ကာတွန်း စတစ်ကာ
Vol. 4 Ch. 34
“ ကပ် … ကပ္ပတိန်လီ… ခင်များ ဘာလို့ ကျုပ်ကို အဲ့လိုကြီး လာကြည့်နေတာလဲ …” ဖုန်းလန် စိတ်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
လီချန်ကျွင်း ဖုန်းကို ဆတ်ခနဲ ဆွဲလုပြီး ခေါ်ဆိုလာသည့် နံပါတ်ကို တစ်ချက်ကြည့်လိုက်သည်။
ကိုင်လိုက်သည့် အချိန်၌ ဖုန်းထဲမှနေ၍ သာယာသည့် အမျိုးသမီးသံ တစ်သံက ထွက်ပေါ်လာလို့လာသည်။
“ဖုန်းလန် … ငါ လုပ်ဖော်ကိုင်ဖက်တွေကို ပထုတ်ထားပြီးပြီ … နင်ငါ့ကို ဘယ်တော့ လာကြိုမှာလဲ …”
“ ကျောင်းကျောင်း … အခု ဖုန်းပြောနေတာ မင်း အစ်ကို ငါပဲ ...”
လီချန်ကျွင်း အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။
“ အာ အစ်ကို … ဖုန်းလန်ဖုန်းက ဘာလို့ နင်နဲ့အတူ ရှိနေတာလဲ ….”
လီချန်ကျွင်း ဘာမျှ ရှင်းပြမနေဘဲ ဖုန်းကို ဂွက်ခနဲ ချလိုက်၏။
“ ရှောင်ဖုန်း … ဟမ် ရှောင်ဖုန်း … မင်း သိပ်တော်တဲ့ ကောင်ပဲ …”
“ မင်းက ဟန်ကျိုးကို မနေ့တနေ့ကမှ ရောက်တာတောင် ငါ့ညီမနဲ့ အပြင်တွေ ဘာတွေ လျှောက်လည်တတ်နေပြီပေါ့ …”
လီချန်ကျွင်း ကျောချမ်းချင်စရာကောင်းသည့် လေသံဖြင့် ရယ်မောလိုက်သည်။
သူ့ညီမကို တုန်နေအောင်ချစ်သည့် လီချန်ကျွင်းမှာ ယခုလို ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။
သူက ဖုန်းလန်ကို ညစာ တစ်နပ်သာ ဖိတ်ကျွေးခဲ့ဖူးပြီး ထို စောက်ကလေးက သူ့ညီမနှင့် အတော်လေး ရင်းနှီးသွားခဲ့၏။
တစ်နေ့ပင် မကြာလိုက်ဘဲ သူတို့နှစ်ဦး၏ ဆက်ဆံရေးက ရုပ်ရှင် အတူ ကြည့်နိုင်သည်အထိ တိုးတက်လာခဲ့ကြသည်။
အကယ်၍များ ဒုတိယနေ့တွင်ဆိုပါက အိမ်ထောင်စု ယူသွားပြီး လက်ထပ်နိုင်သည့် အခြေအနေသို့ ရောက်သွားလေမလား သူမသိ။
“ ကပ္ပတိန်လီ … ကျုပ် ရှင်းပြပါ့မယ် … ကျောင်းကျောင်းနဲ့ ကျွန်တော်က တကယ်တော့ ……”
“ တော်တော့ ဟေ့ကောင် ... မင်းကို ငါ့ညီမနား ကပ်ခွင့်မပြုဘူး …”
လီချန်ကျွင်းက ဖုန်းလန်၏ ဖုန်းကို ဖွင့်ပြီး သူ့ညီမ၏ နံပါတ်ကို ဘလော့ဖို့ လုပ်လိုက်၏။
“ ကပ္ပတိန်လီ … ခင်များ အဲ့လိုမလုပ်ရင် ကောင်းမယ်နော်…”
ချန်ယွီ့ စကားဆုံးသည့်အချိန်မှာပဲ လီချန်ကျွင်းက သူ့ညီမ နံပါတ်ကို ဖုန်းလန်၏ ဖုန်းတွင် ဘလော့ပြီးသွားခဲ့သည်။
“ ငါက ဘာလို့ မလုပ်ရမှာလဲကွ …” လီချန်ကျွင်း ဒေါသတကြီးနှင့် မေးခွန်းထုတ်လိုက်သည်။
“ လွန်ခဲ့တဲ့ သုံးရက်တုန်းက ခင်များ … ခင်များညီမဆီကနေ ယွမ်တစ်ထောင် ချေးထားခဲ့တယ်မလား …” ချန်ယွီ့ အပြုံးဖြင့် ပြော၍ “ တကယ်လို့သာ ခင်များရဲ့ မိန်းမ သိသွားခဲ့လို့ကတော့ …..”
