← Chapters

ပထမအဆင့် ပါရမီရှင်လား

Vol. 1 Ch. 12

ပထမအဆင့် ပါရမီရှင်လား

Vol. 1 Ch. 12

စင်မြင့်ပေါ်တွင် အကဲဖြတ်စစ်ဆေးမှု၌ ပါဝင်ဆင်နွှဲနေသော လူငယ်အမျိုးသားနှင့် အမျိုးသမီးသုံးထောင်ကျော် ရှိနေသည်။သူတို့အနက်မှ တစ်ယောက်ချင်းစီသည် သူတို့၏ရင်းမြစ်ရေအိုင်ကို ဖွင့်ထားပြီးဖြစ်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူပြီး တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသည်။

သို့ရာတွင် ပထမဆုံးအောင်မြင်သွားသူသည် မှတ်တမ်းတင်ထားခြင်းမရှိသော လူတစ်ယောက် ဖြစ်နေသလော....

"ဒါက အစစ်အမှန်ပါရမီရှင်ကို ခုထိ ထုတ်ဖော်လို့မရသေးဘူးလို့ ဆိုလိုတာ မဟုတ်လား..."

"ဒါက အမှန်ပဲလား..."

စမ်းသပ်စစ်ဆေးပွဲ၏ အကဲဖြတ်စစ်ဆေးမှု၌ ပါဝင်ဆင်နွှဲသူများသည် ကျောင်းတော်မှနေ၍ သူတို့အား စစ်ဆေးပြီးဖြစ်သည်ဟု ဆိုလိုပေ၏။

ဤသည်မှာ စင်မြင့်ပေါ်သို့ ရောက်ရှိနေသူများသည် ပါရမီရှင်များဖြစ်ရန် အခွင့်အရေး ပို၍မြင့်မားသည်ဟု ဆိုလိုခြင်းပင်။ပထမနေရာကိုရရှိသူသည် ထိုလူငယ်တစ်စုအတွင်းမှဖြစ်မည်ဟု လူများအားလုံး တွေးထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ရှေ့ဆုံးမှဦးဆောင်နေသူမှာ တခြားတစ်ယောက်ဖြစ်နေသည်။

ကျောင်းတော်အကြီးအကဲများ၏မျက်လုံးအကြည့်များသည် စင်မြင့်၏အောက်တွင်ရှိနေသော လူအုပ်အကြားသို့ ကျ ရောက်သွားသည်။

ထိုနေရာတွင် လူပေါင်းထောင်နှင့်ချီ၍ရှိနေကာ ပြွတ်သိပ်နေပြီး သူတို့အားလုံးသည် မျက်လုံးစုံမှိတ်ကာ ပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနေကြသည်။ထို့ကြောင့် မည်သူသည် အောင်မြင်သူဖြစ်ပြီး မည်သူသည် မအောင်မြင်သူဖြစ်သည်ကို ပြောနိုင်ရန် အလွန်ခက်ခဲသည်။

"နဂါးကိုးကောင်းတိုင်လုံးပေါ်မှာ အမှတ်အသားတစ်ခုကို ချန်ထားနိုင်ခဲ့တာကြောင့် . ပထမအချက်အနေနဲ့ အဲ့ဒီလူက ဒီအကဲဖြတ်စစ်ဆေးပွဲကို ပထမဆုံးအကြိမ် ပါဝင်လာတာပဲဖြစ်မယ်...ဒုတိယအချက်အနေနဲ့ သူက ရင်းမြစ်ရေအိုင်ကို ဖွင့်ထားပြီးတဲ့ ပါရမီရှင်တစ်ယောက်ပဲ...မဟုတ်ရင် တကယ်လို့ သူက ဒီစွမ်းအင်ကို စုပ်ယူနိုင်ရင်တောင် ထိန်းသိမ်းမထားနိုင်ဘဲနဲ့ တဖြည်းဖြည်းပျက်ပြယ်သွားလိမ့်မယ်"

