← Chapters

ဝါးရွက်များ ကြွေကျခြင်း

Vol. 3 Ch. 31

ဝါးရွက်များ ကြွေကျခြင်း

Vol. 3 Ch. 31

ကျန်းရွှမ်သည် အချိန်အတော်ကြာသည်အထိ အခက်တွေ့နေစဉ်မှာပင် စာကြည့်တိုက်တစ်ခုလုံးအတွင်း၌ လေစီးကြောင်းတစ်ရပ် ထွက်ပေါ်လာသည်ကို သူ ခံစားမိသည်။

မူလက ထိုအရာသည် နူးညံ့သောလေပြေလေညှင်းတစ်ရပ်နှင့်တူညီပြီး သူ့၏နားထင်မှဆံပင်များကို မြောက်တက်သွားစေသည်။အချိန်များ ကုန်ဆုံးလာသည်နှင့်အ​မျှ သူ၏အဝတ်အစားများ တဖျတ်ဖျတ်လူးလွန့်သွားကာ သူ့အား အလွန်အမင်းစိတ်လန်းဆန်းမှုကို ခံစားမိစေသည်။

"ဒါက ဘာလဲ...ကောင်းကင်ကံကြမ္မာစွမ်းအင်လား....ဘယ်လိုလုပ်ပြီးတော့ စာကြည့်တိုက်ထဲမှာ ခုလိုအရာမျိုး ရှိနေတာလဲ"

ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ မှားယွင်း၍ အာရုံခံမိသလောဟု သံသယဝင်နေမိသည်။ကျောင်းတော်ပင်လျှင် ကံကြမ္မာချပ်ပြားနှင့် နဂါးကိုးကောင်တိုင်လုံးများ၏အကူအညီဖြင့် ငွေကုန်ကြေးကျခံကာ ထိုစွမ်းအင်ကို ထုတ်လုပ်ခဲ့ရသည် မဟုတ်လော။ထိုစွမ်းအင်သည် ဤနေရာ၌ မည်သည်ကြောင့် ထွက်ပေါ်လာသနည်း။ထို့ပြင် စွမ်းအင်များကို ကြည့်ရသည်မှာ ပို၍များပြားလာပုံရသည်။

"ထားလိုက်တော့... ဖြစ်နိုင်တာတော့ ရင်းမြစ်ကမ္ဘာက ငါ့မှာ ကောင်းကင်ကံကြမ္မာစွမ်းအင် မလုံလောက်တာကို သိသွားပြီးတော့ ငါကောင်းကင်လမ်းကြောင်း နတ်ဘုရားနည်းစနစ်ကို ဖန်တီးနိုင်ဖို့အတွက် ကူညီထောက်ပံ့ချင်တာပဲဖြစ်မယ်"

ကျန်းရွှမ်သည် ဝမ်းသာအားရဖြစ်သွားကာ အချိန်မဆွဲတော့ချေ။

သူ၏အတွေးတစ်ချက်နှင့်အတူ ကောင်းကင်ဘုံစာကြည့်တိုက် အနည်းငယ်တုန်ခါသွားကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်ကံကြမ္မစွမ်းအင်များကို စုပ်ယူလိုက်သည်။ထို့နောက်ကောင်းကင် ကံကြမ္မစွမ်းအင်များဖြင့် ပြည့်နှက်နေသော စာအုပ်များကို စာကြည့်တိုက်အတွင်း၌ သိမ်းဆည်းလိုက်၏။

"ဒါက နည်းနည်းတော့ နှေးနေတယ်"

အချိန်တစ်ခဏကြာခန့်စုပ်ယူပြီးနောက် ကျန်းရွှမ်သည် မျက်မှောက်ကြုတ်လိုက်၏။ စာကြည့်တိုက်အတွင်း၌ မျောလွင့်နေသော ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏသည် အဖြူရောင်ကျောက်တုံးကျောင်းတော်ထက် များစွာပို၍နည်းပါးသည်။ဤနှုန်းဖြင့်ဆိုပါက သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သောင်းကျော်ကို စုပ်ယူနိုင်ရန် ရက်ပေါင်းများစွာကြာမြင့်ပေမည်။ထို့ကြောင့် သူသည် မြို့အရှင်လုနှင့် သဘောတူထားသော အချိန်အတောအတွင်း၌ ထိုအရာများကို စုပ်ယူရန်မှာ မဖြစ်နိုင်ချေ။

