ယန်ဆန်းရှစ်ဆန်း၏ ထိတ်လန့်တုန်လှုပ်မှု
Vol. 18 Ch. 242
"ငါ... ငါ အမြင်မှားနေတာတော့ မဟုတ်ဘူးမလား"
အချိန်အတော်ကြာပြီးနောက် ယန်ဆန်းရှစ်ဆန်းသည် အသိပြန်ဝင်လာပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
"မဟုတ်ဘူး...ဦးလေးကြက်ဖက ရွှေရောင်ကံကြမ္မာတစ်ခုကို ဖမ်းမိလိုက်တာပဲ..."
ခုန်းရှီယောင်က ခေါင်းညိတ်ပြလေ၏။
"မင်းက ကြက်တစ်ကောင်ကို 'ဦးလေး' လို့ ခေါ်နေတာလား"
ယန်ဆန်းရှစ်ဆန်းထံတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တာပေါ့"
ခုန်းရှီယောင်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။
လက်ရှိတွင် ထိုကြက်သည် သာမန် "ခွန်" ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း သူမသည် ထိုသားရဲ၏သရုပ်မှန် မည်သူမည်ဝါဖြစ်သည်ကို ကောင်းစွာ သိရှိထားသည်။
ကောင်းကင်ဘုံနယ်မြေ၏ သေခြင်းမဲ့ဧကရာဇ်ဖြစ်ကာ သူတို့ဆရာ၏ အိမ်မွေးစိတ်ဝိညာဉ်သားရဲဖြစ်သဖြင့် လေးစားမှုကို ခံယူရရန်ထိုက်တန်သည်။
"သူ့ရဲ့ကံက မယုံနိုင်စရာပဲ...ကောင်းကင်ကံကြမ္မာစွမ်းအင်ရဲ့ တန်ပြန်သက်ရောက်မှု မခံရဘဲနဲ့ ရွှေရောင်ကံကြမ္မာတစ်ခုကို ဖမ်းနိုင်ခဲ့တယ်... သူ အနာဂတ်မှာ နားလည်သဘောပေါက်နိုင်မယ့် ကံကြမ္မာက သေချာပေါက် သာမန်မဟုတ်တော့ဘူး"
စိတ်လှုပ်ရှားမှုကို ခံစားရင်း ယန်ဆန်းရှစ်ဆန်းသည် သူကိုယ်တိုင် ကြိုးစားရန် ပြင်ဆင်နေစဉ်မှာပင် ကြက်ပေါက်လေးသည် သူ ဖမ်းမိခဲ့သော ရွှေရောင်ကံကြမ္မာငါးကို အရသာမရှိသည့် အမူအယာဖြင့် အကြိမ်အနည်းငယ်ဝါးလိုက်သည်ကို သတိပြုမိလေ၏။
"ထွီ..."
ကြက်ပေါက်လေးက နေရာတွင်ပင် ငါးကို ထွေးထုတ်လိုက်သည်။
"...."
ယန်ဆန်ရှစ်ဆန်း၏အမြင်အာရုံ မည်းမှောင်သွားသည်။
"ဒါက ရွှေရောင်ကံကြမ္မာတစ်ခုလေ...လူအများစုက ဒါကို ဖမ်းဆုပ်ဖို့ တစ်သက်မှာ တစ်ခါလောက်ပဲ ကံကောင်းပြီး အခွင့်အရေးရတာ... ဒါကို သူက ထွေးထုတ်လိုက်တယ် ဟုတ်လား.. ဘယ်လောက်တောင် မိုက်မဲနိုင်ရတာလဲ..."
သူ စဉ်းစားလေလေ ဒေါသထွက်လေလေပင်။ သူသည် နေရာတွင်ပင် ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားလေ၏။ ငယ်ရွယ်ပြီး စိတ်အားထက်သန်သော လူတစ်ဦးအနေဖြင့် ဤကဲ့သို့ ဖြုန်းတီးမှုကို မြင်ရခြင်းထက် သူ့ကို ပို၍စိတ်တိုစေသောအရာ မရှိပေ။
ဝှစ်...
