← Chapters

သူမ ငတ်မွတ်နေတာက ‘အချစ်’

Vol. 4 Ch. 39

သူမ ငတ်မွတ်နေတာက ‘အချစ်’

Vol. 4 Ch. 39

ကြည့်ရှုသူများအားလုံး သဘောကျနေကြသည်။

ရင်းနှီးနေသည့် အရသာ။ ရင်းနှီးနေသည့် ဖော်မြူလာ။

ဒေါက်တာချန်က တူညီသည့် ဒေါက်တာချန် ဖြစ်နေဆဲပင်။

လူတိုင်း သူတို့၏ အခြေအနေကို ယူဆချက် ကိုယ်စီနှင့် ဖြစ်နေစဉ်တွင် အမြဲတမ်း ဂငယ်ကွေ့ အချိုးအကွေ့တစ်ခု ပြုလုပ်ပြလိမ့်မည်။

အရင်ဦးစွာ လွမ်ဆွေး နှင်းစက်တွင် စိတ်ရောဂါ မရှိဟု ဆိုကာ လူတိုင်းကို သူမက စိတ်ရောဂါ ဝေဒနာ တစ်ယောက် မဟုတ်ကြောင်း ယုံကြည်စေသည်။

ခေတ္တကြာပြီးနောက် သူက ပြောင်းပြန်လှန်လိုက်ပြီး လွမ်းဆွေး နှင်းစက်တွင် စိတ်ကျရောဂါ မရှိဟုဆိုသည်။ သို့သော် သူမတွင် တခြား စိတ်ရောဂါ ဝေဒနာ တစ်ခု ရှိနေခဲ့၏။

“ ဒေါက်တာချန် … အသည်းကွဲတဲ့ ရောဂါက ဘယ်လိုမျိုးလဲ ….”

လူထောင်နှင့်ချီ ရှိသည့် အထည်စက်ရုံတစ်ခုကို စီမံခန့်ခွဲနိုင်ရန်အတွက် လွမ်းဆွေးနှင်းစက်ကြယ်၏ မိခင်သည် သဘာဝအလျောက် လူကဲခတ် ထူးချွန်သူ တစ်ဦး ဖြစ်သည်။

သမီးဖြစ်သူ၏ ရှော့ခ်ရနေသည့် အမူအရာကို မြင်တွေ့ပြီးနောက် အကြောင်းထူး တစ်စုံတစ်ရာတော့ ရှိနေပြိ ဖြစ်ကြောင်းကို ပြောဖို့ မခက်ချေ။

“ စိတ်ရောဂါပေါင်း မရေမတွက်နိုင်အောင် ရှိနေတဲ့အထဲမှာ အသည်းကွဲရောဂါဆိုတာ အရှုပ်ထွေးဆုံးပဲ ….”

“ စိတ်ရောဂါ လက္ခဏာအများစုက လူနာရဲ့ စိတ်အတွေးတွေ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေကြောင့် ဖြစ်လာတာ များတယ် ….”

“ အဲ့ဒီ အသည်းကွဲတဲ့ ရောဂါ တစ်ခုတည်းကပဲ ရှုပ်ထွေးတာ … ဒါပေမယ့် သူက ဆိုးရွားလာပြီဆိုတာနဲ့ ဒီနေရာကို တန်းထိတော့တာပဲ …”

ပြောရင်းဖြင့် ချန်ယွီ့ ကိုယ့်ရင်ဘက်ကို လက်ညှိုးဖြင့် အသာပုတ်ပြလိုက်သည်။

“ 666666 …. ဒေါက်တာချန်ကတော့ စီးပွားရေးတွေ သောင်းကြမ်းနေပြီ … အခုဆို ရုပ်ပိုင်းဆိုင်ရာ နာမကျန်းတဲ့ ရောဂါတွေကိုပါ ကုသပေးဖို့ လုပ်နေပြီပဲ ….”

“ ကျွန်မ ကိုယ်ဝန် လေးလရှိနေပြီ ဒေါက်တာ … ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလားဆိုတာ စစ်ဆေးပေးပါဦး ….”