သူသည် ဤနေရာ၌ စာဖတ်ရန် တစ်နာရီသာ အချိန်ရထားခဲ့ပြီး ယခုအချိန်၌ အချိန်ဆယ့်ငါးမိနစ်ခန့်သာ ကျန်ရှိတော့သည်။ဤအရှိန်နှုန်းဖြင့်ဆိုပါက သူသည် စွမ်းအင်အမျှင်တန်းတစ်ရာကိုပင် စုပ်ယူနိုင်မည်မဟုတ်ပေ။

"မဟုတ်ဘူး . ငါ အရှိန်မြှင့်မှရမယ်"

ကျန်းရွှမ်သည် ထပ်မံ၍ချီတုံချတုံဖြစ်မနေတော့ဘဲ သူ၏မွေးညှင်းပေါက်များကို အပြည့်အဝဖွင့်ကာ ပတ်ဝန်းကျင်၌ မျောလွင့်ပြီးပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စတင်၍အရူးအမူးစုပ်ယူလိုက်သည်။

အကယ်၍ ယခင်က သူသည် သတိကြီးစွာထားခဲ့သည်ဆိုပါက ယခုအချိန်၌ သူသည် တတ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် စိတ်အားထက်သန်စွာ စုပ်ယူနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ကြီးမားသောစာကြည့်တိုက်တစ်ခုအတွင်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းအနည်းငယ် ပျောက်ဆုံးနေသည်ကို မည်သူကမျှ သတိပြုမိမည် မဟုတ်ချေ။

အမှန်အားဖြင့် သူသည် သူ၏ပုံပန်းသွင်ပြင်ကို ဂရုတစိုက်ထိန်းသိမ်းထားဆဲပင်။

သူသည် နေရာတစ်နေရာ၌ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေပါက တခြားလူများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မှာ သေချာပေါက်ပင်။သူသည် ရင်းမြစ်ရေအိုင်ကို ဖွင့်ထားခြင်းမရှိဘဲ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို စုပ်ယူနိုင်ကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ သိစေလိုခြင်းမရှိချေ။သူ၏သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းနိုင်ရန်သည် အရေးအကြီးဆုံးကိစ္စပင်။

ကျန်းရွှမ်သည် စိတ်ကျေနပ်စွာဖြင့် 'လားရာငါးသွယ် မူလနည်းစနစ်'စာအုပ်ကို ဆွဲထုတ်ကာ သူ့၏ခန္ဓာကိုယ်မှစွမ်းအင်များကို စုပ်ယူနေစဉ်အချိန်အတောအတွင်း ထိုအရာကို လေ့လာမှတ်သားချင်ယောင်ဆောင်လိုက်၏။ သူ၏ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့်တောက်ပနေသောစာအုပ်များ ထွက်ပေါ်လာသည်။

...

လျှို့ဝှက်ခန်းအတွင်းတွင် ယုလုံချင်းနှင့်အကြံပေးလျောင်တို့ရှိနေကာ သူတို့ရှေ့ရှိ ကျောက်စိမ်းရောင် စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်ကို ကြည့်နေကြ၏။

ဤရတနာကိုရရှိနိုင်ရန်အလို့ငှာ မြို့အရှင်တစ်ယောက်ဖြစ်သည့်တိုင် ယုလုံချင်းသည် အရင်းအမြစ်နှင့်အင်အားစိုက်ထုတ်မှုအမြောက်အများကို အသုံးပြုခဲ့ရသည်။ဤကဲ့သို့ရတနာတစ်ခုသည် ထိပ်သီးမိသားစုကြီးသုံးစုအနက်မှ မည်သည့်တစ်စုအတွက်မဆို မိသားစုအမွေအနှစ်ဟု မှတ်ယူနိုင်ပေ၏။

သူသည် ယခုအချိန်၌ ထိုရတနာကို ထုတ်ယူခဲ့ခြင်းမှာ သူ့သမီး၏ဆန္ဒကိုဖြည့်ဆည်းပြီး သူမအား ပျော်ရွှင်စေရန်ပင်။

"မြို့အရှင်....ဒီဝင်္ကပါကို တစ်ကြိမ်အသက်သွင်းပြီးတာနဲ့ ရပ်တန့်လို့မရဘူး...မင်း ဒါကို အသုံးပြုချင်တာ သေချာလား"

