အွန်လိုင်းဝတ္ထုသမိုင်းစဥ်တလျှောက်တွင် မျက်နှာအပြောင်ဆုံး ဇာတ်လိုက်များအနက်မှ တစ်ယောက်ဖြစ်သည့် ကျန်းရွှမ်သည် ကောင်းကင်ဘုံထက် အဆင့်မြင့်သောဘုံဖြစ်သည့် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ကောင်းကင်ဘုံ၏ချို့ယွင်းချက်များ အစီအစဥ် သဘောသဘာဝတို့၏စွမ်းရည်များ ပါဝင်သည့် ပြီးပြည့်စုံသော ကောင်းကင်ဘုံစာကြည့်တိုက်နှင့်အတူ သူ လောကကြီးကို ကြီးစိုးရန် ခရီးစဥ်တစ်ခုကို စတင်ခဲ့သည်။ ကံကြမ္မာကို ရှာဖွေခြင်း...ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း....ကံကြမ္မာကိုတည်ထောင်ခြင်း.... "မင်းတို့အားလုံးက ကံကြမ္မာကို သန့်စင်တာတွေ ကံကြမ္မာကို ရှာဖွေတာတွေ ကံကြမ္မာကို ချေးငှားတာတွေ လုပ်နေချိန်မှာ ငါ ကျန်းရွှမ်က ထာဝရကံကြမ္မာကို ပိုင်ဆိုင်ထားတယ်".... Author note...ပါးဖြတ်ရိုက်တဲ့ ဇာတ်ကွက်တွေနဲ့ပြည့်နေတဲ့ ၀တ္ထုတစ်ပုဒ်ပါ...တကယ်လို့ မင်းက ကောင်းကင်ဘုံစာကြည့်တိုက်ကို မဖတ်ရသေးရင်တောင် ဘာအတားအဆီးမှမရှိဘဲနဲ့ ဒီဝတ္ထုကိုဖတ်ပြီး ပျော်ရွှင်နိုင်လိမ့်မယ်