“ သူပြောနေတာ စိတ်ရောဂါ အကြောင်းပါပဲ … ဒါပမေယ့် ဒေါက်တာချန်က ရုပ်လွန်ဒဿနိကအကြောင်း ပြောနေတယ်လို့ ငါ ဘာကြောင့် ခံစားနေရတာပါလိမ့် ….”

“ အပေါ်ကကွန်းမန့် … မင်း အခု စိတ်ပညာ စက်ဝန်းထဲကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်သွားခဲ့ပြီ ….”

“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေက အမြဲတမ်း သတင်းအချက် အသစ်တွေနဲ့ ပြည့်နေတာချည်းပဲ … ငါအခု စိတ်ကျရောဂါရဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ….”

ကြည့်ရှုသူများကတော့ ကွန်းမန့်ခန်းထဲတွင် ပုံမှန်အတိုင်း ရွှတ်နောက်ကျီစယ်နေကြစမြဲပင်။ ချန်ယွီ့က မကြာခင် အဖြေကို ဖော်ထုတ်လာတော့မည် ဖြစ်ကြောင်း သူတို့ အကုန်လုံး သိကြ၏။

လွမ်းဆွေး နှင်းစက်၏ မိခင်ကတော့ ဤသည်ကို မသိဘဲ ချန်ယွီ့က ခေတ္တယာယီ အကျိုးအမြတ်အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဝေခွဲမရဖြစ်အောင် ပြုလုပ်နေသည်ဟု ထင်နေခဲ့သည်။

သူမ ချက်ချင်းပဲ ယွမ်တစ်သိန်းကို သမီးဖြစ်သူ အကောင့်ထဲလွှဲကာ ပိုက်ဆံအားလုံးကို ချန်ယွီ့ထံ လက်ဆောင်ပေးလိုက်၏။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့သမီးလေးရဲ့ ရောဂါအကြောင်းကို ပြောပြပါတော့ရှင် ….”

အမျိုးသမီးက ချန်ယွီ့ကို ရင်တထင့်ထင့်ဖြစ်အောင် ဆက်မလုပ်ဖို့ တောင်းပန်လိုက်သည်။

ချန်ယွီ့က သူမ သမီးလေး၏ အခြေအနေကို တိုးတက်အောင် ပြုလုပ်ပေးနိုင်သရွေ့ နောက်ထပ် တစ်သိန်း ပေးလိုက်ဖို့လည်း ဝန်မလေးချေ။

“ နှလုံးနာကျင်တာကို ကုသနိုင်ဖို့ နှလုံးရောဂါဆေးကို လိုအပ်တယ် ….” ချန်ယွီ့က တစ်စုံတစ်ရာကို သွယ်ဝိုက်ညွှန်ပြနေသည့်နှယ် ဆိုလိုက်ပြီး “ ဒီရဲ့ လူနာ … ငါပြောချင်တာကို သဘောပေါက်လား မသိဘူး …”

လွမ်းဆွေး နှင်းစက်ကြယ်က ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလာခဲ့၏။ “ ရှင် ဒါတွေအကုန်လုံး ဘယ်လိုလုပ်ပြီး သိနေတာလဲ …”

“ သိပ္ပံနည်းကျ စိတ်ပညာ ခွဲခြိမ်းစိတ်ဖြာမှုနဲ့ ခရေစေ့တွင်းကျတဲ့ အကဲခတ်လေ့လာမှုတွေကနေပေါ့ …” ချန်ယွီ့ အပြုံလေးဖြင့် ပြောလိုက်သည်။