အကြံပေးလျောင်က ထပ်မံ၍မေးမြန်းသည်။

ယုလုံချင်းက အပြုံးနှင့်တုံ့ပြန်သည်။

"မင်း ဘာလို့ မိန်းမကြီးတစ်ယောက်လို ပွစိပွစိလုပ်နေတာလဲ....ဒီဝင်္ကပါကို အချိန်တစ်နာရီကြာအောင် အသက်သွင်းပြီးတော့ ရှောင်ယွီနဲ့တူမလေးယန်ရွှယ်တို့ကို ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ စုပ်ယူတဲ့နေရာမှာ အတွေ့အကြုံကောင်းတွေ ယူခွင့်ပြုရမယ်...သူတို့က စွမ်းအင်တွေကို ဘယ်လောက်ထိများများ စုပ်ယူနိုင်မှာမလို့လဲ"

"ငါ နားလည်ပြီ"

အကြံပေးလျောင်သည် ခေါင်းညိတ်ပြပြီးနောက် ထပ်မံ၍စကားမဆိုတော့ချေ။သူသည် ထောင့်တစ်နေရာရှိ သလင်းကျောက်လုံးအနီးသို့ ချဉ်းကပ်သွားကာ ညင်သာစွာပုတ်လိုက်၏။နောက်ထပ်အချိန်အခိုက်အတန့်၌ ခပ်ဖျော့​ဖျော့အလင်တန်းတစ်တန်း ဖြာထွက်လာကာ မရေမတွက်နိုင်သော ကြမ်းတမ်းသည့် ရင်းမြစ်စွမ်းအင်များသည် လျှို့ဝှက်ခန်းအတွင်း၌ ပြည့်နှက်သွားပေ၏။

တလိမ့်လိမ့်ထနေသော စွမ်းအားများကို အာရုံခံမိသဖြင့် ယုလုံချင်းသည် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ စိတ်ဝိညာဉ်ရင်းမြစ်ဝါးပေါ်သို့ ညင်သာစွာတင်လိုက်သည်။ကြမ်းတမ်းသော ရင်းမြစ်စွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် ဝါးပင်နှင့်ပေါင်းစည်းသွားပြီး အမြစ်များကိုဖြတ်သန်း၍ စီးဆင်းကာ အရွက်များမှ တဖန်ပြန်၍ထွက်လာသည်။ဤရတနာဝါးပင်နှင့်ဝင်္ကပါတို့၏ သန့်စင်ခြင်းမှတဆင့် ကျန်းရွှမ် စုပ်ယူနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များ ထွက်ပေါ်လာခြင်းပင်။

စွမ်းအင်တန်းတစ်တန်း....နှစ်တန်း....သုံးတန်း....

ရင်းမြစ်စွမ်းအင်များကို သန့်စင်နေသည်နှင့်အမျှ ဝါးပင်၏ထိပ်ဆုံးရှိ အစိမ်းရင့်ရောင်ဝါးရွက်တစ်ရွက်သည် တဖြည်းဖြည်း အဝါရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားကာ ဆောင်းဦးလေညှင်း၏ဖြတ်သန်းတိုက်ခိုက်မှုကြောင့် ညှိုးနွမ်းသွားသော သစ်ရွက်များအလားပင်။

"ဝါးရွက်တစ်ရွက်က ရင်းမြစ်စွမ်းအင်တန်းရှစ်တန်းကို သန့်စင်ပေးနိုင်တယ်...."

အကြံပေးလျောင်က တွက်ချက်လိုက်သည်။

ယုလုံချင်းက ခေါင်းညိတ်လိုက်၏။

"အဲ့ဒီစွမ်းအင်တန်းရှစ်တန်းကို အပြည့်အဝမစုပ်ယူနိုင်သေးသရွေ့ဝင်္ကပါက ဆက်ပြီးလည်ပတ်မှာမဟုတ်ဘူး....ရှောင်ယွီနဲ့တူမလေးယန်ရွှယ်တို့က သူတို့ရဲ့ခန္ဓာကိုယ်တွေကို သန့်စင်ပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်ကို နားလည်အောင်လုပ်ရုံအတွက် ဝါးရွက်တစ်ရွက်နဲ့လုံလောက်တယ်"

ထိုအချိန်ကျမှသာ အကြံပေးလျောင်သည် အပြည့်အဝနားလည်သဘောပေါက်သွားပြီး ဦးညွှတ်အရိုအသေပြုလေသည်။

"မြို့အရှင်....မင်းက ဉာဏ်ပညာကြီးမားပါပေတယ်....ငါ တကယ်ကို မလိုအပ်ဘဲ စိုးရိမ်ပူပန်ခဲ့မိတယ်"

သူ၏မြှောက်ပင့်စကား အဆုံးမသတ်သေးမီမှာပင် အစောပိုင်းကရပ်တန့်သွားသောဝင်္ကပါ တဖန်ပြန်၍လည်ပတ်လာသည်ကို သူ မြင်တွေ့မိသည်။တခြားဝါးရွက်တစ်ရွက်သည် အစိမ်းရင့်ရောင်မှနေ၍ ညှိုးနွမ်းနေသောအဝါရောင်အဖြစ်သို့ ပြောင်းလဲနေလေပြီ။

"အမ်...."