ဝူယွင်ကျိုးက သူ၏စိတ်လှုပ်ရှားမှုများကိုချိုးနှိမ်ပြီး ပြောဆိုသည်။

လူများအားလုံးသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ပထမဆုံးအကြိမ် စုပ်ယူသောလူများသာလျှင် တိုင်လုံးပေါ်၌ အမှတ်အသားကို ချန်ထားနိုင်ပေမည်။ ထို့ကြောင့် ကျောင်းသားဟောင်းများမဖြစ်နိုင်​ချေ။ဒုတိယအချက်ကို အခြေခံကြည့်ပါက မိုယန်ရွှယ်ထက်ပင်သာလွန်သော ပါရမီရှင်တစ်ယောက်သည် ပထမအကဲဖြတ်စစ်ဆေးမှုအတွက် နာမည်စာရင်း၌ မပါဝင်သည်မှာ သိသာထင်ရှားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် စင်မြင့်ပေါ်တွင်ရှိမနေဘဲ ပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အလျှင်အမြန်စုပ်ယူနိုင်ပါက သူ စင်မြင့်ပေါ်သို့ တက်လာသည်နှင့် မည်မျှထိ အားကောင်းသွားမည်နည်း။

"အဲ့ဒီလို ပြောလို့မရဘူး"

ယန်ချင်းရှုသည် လူများအားလုံး၏အတွေးများကို သိရှိနေသဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတစ်တန်းကို အလျှင်အမြန်စုပ်ယူနိုင်တာနဲ့ အဲ့ဒီလူမှာ မြင့်မားတဲ့ ပါရမီအရည်အချင်းရှိတယ်လို့ ပြောလို့မရဘူး...နောက်ဆုံးရလဒ်က ရင်းမြစ်ရေအိုင်ရဲ့ထိန်းသိမ်းနိုင်စွမ်းပေါ်မှာ အမြဲတမ်းမူတည်တယ်"

"မဟာအကြီးအကဲပြောတာ အမှန်ပါပဲ"

ဝူလျှူယွင်က စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတစ်တန်းကို စုပ်ယူနိုင်တာက အရမ်းသာမန်ကျတဲ့ကိစ္စပဲ ...ဥပမာအနေနဲ့ တကယ်လို့ စွမ်းအင်က ရုပ်ခန္ဓာကိုယ်နဲ့ ကိုက်ညီနေပြီးတော့ ရင်းမြစ်ရေအိုင်က ငြင်းဆန်ခြင်းမရှိရင် ဒါမှမဟုတ် စွမ်းအင်တွေက သူတို့နဲ့ကိုက်ညီနေရင်...အဲ့ဒီအခြေအနေတွေက အောင်မြင်မှုကို ဦးတည်သွားနိုင်ပေမယ့် ပါရမီအရည်အချင်းမြင့်မားတယ်လို့ မဆိုလိုဘူး...တကယ်လို့ တစ်ယောက်ယောက်က တူညီတဲ့အရှိန်နှုန်းနဲ့ စွမ်းအင်တန်းနှစ်တန်းထက်ပိုပြီး သန့်စင်နိုင်ရင်တော့ အစစ်အမှန်ပါရမီရှင်လို့ ယူဆနိုင်တယ်"

ထိုအချက်ကိုပြောဆိုရင်း ဝူလျှူယွင်က ယုံကြည်ချက်အခိုင်အမာရှိစွာဖြင့် ပြုံးလိုက်သည်။

"မင်းတို့အားလုံး စိတ်အေးအေးထားကြပါ...အစစ်အမှန်ပါရမီရှင်က စင်မြင့်ပေါ်ကလူငယ်တွေထဲကနေ ထွက်ပေါ်လာမှာ သေချာတယ် ...ငါတို့ မှားယွင်းပြီး ရွေးချယ်လို့မရဘူး.."

သူ၏စကားအဆုံးမသတ်သေးမီမှာပင် အနည်းငယ် အထိတ်တလန့်ဆန်သော အသံတစ်သံက ကြားဖြတ်ဟန့်တားလိုက်သည်။

"ဒုတိယအကြီးအကဲ....နဂါးကိုးကောင်တိုင်လုံးတွေကို မင်း ဘာလို့ တစ်ချက်လောက် ထပ်မကြည့်တာလဲ"

"ငါ ထပ်ကြည့်ရင်လည်း ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး....ရင်းမြစ်စွမ်းအင်တန်းတစ်တန်းကို စုပ်ယူနိုင်တာက အကောင်းဆုံးအနေနဲ့ နဝမအဆင့်ပါရမီရှင်လို့ပဲ ယူဆနိုင်တယ်...ဂေ့....."