“ ခင်များ အကျိုးဆက်တွေကို မရင်ဆိုင်နိုင်မှာ စိုးရိမ်လို့ပါ ..”
ဤသည်ကို ကြားတော့ လီချန်ကျွင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့သည်။
သူ၏ အမူအရာမှာ ဒေါသထွက်နေရာမှတစ်ဆင့် စိုးရိမ်ကြောင့်ကြသည့် သွင်ပြင်သို့ တစ်မဟုတ်ချင်း ကူးပြောင်းသွားခဲ့၏။
ကလင် ကလင် ကလင် …
ဖုန်းသံက တစ်ဖန်ထပ်ပြီး မြည်ဟည်းလာသည်။
လီချန်ကျွင်း ခက်ခက်ခဲခဲ တံတွေးမျိုချ၍ သူ့ဖုန်းကို တုန်ယင်နေသည့်လက်ဖြင့် ထုတ်လိုက်သည်။
“ ခင်များ မကိုင်ရင် ပိုပြီးတောင် ဒုက္ခရောက်သွားနိုင်တယ်နော်….” ချန်ယွီ့ သူ့အား သတိပေးလိုက်သည်။
လီချန်ကျွင်း နာကျင်စွာ မျက်လုံးစုံမှိတ်လျက် နောက်တစ်စက္ကန့်တွင် ဖုန်းကို ပြန်ဖွင့်လိုက်သည်။
ထို့နောက် သူ ဖြေသည့် ခလုတ်ကို နှိပ်လိုက်၏။
“ လီချန်ကျွင်း … နင် သိပ်အတင့်ရဲနေတယ်ပေါ့ ဟုတ်လား …”
“ နင့်ကျန်းမာရေးအတွက် ဆေးလိပ်တွေ မသောက်ဖို့ အတန်တန် ပြောထားတာကို နင်ကတော့… ဟမ့် .. အောက်ထပ်က ဆိုင်မှာ ဆေးလိပ်တွေ အကြွေးသွားဝယ်တယ် …”
“ နင့်မှာ အကြွေးပေးစရာ မရှိတော့ ကိုယ့်ညီမနား ပိုက်ဆံသွားချေးပြီး ဒါတောင် ကိုယ့်ကိုယ်ကို သူ့အစ်ကိုကြီးဆိုပြီး ပြောနေလိုက်သေးတယ် ဟုတ်လား …”
လီချန်ကျွင်း ဇက်လေးပုလျက် ပြန်မပြောဝံ့ချေ။
“ နင်က သိပ်တတ်နေတော့လည်း ဒီလ နင်သုံးဖို့ သုံးရာလည်း မယူနဲ့တော့ …”
“ ဟာ မိန်းမ … စိတ်မဆိုးပါနဲ့ကွာ … ငါ တောင်းပန်ပါတယ် … ငါ နောက်ဆို မလုပ်ရဲတော့ပါဘူး …”
သူ့ အသုံးစရိတ်လေး မရှိတော့ဘူးဆိုတာကို သိလိုက်ရတော့ လီချန်ကျွင်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့သည်။
“ မနက်ဖြန် စာလုံးရေ ငါးထောင်ပါတဲ့ တောင်းပန်စာ တစ်စောင်တင်လာခဲ့ … နင့် အချိုးတွေ ငါကြည့်ဦးမယ် …”
ထိုသို့ ပြောဆိုပြီးနောက် ဖုန်းက ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ဖုန်းလန် ခေါင်းငုံ့ထားလျက်နှင့် လီချန်ကျွင်းကို တစ်ချက်ခိုးကြည့်လိုက်ပြီး မျက်လုံးထဲတွင်တော့ ဘဝင်ခိုက်နေသည့် အငွေ့အသက်တို့ ယှက်ပြေးနေသည်။