ယန်ဆန်းရှစ်ဆန်း၏ဒေါသများ မပျက်ပြယ်သေးမီမှာပင် ကြက်ပေါက်လေးသည် မြစ်ထဲသို့ သူ၏ခေါင်းကို နောက်တစ်ကြိမ် ငုံ့လိုက်ပြီး နောက်ထပ် ရွှေရောင်ကံကြမ္မာငါးတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။
"..."
ယန်ဆန်ရှစ်ဆန်း၏စိတ်အတွင်း၌ မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
ကြက်ပေါက်လေးသည် ငါးတစ်ကောင်ကို အစောပိုင်းကမှ ထွေးထုတ်လိုက်ပြီး ယခုချိန်၌ နောက်တစ်ကောင်ကို ထပ်ဖမ်းလိုက်သလော...
ရွှေရောင်ကံကြမ္မာများသည် မည်သည့်အချိန်ကစ၍ ဤမျှထိ ဖမ်းရလွယ်သွားသနည်း...
"ကျိုးယီမြို့က ငါးတွေက ဖမ်းရပိုလွယ်နေတာများ ဖြစ်နေမလား"
အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်နေပြီးနောက် အတွေးသစ်တစ်ခုက သူ၏စိတ်ထဲသို့ ဝင်လာသည်။ ရွှေရောင်ကံကြမ္မာငါးတစ်ကောင်ကို ပစ်မှတ်ထားလိုက်ပြီး ယန်ဆန်ရှစ်ဆန်းက ရှေ့သို့ ပြေးဝင်သွားသည်။
ဗွမ်း....ဗွမ်း...ဗွမ်း....
ရွှေရောင်ကံကြမ္မာငါးသည် ခုန်တက်လာပြီး သူ၏မျက်နှာကို ငါးမြှီးဖြင့် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ရိုက်ခတ်ပြီးနောက် မြစ်ထဲသို့ ပြန်ငုပ်လျှိုးသွားသည်။
"...."
သူ၏မျက်နှာ ယောင်ကိုင်းသွားပြီး ယန်ဆန်းရှစ်ဆန်းသည် မူးဝေမှုကို ခံစားလိုက်ရသည်။
သိသာထင်ရှားသည်မှာ ဤငါးကို ဖမ်းဆီးရန် လွယ်ကူမှုမရှိခြင်းပင်။ သူရွေးချယ်လိုက်သော ငါးသည် တခြားငါးများထက် ပို၍သန်မာနေခြင်း ဖြစ်နိုင်သလော....
အဆင့်မြင့်ကံကြမ္မာများတွင် အမှန်တကယ်ကို အခက်အခဲအမျိုးမျိုး ရှိကြသည်။ အခက်အခဲ သန်းတစ်ရာရှိခြင်းနှင့် သန်းတစ်ထောင်ရှိခြင်းတို့တွင် ဒုတိယတစ်ခုက ရရှိရန် များစွာပို၍ခက်ခဲသည်။
ယန်ဆန်းရှစ်ဆန်း စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူသည် ကြက်ပေါက်လေးက ရွှေရောင်ကံကြမ္မာငါးကို အရသာမရှိဟု တွေ့ရှိပြီး နောက်တစ်ကြိမ် ထွေးထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သကဲ့သို့ သူသည် သူ၏ခေါင်းကို ရေထဲသို့ ပြန်ငုံ့လိုက်ပြီး ယန်ဆန်ရှစ်ဆန်းကို အစောပိုင်းက ရိုက်ခတ်သွားသော ရွှေရောင်ကံကြမ္မာငါးကြင်းကို ဖမ်းဆုပ်လိုက်၏။
"..."
ယန်ဆန်ရှစ်ဆန်း၏မျက်နှာ လုံးလုံးလျားလျား နီမြန်းသွားသည်။
ဤအချိန်တွင် သူ နောက်ဆုံး၌ နားလည်သွားသည်။ ဤသည်မှာ ငါးများသည် ဖမ်းရလွယ်ကူနေခြင်း မဟုတ်ဘဲ ကြက်ပေါက်လေးသည် အလွန်သန်မာအားကောင်းနေသောကြောင့်ပင်။
သူသည် ဤအချိန်တလျှောက်လုံး ကြက်ပေါက်လေးကို အထင်သေးနေခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ် ကောင်းလိုက်သနည်း။ ထွက်ပေါ်လာသည့်ရလဒ်မှာ သူသည် ကြက်တစ်ကောင်နှင့်ပင် မယှဉ်နိုင်ချေ။
"တော်သေးတာပေါ့... ငါ အရှက်ကွဲရင်တောင် ငါ့ကို အဖော်ပြုဖို့ မြင်းတစ်ကောင် ရှိနေသေးတယ်..."