ထိုစကားကြားတော့ လွမ်းဆွေးနှင်းစက်မှာ ပြောစရာစကား ကင်းမဲ့သွားခဲ့ရ၏။

ငါ့ဖင်ကြီးကိုပဲ လာပြီး ခွဲခြမ်းစိတ်ဖြာ ၊ ငါ့ဖင်ကြီးကိုပဲ လာပြီး အကဲခတ်လေ့လာ …

ယခုတစ်ခွန်းအပါအဝင် လိုက်စထွင်းထဲ၌ သူမ စကားနှစ်ခွန်းသာ ပြောရသေးသည်။

တစ်ခွန်းက သူမတွင် စိတ်ရောဂါမရှိကြောင်း ။

နောက်တစ်ခွန်းက ချန်ယွီ့ သူမ၏ လျှို့ဝှက်ချက်များအား အဘယ်ကဲ့သို့ သိနေရတာလဲဆိုတာပင်။

ချန်ယွီ့ လိုက်စထွင်းထဲရှိ ကြည့်ရှုသူ တော်တော်များများက သူ့ကို ရုပ်လွန်ဒဿနိက ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေသည်ဟု စနောက်နေကြသည်မှာ မထူးဆန်းတော့ချေ။

“ မင်း ကြည့်ရတာ အခုထိ ငါနဲ့ ပွင့်ပွင့်လင်းလင်း မပြောချင်သေးတဲ့ပုံပဲ …”

“ ရပါတယ် … ငါ ထပ်ပြီး ပြောပြမယ် …”

ချန်ယွီ့က ခေါင်းစဉ်ကို အမျိုးသမီးများ ဂရုအစိုက်ဆုံး အကြောင်းအရာသို့ ပြောင်းလဲလိုက်သည်။

အသည်းကွဲ ရောဂါလက္ခဏာဆိုသည်မှာ စိတ်ကျရောဂါနှင့် ဆင်တူသည်။

လူတစ်ယောက်က အသည်းကွဲသည်နှင့် တစ်ချိန်လုံး ထိုင်းမှိုင်းလေးလံနေပြီး မည်သည့် စိတ်ခံစားချက်တို့မျှလည်း ရှိတော့မည်မဟုတ်။

ပျော်စရာတွေ့လည်း သူ မပျော်။ ရယ်စရာရှိလည်း သူ မရယ်။

၎င်းနောက်ဆက်တွဲတွင် ညအိပ်မရသည့် ဝေဒနာနှင့် စိတ်ဖိစီးသည့် လက္ခဏာတို့ကပါ တွဲလျက် ပါလာခဲ့သည်။

“ မင်း အသည်းကွဲတာက မင်း ကောင်လေး တစ်ယောက်ကို ချစ်မိသွားခဲ့လို့ပဲ …”

“ သူနဲ့ နီးစပ်နိုင်ဖို့ အကြိမ်မရေမတွက်နိုင်အောင် မင်း ကြိုးစားခဲ့တယ် …”

“ မင်း သူနဲ့ နီးနီးကပ်ကပ် ရှိနေရတဲ့ အချိန်တိုင်း မင်းကိုယ်မင်း ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက်လို့ ကိုယ့်ကိုယ်ကို အမြဲ ခံစားရတယ် …”

“ ဒါပေမယ့်…. ကောင်းကင်က မင်းရဲ့ ဆန္ဒတွေကို ခွင့်မပြုဘူး …”

“ မင်း ဖွင့်ပြောမယ်လုပ်တဲ့ အချိန်တိုင်း ကိစ္စ တစ်ခုမဟုတ် တစ်ခုက မင်း အဲ့လို လုပ်မှာကို တားဆီးနေတယ် ….”

“ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့ ရောဂါက ကြီးထွားလာခဲ့ပြီး အခြေအနေလည်း ပိုဆိုးလာခဲ့တယ် …”

ဤသည်ကို ကြားတော့ လိုက်စထွင်းထဲရှိ ကြည့်ရှုသူများက မျက်လုံးအရောင် လက်ခနဲ ဖြစ်လာခဲ့ကြသည်။

၎င်းတို့၏ သွင်ပြင်က သားကောင်ကို တွေ့ရှိသွားသည့် ဝံပုလွေရိုင်းများသဖွယ် ဖြစ်လို့နေသည်။

“ ငါ့ကိုယ်ငါ မရယ်သင့်ဘူးဆိုတာ သိတယ် … ဒါပေမယ့် ငါ မရယ်ဘဲ မနေနိုင်တော့ဘူး …..”