ဝူလျှူယွင်သည် အော်ငေါက်လိုက်သော်လည်း တိုင်လုံးပေါ်ရှိ စာလုံးများကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။သူ စကားဆက်ပြောရန် ကြိုးစားနေမှုကို ရုတ်တရက် ရပ်တန့်လိုက်ခြင်းကြောင့် သူ၏ပါးစပ်မှ ဘဲအော်သံကဲ့သို့အသံတစ်သံ ထွက်ပေါ်လာပေ၏။

ကျောက်တိုင်လုံးပေါ်ရှိ စာလုံးများ ထပ်မံ၍ပြောင်းလဲသွားလေပြီ။

အမည်...မှတ်တမ်းမရှိ

သန့်စင်ခြင်း...စွမ်းအင်နှစ်တန်း

"အရမ်းမြန်တာပါလား"

ဝူလျှူယွင်၏မျက်နှာသည် နီမြန်းသွားကာ သူ ပါးဖြတ်ရိုက်ခံလိုက်ရသည့် အလားပင်။

သူသည် အစောပိုင်းကမှ သူတို့အား မှားယွင်း၍ရွေးချယ်မှုကို မပြုသင့်ဘဲ စွမ်းအင်တန်းနှစ်တန်းကို သန့်စင်နိုင်မှသာ အစစ်အမှန်ပါရမီရှင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ဤလူငယ်သည် ချက်ချင်းဆိုသလိုပင် သူ၏အတွေးများ မှားယွင်းကြောင်း ပြသသွားပေ၏။

"စွမ်းအင်တန်းနှစ်တန်းက အလယ်အလတ်ဆင့်ပါရမီလို့ ပြသနိုင်ပေမယ့် အစစ်အမှန်ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ အလှမ်းကွာဟနေတုန်းပဲ"

ဝူလျှူယွင်သည် အံ့တင်းတင်းကြိတ်ကာ အရှုံးကိုဝန်ခံရန် ငြင်းဆန်လိုက်သည်။

"ငါကလည်း တစ်ချိန်တုန်းက အချိန်တိုအတွင်းမှာ စွမ်းအင်တန်းလေးတန်းကို သန့်စင်နိုင်ပြီးတော့ ငါ့ရဲ့နာမည်ကို ထင်ပေါ်ကျော်ကြားအောင် လုပ်နိုင်ခဲ့တယ်...."

ထိုအချိန်မှာပင် အထိတ်တလန့်ပြောဆိုလိုက်သော အသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။

"အမ်...အခုက စွမ်းအင်တန်းလေးတန်း ဖြစ်သွားပြီ"

ဝူလျှူယွင်က မျက်မှောင်ကြုတ်လိုက်ကာ သူသည် တွင်းတစ်တွင်းရှာ၍ တွားသွားဝင်နိုင်ရန် ဆုတောင်းလိုက်မိသည်။

တိုင်လုံးပေါ်မှမှတ်တမ်းသည် လေးဂဏန်းအဖြစ်သို့ ပြောင်းလဲသွားကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုလူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းလေးတန်းကို သန့်စင်နိုင်ခဲ့သလော....

သူသည် စင်မြင့်ပေါ်တွင်ရှိမနေဘဲ စင်အောက်၌ ရှိနေခဲ့သလော...

အချိန်တခဏကြာခန့် ဆိုင်းငံပြီးနောက် ဝူလျှူယွင်က ထပ်မံ၍ပြောဆိုသည်။

"ပြန်ကျဲနေတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်တာက သတ္တမအဆင့်ပါရမီအရည်အချင်းလို့ သိသိသာသာပြနေတယ်...ဒါပေမဲ့ ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ"

"ဒုတိယအကြီးအကဲ...မင်း ဘာလို့ ဒီလိုပြောတာလဲ...."

ဆရာတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

'သတ္တမအဆင့် ပါရမီအရည်အချင်းက အရမ်းအထင်ကြီးဖို့ ကောင်းနေပြီလေ...မင်းက ဘာလို့ စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောတာလဲ'

ဝူလျှူယွင်က ဝါစဥ်ကြီးသော ပုဂ္ဂိုလ်တစ်ယောက်၏အသွင်အပြင်ဖြင့် ရှင်းပြသည်။

"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ပထမဆုံးအကြိမ် စုပ်ယူတာက အထိရောက်ဆုံးပဲ...ဒုတိယအကြိမ်မှာ လျော့နည်းပြီးတော့ တတိယအကြိမ်မှာ ထိရောက်မှုအနည်းငယ်ပဲ ရှိတော့မယ်...ဒါကို လူတိုင်းသိပြီးသား ဖြစ်မှာပါ...ဟုတ်တယ်မလား..."