သူ သက်ပြင်းတစ်ချက် ချလိုက်သည်။
ကြက်တစ်ကောင်ထက် နိမ့်ကျခြင်းသည် အရှက်ရဖွယ်ဖြစ်သော်လည်း အနည်းဆုံးတော့ သူသည် အောက်ဆုံး၌ မဟုတ်ချေ။ သူသည် တွေးတောရင်း ခန့်ညားထည်ဝါသော မြင်းကြီးကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ နေရာမှာပင် တောင့်တင်းသွားသည်။
သူအထင်သေးခဲ့သော မြင်းသည် မြစ်ထဲတွင် အေးဆေးစွာ ရေကူးနေသည်။ သူ၏ခွာများဖြင့် ရေကို ကုတ်ခြစ်ရင်း ကြီးမားသော ရွှေရောင်ကံကြမ္မာငါးတစ်ကောင်ကို ဖိထားရာ ထိုငါးသည် ပြင်းပြင်းထန်ထန် လူးလွန့်နေပြီး မလွတ်မြောက်နိုင်ချေ။
"..."
ယန်ဆန်းရှစ်ဆန်းသည် သူ၏မျက်လုံးများကို ပြင်းထန်စွာ ပွတ်သပ်လိုက်ပြီး သူ အမြင်မှားနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ သူ၏ပါးစပ် မဲ့ရွဲ့သွားပြီး ငိုချင်စိတ်ပေါက်လာသည်။
ဤသည်မှာ အလွန်အဓိပ္ပာယ်မဲ့ပေ၏။ သူသည် ကြက်တစ်ကောင်ထက် နိမ့်ကျရုံသာမက ယခုချိန်တွင် မြင်းတစ်ကောင်ကပင်လျှင် သူ့ထက် ပို၍ထူးချွန်တေလေပြီ။
"သူတို့က ဘာလို့ ဒီလိုလုပ်နိုင်တာလဲ...ဘာတွေဖြစ်နေတာလဲ"
သူသည် ခုန်းရှီယောင်ကို မမေးဘဲ မနေနိုင်တော့ပေ။
"ကျွန်မ သေချာမသိဘူး.... ဖြစ်နိုင်တာကတော့ သူတို့က ကံကောင်းရုံ သက်သက် ဖြစ်နိုင်ပါတယ်"
ခုန်းရှီယောင်က ပခုံးတွန့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အချိန်ကန့်သတ်ချက် ရှိနေတာကြောင့် ကျွန်မ အချိန်ထပ်မဖြုန်းတော့ဘူး.... ရှင်လည်း လှုပ်ရှားတော့..."
ဤသို့ဖြင့် ခုန်ရှီယောင်သည် ရေထဲသို့ ခုန်ဆင်းသွားသည်။ အချိန်တခဏအကြာတွင် သူမ၏လက်သည် ရေထဲမှထွက်ပေါ်လာပြီး ရွှေရောင်ငါးကြင်းတစ်ကောင်ကို ကိုင်ဆောင်ထားလေ၏။
"ငါ..."
ယန်ဆန်းရှစ်ဆန်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး ထိုမိန်းကလေး ရေကူးခတ်သွားသည်ကို ကြည့်နေမိသည်။ သူသည် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် သံသယဝင်ခြင်းအတွင်းသို့ ကျရောက်သွားသည်။
ဒါဆို အဆုံးသတ်ကျတော့ ရယ်စရာပြက်လုံးကြီးက ငါ ဖြစ်နေတာလား....
သူအထင်သေးခဲ့ကာ အရည်မချင်းမရှိဟု ထင်ခဲ့သူများအားလုံး သူ့ထက် အဆင့်ပေါင်းများစွာ မြင့်မားနေသည်။
ဒါက အရမ်း ခံရခက်လွန်းတယ်..