“ ဆိုတော့ လွမ်းဆွေး နှင်းစက်လေး အချစ်မခံရဘူးလို့ ပြောတာက ၅၂၈ အချစ်မေတ္တာ မဟုတ်ဘဲ ၁၅၀၀ အချစ်မေတ္တာ ဖြစ်နေခဲ့တာကိုး ….”

“ ဒါက ရယ်စရာပဲ … ချယ်ရီ … ထွက်ပြီး လမ်းလေးဘာလေး လျှောက်ဦး … ငါတို့ ကြည့်ရှုသူတွေ မင်းကို လေးနဲ့ မြှောက်ပြီး စားချင်လို့ …”

“ ချယ်ရီဘယ်မှာလဲ …. အဲ့ကောင် သေသွားခဲ့တာလား …”

“ ငါတော့ ပုတ်သိုးနေတဲ့ အချစ်နံ့တွေ ရနေတယ် …”

ကြည့်ရှုသူများ၏ အတွေးအမျှင်တန်းကလည်း ချန်ယွီ့နှင့် သိပ်ခြားနားခြင်း မရှိချေ။

ချယ်ရီသစ်ပင်ကလည်း အချစ်စစ်ကို ဖွေရှာရာ၌ ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့ရသည်။

အဆုံး၌ … သူ့ ဘဝနေဝင်ချိန်အထိ အမျိုးသားတစ်ယောက်နှင့် အချိန်ကုန်ဆုံးသွားခဲ့၏။

ချန်ယွီ့ ပြောသည့်အတိုင်းဆိုပါက လွမ်းဆွေး နှင်းစက်သည်လည် ကောင်လေးတစ်ယောက်ကို အရူးအမူး ပိုးပန်းခဲ့ပြီး ထပ်တူညီစွာဖြင့် ကျရှုံးမှုကို ထပ်ခါတလဲလဲ ခံစားခဲ့ရသည်။

အစပိုင်းသို့ ပြန်စဉ်းစားကြည့်မည်ဆိုပါက ချယ်ရီသစ်ပင်သည် လွမ်းဆွေး နှင်းစက်က မိသားစု မေတ္တာကို ငတ်မွတ်နေခဲ့သောကြောင့် စိတ်ဓာတ်ကျနေခြင်း ဖြစ်မည်ဟု တွေးထင်နေခဲ့သည်။

သူ့ဘက်ကပင် လက်ဦးမှုရယူ၍ ရှေ့သို့ ထွက်လာခဲ့ပြီး သူ့တွင်လည်း သူမကဲ့သို့ တူညီသည့် အတွေ့အကြုံတို့ ရှိခဲ့ဖူးကြောင်း ပြောဆိုလာသည်။

ဤသည်ကို ပြန်စဉ်းစားမိတော့ ကြည့်ရှုသူများအားလုံး ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်ကြသည်။

အချိန်တစ်ခုမျှကြာအောင် လိုက်စထွင်းတစ်ခုလုံး ပျော်ရွှင်ဖွယ် လေထုအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေခဲ့၏။

ချယ်ရီသစ်ပင်မှာမူ သူ့ကို လှောင်ပြောင်နသည့် ကွန်းမန့်အမျိုးမျိုးကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။

တစ်ဖက်သို့လှည့်ပြီး သူ့ အိပ်ခန်း ကြမ်းပြင်ကို တစ်ချက်ငုံ့ကြည့်လိုက်၏။

သူ ဆောက်လုပ်ရေး အဖွဲ့ခေါ်ပြီး ဒီနေရာမှာ ကျွင်းတူးခိုင်းထားသင့်လား …

သူလည်း အရှက်ရနေခဲ့မိ၏။

သူ့ကိုယ်သူ တစ်စုံတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အကြံပေး ဖြစ်တော့မည်ဟု တွေးထင်နေပါသော်လည်း မသိလိုက်စွာဖြင့် ကိုယ့်ကိုယ်ကို ရေဆိုးမြောင်းထဲ ဆွဲချလုနီးပါး ဖြစ်သွားခဲ့သည်။