ကပ္ပတိန်ကတော့ ကံဆိုးတာပဲ …
သူ ၂၂ နှစ်လောက် အလိုလိုက်ခဲ့တဲ့ ညီမလေးက နှလုံးသား မဲညစ်တဲ့လူဖြစ်နေတယ် …
အခု သူ ရောင်းစားခံလိုက်ရပြီ …
“ ဒေါက်တာချန် … ကျေးဇူပြုပြီ ခဏလောက် စောင့်ပေးဦးနော်…”
လီချန်ကျွင်းသည် ဖုန်းလန်းကို ခေါ်ပြီး လမ်းသို့ ထွက်သွားခဲ့သည်။
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် ချန်ယွီ့၏ ဆိုင်ထဲသို့ နှစ်ယောက်အတူ ပြန်ဝင်လာသည်။
ဖုန်းလန်ကတော့ ပျော်ရွှင်လို့နေပြီး လီချန်ကျွင်းမှာတော့ မပျော်နိုင်ခဲ့ချေ။
“ ခင်များတို့မှာ တခြားမေးစရာတွေ ရှိသေးလား …”
“ တကယ်လို့ မရှိတော့ဘူးဆို ကျွန်တော် တံခါးကို ပိတ်မထားဘူးနော်…”
ချန်ယွီ့ အပြုံးလေးဖြင့် လက်ပြပြီး မေးမြန်းလိုက်သည်။
ဖုန်းလန်နှင့် လီချန်ကျွင်းတို့မှာ ချန်ယွီ့၏ ညှင်းပန်းမှုဒဏ်ကို ခံထားရသည့်အတွက် သူ့ကို တစ်ဖန်ပြန်ကြည့်သည့်အချိန်၌ သူတို့မျက်ဝန်းတို့မှာ အနည်းငယ် ထိတ်လန့်နေခဲ့ကြသည်။
အဆိုပါ ဖုန်းကောနှစ်ခုက ချန်ယွီ့ တကယ် အစွမ်းအစ ရှိမရှိ ဆိုသည့် မေးခွန်းကို ဖြေပေးသွားခဲ့၏။
သူတို့၏ အထက်လူကြီးများနှင့် ဆက်သွယ်ပြီးသည့်အခါ၌ ချန်ယွီ့နှင့် နှစ်ဖက်ကြား ဆက်ဆံရေးကို မထိခိုက်စေဘဲ ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုကို ထိန်းသိမ်းထားဖို့ အမိန့်ပေးလာသည်။
ချန်ယွီ့၏ စကားကိုကြာတော့ လီချန်ကျွင်းက ဖုန်းလန်ကို တစ်ချက်ကြည့်လိုက်သည်။
အကယ်၍ ဖုန်းလန်သာ သူ့ညီမ၏ ကောင်လေး ဖြစ်လိုပါက သူ့ယောက်ဖ၏ ပြဿနာကို မည်သို့ ဖြေရှင်းပေးရမလဲဆိုတာကို အရင် သင်ယူသင့်သည်။
“ အမ် …. ဒေါက်တာချန် … မင်းရဲ့ ဆိုင် အပြင်အဆင်က အတော်လေး ထူးခြားတယ်နော်…”
“ နံရံမှာ ချိတ်ဆွဲထားတဲ့ ဆရာ့ဆရာကြီးတွေကို မြင်တော့ ကိုယ့်ကိုယ်ကို တက္ကသိုလ် ပြန်ရောက်သွားသလိုတောင် ခံစားရတယ် ….”