ဤအတွေးသည် အချိန်ကြာမြင့်စွာ မတည်မြဲခဲ့ပေ။ သူသည် လျင်မြန်စွာ ပြန်လည်၍ အသိဝင်လာသည်။
ယခုဝင်ရောက်လာသော ဆယ်ဦးအနက် သုံးဦးသည် ကျန်းရွှမ်၏တပည့်များဖြစ်သော ခုန်းရှီယောင် ရှန်ရှောင်ထျန်းနှင့် ပိုင်ရွမ်ချင်းတို့ပင်
ဤလူသုံးဦးသည် ကြက်တစ်ကောင် မြင်းတစ်ကောင်နှင့်အတူ ရွှေရောင်ကံကြမ္မာငါးများကို လွယ်ကူစွာ ဖမ်းဆုပ်နိုင်သည်။ သူ၏အကြည့်ကို ကျန်လေးဦးထံသို့ ပြောင်းရွှေ့လိုက်ချိန်၌...
ဗွမ်း.. ဗွမ်း... ဗွမ်း...
ဗွမ်း...ဗွမ်း...ဗွမ်း...
သူတို့သည် ရေနစ်နေသည်နှင့် ပို၍တူညီကာ ထိုနေရာတွင် ရုန်းကန်နေကြရင်း ယက်ကန်ယက်ကန်ဖြစ်နေကြသည်။ ကံကြမ္မာငါးဖမ်းရန်ကို မဆိုထားနှင့် သူတို့သည် ရေထဲတွင် ကူးခတ်နေနိုင်ရန်ပင် မသေချာချေ။
"ဒါက... ကျန်းရွှမ်မှာ တစ်ခုခု ထူးခြားနေတာများ ဖြစ်နေမလား...မဟုတ်ရင် သူ့နဲ့ ဆက်စပ်နေတဲ့ လူတွေအားလုံးနဲ့ တိရစ္ဆာန်တွေတောင်မှ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်ဖို့ကောင်းနေမှာလဲ"
အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ဝင်လာသည်။
"ထားလိုက်တော့...ငါ့အတွက် ငါးတစ်ကောင်ဖမ်းဖို့ အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်..."
ကံကြမ္မာဆရာသခင် အကဲဖြတ်မှုအတွက် အချိန်ကန့်သတ်ချက် ရှိသည်ကို သဘောပေါက်လိုက်သဖြင့် သူသာ နောက်ထပ် တွေဝေနေပါက ကံကြမ္မာမြစ်၏စီးကြောင်းသည် သူ ခုခံ၍မရသည်အထိ အလွန်ပြင်းထန်လာမည်ကို သူ သိရှိထားသည်သည်။
အသည်းအသန် လူးလွန့်ကူးခတ်ရင်း ယန်ဆန်းရှစ်ဆန်းသည် ငွေရောင်ကံကြမ္မာငါးတစ်ကောင်ဆီသို့ ပြေးဝင်သွားသည်။
ဝှစ်....
ကံကြမ္မာငါးသည် ခုန်တက်လာပြီး သူ၏မျက်နှာကို အကြိမ်အနည်းငယ် ရိုက်ခတ်ကာ ရေထဲသို့ ပြန်ငုပ်လျှိုးသွားသည်။
"အဟွတ်...အဟွတ်.. .အဟွတ်...."
အရှက်ရမှုကြောင့် ယန်ဆန်းရှစ်ဆန်း၏မျက်နှာ နီမြန်းလာပြီး သူ၏ပစ်မှတ်ကို မီးခိုးရောင်ကံကြမ္မာငါးတစ်ကောင်ထံသို့ အဆင့်နှိမ့်လိုက်သည်။
မီးခိုးရောင်ငါးသည် အချိန်တခဏကြာမျှ ရုန်းကန်နေပြီးနောက် သူ ဖမ်းမိသွားသည်။ သူသက်ပြင်းတစ်ချက် ချလိုက်သည်နှင့် ငါး၏ ထူထဲသောအမြှီးသည် မြောက်တက်လာပြီး သူ၏မျက်နှာကို နောက်တစ်ကြိမ် ရိုက်ခတ်လိုက်သည်။
ယန်ဆန်ရှစ်ဆန်းသည် လုံးလုံးလျားလျား ရှုံးနိမ့်သွားသည်ဟု ခံစားမိလေ၏။
မည်သည်ကြောင့် သူ ဖမ်းမိသမျှ ငါးတိုင်းက သူ့ကို ပါးရိုက်ချင်နေကြပြီး ခုန်းရှီယောင် ရှန်ရှောင်ထျန်းနှင့် တခြားလုများမှာမူ သူတို့၏ငါးများကို လွယ်ကူစွာ ဖမ်းဆုပ်နိုင်ခဲ့ကြသနည်း။
ဒါ အရမ်း တရားလွန်တယ်....
