← Chapters

ဘာစိုးရိမ်စရာမှ မရှိဘူး ၊ ဒီတိုင်း အဆိပ်မိတာ

Vol. 4 Ch. 31

ဘာစိုးရိမ်စရာမှ မရှိဘူး ၊ ဒီတိုင်း အဆိပ်မိတာ

Vol. 4 Ch. 31

ကျန်းချင်ရှန်း ၊ သူ့အသံကို နိမ့်ပြီး သူ့သားထံသို့ ဂုဏ်ယူဝင့်ကြွားစွာ တိုးတိုးလေး ဆိုလိုက်သည်။

“ ငါ့သား… အတွေ့အကြုံ ရင့်ကျက်တယ်ဆိုတာက ဘာလဲ မင်း အခု သိပြီလား …”

“ ဒေါက်တာချန်က ငါ ပေးတဲ့ လက်ဆောင်ကို ဘာကြောင့်မို့ မျက်တောင်မခတ်ဘဲ ငေးကြည့်နေတယ်ထင်လဲ …”

သူ့သား ပြန်ဖြေသည့်စကားကိုပင် မစောင့်ဘဲ ကျန်းချင်ရှန်း သူ့ဘာသူ အဖြေပေးလိုက်သည်။

“ ဘာလို့ဆို ဒေါက်တာချန် သိပ်သဘောကျလွန်းလို့ပဲ … အဲ့တာကြောင့် မျက်တောင်မခတ်စတမ်း ကြည့်နေရတာပေါ့ …”

ကျန်းကျန့်ရှစ်၏ မျက်နှာကြွက်သားတို့ လိမ်တွန့်သွားခဲ့ရသည်။

ချန်ယွီ့က သူ ပေးတဲ့ လက်ဆောင်ကို ကျေနပ်နေတယ် ဟုတ်လား …

ဘယ်လိုပဲ ကြည့်ကြည့်‌ သူ့ပုံစံကြီးက ရှော့ခ်ရနေတယ်ဆိုတာ အသိသာကြီးပါ …

“ ဒေါက်တာချန်က ဆိုင်ထဲမှာ ရှိနေတယ်ဆိုတာ အဖေ ဘယ်လိုလုပ်ပြီး သိလဲ …”

သူတို့ မြေးအဘိုးသားအဖ သုံးယောက်က လွန်ခဲ့သော မိနစ် ၂၀ ခန့်ကတည်းက ချန်ယွီ့၏ ဆိုင်ရှေ့ကို ရောက်နေခဲ့ကြတာ ဖြစ်သည်။ သူတို့ အထဲဝင်ရန် တံခါးကို တွန်းကြည့်လိုက်တော့ အထဲက သော့ခတ်ထားသည်ကို သတိပြုမိလိုက်လေသည်။

ကျန်းကျန့်ရှစ်က ချန်ယွီ့ ဆိုင်ထဲတွင် ရှိမနေဟု ယုံကြည်ခဲ့၏။

သို့သော် ကျန်းချင်ရှန်းကတော့ ချန်ယွီ့ အထဲမှာ ရှိနေသည်ဟုသာ ခေါင်းမာနေခဲ့သည်။

“ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ဖော်ထုတ်လို့မရဘူး … ကလေး … မင်း များများသင်ယူစမ်းပါ …”

ကျန်းချင်ရှန်းက ဝင့်ကြွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကြားပြီးနောက် ကျန်းကျန့်ရှစ်မှာ သွေးအန်လုနီးပါး ဖြစ်သွားခဲ့၏။

အဖေက ထုတ်မပြောမှတော့ ကျွန်တော်က ဘယ်လိုသင်ယူရမှာတုန်း အဖေရ …

ကြည့်ရသည်မှာ သူ တကယ်ပဲ အချိန်ကောင်း တစ်ခု ရှာ၍ သူ့အဖေနှင့် သေချာလေး စကားပြောဖို့ လိုအပ်နေပုံပင်။