ဖုန်းလန်က စကားဝိုင်း တစ်ခုကို စတင်၍ ချန်ယွီ့နှင့် စိတ်ပညာအကြောင်း ဆွေးနွေးနိုင်ရန် ကြံစည်နေခဲ့သည်။
“ ထွေထူးမဟုတ်ပါဘူး …” ချန်ယွီ့ သာမန်လျှံကာ တုံ့ပြန်လိုက်ပြီး “ ဒီတိုင်း အခန်းတစ်ခုလုံးကို ပတ်တီးလိုက်ထားရုံပါပဲ …”
ထိုစကားကို ကြားတော့ ဖုန်းလန် ဆွံ့အသွားခဲ့ရသည်။
အစ်ကိုကြီး … မင်းက အဲ့လိုပြောလိုက်တော့ ငါက စကားဝိုင်းကို ဘယ်လို ပြန်ဆက်ရတော့မှာ …
“ ဟင် ဒါက Sigmund Freud မဟုတ်လား …”
ရွှေရောင် ရုပ်ထုကြီးကို မြင်ပြီးသည့်နောက် ဖုန်းလန်က မေးလိုက်၏။
“ အင်း …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ လူနာတစ်ယောက်က လက်ဆောင်လာပေးသွားတာလေ ..”
“ ကပ္ပတိန်လီ … ဒီရဲ့ ရုပ်ထုကြီးကို ကြည့်စမ်းပါဦး … လက်မောင်းတွေကလည်း ကြည့်ကောင်းလိုက်တာ … မျက်လုံးတွေဆိုလည်း အသက်ဝင်နေသလိုလို …”
ဖုန်းလန်က ကိုးရို့ကားယားနိုင်သည့် စကားများအား စတင် ပြောဆိုလာတော့သည်။
လီချန်ကျွင်း သကောင့်သားအား စူးရဲစွာ စိုက်ကြည့်လိုက်၏။ သူက ဖုန်းလန်ကို သူတို့ကြားရှိ ကိုးရို့ကားယားနိုင်သည့် လေထုကို ချိုးဖျက်စေချင်တာဖြစ်ပြီး ချန်ယွီ့နှင့် အကျိုးရှိမည့် တစ်စုံတစ်ခုကို ပြောဆိုဆွေးနွေးချင်တာ ဖြစ်သည်။
သောက်ရေးမပါသည့် ပေါက်တတ်ကရများ ပြောဆိုခိုင်းနေခြင်း မဟုတ်။
လျင်မြန်စွာဖြင့် … လီချန်ကျွင်းသည် အရောင်တလက်လက် တောက်ပနေသည့် ‘ ကုသရေး ပစ္စည်းများ ‘ ထားရှိသည့် စင်ကို မြင်တွေ့သွားခဲ့ပြီး ချန်ယွီ့ကို တရားမျှတမှုအတွက် ဖမ်းဆီးခေါ်ဆောင်ချင်စိတ်တို့ ပေါက်ဖွားလာခဲ့ရ၏။
ကယ်လဆီယမ် နွားနို့ ၊ ဈေးနှုန်း ယွမ် တစ်သိန်း
ဘေဘီ စနိုးကိတ် ၊ ဈေးနှုန်း ယွမ်တစ်သိန်း
ရဲယူနီဖောင်းနှင့် ကြောင်နက် စတစ်ကာ ပုံစံ အမျိုးမျိုးလည်း ရှိနေပြီး ၎င်းတို့ အားလုံး၏ ဈေးနှုန်းကလည်း ယွမ်တစ်သိန်းပင်။
စူးစမ်းကြည့်ပြီးနောက် အနှီ ဒါဇင်ချီသည့် ပစ္စည်းများကို ချန်ယွီ့ အောက်ထပ်ရှိ ဈေးဆိုင်မှ ဝယ်ထားသည့် အရာများဖြစ်ကြောင်း လီချန်ကျွင်း ပို၍ သေချာသွားခဲ့သည်။
၎င်းတို့အားလုံး စုပေါင်းလိုက်၍ပင် ကုန်ကျစရိတ်က အလွန်ဆုံး ရှိလှ ယွမ် ငါးရာပင်။
အနှီ အသေးအမွှား ပစ္စည်းလေးများကို မိုးထိအောင် ခေါင်ခိုက်နေသည့် ဈေးနှုန်းများဖြင့် ရောင်းချနေမှု။
လူတစ်ရပ် အရွယ်အစားရှိသည့် Sigmund Freud ၏ ရုပ်ထု။
ဆန်းကြယ်သည့် နောက်ခံနှင့် တမူထူးခြားသည့် စွမ်းရည်တို့ ပိုင်ဆိုင်ထားသည့် စိတ်ကျန်းမာရေး ဆရာဝန်။