"ဒီမှာ..."
သူ စိတ်ပျက်အားငယ်နေချိန်တွင် နူးညံ့သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။ သူ လှည့်ကြည့်လိုက်ရာ ခုန်းရှီယောင်က သူ့ကို ရွှေရောင်ကံကြမ္မာငါးတစ်ကောင် လက်ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။
"ငါ့အတွက်လား"
ယန်ဆန်းရှစ်ဆန်း မယုံကြည်နိုင်ဖြစ်သွားသည်။
"အမှန်ပဲ....ရှင်က ငါးတစ်ကောင်ဖမ်းဖို့တောင် ရုန်းကန်နေရတာ...ဒါကြောင့် ကျွန်မက ရှင့်ကို တစ်ကောင်ပေးတာ..."
ခုန်းရှီယောင်က အပြုံးနှင့် ပြောဆိုသည်။
သူသည် သူမကို အကြိမ်များစွာ သတိပေးခဲ့သောကြောင့် သူမသည်လည်း ကျေးဇူးပြန်ဆပ်လိုသည်။
"မင်းကရော...မင်းအတွက် မလိုအပ်ဘူးလား"
ယန်ဆန်းရှစ်ဆန်းက ထိုသို့သော အခွင့်အရေးသည် မည်မျှထိ အရေးကြီးသည်ကို သိသောကြောင့် မမေးဘဲ မနေနိုင်ခဲ့ချေ။
"ကျွန်မလား..ကျွန်မက နောက်တစ်ကောင် ဖမ်းလိုက်ရုံပဲလေ"
ထိုစကားကိုပြောဆိုပြီးနောက် ခုန်းရှီယောင်က ရေထဲသို့ ပြန်ငုပ်လျှိုးသွားသည်။ အချိန်တခဏအကြာတွင် သူမသည် ပို၍ကြီးမားသော ရွှေရောင်ကံကြမ္မာငါးတစ်ကောင်ကို ကိုင်ဆောင်၍ ထွက်ပေါ်လာသည်။
ယန်ဆန်းရှစ်ဆန်း ဆွံ့အသွားသည်။
"..."
ကောင်းပြီလေ...ငါ့မှာ ဘာပြောစရာမှ မရှိတော့ဘူး
သူ ပို၍ပြောလေလေ ပို၍အရှက်ရလေလေ ဖြစ်ပေလိမ့်မည်...
အခန်းအတွင်း၌ လူများသည် ရွှေရောင်ကံကြမ္မာငါးများကို ဖမ်းဆုပ်နေကြစဉ်၌ အပြင်ဘက်မှ လူအုပ်သည်လည်း စိုးရိမ်ပူပန်နေကြပြီး မရပ်မနား စကားပြောနေကြသည်။
"ဒီတစ်ကြိမ်မှာ တစ်ယောက်ယောက် အောင်မြင်မယ်လို့ မင်း ထင်လား"
"ထင်တာပေါ့...ယန်ဆန်းရှစ်ဆန်းက ကြယ်စင်မြစ် ပါရမီရှင်စာရင်းမှာ အဆင့်တစ် ချိတ်ထားတာ....သူက ပထမဆုံး အောင်မြင်မှာ သိသာထင်ရှားတယ်"
"ဟုတ်တယ်....သူ့ရဲ့ ပါရမီနဲ့ဆိုရင် သူက အောင်မြင်ရုံတင်မကဘူး....ကျောက်တိုင်ကို စူးရှတောက်ပတဲ့ အနီရောင်အလင်းတန်းနဲ့ ထွန်းလင်းစေလိမ့်မယ်လို့ ငါ လောင်းရဲတယ်"
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်.... တခြားသူတွေအတွက်တော့ ပြောရခက်တယ်.... အထူးသဖြင့် အဲ့ဒီကြက်နဲ့ မြင်း သူတို့က ရယ်စရာလုပ်ဖို့အတွက်ပဲ ဒီနေရာကို လာခဲ့တာ အသိသာကြီးပဲ"
လှောင်ပြောင်သရော်သံများ ပို၍ကျယ်လောင်လာပြီး လူများအားလုံးသည် ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ကာ သူ့ကို အရူးတစ်ယောက်အဖြစ် သဘောထားကြသည်။