လူများအားလုံးသည်ခေါင်းညိတ်ပြလိုက်ကြ၏။

ကျောင်းသားသစ်များကို စင်မြင့်ပေါ်တွင် ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှူ ခံယူစေသော အကြောင်းအရင်းသည် ဤအချက်ကြောင့်ပင်။

ဝူလျှူယွင်က ဆက်လက်၍ပြောဆိုသည်။

"နဂါးကိုးကောင်တိုင်လုံးတွေမှာ ကံကြမ္မာချပ်ပြားတွေ ပေါင်းစပ်ထားပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဆွဲဆောင်ဖို့ ဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားတာကြောင့် စွမ်းအားတွေ ယိုစိမ့်ထွက်မှုကို ဟန့်တားဖို့ အတားအဆီးတစ်ခုအနေနဲ့လည်း ဆောင်ရွက်တယ်....ဒါကြောင့် အကဲဖြတ်စစ်ဆေးမှုကို စင်မြင့်ပေါ်မှာ ကျင်းပတာပဲ...ပြင်ပကို စွမ်းအားတချို့ စိမ့်ထွက်သွားတယ်ဆိုရင်တောင် ဒါက ပမာဏအနည်းငယ်ပဲ ဖြစ်လိမ့်မယ်...ဒါကြောင့် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းဆယ်တန်းကို အတူတကွစုစည်းပြီး စုပ်ယူဖို့ အရမ်းခက်ခဲလိမ့်မယ်"

"အဲ့ဒီလူက တစ်ကြိမ်နည်းနဲ့ စွမ်းအင်တန်းလေးတန်းကို စုပ်ယူနိုင်ခဲ့တယ်...ငါ့အထင်တော့ ဒါက သူ့ရဲ့အကန့်အသတ်ကို ရောက်နေပြီ...တကယ်လို့ သူက စွမ်းအင်တွေ ပိုပြီးစုပ်ယူချင်တယ်ဆိုရင်တောင် စွမ်းအင်တွေက လုံလောက်တော့မှာ မဟုတ်ဘူး...ရင်းမြစ်စွမ်းအင်တွေမရှိတာကြောင့် သူ့ရဲ့ရှေ့အလားအလာက ရပ်တန့်သွားလိမ့်မယ်...ဒါက သနားဖို့ကောင်းတဲ့ကိစ္စ မဟုတ်လား"

"ဒါက အမှန်ပဲ..."

"ငါတို့ ဘာလုပ်သင့်လဲ...ငါတို့တွေက သူ့ကို နည်းနည်းလောက် ကူညီကြမလား...ဒီလိုပါရမီအရည်အချင်းမျိုးက အလဟဿ ဖြစ်မသွားသင့်ဘူး"

လူများအားလုံး၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

အကယ်၍ ပါရမီရှင်တစ်ယောက်သည် စင်မြင့်ပေါ်တက်ရန် ရွေးချယ်ထားခြင်း မခံရသောကြောင့် အလဟဿဖြစ်သွားပါက ကြီးမားသောဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေမည်။

"ဒါက အရမ်းနောက်ကျသွားပြီ"

ဝူလျှူယွင်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"စွမ်းအင်တန်းလေးတန်းက သူ့ရဲ့အကန့်အသတ်ပဲ...သူ ရှေ့ဆက်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

သူ၏စကားမဆုံးသေးမီမှာပင် တိုင်လုံးကြီးလုံး တောက်ပသောအလင်းရောင်များအဆက်မပြတ် ဖြာထွက်လာသည်။မြောက်ဘက်ရှိတိုင်လုံးပေါ်တွင် မူလက ကိန်းသေဖြစ်နေသောဂဏန်းများ ရုတ်တရက် ပြောင်းလဲသွားသည်။ထို့နောက် တိုင်လုံးပေါ်ရှိ ကိန်းဂဏန်းများ အဆက်မပြတ်မြင့်တက်သွားပေ၏။

ငါး...

ခြောက်...

…

တစ်ဆယ်...

တစ်ဆယ့်ခြောက်...

ဤအရှိန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

"..."

ဝူလျှူယွင် လုံးလုံးလျားလျားကြက်သေသေသွားသည်။

ဤသည်မှာ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု ဟုတ်ပါသေးသလော...

ဤစွမ်းအင်များကို ယခုလောက်ထိ အလွန်လျင်မြန်စွာ သန့်စင်နိုင်သူသည် မည်သူ ဖြစ်သနည်း...