သူ့အဖေကို ထိုအန်တီကြီးများနှင့် အတူတွဲသွားတွဲလာလုပ်နေသည်ကို တားမြစ်ရမည်။ ထိုအန်တီကြီး တစ်အုပ်စုက ရိုးသားသည့် သူ့အဖေကို လမ်းမှားရောက်အောင် ပို့နေကြ၏။

“ အဘိုး… ခင်များ ဒါက ဘာလုပ်တာလဲ …”

သူ့ရှေ့ရှိ ရုပ်ထုကြီးကို အချိန်ခဏလောက် ကြည့်ပြီးနောက် ချန်ယွီ့ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

ရွှေချထားသည့် ဤရုပ်တုက တကယ်ပဲ Sigmund Freud ၏ ရုပ်ထုဖြစ်ကြောင်း သေချာသည်။

“ ဒေါက်တာချန် ငါ့အသက်ကို ကယ်ခဲ့ပေးလို့ ငါ့သား၊ ငါ့မြေးကိုပါ ခေါ်ပြီး အတူ ဂါရဝ လာပေးတာပါ ..”

ကျန်းချင်ရှန်းက အလုပ်သမားကို ချန်ယွီ့ဘက်ခြမ်းသို့ သယ်ဆောင်သွားရန် လက်ဟန်ပြလိုက်သည်။

“ ငါနဲ့ ငါ့မိသားစုက ဒေါက်တာချန်ရဲ့ ကျေးဇူးတရားတွေကို ဘယ်တော့မှ မမေ့ပါဘူး …”

“ ဒေါက်တာချန်က လူတွေကြားထဲ ကျင့်ကြံနေထိုင်တဲ့ ကျွမ်းကျင်သူဆိုတော့ မင်းရဲ့ မျက်လုံးကို ငွေနဲ့ ညစ်ညမ်းအောင် မလုပ်ဝံ့ပါဘူး …”

“ ဒီရဲ့ ရုပ်ထုက ငါတို့ မိသားစုရဲ့ ကျေးဇူးတင်ကြောင်းပြတဲ့ တုံကင်လေးပါ ဒေါက်တာချန် …”

“ ကျေးဇူးပြုပြီး မငြင်းပါနဲ့ …”

ကျန်းချင်ရှန်း၏ စကားကို နားထောင်ပြီးတော့ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ချန်ယွီ့ သတိထားမိလိုက်သည်။

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာဖြင့် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်ရာ ဤလက်ဆောင်၏ အကြောင်းအရင်းကို သိပြီးသည့်နောက် ချန်ယွီ့ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့ရသည်။

ထို ဝတုတ်ကလေးနှစ်ယောက်၏ ရုပ်ပုံ ပန်းချီကားချပ်က ကျန်းမိသားစု၏ ကြမ္မာဆိုးကို ဖယ်ရှားပေးခဲ့သည်။

ကျန်းချင်ရှန်းမှာ တစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏ ကျေးဇူးတင်မှုကို မည်သို့ဖော်ပြရ ကောင်းနိုးနိုး ဖြစ်နေခဲ့သည်။

ကျန်းချင်ရှန်းက သူ့သားနှင့် သူ့မြေးလေးကို ကူစဉ်းစားပေးဖို့ မနက် ထမင်းဝိုင်းတွင် တောင်းဆိုလိုက်၏။ ကျန်းကျန့်ရှစ်ကလည်း ပိုက်ဆံပေးလိုက်ဖို့ အကြံပေးလာသည်။

ကျန်းချင်ရှန်း ချက်ချင်းဆိုသလို သူ့သားခေါင်းကို ထမင်းစားတူဖြင့် ခေါက်လိုက်၏။

သုခမိန်တို့က အသပြာကို အညစ်အကြေးသဖွယ် မြင်သည်။ သူတို့အား ပိုက်ဆံပေးလိုက်သည်က စော်ကားသည်နှင့် မခြားပေ။