အကြီးအကဲကျူးရွှင်ပင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"သူတို့က ယန်ဆနရှစ်ဆန်းနဲ့ တူညီတဲ့ အကဲဖြတ်မှုတစ်ခုတည်းမှာ ရှိနေရတယ်..သူတို့က တကယ့်ကို ကံမကောင်းကြဘူး"
"အကြီးအကဲကျူး....ခင်ဗျား ဘာကို ဆိုလိုတာလဲ"
အကြီးအကဲကျူးနှင့်သိကျွမ်းသော လူငယ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
အကြီးအကဲကျူးက ရှင်းပြသည်။
"ကောင်းကင်ကံကြမ္မာ စွမ်းအင်ဒီရေလှိုင်းမှာ အခွင့်အလမ်းတွေ ပါဝင်တယ်...အခွင့်အလမ်းတစ်ခုကို ဖမ်းမိသွားတဲ့အချိန်ကျရင် ဒါက လူတစ်ယောက်ကို သူရဲ့ကံကြမ္မာကို ရှာဖွေတွေ့ရှိစေပြီး ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာစေတယ်... ဒါက လူအများသိထားတဲ့ အသိပညာပဲ.... ဒါပေမဲ့ လူအများစု မသိတာက ပိုပြီးမြင့်မားတဲ့ ပါရမီရှိတဲ့သူတွေက ဒီအခွင့်အလမ်းတွေအပေါ် ပိုပြီးအားကောင်းတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားကြတယ်.... တစ်နည်းအားဖြင့် ပြောရရင် တူညီတဲ့ ကံကြမ္မာက ပါရမီ ပိုမြင့်တဲ့ တစ်စုံတစ်ယောက်ဆီကို အလိုအလျောက် ရောက်ရှိသွားလိမ့်မယ်.. ယန်ဆန်းရှစ်ဆန်းရဲ့ ထူးချွန်တဲ့ အရည်အချင်းနဲ့ဆိုရင် တူညီတဲ့ အုပ်စုထဲက တခြားသူတွေက အောင်မြင်ဖို့ အများကြီး ပိုခက်ခဲတာကို တွေ့ရလိမ့်မယ်"
"ဒီအကဲဖြတ်မှုကို ငါးဖမ်းတာလို့ စဉ်းစားကြည့်... မင်းရဲ့ ပါရမီ မြင့်မားလေလေ မင်းရဲ့ ငါးမျှားချိတ်က ပိုပြီးဆွဲဆောင်မှုရှိလေလေပဲ... ငါးတွေအားလုံးက အလိုအလျောက် မင်းဆီကို ဝိုင်းအုံလာလိမ့်မယ်....နေရာတစ်နေရာမှာ ငါးတွေ ထူထပ်နေရင် တခြားနေရာတွေမှာ ကျဲပါးသွားလိမ့်မယ်....အရင်ကဆို နိမ့်ပါးတဲ့ ကံကြမ္မာတွေကို ဖမ်းဆုပ်နိုင်လောက်တဲ့ လူတွေတောင်မှ ဒီတစ်ကြိမ်မှာ လက်ဗလာနဲ့ ထွက်ခွာသွားရနိုင်တယ်"
"အင်း...အခုမှ ငါ နားလည်သွားတယ်..."
ကျန်းရွှမ်က စဥ်းစားတွေးတောပြီးနောက် ခေါင်းညိတ်လိုက်၏။
နောက်ပိုင်းတွင် သူနှင့်သူ၏တပည့်များ ဝင်ရောက်သည့်အချိန်၌ သူ သတိထားရန် လိုအပ်ပုံရသည်။ ထိုသို့မဟုတ်ပါက အကယ်၍ သူသည် အခွင့်အလမ်းအားလုံးကို ဆွဲဆောင်လိုက်မိပါက သူ၏တပည့်များသည် တစ်ခုခု ရှာဖွေရန် ရုန်းကန်ရနိုင်ပြီး သူတို့ကို ကံကြမ္မာဆရာသခင်များ ဖြစ်လာရန် မဖြစ်နိုင်အောင် ပြုလုပ်မိနိုင်သည်။
သူ စဉ်းစားနေစဉ်မှာပင် လူအုပ်ကြီးသည် ပို၍ဆူညံပွက်လောရိုက်သွားပေ၏။ စမ်းသပ်သူများ ကျောက်တံခါးအတွင်းသို့ ဝင်ရောက်သွားသည်မှာ အချိန်အတော်ကြာမြင့်ပြီ ဖြစ်သောကြောင့် ရလဒ်များ မကြာမီတွင် ထွက်ပေါ်လာသင့်သည်။
ဝုန်း....