ဒီနေရာက တကယ်ပဲ ဘာလဲ …
ကုန်စုံဆိုင်လား …
ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးခန်းလား …
ဒါမှမဟုတ် အယောင်ဆောင်ထားတဲ့ ရှေ့ဖြစ်ဟောခန်းလား …
လီချန်ကျွင်းမှာ အတွေးအမျိုးမျိုး ဖြစ်ပေါ်နေရင်း မိုးကြိုးထိမှန်ခံထားရသည့်နှယ် ကျောက်ရုပ်ကြီး ဖြစ်နေသည်။
“ ကပ္ပတိန်လီ … ခင်များရဲ့ စိတ်ကျန်းမာရေး အတွက် ဒီရဲ့ ကုသရေး စတစ်ကာ တစ်ခုလောက် ဝယ်သွားဖို့ အကြံပေးချင်တယ် …”
လီချန်ကျွင်း စိတ်ထဲတွင် အားပါးတရ ကျိန်ဆဲနေစဉ်မှာပဲ ချန်ယွီ့က သူ့အနားသို့ ရောက်လာပြီး အကြံပေးစကား ဆိုလာသည်။
အခြား မည်သည့် စကားတို့မျှ ထပ်မဆိုပါဘဲ ချန်ယွီ့ ရဲဝတ်စုံနှင့် ကြောင်နက်စတစ်ကာလေးကို လှမ်းယူလိုက်သည်။
‘ တကယ်လို့ ငါသာ ဒါကို ဝယ်လိုက်ရင် ဝယ်လိုက်တဲ့ အချိန်က ငါ့စိတ်ကျန်းမာရေး ဆိုးရွားလာမယ့် အချိန်ပဲ ‘
စိတ်ထဲ ထိုသို့ ရေရွတ်လိုက်သော်ငြား လီချန်ကျွင်း တုံ့ပြန်ဖြေဆိုလိုက်သည်။
“ စတစ်ကာက ဈေးလွန်းတယ် ဒေါက်တာချန်ရာ .. ငါက ဒီတိုင်း ကပ္ပတိန် သေးသေးလေးကို ယွမ် တစ်သိန်းထုတ်ဖို့ ဘယ်နားက တတ်နိုင်မှာလဲ …”
“ ကိစ္စမရှိဘူး … ခင်များ တစ်ခုချင်းစီ ဝယ်လို့လည်း ရတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီမှာ စုစုပေါင်း စတစ်ကာ အခု ငါးဆယ် ရှိတယ် … ကျွန်တော် ခင်များကို တစ်ခု နှစ်သောင်းနဲ့ ခွဲရောင်းပေးလိုက်မယ် …”
‘ ခွဲရောင်းပေးမယ်’ဆိုသည့် စကားကိုကြားတော့ လီချန်ကျွင်း မသိစိတ်အလျောက် ခြေတစ်လှမ်းဆုတ်မိသွားခဲ့သည်။
အမည်မသိရသည့် ခံစားချက်တို့က သူ့ပိုက်ဆံအိတ် မကြာခင် သွေးထွက်တော့မည်ဟု ပြောပြနေလေသည်။
သူ၏ အထက်လူကြီးများက ချန်ယွီ့ကို မဆန့်ကျင်ဖို့ အမိန့်ပေးထားခဲ့သည်။ ထို့ကြောင့် ချန်ယွီ့က စတစ်ကာ အတင်းဝယ်ခိုင်းလာနေလေရာ သူ မည်သို့ တုံ့ပြန်သင့်သနည်း။
“ စကားမစပ် စုံထောက်ဖုန်း … မင်းလည်း တစ်ခုဝယ်ထားသင့်တယ် …”
“ တော် တော် တော် … ငါက အလုပ်ဝင်တာတောင် မကြာသေးတဲ့ဟာ ဒီလောက် ပိုက်ဆံ အများကြီး ….. “
ပြောရင်းတန်းလန်းဖြင့် ဖုန်းလန် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ချန်ယွီ့ကို မေးလိုက်သည်။
“ ဒေါက်တာချန် .. ငါနဲ့ ကပ္ပတိန်လီက စိတ်ရောဂါ ရှိနေတာလား ….” ဖုန်းလန် အလျင်စလို မေးမြန်းလာခဲ့၏။
“ မင်းရဲ့ အခြေအနေက သိပ်မဆိုးရွားသေးဘူး … နောက် လနည်းနည်းလေးလောက်နေမှ စိုးရိမ်ရမှာ …”
“ ကပ္ပတိန်လီရဲ့ အခြေအနေကတော့ …. အတော်လေးကို နီးနေပြီ ….”