သူ့မြေးလေး ကျန်းရှောင်ပေ့ကတော့ ပစ္စည်းတစ်ခုခု လက်ဆောင်ပေးဖို့ အကြံပေး၏။

ကျန်းချင်ရှန်းလည်း ထိုသည်က အကြံကောင်းဟု စဉ်းစားမိကာ သူ့မြေးကို ဘာပေးရင် ကောင်းမလဲဟု မေးလိုက်သည်။

ချန်ယွီ့က စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်း ဖွင့်ထားသည်ကို အမှတ်ရတော့ ကျန်းရှောင်ပေ့လည်း စိတ်ပညာနှင့် သက်ဆိုင်သည့် အရာများအား လက်ဆောင်ပေးရန် အကြံပြုလိုက်၏။

ထိုသို့ဆိုပါက ချန်ယွီ့က လက်ဆောင်ကို ကျိန်းသေပေါက် လက်ခံနိုင်သည်။

သဘောတူညီမှု ရပြီးသည့်နောက် မြေးအဘိုး နှစ်ယောက်တို့မှာ အွန်လိုင်းပေါ်တါင် စိတ်ပညာနှင့် ဆက်စပ်သည့် လက်ဆောင်တို့အား ရှာဖွေကြတော့သည်။

မကြာမီ Sigmund Freud ၏ ရုပ်တုကြီးကို သူတို့ သွားတွေ့၏။

ထိုရုပ်တုကို မြင်တော့ ကျန်းကျန့်ရှစ်မှာ သောက်နေသည့် ဆန်ပြုတ် လည်ပင်းနင်တော့မတတ် ဖြစ်သွားခဲ့သည်။

မြေးအဘိုးနှစ်ယောက်ကို သူ အတော်လေး ဆွံ့အနေမိသည်။ Sigmund Freud ရုပ်တုကို လက်ဆောင်ပေးသည်ကပင် အတော်လေး ပုံမှန် မဟုတ်သည့်အရာ ဖြစ်နေလေပြီ။ အထူးသဖြင့် ၎င်းရုပ်တုကို ရွှေချထားသည့် အခါတွင်ဖြစ်၏။

“ ရုပ်ထုအတွက် ကျေးဇူးတင်ပါတယ် အဘိုး … ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဘာမှ ထပ်မပေးပါနဲ့တော့ …”

ထိုသို့ပြောပြီးသည့်နောက် ချန်ယွီ့က ကျန်းမိသားစုကို ဆိုင်ထဲသို့ ဖိတ်မန္တက ပြုလိုက်သည်။

Sigmund Freud ရုပ်ထုကြီးက အနည်းငယ် ထူးခြားနေသော်လည်းပဲ ဤနေရာက စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးသည့် ဆေးခန်းဖြစ်သည့်အတွက် လက်ခံနိုင်သည့် အတိုင်းအတာတော့ ရှိသည်။

အကယ်၍မျာ ကျန်းချင်ရှန်းကသာ သူ့ကို ကြွယ်ဝခြင်း နတ်ဘုရား … သို့မဟုတ် စစ်နတ်ဘုရား ရုပ်တုကြီးများ လက်ဆောင်ပေးလာခဲ့မည်ဆိုပါက ….

ချန်ယွီ့ လက်ခံဝံ့မှာ မဟုတ်ချေ။

ကျန်းချင်ရှန်းက မောင်းများ၊ ဗုံများ တီးပေးရန် ငှားထားသည့်လူများကို ပိုက်ဆံရှင်းပေးပြီးနောက် သူ့သားနှင့် သူ့မြေးကို ချန်ယွီ့ထံ မိတ်ဆက်ပေးလိုက်သည်။

သူ့အဖေ မိတ်ဆက်ပေးနေသည်ကို အခွင့်ကောင်းယူ၍ ကျန်းကျန့်ရှစ်က ဆေးခန်းကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်သည်။

နေရာက မကြီးမား။ သို့သော် သပ်သပ်ရပ်ရပ်တော့ရှိသည်။

စိတ်ပညာနှင့် ပတ်သက်သည့် နာမည်ကြီး စိတ်ပညာရှင်များစွာတို့၏ ပုံတူကားချပ်များကို နံရံပေါ်တွင် ချိတ်ဆွဲထား၏။