တိုးညှင်းသောတုန်ခါသံနှင့်အတူ ကျောက်တိုင်သည် ရုတ်တရက် ခမ်းနားထည်ဝါသော အနီရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်ပြီး ထိုအရာ၏မျက်နှာပြင်ပေါ်တွင် နာမည်တစ်ခု ထွက်ပေါ်လာသည်။
"ယန်ဆန်းရှစ်ဆန်း...ထင်တဲ့အတိုင်းပဲ..."
ထွက်ပေါ်လာသော နာမည်သည် အံ့အားသင့်ဖွယ်ရာ မဟုတ်ချေ။ ဤသည်မှာ မကြာသေးခင်ကမှ အစွမ်းထက်သော ပြိုင်ဘက်နှစ်ဦးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် ယန်ဆန်းရှစ်ဆန်းပင်။
အနီရောင်အလင်းတန်းမှာ သူသည် သိသာထင်ရှားသော ကံကြမ္မာတစ်ခုကို ဖမ်းဆုပ်ခဲ့ပြီး သူ့အတွက် ပြီးပြည့်စုံစွာ ကိုက်ညီသော ကံကြမ္မာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အဓိပ္ပာယ်ရသည်။
ပါရမီရှင်တစ်ဦး ဟူသည့်အတိုင်း သူသည် အမှန်တကယ်ကို ထူးခြားသည်။
"ထူးချွန်တယ်..အရမ်း ထူးချွန်တယ်... ဒီကလေးမှာ အတိုင်းအဆမရှိတဲ့ ရှေ့အလားအလာ ရှိတယ်..."
အကြီးအကဲကျူးရွှင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဒါနဲ့ ခင်ဗျား လွှတ်လိုက်တဲ့ အဲ့ဒီမြင်းနဲ့ကြက်ရော..."
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဘာမေးနေစရာ လိုသေးလို့လဲ... အဲ့ဒီအသုံးမကျတဲ့ တိရစ္ဆာန်တွေ အောင်မြင်လိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားလို့လဲ..နာမည်တွေ ပေါ်မလာတာက လုံးဝပုံမှန်ပဲ...အကြီးအကဲကျူး ခင်ဗျား အခု တံခါးကို ဖွင့်လို့ရပြီ..ငါတို့ ဆက်စောင့်နေရင်တောင်မှ တခြားသူတွေက ဘာကံကြမ္မာကိုမှ ရှာတွေ့မှာ မဟုတ်ဘူး"
"အင်း..."
အကြီးအကဲကျူးက ခေါင်းညိတ်လိုက်သည်။
ကံကြမ္မာများဆိုသည်မှာ တစ်စုံတစ်ယောက်မှ ပိုင်ဆိုင်နိုင်သည် သို့မဟုတ် မပိုင်ဆိုင်နိုင်သည်ကို သတ်မှတ်ပြီးဖြစ်သည်။ အချိန်ပို၍ကြာကြာ စောင့်ဆိုင်းခြင်းကြောင့် မည်သည့်အရာမျှ ပြောင်းလဲသွားမည် မဟုတ်ချေ။
အကြီးအကဲကျူးသည် ကျောက်တံခါးကို တွန်းဖွင့်ရန် ပြင်ဆင်နေစဉ်မှာပင် ကျောက်တိုင်သည် နောက်တစ်ကြိမ် လင်းထိန်လာပြီး နာမည်သုံးခု ဆက်တိုက်ထွက်ပေါ်လာသည်။
ခုန်းရှီယောင်...ရှန်ရှောင်ထျန်း....ပိုင်ရွမ်ချင်း..
"ဒါက..."
