှမဟုတ် သူ့ရဲ့ တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုနေတဲ့ ပညာရှိ အုပ်ချုပ်သူလား”
ပိုင်ဇူက တစ်မျိုးဖြစ်သွားပြီး- “အစ်မ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ဘာလို့ လူတိုင်းက နန်းတော် ဆောက်တာကို ကန့်ကွက်နေကြတာလဲ။ ဒါဟာ ပြည်သူရဲ့ အရင်းအမြစ်နဲ့ စည်းစိမ်ဥစ္စာကို ခန်းခြောက်စေတဲ့ စီမံကိန်းလို့ ဘာလို့ ပြောနေကြတာလဲ”
“ဒါက နန်းတော် ဆောက်ချင်တဲ့ ဧကရာဇ်တွေက အစားအစာ ပေးဖို့ ဆန္ဒမရှိလို့ပဲ၊ လုပ်ခ ပေးဖို့ဆိုတာက ဝေးရော။ ရလဒ်အနေနဲ့ သာမန်ပြည်သူတွေဟာ ဘာမှပြန်မရတဲ့ အလုပ်တွေကို လုပ်နေရတယ်။ သူတို့ဟာ အငတ်ခံပြီး သေရတာ ဒါမှမဟုတ် ဆင်းရဲနွမ်းပါး သွားရတာမျိုး ဖြစ်လာတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီလိုစီမံကိန်းတွေက လူထုရဲ့ အရင်းအမြစ်နဲ့ စည်းစိမ်ဥစ္စာကို သဘာဝအတိုင်း ခန်းခြောက်စေပြီး ညည်းညူသံတွေက ပျံ့နှံ့လာတာပေါ့”
“ဒါပေမဲ့ သူတို့ကို လုံလောက်တဲ့ အစားအစာနဲ့ ပိုက်ဆံသာ ပေးရင် ဘယ်သူကများ အလုပ်မလုပ်ချင်ဘဲ နေမလဲ”
ဝမ်ရှန်ကျန်းက သက်ပြင်းချလိုက်ပြီး- “ဒီခေတ်မှာ သာမန်ပြည်သူတွေက ခက်ခဲတဲ့ ဘဝတွေကို ဖြတ်သန်းနေရတယ်။ လူ့အသက်က မြက်လောက်တောင် တန်ဖိုးမရှိတော့ဘူး။ အသက်ရှင်ဖို့က အရမ်းခက်တယ်။ အရှင်မင်းကြီး ပေးတဲ့ အလုပ်အကိုင်တွေနဲ့ အခွင့်အရေးက သူတို့ မီးအိမ်နဲ့ ရှာရင်တောင် မတွေ့နိုင်တဲ့ ရှားပါးတဲ့ ကောင်းချီးတစ်မျိုးပဲ။ သူတို့ မလုပ်နိုင်တော့တဲ့အချိန်အထိ မရပ်မနား အလုပ်လုပ်ရမယ်ဆိုရင်တောင်မှ အခွင့်အရေးကို မြတ်နိုးနေကြလိမ့်မယ်”
“ဒီလိုကိုး” ပိုင်ဇူက လင်းပိုင်ဖန်ကို အမြင်သစ်နဲ့ ရုတ်တရက် မြင်ကြည့်လိုက်သည်။
သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သာမန်ပြည်သူတွေအတွက် ဖြစ်နေတာကိုး။
“ဒါဆို သူ လူတိုင်းကို တူးမြောင်းတူးဖို့နဲ့ စိုက်ပျိုးဖို့ မြေရှင်းလင်းဖို့ စုစည်းခဲ့တာကလည်း သာမန်ပြည်သူတွေအတွက်ပဲလား”
“ဟုတ်တယ်”
ဝမ်ရှန်ကျန်းက ပြုံးလိုက်ပြီး-“စားစရာသာ လုံလောက်ပြီး ပိုက်ဆံ ရနေသရွေ့ ဒါဟာ သာမန်ပြည်သူတွေအတွက် ကောင်းတဲ့အရာပဲ။ သူတို့က ဒီလိုအလုပ်မျိုး ပိုများများရှိဖို့ကိုသာ ပိုလိုချင်ကြလိမ့်မယ်။ မဟာရှနိုင်ငံက ပြည်သူတွေရဲ့ ဘဝတွေဟာ ပိုပိုပြီး ကောင်းမွန်လာတာကို ညီမလေး သတိမထားမိဘူးလား”