စင်တစ်ခုလည်း ရှိပြီး နာမည်နှစ်ခုလည်း ကပ်ထားသေးသည်။

“ စိတ်ကျန်းမာရေး အတွက် အထူးဆေးဝါးများ “

“ စိတ်ကျန်းမာရေးအတွက် အထူးကုသရေး ပစ္စည်းများ …”

ကျန်းချင်ရှန်း သူ့မျက်လုံးများများ ပွတ်သပ်၍ ကြက်သေသေသနေသည့် အမူအရာဖြင့် စင်ကို တစ်ဖန်ပြန်ကြည့်လိုက်မိသည်။

ဆေးဝါးများအပေါ် သူ၏ နားလည်မှုတို့ ကျွမ်းထိုးမှောက်ခုံ လှန်သွားသည့်နှယ် ခံစားလိုက်ရသည်။

“ ကိုလာရှိတယ်လား …. ကောင်းလိုက်တာ …”

ကျန်းရှောင်ပေ့က ကိုလာပုလင်း တင်ထားသည့် စင်သို့ လျှောက်လှမ်းသွားခဲ့ပြီး ဝယ်သောက်ဖို့ စိတ်အားထက်သန်သွားခဲ့သည်။

“ အဲ့တာ ကိုလာမဟုတ်ဘူး … စိတ်ရောဂါ ကုသဆေး …”

ချန်ယွီ့ သာမန်လျှံကာ အမူအရာဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် ဒါက ကိုလာဆိုတာ အသိသာကြီးပါ … ဒါပေမယ့် ဈေးက … ယွမ် တစ်သိန်း ……”

ကိုလာပေါ် ကပ်ထားသည့် ဈေးနှုန်းကို မြင်တော့ ကျန်းရှောင်ပေ့မှာ မင်သက်ရှော့ခ်ရသွားခဲ့သည်။

ကိုလာပေါ် ကပ်ထားသည့် ဈေးတံဆိပ်က တကယ့်ကို ယွမ် တစ်သိန်းပင်။

သူ အမြင်မမှားပေ။

“ ပြန်လာခဲ့စမ်း … ဒေါက်တာချန်ရဲ့ ပစ္စည်းတွေကို လျှောက်မထိရဘူး …”

ကျန်းချင်ရှန်းက သူ့မြေးကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

အကယ်၍ ချန်ယွီ့က ထိုကိုလာပုလင်းကို စိတ်ရောဂါ ကုသနိုင်သည့် ဆေးဝါးဟု ဆိုလာပါက ထိုကိုလာပုလင်းသည် စိတ်ရောဂါကုသဆေးပင်။

ကျန်းကျန့်ရှစ်၏ မျက်နှာကြွက်သားတို့ ထပ်ပြီး လိမ်တွန့်သွားခဲ့ရသည်။

သူ့အဖေက အိုင်ကျူနိမ့်ကျသွားပြီဆိုတာကို သူ လက်မခံနိုင်ဖြစ်နေသည်။

“ အဘိုး .. ခင်များ ဒီနေ့ ကျွန်တော့်ဆီ လာရှာတာ ကျေးဇူးတင်ဖို့ အပြင် တခြား ကိစ္စလည်း ရှိရမယ် ဟုတ်တယ်မလား …”

ချန်ယွီ့၏ အစာအိမ်က စတင်ပြနေလေပြီ။ သူ မြန်နိုင်သမျှ မြန်မြန် ထမင်းစားချင်နေပြီ ဖြစ်၏။

“ မင်းမြင်လား .. ဒေါက်တာချန်ဆိုတဲ့အတိုင်းပဲ ….”