အကြီးအကဲကျူး မှင်သက်သွားသည်။
ယန်ဆန်းရှစ်ဆန်းကဲ့သို့သော ထိပ်သီးပါရမီရှင်တစ်ဦး ရှိနေသည့်အချိန်တွင် တခြားလူများ ရုန်းကန်ရမည် မဟုတ်လော။ ယခုမူ လူတစ်ယောက်သာ မဟုတ်ဘဲ လူသုံးယောက်သည် မည်သည်ကြောင့် အောင်မြင်လာခဲ့သနည်း။
သူ တစ်ယောက်တည်း ထိတ်လန့်တုန်လှုပ်သွားသည် မဟုတ်ဘဲ လူအများသည်လည်း ကြက်သေသွားကြသည်။
"ကြည့်ရတာတော့... အဲ့ဒီလူသုံးယောက်လုံးက ကျန်းရွှမ်ရဲ့ တပည့်တွေပဲ"
"ဟုတ်တယ်.."
"သူ့ရဲ့တပည့်သုံးယောက်လုံး ကံကြမ္မာဆရာသခင်တွေ ဖြစ်သွားတာလား...သူတို့ရဲ့ ကံကြမ္မာက မယုံနိုင်စရာပဲ"
"ဖြစ်နိုင်တာတော့ သူတို့က ကံကောင်းသွားတာပဲ.... ဒါပေမဲ့ အဲ့ဒီတိရစ္ဆာန်နှစ်ကောင်ကတော့ အခွင့်အရေးမရှိတာ သေချာတယ်..."
ဝီ...
လှောင်ပြောင်သရော်သံများ ပျက်ပြယ်မသွားမီမှာပင် ကျောက်တိုင်သည် နောက်တစ်ကြိမ် အနီရောင် တောက်ပလာပြီး နာမည်နှစ်ခု ထပ်မံ၍ ထွက်ပေါ်လာသည်။
ဟွမ်စိစိ... ကျန်းသောက်လီ....
"ဘာ... ဘယ်လို..."
"ဟွမ်စိစိ... ဒါက အဲ့ဒီကြက် မဟုတ်လား"
"ပြီးတော့ ကျန်းသောက်လီ.... ဒါက မြင်း မဟုတ်ဘူးလား... သူတို့က တကယ်ကြီး အောင်မြင်သွားတာလား...ဒါ့ပြင် အနီရောင်အလင်းတန်းနဲ့တောင်မှလား.... ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
လူအများသည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားပေ၏။
ယခင်က ကျန်းရွှမ်ကို လှောင်ပြောင်နေခဲ့သူများသည် ယခုအချိန်၌ သူတို့၏ မျက်နှာများ ပူလောင်လာသည်ကို ခံစားလိုက်ရပြီး ပါးဖြတ်ရိုက်ခံလိုက်ရသည့်အလားပင်။
သူတို့ လျစ်လျူရှုခဲ့သော ကြက်နှင့်မြင်းသည်လည်း သူတို့၏ကံကြမ္မာများကို ရှာဖွေတွေ့ရှိပြီး ကံကြမ္မာဆရာသခင်များ ဖြစ်လာခဲ့ကြသည်။
ဤအချိန်တွင် သူတို့ လုပ်နိုင်သည်မှာ ဤနေရာတွင် ပါးစပ်အဟောင်းသားဖြင့် ထိုင်ကြည့်နေရန်သာပင်။
"ဘာ... ဘာတွေဖြစ်နေတာလဲ"
အကြီးအကဲကျူးက တုန်ရီစွာ မေးမြန်းရင်း ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ဤလူငယ်လေး အလွန်ဝမ်းမြောက်နေလိမ့်မည်ဟု ယူဆခဲ့သော်လည်း ထိုအစား ကျန်းရွှမ်သည် မကျေနပ်မှုဖြင့် မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။
"သူတို့ရဲ့ကံကြမ္မာတွေကို ရှာဖွေဖို့ ဒီလောက်ထိ အချိန်ယူနေရတယ်... သူတို့က ဘာတွေ လုပ်နေကြတာလဲ"
ကျန်းရွှမ် စိတ်မကျေမနပ်ဖြစ်နေသည်မှာ သိသာထင်ရှားပြီး တီးတိုးရေရွတ်လိုက်၏။။
အကြီးအကဲကျူး ဆွံ့အသွားသည်။
"..."