ချန်ယွီ့ သူ့လက်ထဲရှိ ရဲဝတ်စုံနှင့် ကြောင်နက် စတစ်ကာလေးကို ဝှေ့ယမ်းပြလိုက်ရင်း “ ရဲဝတ်စုံနဲ့ ကြောင်နက်လေးက တရားမျှတမှုရဲ့ ဘက်တော်သားလို့ အဓိပ္ပာယ်ရတယ် … သူ့ စတစ်ကာ တစ်ခုကို ခင်များတို့ ရင်ဘက်မှာ ကပ်ထားလိုက် … ပြီးရင် စိတ်ကျန်းမာရေးကို ဖြည်းဖြည်းချင်း ကုသပေးလိမ့်မယ် …”
“ ဝယ်မယ် … ငါတို့ ဝယ်မယ် …”
“ ကပ္ပတိန်လီ … ကျုပ် ခင်များဖို့ ပိုက်ဆံရှင်းပေးလိုက်မယ် …”
ဖုန်းလန် သူ့ပိုက်ဆံအိတ်ကို အလျင်အမြန် ထုတ်လိုက်၏။
“ ဒေါက်တာချန် … မင်း ခရစ်ဒစ်ကတ်တွေ လက်ခံလားမသိဘူး …”
“ ဒါပေါ့ … လက်ခံတာပေါ့ ….”
ခေတ္တကြာပြီးနောက် ချန်ယွီ့က POS စက်တစ်ခုကို ယူလာခဲ့သည်။ လီချန်ကျွင်း၏ ကြက်သေသေနေသည့် အကြည့်တို့အောက်မှာပဲ ဖုန်းလန်က ယွမ်လေးသောင်း ကတ်ဖြတ်လိုက်၏။
“ ကဲ ကြိုက်တဲ့ စတိုင်ရွေးလိုက် …” ချန်ယွီ့ အပြုံးလေးဖြင့် ကမ်းလှမ်းလိုက်၏။
ဖုန်းလန် နှုတ်ခမ်းကိုက်၍ “ ဒါမှမဟုတ် ဒေါက်တာချန်ပဲ ကူရွေးပေးလိုက်ပါလား ….”
ဤသည်ကို ကြားတော့ ချန်ယွီ့ စတစ်ကာ နှစ်ခုကို သာမန်လျှံကာ ရွေးချယ်လိုက်သည်။
“ သုံးလပြည့်ပြီးရင် မင်း ဒီစတစ်ကာကို မင်းရဲ့ အင်္ကျီရင်ဘက်မှာ ကပ်လို့ရပြီ …”
ချန်ယွီ့ စကားကို ခေတ္တရပ်နား၍ လီချန်ကျွင်းဘက်သို့ ကြည့်ပြီး “ ကပ္ပတိန်လီကတော့ … အခုချက်ချင်း ကပ်ထားသင့်တယ် ...”
“ တခြားလူတွေ ဘာပဲပြောပြော ခင်များ မခွာနဲ့ …”
“ မဟုတ်ရင် ခင်များရဲ့ ရောဂါက ခင်များကို သတ်သွားလိမ့်မယ် .....”