ယမန်နေ့ညက အဖြစ်အပျက်ပြီးနောက်တွင် ချန်ယွီ့၏ လုပ်ဆောင်နိုင်စွမ်းအပေါ် ကျန်းချင်ရှန်း၏ ယုံကြည်မှုတို့က အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ချန်ယွီ့၏ အမာခံပရိသတ်ပင် ဖြစ်နေခဲ့ချေပြီ။

“ အမှန်ပဲ ဒေါက်တာချန် .. ငါတို့ ဒီနေ့ လာခဲ့တာ မင်းနဲ့ တခြားကိစ္စလေး ဆွေးနွေးတိုင်ပင်ချင်လို့ပဲ …”

ကျန်းကျန့်ရှစ်က သူ့စိတ်ထဲ ခံစားချက်များကို စီစစ်၍ သူ့သား ၊ ကျန်းရှောင်ပေ့က ပြဿနာ တစ်ချို့ ကြုံတွေ့နေရကြောင်း ပြောပြလိုက်သည်။

သူက ချန်ယွီ့ကို ကူညီပေးရန် ယဉ်ကျေးစွာ အကူအညီတောင်းလိုက်၏။ သို့သော် ကျန်းရှောင်ပေ့၏ ပြဿနာကိုတော့ ရှင်းပြမသွားခဲ့ချေ။

“ ကျောင်းအုပ်ကျန်း … ခင်များရဲ့ သားကို အခုတလော ဆေးရုံ မကြာမကြာခေါ်သွားပြနေတယ် … မှန်တယ်မလား …” ချန်ယွီ့ ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် မေးမြန်းလိုက်၏။

“ ဟစ် ….” ကျန်းကျန့်ရှစ် အဆုတ်သွင်းသို့ လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့သည်။

“ ခင်များသူ့ကို မျှော်လင့်ချက်နဲ့ ဆေးရုံခေါ်သွားတယ် … ဒါပေမယ့် စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်ထွက်လာခဲ့ရတယ် …”

“ ဆေးရုံက ညံ့ဖျင်းနေတာကြောင့် မဟုတ်ဘူး … ဘာကြော်ငဆိ့ု သူ့ရဲ့ အခြေအနေမှာ တခြား ဖြစ်နိုင်ချေ အချက်အလက်တွေ အများကြီး ရှိနေလို့ပဲ …”

“ ဆေးရုံက အချိန်တိုအတွင်း ခင်များကို ရေရာရှင်းလင်းတဲ့ အဖြေတစ်ခု ပေးနိုင်မှာ မဟုတ်ဘူး …”

ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်သည့်အခါတိုင်း ကျန်းကျန့်ရှစ်၏ အမူအရာက ပို၍ ပို၍ ရှောခ့်ရလာခဲ့သည်။

ချန်ယွီ့ စကားရပ်တန့်မည့် အချိန်ကို စောင့်ဆိုင်း၍ ကျင်းကျန့်ရှစ်သည် ကျန်းချင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။

“ ငါ မင်းကိုလမ်းမှာ အတန်တန် သတိမပေးခဲ့ဘူးလား …” ကျန်းချင်ရှန်းက ဒေါသတကြီးနှင့် စောဒကတက်လိုက်ပြီး “ မင်းက ဒေါက်တာချန်ကို စမ်းသပ်နေတာပဲ …”

“ မင်း အခု ကျေနပ်သွားပြီလားကွ ဟမ် …”

“ အဖေ … အဖေ သူ့ကို ဒီကိစ္စတွေ တကယ်ပဲ မပြောခဲ့ဘူးပေါ့ …”

ကျန်းကျန့်ရှစ်မှာ သူ့မျက်နှာထက်ရှိ ရှော့ခ်ရမှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

“ မင်းဘာတွေ လာပြောနေတာ … ငါတို့ဒီကို အတူလာခဲ့တာ ငါ ဖုန်း တစ်ချက် ဆက်တာ မင်းမြင်ခဲ့လား ပြော ….”