ပိုင်ကျူက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
အရင်က သူမ နားမလည်ခဲ့တဲ့ အရာတွေ အများကြီးကို သူမ နောက်ဆုံးတော့ စတင်နားလည်လာခဲ့သည်။
ရုတ်တရက် လင်းပိုင်ဖန်အပေါ် သူမရဲ့ အမြင်တွေ အများကြီး ပြောင်းလဲသွားခဲ့သည်။
သူဟာ အရူးဧကရာဇ် မဟုတ်ဘဲ သူ့ ပြည်သူတွေကို တကယ် ဂရုစိုက်တဲ့ ပညာရှိ ဘုရင်တစ်ပါး ဖြစ်နေခဲ့သည်။
လင်းပိုင်ဖန်က ပြုံးကာ ဝမ်ရှန်ကျန်းကို ကြည့်ပြီး မေးလိုက်သည်– “ငါ့ရဲ့ ချစ်လှစွာသော မိဖုရား၊ မင်း ဒါတွေ ဘယ်လိုများ သိခဲ့ရတာလဲ”
ဝမ်ရှန်ကျန်းက ခေါင်းငုံ့ကာ တောင်းပန်သလို ပြောလိုက်သည်- “အရှင်မင်းကြီး၊ ကျွန်မရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် အရှင်ကို မကူညီနိုင်တဲ့အတွက် မကြာခဏ အပြစ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မ နန်းတော်ထဲမှာ မကြာခဏ ရည်ရွယ်ချက်မရှိဘဲ စဉ်းစားနေမိခဲ့တယ်။ အောက်ခြေကနေ လာတာဖြစ်တဲ့အတွက် သာမန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကျွန်မ နားလည်ပါတယ်။ ဒါကြောင့် ဒီလို အကြံဉာဏ် ထွက်ပေါ်လာရတာပါ။ မသင့်လျော်တာ တစ်ခုခုရှိရင် ခွင့်လွှတ်တော်မူပါ၊ အရှင်မင်းကြီး”
“ငါ့ရဲ့ ချစ်လှစွာသော မိဖုရား၊ မင်း ပြောတာ အလွန်ကောင်းတယ်။ ဘယ်မှာ ပြစ်မှုရှိရမှာလဲ”
လင်းပိုင်ဖန်က ဝမ်ရှန်ကျန်းကို သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်ပြီး- “မင်းက တခြားသူတွေထက် အများကြီး ပိုပြီး ဉာဏ်ကောင်းတယ်။ ဒီလောက်များတဲ့ လူတွေ နားမလည်တဲ့ နိယာမတွေကို မင်း မြင်အောင် ကြည့်နိုင်ခဲ့တယ်။ ငါကိုယ်တော် ခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို မင်းတစ်ယောက်တည်းသာ နားလည်နိုင်တယ်။ မင်းလို ဇနီးတစ်ယောက် ရှိနေတော့ ခင်ပွန်းတစ်ယောက်အနေနဲ့ ဘာများ ထပ်တောင်းဆိုစရာ ရှိတော့မှာလဲ”
“ဒါဆို အရှင်ရဲ့ တစ်ပြည်လုံးက ကောင်းမွန်တဲ့ အရက်နဲ့ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ စုဆောင်းတာကလည်း သာမန်ပြည်သူတွေ အတွက်ပဲလား” ဟု ပိုင်ဇူက ထပ်မေးလိုက်သည်။