အကြံပေးလျောင်သည် ကြက်သေသေသွားလေ၏။

ယုလုံချင်း၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်သောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"အဲ့ဒီမိန်းကလေးနှစ်ယောက်က ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းရှစ်တန်းကို ခုလောက်ထိ မြန်မြန်ဆန်ဆန် စုပ်ယူနိုင်တာလား.. သူတို့ ဘယ်လိုလုပ်လိုက်တာလဲ"

အချိန်ဘယ်လောက်ကြာသေးလို့လဲ...ဒါက အသက်ဆယ်ရှိုက်စာလား...အသက်နှစ်ဆယ်ရှိုက်စာလား....

ဖြစ်နိုင်သည်မှာ သူတို့သည် မအောင့်အည်းနိုင်တော့ဘဲ ကောင်းကင်ကံကြမ္မစွမ်းအင်တန်းများကို သူတို့၏ရင်းမြစ်ရေအိုင်များအတွင်းသို့ တိုက်ရိုက်စုပ်ယူခဲ့ကြသလော.သူတို့ ဤမျှထိ ရူးသွပ်မိုက်မဲသည်မှာ မဖြစ်သင့်ချေ။

ကျောင်းတော်တွင် စွမ်းအင်များကိုစုပ်ယူခြင်းဖြင့် သူတို့၏အဆင့်ကို တိုင်းတာနိုင်ကာ ကောင်းမွန်သောဆရာများကို ရွေးချယ်နိုင်ပေမည်။ဤနေရာ၌ စွမ်းအင်များကို စုပ်ယူပါက သူတို့၏ရင်းမြစ်ရေအိုင်များကို သိပ်သည်းစေနိုင်သော်လည်း တခြားအခွင့်ကောင်းများ ဆုံးရှုံးသွားပေမည်။

ဤသည်မှာ အိမ်၌ စာမေးပွဲတစ်ခုဖြေဆိုသည်နှင့်တူညီသည်။အများဆုံးအနေဖြင့် သူတို့သည် အသိပညာဗဟုသုတများကို စုဆောင်းနိုင်သော်လည်း သူတို့ မည်မျှထိ ကောင်းအောင်လုပ်သည်ဖြစ်စေ များစွာအဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ကျောင်းတော်၏ဝင်ခွင့်စာမေးပွဲ၌ ရလဒ်ကောင်းများ ရရှိမှသာ သူတို့၏ဘဝအတွက် အစစ်အမှန်စိန်ခေါ်မှုဖြစ်ပေမည်။

ဝှစ်...

သူ့၏သံသယများကို မဖြေရှင်းနိုင်သေးမီမှာပင် နောက်ထပ်ဝါးရွက်တစ်ရွက်သည် အဝါရောင်သို့ပြောင်းလဲကာ သစ်ကိုင်းမှ တဖြည်းဖြည်းကြွေကျလာသည်။

"နောက်ထပ်စွမ်းအင်တန်းရှစ်တန်းလား..."

ယုလုံချင်းသည် ထိုင်ကြည့်မနေနိုင်တော့သဖြင့် ဆတ်ခနဲမတ်တတ်ထရပ်လိုက်၏။

အချိန်တစ်မိနစ်မပြည့်သေးမီမှာပင် သူတို့သည် ကောင်းကင်ကံကြမ္မစွမ်းအင်တန်းဆယ့်ခြောက်တန်းကို စုပ်ယူခဲ့ကြသည်။ဖြစ်နိုင်သည်မှာ သူ၏တုံးအပုံရသောသမီးသည် အမှန်တကယ်ကို ပါရမီရှင်တစ်ယောက် ဖြစ်နေသလော။