ကျန်းချင်ရှန်းက သူ့သားကို ထပ်ပြီး စိုက်ကြည့်လိုက်သည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ … ငါ့သားက လူကောင်းပါ … ဒါပေမယ့် ဒီကောင်က သံသယ သိပ်များလွန်းတယ် …”

“ အမြဲတမ်း ကိုယ်တိုင် မျက်စိနဲ့ မြင်တာကိုပဲ ယုံတယ် ပြောနေတာလေ ..”

ကျန်းချင်ရှန်းက အားတောင့်အားနာ အမူအရာဖြင့် သူ့သားကိုယ်စား ချန်ယွီ့ကို တောင်းပန်လာခဲ့သည်။

“ ရှောင်ပေ့က သူ့အဖေလိုပဲ ဉာဏ်ကောင်းတယ် .. မူလတန်းကနေ ရှစ်တန်းလောက်အထိက အမြဲတမ်း အတန်းထဲမှာ ပထမပဲ …”

“ ဒါပေမယ့် အခုတလော ဘာတွေ ထဖောက်လဲမသိဘူး … အတန်းထဲမှာ ကတုန်ကယင်တွေ ဖြစ်ပြီး ငြိမ်ငြိမ်လေးလည်း မနေနိုင်ဘူး …”

“ သူ့ရဲ့ လပတ်စာမေးပွဲ အမှတ်တွေလည်း အကုန် ဟိုးအောက် ထိုးကျကုန်တာပဲ ..”

“ လွယ်လှပါချည်ရဲ့ ဆိုတဲ့ သင်္ချာပုစ္ဆာလေးတောင် သူ့မှာ ဖြေရှင်းဖို့ ဆယ်မိနစ်လောက် အချိန်ယူရတယ် …”

ကျန်းကျန့်ရှစ်က သူ့သား ရောဂါတစ်ခုခု ရှိနေသောကြောင့် သူ၏ လေ့လာသင်ယူမှုနှင့် ဘဝနေထိုင်မှုအပေါ် သက်ရောက်မှု ရှိနေသည်ဟုထင်သည်။ ထို့ကြောင့် လွန်ခဲ့သည့် လဝခန့်ကစပြီး ကျန်းရှောင်ပေ့ကို မြို့ထဲရှိ ဆေးရုံတိုင်းသို့‌ ခေါ်သွားပြခဲ့၏။

သူတို့တွေ စမ်းသပ်စစ်ဆေးမှု အများအပြား ပြုလုပ်ခဲ့ပြီး ရလဒ်ကလည်း အမျိုးမျိုးအဖုံဖုံပင်။

တစ်ချို့က ငြိမ်ငြိမ်မနေနိုင်သည့် ကစဉ့်ကလျားဖြစ်မှုဟု ဆိုကြပြီး တစ်ချို့ဆေးရုံတွေကလည်း ကျန်းရှောင်ပေ့ လူပျိုဖော်ဝင်တာ စောသောကြောင့်ဟု ဆိုသည်။

တစ်ချို့သော ဆေးရုံများက ပိုပြီး စိုးရိမ်ဖို့ကောင်းသည့် ရောဂါအခြေအနေများကို နာမည်တပ်လာခဲ့ကြသည်။ ကျန်းရှောင်ပေ့တွင် Scolionophobia ရှိသည်ဟု ဆိုနေသည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့မြေးလေးရဲ့ ရောဂါကို တစ်ချက် ကြည့်ပေးပါဦး …”

ကျန်းချင်ရှန်းက မျက်မှောင်ကုတ်ပြီး တောင်းဆိုလိုက်သည်။

“ အခြေအနေကောင်းနေတဲ့ ကလေးက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရုတ်တရက်ကြီး ဖြစ်လာနိုင်မှာလဲ ဟုတ်တယ်မလား …”

ခေါင်းတဆတ်ဆတ်ညိတ်ရင်း ချန်ယွီ့ ကျန်းရှောင်ပေ့၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

“ အဘိုး .. ခင်များ စိတ်အေးအေးထားပါ … ခင်များ မြေးမှာ ဘာရောဂါမှ မရှိဘူး … “

“ သူက ဒီတိုင်း အဆိပ်မိနေရုံပဲ …”

All Chapters