“ ရှင် ဒါလည်း သိနေတယ်ပေါ့ …”

လွမ်းဆွေး နှင်းစက်သည် ရှော့ခ်ရခြင်း မရှိတော့ချေ။

သူမစိတ်ထဲတွင် အရာတစ်ခုတည်းသာ ရှိတော့၏။

ချန်ယွီ့ မသိတဲ့အရာ ဘာများ ရှိနိုင်ဦးမလဲ …

“ အခု ငါ့ရဲ့ ကုသပေးမှုကို ခံယူဖို့ ဆန္ဒရှိပြီလား …”

ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးလိုက်၏။

“ ကျွန်မတို့နှစ်ယောက်က ဖြစ်နိုင်သေးလား …”

လွမ်းဆွေး နှင်းစက်က ရုတ်ချည်း မသင့်လျော်သည့် မေးခွန်းကို မေးမြန်းလာခဲ့သည်။

“ မင်းလိုချင်တဲ့ အရာရာတိုင်းအတွက် လိုအပ်ချက် တစ်ခုရှိတယ် … အဲ့တာ မင်းရဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ပဲ …”

“ မင်းမှာ ကျန်းမာတဲ့ ခန္ဓာကိုယ် ရှိထားမှ တခြားအရာတွေ ရနိုင်မှာ …”

ချန်ယွီ့ ရှင်းပြလိုက်သည်။

“ နားလည်ပြီ … ငါ ပူးပေါင်းပေးမယ် …”

ပထမဆုံအကြိမ် အဖြစ် လွမ်းဆွေး နှင်းစက်ကြယ်က ပြုံးပြလာသည်။

“ ဝါး … သူလေးက ပြုံးလာတော့လည်း အလှလေးပဲ …”

“ သူ့ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ခန်းမဆောင်နီ အိပ်မက်ထဲက နူးညံ့ပြီး ထိခိုက်လွယ်တဲ့ အလှလေး လင်းသိုက်ယွီနဲ့ မတူဘူးလား …”

“ လင်းသိုက်ယွီက စိတ်ကြီးဝင်တယ် … ငါတော့ ရွှယ်ပေါင်ချိုက်လေးပဲ ….”

“ ငါတော့ အစ်မရှီဖုန်းကို ပိုကြိုက်တယ် …”

“ အပေါ်ကကိုယ့်လူ… မင်း အကြိုက်က ဘယ်လိုတောင် ပြင်းရတာတုန်း …”

“ မမျှတလိုက်တဲ့ လောကကြီး … ငါလေးက ရုပ်ချောတယ်၊ ဆွဲဆောင်မှုရှိတယ် ၊ ပြီးတော့ လူတိုင်းကလည်း ချစ်ခင်ကြတာကို ဘာလို့ ငါ့ကိုကျ ပိုးပန်းတဲ့ ကောင်မလေး တစ်ယောက်တောင် မရှိရတာလဲ … “

“ ဦးလေး … ခင်များ နောက်တစ်ခါ အဲ့စကားမျိုး မပြောခင် ကိုယ့်ပုံကို အရင်ကြည့်ဦး …. အဲ့ခါမှ ဪ ငါနဲ့ တန်ပါ့မလား ဆိုပြီး အသိတရားရမှာ ….”

“ လူချမ်းသာတွေရဲ့ အချစ်ရေးကတောင် ဒီလောက်တောင် ခက်ခဲနေမှတော့ ငါတို့လို လူသာမန်တွေဆိုလို့ကတော့ ဘယ်လိုလုပ်ကြတော့မှာ ….”

ကြည့်ရှုသူများနှင့် မတူညီပါဘဲ အမျိုးသမီးကြီးမှာ သူမသမီးဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

သူမ သမီး အချစ်ရူးနေတယ်ဆိုတာကို ဘာလို့ မသိခဲ့ရတာလဲ …

သူ့မှာ သမီးဖြစ်သူရဲ့ ဖုန်းတွေ ၊ ဝီချက် မိုးမန့်တွေ ၊ သူမရဲ့ ကျူဇုန်တွေထဲ ဝင်ကြည့်ခွင့်လည်း အပြည့်ရှိတယ် ..