ယုလုံချင်းသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"အကြံပေးလျောင်....မင်း ဒီနေရာမှာနေပြီး စောင့်ကြည့်နေအုံး....ငါက ဘာတွေဖြစ်နေတာလဲဆိုတာ အဲ့ဒီမိန်းကလေးနှစ်ယောက်ကို သွားကြည့်အုံးမယ်"

"နားလည်ပါပြီ"

အကြံပေးလျောင်က ခေါင်းညိတ်လိုက်သည်။သူသည် တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်လုံးအကြည့်သည် စိတ်ဝိညာဉ်ရင်းမြစ်ဝါးထံသို့ တဖန်ထပ်၍ကျရောက်သွားကာ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"မြို့အရှင်....နောက်ထပ်ဝါးရွက်တစ်ရွက် အဝါရောင် ပြောင်းသွားပြီ"

"ဟူး...."

ယုလုံချင်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

"ကြည့်ရတာတော့ အဲ့ဒီမိန်းကလေးနှစ်ယောက်က ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူတဲ့နေရာမှာ တကယ့်ကိုပါရမီရှိတဲ့ပုံပဲ"

"တကယ်လို့ ဒီတိုင်းဆက်ဖြစ်နေရင်....ငါတို့ ဘာလုပ်ကြမလဲ"

အကြံပေးလျောင်က မေးမြန်းသည်။

ယုလုံချင်းသည် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"သူတို့ရဲ့အရည်အချင်းနဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဒီလောက်ထိ မြန်မြန်စုပ်ယူနိုင်တာကတင် ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေပြီ....ဒါပေမဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သုံးဆယ့်နှစ်တန်းဆိုရင် စတုတ္ထအဆင့် ရင်းမြစ်ရေအိုင်လို့ ပြသနေပြီ...ဒါက သူတို့ရဲ့အကန့်အသတ်ပဲ ဖြစ်မယ်...မင်းပြောတဲ့ကိစ္စက မဖြစ်နိုင်ဘူး"

"အင်း..."

အကြံပေးလျောင်သည် နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။အဖြူရောင်ကျောက်တုံးမြို့တော်၏ နှစ်တစ်ရာသမိုင်းအတွင်းတွင်အဆင့်မြင့်ဆုံးပါရမီရှိသည့် မြို့အရှင်ပင်လျှင် ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်ကိုသာ ပိုင်ဆိုင်ပြီး စွမ်းအင်တန်းဆယ့်ခြောက်တန်းကိုသာ စုပ်ယူနိုင်ခဲ့သည်။ဤမိန်းကလေးနှစ်ယောက်သည် မည်မျှထိ သန်မာအားကောင်းနေပါစေ...သူတို့သည် ဤမှတ်တမ်းကို ကျော်လွန်နိုင်မည်လော။

မြို့အရှင်၏စကားများ အမှန်ဖြစ်ပေမည်။ဤကိစ္စအတွက် သူ များစွာစိုးရိမ်ပူပန်နေရန် လိုအပ်မည်မဟုတ်ပေ။

"မင်း ဒီနေရာမှာ ဆက်ပြီးစောင့်ကြည့်နေစမ်း...ငါ သူတို့ကို သွားပြီးစစ်ဆေးလိုက်မယ်"

သူ့လက်အောက်ငယ်သား၏ လက်တွေ့မဆန်သောအတွေးများကို ဖယ်ရှားပေးနိုင်ရန်အတွက် ယုလုံချင်းသည် အခန်းအတွင်းမှထွက်ခွာရန် ဟန်ပြင်လိုက်သည်။ထိုအချိန်မှာပင် အခန်းတစ်ခန်းလုံး တဖျတ်ဖျတ်တောက်ပသွားကာ ရောင်စုံအလင်းတန်းများ မရပ်မနားတောက်ပနေသည့် ကပွဲကြမ်းပြင်တစ်ခုအလားပင်။

သူ၏ခေါင်းကို နောက်သို့ အလျင်အမြန်ပြန်လှည့်ကြည့်လိုက်၏။

အစောပိုင်းက အစိမ်းရင့်ရောင်သန်းနေသော စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်သည် ယခုအချိန်၌ ဝင်္ကပါ၏အောက်၌ အဆက်မပြတ် တဖျတ်ဖျတ်တောက်ပနေသည်ကို သူ မြင်တွေ့မိသည်။အသက်ဆယ်ရှိုက်စာကျော်လာချိန်တွင် ရာနှင့်ချီသောသစ်ရွက်များ အဝါရောင်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ကြွေကျပြီး နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားတော့သည်။

All Chapters