"ဆယ့်ခြောက်...ဒါက ပဉ္စမအဆင့် ပါရမီရှင် မဟုတ်လား...ဒါ့ပြင် သူက စင်မြင့်ပေါ်ကိုတောင်မတက်ဘဲနဲ့ ပဉ္စမအဆင့်ကို ရောက်နေခဲ့တယ်"

ဝူလျှူယွင်သည် ကြက်သေသေသွားရုံသာမက စောင့်ကြည့်နေကြသော တခြားဆရာများသည်လည်း အံ့အားသင့်မှုကို ခံစားလိုက်ရသည်။သူတို့သည် ယခင်က ပါရမီအရည်အချင်းရှိသော လူငယ်များကို မြင်တွေ့ဖူးသော်လည်း ဤကဲ့သို့ပါရမီရှင်မျိုးကို တစ်ကြိမ်တခါမျှ မမြင်တွေ့ဖူးချေ။

‌ဤသည်မှာ စွမ်းအင်များကို သန့်စင်နေသည်နှင့်မတူညီတော့ဘဲ လုယက်မှုတစ်ခုကို ကျူးလွန်နေသည့်အလားပင်။

"ကြည့်ရတာတော့ သူက အခုထိ အကန့်အသတ်ကို မရောက်သေးတဲ့ပုံပဲ"

လူများအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြက်သေသေနေစဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။လူများအားလုံးသည် တိုင်လုံးထံသို့ ထပ်မံ၍မော့ကြည့်လိုက်ပြီးနောက် စကားပြောလိုသောစိတ်ဆန္ဒများ ပျောက်ဆုံးသွားသည်။

နဂါးကိုးကောင်တိုင်လုံးပေါ်ရှိ တောက်ပနေသောကိန်းဂဏန်းများသည် တစ်ဆယ့်ခြောက်အရောက်၌ ရပ်တန့်သွားခြင်းမရှိဘဲ တဖျတ်ဖျတ်တောက်ပနေကာ နှစ်ဆယ် သုံးဆယ် ငါးဆယ်သို့ အလျှင်အမြန်မြင့်တက်သွားသည်။

အချိန်တစ်မိနစ်မပြည့်သေးမီမှာပင် ထိုကိန်းဂဏန်းများသည် တစ်ရာသို့ ရောက်ရှိသွားလေပြီ။

"ဖြစ်နိုင်တာတော့ အဖြူရောင်ကျောက်တုံးကျောင်းတော်က ပထမအဆင့် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တော့မှာလား"

အချိန်အနည်းငယ်​ခန့် ကြာမြင့်ပြီးနောက် တုန်တုန်ရီရီပြောဆိုလိုက်သော အသံတစ်သံက စင်မြင့်ပေါ်ရှိ တိတ်ဆိတ်ငြိမ်သက်နေမှုကို ချိုးဖျက်လိုက်သည်။

ပထမအဆင့်ပါရမီရှင်သည် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု အတောအတွင်း၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်ရာငါးဆယ့်ခြောက်တန်းကို သန့်စင်နိုင်ရပေမည်။ ဤလူ၏ကိန်းဂဏန်းသည် အနည်းငယ်နည်းပါးနေဆဲ ဖြစ်သော်လည်း သူသည် စင်မြင့်အောက်မှနေ၍ သန့်စင်နေခြင်း ဖြစ်ပေ၏။

သူသည် စင်မြင့်ပေါ်တွင်မရှိဘဲ စွမ်းအင်တန်းတစ်ရာကျော်ကို စုပ်ယူပြီး သန့်စင်နိုင်ပါက အကယ်၍ သူ စင်မြင့်ပေါ်တွင်ရှိနေလျှင် စွမ်းအင်တန်းနှစ်ရာသို့ ရောက်ရှိရန် မည်သည်ကြောင့် ခက်ခဲမည်နည်း။

"တကယ်လို့ ငါတို့က သူ့ကို ကျောင်းသားတစ်ယောက်အဖြစ် ခေါ်ယူနိုင်မယ်ဆိုရင်..."

ထိုကိစ္စကို နားလည်သဘောပေါက်ထားသဖြင့် လူများအားလုံးသည် စိတ်လှုပ်ရှားသွားကာ သူတို့၏မျက်လုံးများ တောက်ပသွားသည်။

ပထမအဆင့်ပါရမီရှင်တစ်ယောက်ကို ကျောင်းသားတစ်ယောက်အဖြစ် ခေါ်ဆောင်နိုင်ပါက ဆရာဖြစ်သူသည် မည်သည့်အရာကိုမျှ ပြုလုပ်ရန်မလိုအပ်ဘဲ ကြီးမားသောအောင်မြင်မှုများ ရရှိပေမည်။

All Chapters