အဲ့တာတောင် အချစ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ မမြင်မိဘူးလေ …

ချန်ယွီ့၏ ဆေးကုသမှုဖြစ်စဉ်ကို သက်ရောက်မှု ရှိသွားမှာ စိုးသည့် အတွက်ကြောင့် အမျိုးသမီးကြီးမှာ သူမ၏ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်သည်။

ချန်ယွီ့ နောက်ထပ်ပြောလာမည့် စကားများကို အာရုံစိုက် စောင့်ဆိုင်းနေခဲ့၏။

“ ကောင်လေးက မင်းရဲ့ အထက်တန်းကျောင်း အတန်းဖော်ပဲ ….”

“ မင်းရဲ့ အမှတ်တွေနဲ့ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် နာမည်ကြီး တက္ကသိုလ် တစ်ခုခုကို သေချာပေါက် ဝင်နိုင်တယ် … ချင်းပေ တက္ကသိုလ်ဆိုရင်တောင် မင်းသာ ဆန္ဒရှိရင် ဝင်ဖို့ ပြဿနာ ရှိမှာမဟုတ်ဘူး …”

“ သူက တတိယအဆင့် တက္ကသိုလ် တစ်ခုထဲ လျှောက်ဖို့ ပြင်နေတာ သိတော့ မင်းလည်း သူနဲ့ ကျောင်းအတူ လျှောက်လိုက်တယ်..”

“ အစက မင်း တက္ကသိုလ် စစ်ရေးလေ့ကျင့်မှု ပြီးတဲ့ အချိန်အထိ စောင့်ပြီးမှ မင်းရဲ့ အချစ်တွေကို သူ့ဆီ ဝန်ခံမှာ ….”

“ ဒါပေမယ့် သူက နောက်ထပ် ကောင်မလေး တစ်ယောက်နဲ့ ဇာတ်လမ်းရှိနေမယ်လို့ မင်း ထင်မထားခဲ့ဘူး …”

“ မင်းချက်ချင်းပဲ ရင်ဘက်ထဲ စူးအောင့်နာကျင်သွားခဲ့ပြီး ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ် ….”

“ အဲ့တာတွေ အကုန်လုံးက သူ့ကြောင့်ပဲ ….” ချန်ယွီ့ ပြောပြီးနောက် စကားကို ခေတ္တ ရပ်တန့်လိုက်သည်။

“ နောက်ဆက်တွဲ ခြောက်ကြိမ်လုံးကလည်း သူ့ကြောင်းချည်းပဲ ….”

“ ကောင်မလေးက အတော်လေး မဆင်မခြင် နိုင်လိုက်တာ … ဒီတိုင်း ကောင်လေးတစ်ယောက်ပဲဟာ သူ့ကို မရနိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကို သတ်သေဖို့တော့ မလိုပါဘူးဟယ် …”

“ ချယ်ရီက အချစ်ကြောင့် ကန်းသွားတာ … ဒါပေမယ့် လွမ်းဆွေးနှင်းစက်လေးကတော့ ခေါင်းထိသွားခဲ့ပြီ ….”

“ တန် တစ်သောင်းလေးတဲ့ ဝိတ်တုံးကြီးနဲ့ ခေါင်းထိခံထားရတာ ဖြစ်မယ် ….”

“ ဒါ အချစ်ကိစ္စအပေါ် ရူးသွပ်လွန်းတာကြောင့် ဖြစ်တာ မဟုတ်ဘူးလား ….”

‘ အချစ်ရူး ‘ဆိုသည့် အဆိုပါ ကွန်းမန့်ကို မြင်တော့ သူတို့အားလုံး ကွန်းမန့်ပိုင်ရှင်ကို အသည်းလေးများ ပေးလိုက်ကြသည်။

ဤဖော်ပြမှုက အတော်လေးကို မှန်ကန် သင့်လျော်လွန်းလှသည်။

All Chapters